backup og meta

ရင်ပူခြင်း အကြောင်း သိကောင်းစရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်ပူခြင်း အကြောင်း သိကောင်းစရာများ

    အစာအိမ်အက်ဆစ်တွေကြောင့် သင့်ရင်ဘတ်ထဲမှာ ပူလောင်နာကျင်တာကို ရင်ပူခြင်း လို့ ခေါ်ပါတယ်။ အက်ဆစ်ပြန်ကန်တက်ခြင်းလို့လည်း ခေါ်လေ့ရှိကြပါတယ်။ ဒီလို ပူလောင်နာကျင်တာဟာ ရင်ဘတ်အလယ်တည့်တည့် ဒါမှမဟုတ် ရင်ညွန့်နေရာလောက်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။

    နေထိုင်မှုပုံစံကို ပြောင်းလဲခြင်း၊ အလွယ်တကူ ဝယ်ယူလို့ရတဲ့ ဆေးလေးတွေကို သောက်ပေးခြင်းအားဖြင့် ရင်ပူတာကို သက်သာစေပါလိမ့်မယ်။ တကယ်လို့ ရင်ပူတာဟာ အကြိမ်ရေစိတ်လာတယ် ဒါမှမဟုတ် ပိုဆိုးလာတယ်ဆိုရင် ဒါဟာ ပိုပြီးပြင်းထန်တဲ့ ရောဂါတစ်ခုခုကြောင့် ဖြစ်နေနိုင်တာမို့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါလိမ့်မယ်။

    ရင်ပူခြင်း ဘာလို့ဖြစ်သလဲ။

    အကြောင်းရင်းခံတွေ အများကြီးရှိတယ်လို့ ပြောလို့ရပေမယ့် ရင်ပူရခြင်းရဲ့ အဓိကတရားခံက အစာရေမျိုအောက်ခြေပိုင်းက ဆန့်ကျုံ့ကြွက်သားကြောင့်ပဲ ဖြစ်ပါတယ်။ ဆန့်ကျုံ့ကြွက်သားရဲ့ အလုပ်က မျိုချလိုက်တဲ့ အစာနဲ့ ရေတွေကို အစာအိမ်ထဲ ရောက်သွားအောင် ကြွက်သားကို ဖြေလျှော့ပြီး ဖြတ်သန်းခွင့်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။

    အစာတွေဖြတ်သွားပြီးတဲ့အခါ ဒီကြွက်သားဟာ ပြန်ညှစ်ပြီး တင်းထားလိုက်ပါတယ်။ ဒါမှ အစာနဲ့ အက်ဆစ်တွေ ပြန်မတက်မှာပါ။ ဒါပေမယ့် အစာရေမျိုအောက်ခြေပိုင်းက ဆန့်ကျုံ့ကြွက်သားအနေနဲ့ ပုံမှန်အတိုင်း ကောင်းစွာ အလုပ်မလုပ်နိုင်တဲ့အခါ (အားနည်းနေတဲ့အခါ) အစာအိမ်ထဲက အက်ဆစ်တွေဟာ အစာရေမျိုထဲကို ပြန်ဆန်တက်လာပြီး ရင်ပူခြင်းကို ဖြစ်ပေါ်စေပါတော့တယ်။

    ဒါ့အပြင် အစားအသောက် အလွန်အကျွံစားခြင်း ဒါမှမဟုတ် အစာအိမ်ပေါ် ဖိအားအလွန်များခြင်း (အဝလွန်တာ၊ ကိုယ်ဝန်ရှိတာ ဒါမှမဟုတ် ဝမ်းချုပ်တာ) ကြောင့်လည်း ရင်ပူခြင်း ဖြစ်လာနိုင်ပါတယ်။

    စိတ်ဖိစီးမှုတွေနဲ့ အိပ်ရေးပျက်ခြင်းတွေက အက်ဆစ်ထုတ်လုပ်မှုကို များစေတဲ့အတွက် ဒီအချက်တွေဟာ ရင်ပူခြင်း ဖြစ်စေဖို့ အဓိက ပံ့ပိုးပေးသူတွေ ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေမှာ အစာရေမျိုအောက်ပိုင်းရှိ ဆန့်ကျုံ့ကြွက်သားဟာ ပြေလျော့လာနိုင်ပြီး အက်ဆစ်ထုတ်လုပ်မှုကိုလည်း ဆွပေးနိုင်တာမို့ သူတို့တွေမှာ ရင်ပူတာ အဖြစ်များပါတယ်။

    ဘယ်သူတွေမှာ ရင်ပူတာ အဖြစ်များသလဲ။

    အပူအစပ်တွေ၊ အချဉ်တွေ၊ အဆီအဆိမ့်တွေ ဒါမှမဟုတ် ဆီကြော်တွေ၊ ကြက်သွန်နီ၊ ငရုတ်ဆီ၊ ချောကလက်၊ အရက်ဘီယာ ၊ပူဒီနာ အစရှိတဲ့ အစားအသောက်တွေဟာ အချို့သော လူတွေမှာ ရင်ပူတာကို ဖြစ်စေနိုင်ပါတယ်။ အစားအလွန်အကျွံစားတာ၊ အဝလွန်တာနဲ့ ကိုယ်ဝန်ရှိတာတွေကလည်း ရင်ပူတာကို အဖြစ်များစေနိုင်ပါတယ်။

    ရင်ပူခြင်း အကြောင်း သိကောင်းစရာများ

    ရင်ပူခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာလဲ။

    ရောဂါလက္ခဏာတွေဟာ ပြင်းထန်ခြင်းမရှိတဲ့အတွက် သင့်ကို ပြဿနာကြီးကြီးမားမား မပေးနိုင်ပေမယ့် နေ့စဉ်လှုပ်ရှားသွားလာမှုကိုတော့ အနည်းအကျဉ်းထိခိုက်စေပါလိမ့်မယ်။ ဥပမာ

    • အစာစားပြီးချိန် ဒါမှမဟုတ် ညအချိန်တွေမှာ ရင်ဘတ်ထဲ ပူလောင်နေခြင်း။
    • လှဲအိပ်လိုက်ချိန် ဒါမှမဟုတ် ကုန်းလိုက်ချိန်တွေမှာ နာကျင်မှု ခံစားရခြင်း။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ။

    ပြင်းထန်စွာ ရင်ဘတ်အောင့်ခြင်းနဲ့အတူ မေးရိုးနာတာ ဒါမှမဟုတ် အသက်ရှူရခက်တာ၊ အစာမျိုရခက်တာ၊ ပျို့အန်ပြီးမအီမသာဖြစ်တာ အစရှိတဲ့ လက္ခဏာတွေကိုပါ ခံစားလာရပြီဆိုရင်တော့ သင့်ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါပြီ။

    ရင်ပူခြင်းကို ဘယ်လိုရှာဖွေဖော်ထုတ်မလဲ။

    သင့်ရောဂါလက္ခဏာတွေကို တိကျစွာ ရှာဖွေဖော်ထုတ်ဖို့အတွက် အောက်ဖော်ပြပါ စစ်ဆေးမှုတွေကို ပြုလုပ်ဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

    ရင်ပူခြင်း ကို ဘယ်လိုကုသမလဲ။

    လွယ်လင့်တကူ ဝယ်ယူလို့ရတဲ့ ဆေးတွေကို အသုံးပြုပြီး ရင်ပူခြင်းကို အိမ်မှာပဲ ကုသနိုင်ပါတယ်။ သင့်ရောဂါအခြေအနေကို သက်သာစေဖို့ အောက်ပါ ဆေးလေးတွေကို သုံးစွဲကြည့်နိုင်ပါတယ်။

    • Antacids
    • H-2- receptor antagonists (H2RAs)
    • Proton pump inhibitors

    ရင်ပူခြင်း အကြောင်း သိကောင်းစရာများ

    တကယ်လို့ ဒီဆေးတွေနဲ့ မသက်သာဘူးဆိုရင် သင့်အတွက် အကောင်းဆုံးသော ကုသမှုနည်းလမ်းကို သိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်။

    ရင်ပူတာကို ဘယ်လိုကာကွယ်နိုင်မလဲ။

    သင့်ရဲ့နေထိုင်စားသောက်မှုပုံစံတွေကို သင့်တင့်လျောက်ပတ်အောင် ပြောင်းလဲပေးရပါမယ်။ ဥပမာ

  • သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားခြင်း။
  • ရင်ပူတာကို ဖြစ်စေနိုင်တဲ့ အစားအစာတွေကို ရှောင်ခြင်း။
  • အစာစားပြီးပြီးခြင်း လဲလျောင်းတာကို ရှောင်ကျဉ်ခြင်း (အနည်းဆုံး ၃နာရီလောက်နေမှ လှဲရပါမယ်)။
  • အိပ်ရာဝင်ခါနီး အစာစားတာကို ရှောင်ကျဉ်ခြင်း။
  • ဆေးလိပ်ကို ရှောင်ကြဉ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
  • Takeaways

    ရင်ပူခြင်းက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အများစုမှာ ပြင်းထန်လေ့မရှိဘဲ ဆေးသောက်ရုံနဲ့တင် သက်သာသွားပါတယ်။ ရေရှည်မှာ ခဏခဏ ပြန်မဖြစ်ဖို့ စားသောက်နေထိုင်ပုံကို ပြောင်းလဲပစ်ရပါမယ်။ ခဏခဏဖြစ်နေမယ်၊ ပိုပိုဆိုးလာမယ်၊ တခြားလက္ခဏာတွေပါ တွဲဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 13/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement