backup og meta

ဝမ်းထဲသွေးပါ ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 15/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းထဲသွေးပါ ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ။

    အားလုံး ဝမ်းမချုပ်ဘူးတဲ့သူ မရှိဘူးလို့ထင်ပါတယ်။ ဝမ်းချုပ်တဲ့ ပြဿနာဟာ တကယ်ကို စိတ်ရှုပ်ရတဲ့ ပြဿနာတစ်ခုပါ။ ဝမ်းထဲသွေးပါ ရင် ပိုလို့တောင် အထိတ်တလန့် ဖြစ်ရပါသေးတယ်။ ဘာများဖြစ်နေပြီလဲ စိုးရိမ်ရလားဆိုပြီးတော့ပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးထဲမှာ ဝမ်းထဲ သွေးပါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။

    ဝမ်းထဲသွေးပါ တာ နှစ်မျိုးရှိပါတယ်။

    • လတ်လတ်ဆတ်ဆတ် သွေးအနီရောင်တွေ ဝမ်းထဲပါတာ၊
    • သွေးဝမ်းလို့ခေါ်ကြတဲ့ ဝမ်းမည်းမည်းတွေ ဆိုပြီး နှစ်မျိုးရှိပါတယ်။

    ဒီလို ၂ ခုကွဲသွားရခြင်းရဲ့ အကြောင်းအရင်းကတော့ ရောဂါ ဖြစ်တဲ့နေရာ မတူလို့ပဲ ဖြစ်ပါတယ်။ အူသိမ်အပေါ်ပိုင်း အစာခြေလမ်းကြောင်းကထွက်တဲ့ သွေးတွေဟာ အစာအိမ်ထဲက အက်ဆစ်နဲ့ ဓာတ်ပြုပြီး ဝမ်းမည်းမည်းတွေ ဖြစ်သွားလေ့ရှိပါတယ်။ သွေးအနီရောင် လတ်လတ်ဆတ်ဆတ်ကကျတော့ အူသိမ်အောက်ပိုင်း အစာခြေစနစ်မှာ ပြဿနာတစ်ခုခုရှိနေတာကြောင့် ထွက်လာတဲ့ သွေးတွေပါ။ ဒီတော့ ဘယ်လို ပြဿာနာတွေဖြစ်နိုင်လဲ။

    ဝမ်းထဲ သွေးနီနီရဲရဲပါရခြင်း အကြောင်းများ 

    ဝမ်းသွားပြီးနောက်ပိုင်း သွေးနီနီရဲရဲတွေ ဆင်းလာတာ၊ ဝမ်းချုပ်တာ၊ စအိုနားတစ်ဝိုက်တင်းပြီး ယားယံနေတာမျိုး၊ စမ်းလိုက်ရင် အလုံးလေးစမ်းမိတာမျိုးတွေ ရှိပြီဆို လိပ်ခေါင်းရောဂါဖြစ်နေပါပြီ။

    သွေးစလေးတွေ ဝမ်းထဲကပ်ပါနေတာ၊ ဝမ်းသွားပြီး စအိုဝ စပ်တာ၊ ဝမ်းချုပ်လို့ အရမ်းညှစ်သွားရတာမျိုးတွေရှိရင် စအိုဝကွဲတာနေတာ ဖြစ်နိုင်ပါတယ်။

    • Diverticulitis ( အူမကြီး လမ်းကြောင်းတစ်လျှောက် အိတ်ကလေးများ ဖြစ်ခြင်း)

    Diverticulosis လို့ခေါ်တဲ့ အူမကြီးထဲက အိတ်လေးတွေ ဖောင်းပြီး ပေါက်သွားရာမှ ဝမ်းထဲသွေးပါခြင်းဖြစ်နိုင်ပါတယ်။

    • Inflammatory Bowel Disease (အူလမ်းကြောင်းရောင်ရမ်းခြင်း )

    IBD ထဲမှာ ulcerative colitis နဲ့ Crohn’s Disease ဆိုပြီး နှစ်မျိုးပါပါတယ်။ အဲဒီအထဲမှာ ulcerative colitis က အူမကြီးကိုထိတာဖြစ်ပြီး Crohn’s Disease ကတော့ အူလမ်းကြောင်းတစ်လျှောက် ကြိုက်တဲ့နေရာမှာ ဖြစ်နိုင်ပါတယ်။ ဒီ ၂ မျိုးလုံးဟာ အူမကြီးကို သွားထိစေတတ်တာကြောင့် ဝမ်းထဲသွေးပါခြင်းကိုဖြစ်စေတတ်ပါတယ်။

    အူမကြီးကင်ဆာကြောင့် ဝမ်းထဲသွေးပါတာမျိုး ဖြစ်တတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့ အရင်တုန်းက ဝမ်းချုပ်ပေမယ့် ခုကျတော့ မနက်ပိုင်း သွေးဝမ်းပျော့ပျော့တွေသွားတာ၊ ဝမ်းသွားပြီး ဝမ်းကျန်သလိုခံစားနေရတာနဲ့ ကိုယ်အလေးချိန် သိသိသာသာကျဆင်းတာတွေပဲ ဖြစ်ပါတယ်။

    ဝမ်းထဲသွေးပါ ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ။

    ဝမ်းမည်းမည်းသွားရခြင်း အကြောင်းအရင်းများ

    ဝမ်းမည်းမည်းသွားရခြင်းဟာ အူသိမ်အပေါ်ပိုင်း အစာခြေစနစ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့်ဆိုတာ အပေါ်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒီတော့ ဝမ်းမည်းမည်းသွားစေတဲ့ အကြောင်းအရင်းတွေက ဘာများလဲ။

    အစာအိမ်ရောင်တဲ့ အဆင့်တင်မဟုတ်ဘဲ အနာပါဖြစ်သွားတဲ့အခါကျ အစာတစ်ခါဝင်တိုင်း အနာကို ပွတ်မိပြီး သွေးထွက်တတ်ပါတယ်။ ဒီသွေးတွေက အစာအိမ်ထဲက အက်ဆစ်နဲ့ ဓာတ်ပြုတဲ့အခါကျ အနံ့နံတဲ့ ဝမ်းမည်းမည်းတွေ အဖြစ် ဆင်းလာပါတော့တယ်။

  • အစာရေမြိုပြွန်မှ သွေးကြောထုံးများ
  • အသည်းရောဂါရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ အစာရေမြိုပြွန်မှ သွေးကြောထုံးတွေ ပေါက်သွားရာမှ တစ်ဆင့် ဝမ်းမည်းမည်းတွေ သွားတတ်ပါတယ်။

    အကိုက်အခဲပျောက်ဆေးအပြင်းစားကို အစာမစားဘဲ သောက်လိုက်တဲ့အခါ အစာအိမ်နံရံ သွေးယိုပြီး ဝမ်းမည်းမည်းတွေ သွားတတ်ပါတယ်။

    ဝမ်းထဲသွေးပါ ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ။

    ဒါတွေကတော့ ဝမ်းထဲသွေးပါ ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။ ဝမ်းထဲသွေးပါ တယ်ဆိုတာက အချိန်ကြာလာရင် သွေးအားနည်းပြီး သေချာဆေးကုသမှု မခံယူရင် ပိုဆိုးလာတတ်တာကြောင့် မပေါ့ဆဘဲ ဆရာဝန်ဆီသွားတာ အကောင်းဆုံးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 15/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement