backup og meta

သင့်တော်တဲ့ စားသောက်မှုမရှိလျှင် အစာခြေစနစ်ဘယ်လိုဖြစ်သွားမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်တော်တဲ့ စားသောက်မှုမရှိလျှင် အစာခြေစနစ်ဘယ်လိုဖြစ်သွားမလဲ

    လူတွေရဲ့ အစာခြေစနစ်မှာ ပါးစပ်၊ လည်ချောင်း၊ အစာရေမြိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမ၊ အသည်း၊ သရက်ရွက်၊ သည်းခြေအိတ်နဲ့ စအိုတို့ပါဝင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်မှုပုံစံဟာ ဒီ အစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် အကောင်းဆုံး ကုထုံးပါပဲ။

    ဒါပေမဲ့ အချို့သော အချက်တွေကြောင့် (စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရောပေါ့လေ) တစ်ခါတလေမှာ ကျွန်တော်တို့ဟာ အာဟာရဓါတ်လုံလောက်အောင်စားဖို့ကို မေ့လျော့နေတတ်ကြပါတယ်။

    ကာလကြာရှည်လာတဲ့အခါမှာ ဒါဟာ သင့်ရဲ့ အစာခြေအင်္ဂါတွေ ပုံမှန်အလုပ်လုပ်နိုင်ခြင်းကိုပါ တားဆီးလာပါတော့တယ်။

    ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံက ခန္ဓါကိုယ်အတွက် အလွန်ကို အရေးကြီးပါတယ်။ နာရီစက်ပုံမှန်လည်နေသလိုပဲ ခန္ဓါကိုယ်က ပုံမှန်လှုပ်ရှားနိုင်ဖို့အတွက် ဆဲလ်တွေရော ၊ ဒီအင်္ဂါတွေကပါ မှန်ကန်တဲ့ အာဟာရဓါတ်တွေလိုအပ်ပါတယ်။

    အာဟာရဓါတ်အားလုံးကတော့ အရေးကြီးကြတာကြီးပါပဲ။ အသီးအရွက်တွေနဲ့ သစ်သီးတွေမှာပါတဲ့ ဓါတ်တိုးဂုဏ်သတ္တိဟာ သင့်ကို ဒုက္ခပေးမယ့် မော်လီကျူးတွေနဲ့ သင့်ခန္ဓါကိုယ်ဆဲလ်တွေကို တိုက်ခိုက်မယ့်Free radicals တွေကနေ ကာကွယ်ပေးနိုင်ပါတယ။်

    အဆိုပါအရာတွေက သင့်ရဲ့အစာခြေစနစ်နဲ့ ဇီဝကမ္မဖြစ်စဉ်ကို ဆောင်ရွက်ပေးမယ့် အင်ဇိုင်းမ်တွေကို ထုတ်ပေးနိုင်စွမ်းကို လျော့ကျစေပါတယ်။

    အစာခြေစနစ်ပုံမှန်အလုပ်မလုပ်ခြင်းကို ခံစားနေရတဲ့သူတွေမှာ ဒီလက္ခဏာ၃ရပ်ကို တွေ့ရှိနိုင်ပါတယ်။

    ဝမ်းချုပ်ခြင်း

    စားနေကျ အစားအသောက်တွေထဲမှာ အမျှင်ဓါတ်နည်းတဲ့သူတွေဟာ အမျှင်ဓါတ်များများစားတဲ့သူတွေနဲ့ယှဉ်ရင် ဝမ်းချုပ်နိုင်ချေပိုများပါတယ်။ အမျှင်တွေဟာ အစာခြေစနစ်တစ်လျှောက်လုံးမှာ မစင်တွေကို ရွေ့လျားစေဖို့အတွက် အဓိကနေရာက လုပ်ဆောင်နေတာပါ။

    အမျှင်ဓါတ်မလုံလောက်တဲ့အခါ လူတွေဟာ မစင်ခဲမာမာတွေကို စွန့်ထုတ်ဖို့ ခဲယဉ်းပါလိမ့်မယ်။

    ဒါပေမဲ့လည်း ဝမ်းချုပ်ခြင်းဟာ ယာယီပဲဖြစ်တဲ့ပြဿနာပါ။ သူ့ကို ပျောက်ကင်းစေနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ စားတဲ့အချိန်မှာ အမျှင်ဓါတ်ပါတာတွေပိုစားပြီး၊ ရေနဲ့ အသီးဖျော်ရည်တွေ ပိုသောက်ဖို့ပါပဲ။

    သင်္ဘောသီးဟာ ဝမ်းချုပ်ခြင်းကြောင့်ဖြစ်တဲ့ ဆိုးရွားလှတဲ့အခြေအနေတွေကနေ သင့်ကို ကယ်တင်ပေးနိုင်ပါလိမ့်မယ်။

    Diverticular disease

    ကာလကြာရှည်ဝမ်းချုပ်ခြင်းဟာ ဒီရောဂါဖြစ်နိုင်ချေ တိုးစေနိုင်ပါတယ်။ ဖြစ်လာပြီဆိုတာနဲ့ Diverticula က အူမကြီးကို သွားထောက်ပြီး လမ်းကြောင်းအတိုင်း မစင်မသွားနိုင်အောင် ပိတ်ဆို့လိုက်ပါတော့တယ်။

    ပြီးရင်တော့ ဒီလုပ်ဆောင်ချက်တွေ လုပ်ဖို့အတွက် ခန္ဓါကိုယ်ကို အားအင်ပိုသုံးစေပါတယ်။ အမျှင်များများပါအောင် စားပေးခြင်းဟာ ဒီလက္ခဏာတွေနဲ့ ပိုးဝင်ခြင်းတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ဒါဟာ diverticulitis ( diverticula ရောင်ယမ်းခြင်း) ကိုဖြစ်ပေါ်စေနိုင်ပါတယ။် ပိုပြီး ပြင်းထန်လာတဲ့အခါ ပိုကောင်းတဲ့ ကုသမှုတွေအတွက် ဆေးရုံရဲ့ အထောက်အပံ့တွေလိုလာပါပြီ။

    သည်းခြေကျောက်

    တကယ်လို့ လူတွေမှာ အောက်ပါ လက္ခဏာတွေရှိနေမယ်ဆိုရင်…

    ဝမ်းဗိုက်အပေါ်ညာဘက် နာကျင်နေခြင်း၊ ပျို့အန်ခြင်း၊ ဖျားနာခြင်း၊ အသားရောင်က အဖြူရောင်ပြောင်းခြင်း၊ မီးခိုးရောင်သမ်းတဲ့မစင် စတာတွေဖြစ်ခဲ့မယ်ဆိုရင် ချက်ချင်းဆေးစစ်ပါ။ ဆေးကုသမှုခံယူပါ။

    ဒါဟာ သည်းချေကျောက်ရဲ့ အဖြစ်များတဲ့ လက္ခဏာတွေပါ။ သည်းခြေကျောက်ဆိုတာက သည်းခြေအိတ်ထဲမှာဖြစ်လာတဲ့ သေးငယ်တဲ့အစိုင်အခဲလေးတွေဖြစ်ပြီး ညာဘက်ဝမ်းဗိုက်အောက်နားမှာ နေပါတယ်။

    ကိုလက်စထရောများပြီး မှန်ကန်တဲ့ အမျှင်ဓါတ်ပမာဏမရှိခြင်းဟာ သည်းခြေကျောက်ဖြစ်ဖို့ အခွင့်အလမ်းများနိုင်ပါတယ်။

    ဒါအတွက် ကုသခြင်းကတော့ ကျန်းမာရေးနဲ့ ညီအောင် စားသောက်ဖို့ပါပဲ။ ဒီထဲမှာ ဗီတာမင်နဲ့ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ကျန်းမာစေတဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံတွေပါပါတယ်။

    အစာခြေစနစ်ကိုဖြည်းဖြည်းချင်း ပြန်လည်ကုသကောင်းမွန်စေနိုင်မယ့် ဗီတာမင်စီနဲ့ အမျှင်ကိုထုတ်ပေးနိုင်တဲ့ အသီးတွေကတော့ ပန်းသီး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ဖရဲသီးနဲ့ စပျစ်သီး စသဖြင့်သော အရာတွေဖြစ်တယ်လို့ အကြံပြုထားပါတယ်။

    ဒါ့အပြင် ပုံမှန်အနှံတွေအစား လုံးတီးဂျုံတွေ၊ လုံးတီးအနှံတွေကို အစားထိုးစားသုံးပြီး အခြားသော အသီးအရွက်တွေ ပေါင်းထည့်စားသုံးခြင်းကလည်း အစာခြေစနစ်ကို ပုံမှန်အလုပ်လုပ်နိုင်စေဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေပါ။

    ကျန်းမာရေးနဲ့ညီတဲ့ စားသောက်ပုံဟာ ခန္ဓါကိုယ်အတွက် အမြဲတမ်းအရေးကြီးပါတယ်။ အထူးသဖြင့် အစာခြေခြင်းအတွက်ပေါ့။ အမျှင်ဓါတ်လုံလောက်စွာမရဘူးဆိုရင် အစာခြေစနစ်က သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို လျှော့ချလိုက်ပြီး ခန္ဓါကိုယ်အတွက် ပိုပြီး ပြင်းထန်တဲ့ ပြဿနာတွေကို ဖြစ်လာစေနိုင်ပါတယ်။

    ကျန်းမာသန်စွမ်းတဲ့ ခန္ဓါကိုယ်နဲ့ ဘဝကိုရနိုင်ဖို့အတွက် အစဉ်မပြတ်သတိထားပြီး ဂရုစိုက်ခြင်းဟာ တကယ်ကို လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement