အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်အနာ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

သင့်ရဲ့ အားလပ်ရက်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အက်ဆစ်ကြောင့်ရင်ပူခြင်းကို ဘယ်လိုရင်ဆိုင်မလဲ

လူတိုင်းလူတိုင်းက အားလပ်ရပ်အပန်းဖြေခရီးထွက်ရတာကို နှစ်သက်သဘောကျကြပါတယ်။ ဒါပေမယ့် သင့်မှာ အစာခြေအက်ဆစ်တွေ ပြန်ဆန်တက်တာကြောင့် ရင်ပူတဲ့ ဝေဒနာခံစားနေရမယ်ဆိုရင် အားလပ်ရက်တွေက ပျော်စရာကောင်းမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သင့်ရဲ့ အားလပ်ရက်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အက်ဆစ်ကြောင့်ရင်ပူခြင်းကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကို မျှဝေပေးလိုက်ရပါတယ်။ သင့်ရဲ့ အားလပ်ရက်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အက်ဆစ်ကြောင့်ရင်ပူခြင်းကို ဘယ်လိုရင်ဆိုင်မလဲ ခရီးသွားရင်း ဘယ်နေရာပဲ ရောက်ရောက် ဆေးတော့ ဝယ်သောက်လို့ရပါတယ်။ ဒါကြောင့် ဆရာဝန်ဆေးစာမလိုတဲ့ ဆေးတွေကို ရောက်တဲ့နေရာမှာ ဝယ်သောက်နိုင်သလို တခါတည်း ဆောင်သွားလို့လည်း ရပါတယ် (အထူးသဖြင့် သင့်ရောဂါအခြေအနေ ပြင်းထန်တဲ့အတွက် ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးကို သောက်နေရတယ်ဆိုရင်ပေါ့)။ အကြံဉာဏ်တောင်းဖို့ လိုအပ်လာခဲ့သည်ရှိသော် သင့်ဆရာဝန်နဲ့ ဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်၊သူပေးထားတဲ့ ဆေးစာ စတာတွေကိုပါ ဆောင်သွားနိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့။ ရင်ပူတာကို ကုသပေးနိုင်ပြီး ဆရာဝန်ဆေးစာမလိုဘဲ ဝယ်ယူသောက်သုံးနိုင်တဲ့ ဆေးဝါးအချို့ကတော့ Antacids […]


ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

ရင်ပူခြင်းကို ရှောင်ရှားပေးမယ့် အစားအစာ

မသင့်တော်တဲ့ အစားအသောက်တွေကို စားခြင်းနဲ့ အစားအသောက်ပုံစံမမှန်ခြင်းတွေက ရင်ပူတာကို ပိုဆိုးစေပါတယ်။ အစာအိမ်ထဲက အစာနဲ့ အက်ဆစ်တွေ အပေါ်ကို ပြန်ပြီးဆန်တက်မလာအောင် ကာကွယ်ခြင်းအားဖြင့် ရင်ပူခြင်းကို အလွယ်တကူ ရှောင်ရှားနိုင်ပါတယ်။ ဓီတော့ ရင်ပူခြင်းကို ရှောင်ရှားပေးမယ့် အစားအစာ တွေက ဘာတွေများလဲ ဆိုတာကို ကြည့်ကြည့်လိုက်ရအောင်နော်။ ရင်ပူခြင်းကို ရှောင်ရှားပေးမယ့် အစားအစာ သင့်မှာ ရင်ပူတဲ့ဝေဒနာရှိတယ်ဆိုရင် အစာအိမ်အက်ဆစ်ဓါတ်များစေတဲ့ အစားအစာတွေနဲ့ အစာအိမ်ကို ပိုညှစ်စေတဲ့ အစားအစာတွေကို ရှောင်ရှားသင့်ပါတယ်။ ဒါကြောင့် အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူတဲ့အခါ အောက်ပါအချက်လေးတွေကို လိုက်နာသင့်ပါတယ်။ ကဲ .... ရင်ပူခြင်းကို ရှောင်ရှားပေးမယ့် အစားအစာ တွေကတော့ အသီးအရွက်များ : ပန်းဂေါ်ဖီစိမ်း၊ရေကညွတ်၊ပဲစိမ်း၊တရုတ်နံနံ နဲ့ ပန်းဂေါ်ဖီတို့အားလုံးဟာ အက်ဆစ်ပါဝင်မှု နည်းပါးပါတယ်။ အာလူး : အာလူးဟာ အင်မတန် အကျိုးများစေပါတယ်။ အမြစ်ကနေ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Cardiospasm (အစာနင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အစာနင်ခြင်း ဆိုတာဘာလဲ။ အစာတွေအရည်တွေ အစာအိမ်ထဲရောက်သွားဖို့အတွက် ခက်ခဲခြင်းကိုဖြစ်စေတဲ့ တွေ့ရနည်းတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ အစာနင်ခြင်းက အစာရေမျိုပြွန်က အစာတွေကိုအောကိကိုညှစ်ချနိုင်စွမ်း မရှိတော့ခြင်းဖြစ်ပါတယ်။ အစာအိမ်နဲ့အစာရေမျိုပြွန်ကြား ကြွက်သားအဆက်က ပြည့်ပြည့်၀၀မလျော့နိုင်တော့တဲ့အခါမှာလည်း ဖြစ်ပါတယ်။ အစာနင်းခြင်းအကြောင်းရင်းကို မသိသေးပေမဲ့ အစာရေမျိုပြွန်ကြွက်သားတွေပျက်စီးသွားခြင်းနဲ့ ပိုအရေးကြီးတာက ကြွက်သားတွေကိုထိန်းချုပ်တဲ့အာရုံကြောတွေ ပျက်စီးသွားခြင်းဖြစ်ပါတယ်။ နောက်ဆက်တွဲတွေကတော့ အဆုတ်ပြဿနာတွေနဲ့ ကိုယ်အလေးချိန်ကျခြင်းဖြစ်ပါတယ်။ အစာနင်ခြင်းက အစာရေမျိုကင်ဆာဖြစ်နိုင်ချေကို များစေပါတယ်။ သေချာတော့ဖေြာ်ပထားခြင်းမရှိပါဘူး။   Cardiospasm (အစာနင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCardiospasm (အစာနင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အစာနင်တတ်တဲ့လူနာတွေမှာ မျိုချရခက်ခြင်းဒါမှမဟုတ်အစာရေမျိုအတွင်း အစာများကပ်ကျန်နေသလိုခံစားရခြင်းတွေ ဖြစ်ပါတယ်။ အစာမမျိုနိုင်ခြင်းလို့လည်း ခေါ်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ချောင်းဆိုးခြင်းသီးခြင်း တွေဖြစ်ုနိင်ပါတယ်။ အခြားလက္ခဏာတွေကတော့ · ရင်ဘတ်အောင့်ခြင်း၊ မအီမလည်ဖြစ်ခြင်း · ကိုယ်အလေးချိန်ကျခြင်း · အစားစားပြီး ပြင်းပြင်းထန်ထန်နာခြင်း မအီမလည်ဖြစ်ခြင်း · အစာရောအရည်ရောမျိုချရခက်ခြင်း · အစာေရေမျိုအတွင်း အစာရေများဖောင်းနေခြင်းကြောင့် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Interstitial Hernia(အူကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Interstitial Hernia (အူကျခြင်း) ကဘာလဲ။ Interstitial hernia( အူကျခြင်း) ဆိုတာဟာ ခန္ဓါကိုယ်အတွင်းရှိ အစိတ်အပိုင်း အတွင်းကလီစာ တစ်ခုခုက ပုံမှန်ကာကွယ်ထားတဲ့ ကြွက်သား(သို့) တစ်ရှုးတစ်ခုခုကို တွန်းပြီး ထွက်လာတာကို ခေါ်ပါတယ်။ များသောအားဖြင့် ပေါင်ခြံ ပိုင်းမှာ ဖြစ်လေ့ရှိပါတယ်။ interstitial hernia ဟာ တစ်ခါတစ်လေမှာ အရှေ့ဘက် ဝမ်းဗိုက်ပိုင်းရဲ့ အလွှာတွေကြားက ဖြတ်လာတတ်ပါတယ်။ ကျွံလာတဲ့ အစိတ်အပိုင်းအိတ်ဟာ ဝမ်းဗိုက်ကြွက်သား အလွှာတွေကြားမှာ ရှိနေလေ့ရှိပါတယ်။ Interstitial Hernia (အူကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ ဘယ်အသက်အရွယ်မှာ မဆို ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာပို ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် အဲလိုဖြစ်တာကိုအားပေးတဲ့ အချက်တွေကို လျှော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် သတင်း အချက်အလက်တွေအတွက် ဆရာဝန်နဲ့ ဆက်လက် ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများInterstitial Hernia […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Esophageal Varices (အစာရေမျိုပြွန် သွေးပြန်ကြောများဖောင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Esophageal Varices (အစာရေမျိုပြွန် သွေးပြန်ကြောများဖောင်းခြင်း) ကဘာလဲ။ အစာအိမ်နဲ့ လည်မျိုကိုဆက်ပေးထားတဲ့ ပြွန်အစာရေမျိုပြွန်ရှိ သွေးပြန်ကြောများဖောင်းခြင်းကြောင့်ဖြစ်တဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ပြင်းထန်တဲ့အသည်းရောဂါသည်တွေမှာ ဖြစ်လေ့ရှိပါတယ်။ အသည်းကိုစီးတဲ့သွေးစီးကြောင်းကို သွေးခဲဒါမှမဟုတ် အသည်းအမာရွတ်တစ်ရှူးက ပိတ်ဆို့လိုက်တဲ့အခါမှာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ပိတ်ဆို့မှုတွေကြောင့် သွေးတွေက သွေးအများကြီးကိုလက်ခံသယ်မပေးနိုင်တဲ့ သွေးကြောငယ်လေးတွေအတွင်းကို စီးဝင်သွားပါတယ်။ သွေးကြောလေးတွေမှာ သွေးယိုစိမ်ြ့ခင်းနဲ့ အသက်အန္တရာယ်ကိုတောင်ပေးနိုင်တဲ့သွေးထွက်ခြင်းတွေထိဖြစ်သွားနိုင်တဲ့ သွေးကြောပေါက်သွားခြင်းအထိဖြစ်နိုင်ပါတယ်။ သွေးထွက်ထားခြင်းဖြစ်ထားမယ်ဆိုရင် နောက်တစ်ကြိမ်ဖြစ်နိုင်ချေကမြင့်လာပါတယ်။ သွေးတွေအများကြီးဆုံးရှုးံရမယ်ဆိုရင် ရှော့ခ်ရသွားနိုင်ပြီး သေစေနိုင်ပါတယ်။ Esophageal Varices (အစာရေမျိုပြွန် သွေးပြန်ကြောများဖောင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများEsophageal Varices (အစာရေမျိုပြွန် သွေးပြန်ကြောများဖောင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွေးမထွက်မချင်း လက္ခဏာမပြပါဘူး။ အစာရေမျိုပြွန် သွေးပြန်ကြောများဖောင်းခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ သွေးအန်ခြင်း ဝမ်းမည်းမည်းကတ္တရာစေးရောင်သွားခြင်း လစ်ဟာဟာဖြစ်ခြင်း သတိလစ်ခြင်း( ပြင်းထန်တဲ့အခြေအနေတွေမှာ) အသားမျက်လုံးဝါခြင်း ၊ သွေးထွက်လွယ်ခြင်း၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သင့်တော်တဲ့ စားသောက်မှုမရှိလျှင် အစာခြေစနစ်ဘယ်လိုဖြစ်သွားမလဲ

လူတွေရဲ့ အစာခြေစနစ်မှာ ပါးစပ်၊ လည်ချောင်း၊ အစာရေမြိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမ၊ အသည်း၊ သရက်ရွက်၊ သည်းခြေအိတ်နဲ့ စအိုတို့ပါဝင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်မှုပုံစံဟာ ဒီ အစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် အကောင်းဆုံး ကုထုံးပါပဲ။ ဒါပေမဲ့ အချို့သော အချက်တွေကြောင့် (စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရောပေါ့လေ) တစ်ခါတလေမှာ ကျွန်တော်တို့ဟာ အာဟာရဓါတ်လုံလောက်အောင်စားဖို့ကို မေ့လျော့နေတတ်ကြပါတယ်။ ကာလကြာရှည်လာတဲ့အခါမှာ ဒါဟာ သင့်ရဲ့ အစာခြေအင်္ဂါတွေ ပုံမှန်အလုပ်လုပ်နိုင်ခြင်းကိုပါ တားဆီးလာပါတော့တယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံက ခန္ဓါကိုယ်အတွက် အလွန်ကို အရေးကြီးပါတယ်။ နာရီစက်ပုံမှန်လည်နေသလိုပဲ ခန္ဓါကိုယ်က ပုံမှန်လှုပ်ရှားနိုင်ဖို့အတွက် ဆဲလ်တွေရော ၊ ဒီအင်္ဂါတွေကပါ မှန်ကန်တဲ့ အာဟာရဓါတ်တွေလိုအပ်ပါတယ်။ အာဟာရဓါတ်အားလုံးကတော့ အရေးကြီးကြတာကြီးပါပဲ။ အသီးအရွက်တွေနဲ့ သစ်သီးတွေမှာပါတဲ့ ဓါတ်တိုးဂုဏ်သတ္တိဟာ သင့်ကို ဒုက္ခပေးမယ့် မော်လီကျူးတွေနဲ့ သင့်ခန္ဓါကိုယ်ဆဲလ်တွေကို တိုက်ခိုက်မယ့်Free radicals တွေကနေ […]


အသည်းရောဂါများ

ဘယ်အချိန်မှာအသည်းအစားထိုးဖို့လိုအပ်သလဲ

လူ့ခန္ဓါကိုယ်ရှိအသည်းဟာ အနည်းငယ်ပျက်စီးလျှင် ပျက်စီးသွားသောဆဲလ်များကို သူအလိုလိုပြန်လည် တည်ဆောက်နိုင်စွမ်းရှိကြပါတယ်။ ခန္ဓါကိုယ်မှပြန် လည် တည်ဆောက်နိုင်သော ဆဲလ်ပမာဏထက် ပိုမို ပျက်စီးသွားသောအခါ အသည်းရဲ့ ပုံမှန်လုပ်ဆောင်မှု များ အားနည်းလာပြီး အသည်းအစားထိုးဖို့ လိုအပ်လာ ပြီလား ဟုစတင်စဉ်းစားလာရပါတယ်။ အသည်းအစား ထိုးခြင်းကို အသည်းတစ်နေရာမှာပဲ ရောဂါရှိနေသူ (ဥပမာ အသည်းကင်ဆာ၊အသည်းခြောက်ခြင်း)များမှာ ကုသပျောက်ကင်းနိုင်မယ်လို့မျှော်မှန်းရပါတယ်။ ဒါ့အပြင် အသည်းအစားထိုးလို့ရနိုင်မရနိုင်ကလည်း အသည်းရောဂါဆိုးဝါးနေမှုအခြေအနေ၊လူနာ၏အသက် စသည်တို့ပေါ်မှာလည်းမူတည်နေပါသေးသည်။ ကလေးမျာတွင်အသည်းအစားထိုးရရနိုင်သောအ ကြောင်း ရင်း ကလေးများတွင် သည်းခြေပြွန်လမ်းကြောင်းလေးများ ကောင်းကောင်း မဖွံ့ ဖြိုး၍ ကျဉ်းနေခြင်းဟာ အသည်းမှတဆင့် သည်းခြေအိတ်သို့ သည်းခြေရည် များမစီးဆင်းနိုင်တော့ဘဲ အသည်းမှာပဲစုပိတ်မိကာ အသည်းပျက်စီးသွားတတ်ပါတယ်။ ထိုအကြောင်းရင်း ဟာ ကလေးများမှာအသည်းအစားထိုးရတဲ့အခြေအနေ ထိဖြစ် သွားတတ်သည်။ အရွယ်ရောက်ပြီးသားသူများတွင်အသည်းအစား ထိုးရနိုင်သောအကြောင်းရင်း အရွယ်ရောက်ပြီးသားလူအများစုတွင် အသည်းရောင်အသားဝါစီပိုးဖြင့် အသည်းခြောက်ခြင်းကြောင့် အသည်းအစားထိုးရတတ်သည်။ အခြားအသည်းအစားထိုးရနိုင်သည့်အကြောင်းရင်းများမှာ • အသည်းရောင်အသားဝါဘီပိုးဖြင့်အသည်းခြောက်ခြင်း • သည်းခြေပြွန်ရောဂါများ • အရက်ကြောင့်မဟုတ်သည့်အခြားအသည်းခြောက်ရောဂါ ဒါ့အပြင် […]


အူရောင်ရောဂါများ (IBD)

ခရုန်းရောဂါ အကြောင်း တစေ့တစောင်း

Crohn's disease ခရုန်းရောဂါ ဆိုတာဘာလဲ။ Crohn's disease ဆိုတာဟာ အစာချေအင်္ဂါအဖွဲ့အစည်းရဲ့ အတွင်းဖက်နံရံတွေကို ရောင်ရမ်းစေတဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ အစာချေလမ်းကြောင်းတလျှောက်လုံး (ပါးစပ်က စလို့ စအိုဝအထိ) ကို ရောင်ရမ်းစေတာဖြစ်ပေမယ့် အဓိကအားဖြင့် အူသိမ်အဆုံးပိုင်း ဒါမှမဟုတ် အူမကြီးတို့ကို အများဆုံး ထိခိုက်စေလေ့ ရှိပါတယ်။ Crohn's disease ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Crohn's disease ဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ တန်းတူပဲ ဖြစ်ပွားလေ့ရှိပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ်တွေနဲ့ လူငယ်၊လူလတ်ပိုင်းတွေ (အသက် ၁၅နှစ်ကနေ ၃၅နှစ်လောက်အထိ)မှာ ပိုပြီးဖြစ်ပွားလေ့ရှိပါတယ်။ ရောဂါ ဖြစ်ပွားစေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် Crohn's disease ကို ကာကွယ်နိုင်ပါတယ်။ အသေးစိတ် ထပ်မံသိလိုတာတွေရှိရင် သင့်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။   Crohn’s […]


အူရောင်ရောဂါများ (IBD)

အူမကြီးအနာပေါက်ရောဂါ အကြောင်း သိကောင်းစရာ

Ulcerative colitis အူမကြီးအနာပေါက်ရောဂါ ဆိုတာ ဘာလဲ။ Ulcerative colitis ဆိုတာဟာ Inflammable bowel diseases (IBD) လို့ခေါ်တဲ့ အူလမ်းကြောင်းရောင်ရမ်းခြင်းဆိုင်ရာ ရောဂါနှစ်မျိုးထဲက တမျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ အူမကြီးအတွင်းဖက်နံရံတွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ အကယ်၍ သင့်မှာ Ulcerative colitis ရောဂါရှိမယ်ဆိုရင် အူမကြီးမှာ အနာသေးသေးလေးတွေ ဖြစ်ပေါ်လာမှာဖြစ်ပြီး ဒီအနာလေးတွေကနေ သွေးတွေ၊ပြည်တွေ ထွက်လာမှာပဲ ဖြစ်ပါတယ်။Ulcerative colitis အများစုဟာ အူမကြီးအနောက်ဖက်ပိုင်းမှာ စတင်ဖြစ်ပေါ်လေ့ရှိပေမယ့် အူမကြီးတခုလုံးကိုလည်း ထိခိုက်တတ်ပါတယ်။ rectum လို့ခေါ်တဲ့ အူမကြီးအနောက်ဆုံးပိုင်းကိုပဲ ထိရင် proctitis လို့ခေါ်ပြီး အူမကြီးအပေါ်ပိုင်း (colon) တခုလုံးကို ထိရင်တော့ total colitis ဒါမှမဟုတ် pancolitis လို့ခေါ်ပါတယ်။Ulcerative colitis ဟာ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး ရောဂါလက္ခဏာတွေဟာ ပေါ်လိုက်ပျောက်လိုက် ဖြစ်လေ့ရှိပါတယ်။ Ulcerative […]


အူရောင်ရောဂါများ (IBD)

အူလမ်းကြောင်းရောင်ရမ်းသောရောဂါအတွက်ရှောင်သင့်သော အစားအစာများ

အစာအိမ်ရောဂါများသည် အစားအသောက်ကြောင့် အများဆုံးဖြစ်သောကြာင့် ရှောင်သင့်သည်ကိုရှောင်နိုင်မှ သင့်ရောဂါကို ထိန်းချုပ်နိုင်လိမ့်မည်။ အထူးသဖြင့် အူရောင်ရောဂါရှိသူများအတွက် အစားအသောက်ရွေးချယ်မှုသည် အရေးကြီးပါသည်။ အူလမ်းကြောင်းရောင်ရမ်းသောရောဂါဆိုတာ ဘာလဲ။ အူလမ်းကြောင်းရောင်ရမ်းသောရောဂါဆိုသည်မှာ အူသိမ်တွင် အနာဖြစ်သော ရောဂါဖြစ်သည်။.ထိုရောဂါသည် မည်သည့်အသက်ရွယ်တွင်မဆိုဖြစ်နိုင်သော်လည်း အသက်၃၀ ဝန်းကျင်တွင်အဖြစ်များပြီး အမျိုးသားများတွင်ပို ဖြစ်တတ်သည်။ အူလမ်းကြောင်းရောင်ရမ်းသောရောဂါ တွင် ခရုန်းအမည်ရှိအူရောင်ရောဂါနှင့် အူမကြီးအနာဖြစ်သောရောဂါဟူပြီး ၂မျိုးပါဝင်သည်။ ခရုန်းအူရောင်ရောဂါ ခရုန်းအူရောင်ရောဂါသည် အူသိမ်နှင့် အူမကြီးတို့တလျှောက် မည်သည့်နေရာတွင်မဆိုဖြစ်နိုင်သည်။ ရောင်ရမ်းမှုသည် အူနံရံအတွင်းထိဖြစ်ပြီး ဝမ်းလျှောခြင်း၊ အူများသိမ်သွားခြင်၊ ဂရင်ဂျီနာဖြစ်ခြင်း၊ အစာအာဟာရများ မစုပ်ယူနိုင်ခြင်း စသည်တို့ ခံစားရပါသည်။ ခရုန်းရောဂါသည် ခွဲစိတ်ကုသသော်လည်း ပြန်ဖြစ်နိုင်ချေများပါသည်။ အူမကြီးအနာဖြစ်သော အူရောင်ရောဂါ ၎င်းသည် အူမကြီးကို ထိခိုက်သော ရောဂါဖြစ်ပြီး သွေးဝမ်းသွားခြင်းဖြစ်စေသည်။ ခရုန်းနှင့်မတူသော အချက်မှာ ထိုရောဂါသည် အူနံရံတခုလုံးမဖြစ်သည့်အတွက် ခွဲစိတ်ကုသလျှင်ပျောက်နိုင်ချေများပါသည်။ အူရောင်သော ရောဂါများကို ပျောက်ကင်းစေသော အစားအစာမရှိသော်လည်း အနာဖြစ်ခြင်းနှင့် အူရောင်ခြင်းကို ကာကွယ်ရန် မှန်ကန်သော […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း