အဓိပ္ပါယ်ဖွင့်ဆိုချက်
Aneurysm, Abdominal Aortic (ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်း) ကဘာလဲ။
ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြောဖောင်းခြင်းဆိုတာ နှလုံးကနေ ခန္ဓါကိုယ်အောက်ပိုင်း အင်္ဂါအစိတ်အပိုင်းတွေနဲ့ တစ်သျှူးတွေဆီ သွေးတွေ သယ်ဆောင်ပေးနေတဲ့ အဓိကသွေးလွှတ်ကြော ဖောင်းလာခြင်း ဖြစ်ပါတယ်။ သူဟာ ခန္ဓါကိုယ်မှာ အကြီးဆုံးသွေးလွှတ်ကြောပဲ ဖြစ်ပါတယ်။ အဓိကသွေးလွှတ်ကြောမကြီး ပြန့်ကားခြင်း၊ ဖောင်းနေခြင်းဟာ အန္တရာယ် ရှိပါတယ်။ အချိန်နဲ့ တပြေးညီမကုသနိုင်ရင် သွေးလွှတ်ကြောမကြီးရဲ့ နံရံက အားအနည်းဆုံး အစိတ်အပိုင်းဟာ ပေါက်ကွဲပြီး သွေးများယိုစီးနိုင်ပါတယ်။