အနီရောင် အသားစားတိုင်း ဝမ်းချုပ်တယ်တော့ မဟုတ်ပါဘူး။ အနီရောင် အသားကို အများကြီး စားပြီး အမျှင်ဓာတ်ပါတဲ့ စားစရာတွေကို ထည့်သွင်းစားတာမျိုး မလုပ်တာက အချိန်ကြာလာတဲ့အခါ ဝမ်းချုပ်စေနိုင်တာပါ။ ဒါကြောင့် အနီရောင် အသားစားတဲ့အခါ အမျှင်ဓာတ်ပါတာလေးနဲ့ တွဲစားပေးဖို့ လိုပါမယ်။ ဥပမာ အရွက်ကြော်၊ အရွက်သုပ် တစ်ခုခုနဲ့ တွဲစားတာမျိုးပါ။
အသင့်စား အာလူးကြော်တွေက ကြွပ်ရွနေအောင် ဆီဝဝ ကြော်ထားတာတွေဖြစ်တာကြောင့် ဝမ်းချုပ်စေနိုင်ပါတယ်။ ဒီလို အာလူးကြော်တွေကို အများကြီး စားလိုက်မယ်ဆိုရင် ဝမ်းချုပ်တာကို ခံစားရမှာ ဖြစ်ပါတယ်။
အေးခဲထားတဲ့ အသင့်စား အစားအစာတွေက စားရတာ ခံတွင်းတွေ့တယ်။ ပြင်ဆင်ရတာ မြန်ဆန်လွယ်ကူတယ်ဆိုပေမယ့် သင့်ရဲ့ အူလမ်းကြောင်းကို ထိခိုက်စေပြီး ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါကြောင့် အေးခဲထားတဲ့ အသင့်စား အစားအစာတွေကို ဖြစ်နိုင်ရင် ရှောင်ပါ။
အမျှင်ဓာတ် များတဲ့ အစားအစာတွေက ဝမ်းမှန်စေတာ မဟုတ်ဘူးလား။ ဒါဆို ငှက်ပျောသီးကို ဘာလို့ ဝမ်းချုပ်စေတယ်လို့ ပြောရတာလဲ။ ထူးဆန်းလိုက်တာလို့ တွေးနေပြီလား …..
အမှည့်သေးတဲ့ ငှက်ပျောသီးဆိုရင်တော့ ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်နေလို့ အမျှင်ဓာတ်ရအောင် ငှက်ပျောသီးစားမယ်ဆို မှည့်နေတဲ့အသီးကို စားဖို့ လိုပါတယ်၊၊
ဆီကြော်စာတွေ
အကြော်၊ ကြက်ကြော်၊ အာလူးချောင်းကြော်လိုမျိုး ဆီများများနဲ့ ကြော်ထားတဲ့ အစားအစာတွေက စားရတာ တော်တော်လေး နှစ်ခြိုက်စရာ ကောင်းပေမယ့် အူနဲ့ အစာခြေစနစ်ကို ပင်ပန်းစေပါတယ်။
ဆီကြော်စာတွေ အစားများတာက အူတွေရဲ့ လှုပ်ရှားမှုကို ထိခိုက်စေပြီး ဝမ်းချုပ်တာမျိုး ဖြစ်စေနိုင်ပါတယ်။
ဒီအစားအစာတွေ စားရုံနဲ့ ဝမ်းချုပ်တော့မှာလား၊၊
နေ့စဉ်စားနေကျ အစားအစာတွေထဲမှာ ဒါတွေပါတာနဲ့ ဝမ်းချုပ်တာစေမှာ မဟုတ်ပါဘူး၊၊ နို့တို့၊ အာလူးကြော်တို့ဆိုတာ မကြာမကြာ စားနေကျ သွားရေစာတွေပဲလေ၊၊ ဒါပေမယ့် ဝမ်းချုပ်လို့လား၊၊
တကယ့်ပြဿနာက ဒီအစားအစာတွေ စားတာထက် အမျှင်ဓာတ်အစားနည်းတာပါ၊၊ ဥပမာ အသားစားမယ်၊ နို့သောက်မယ်၊၊ ဗိုက်ပြည့်သွားပြီး အသီးအရွက်တွေ အစားနည်းသွားမယ်ဆိုရင် ဝမ်းချုပ်လာနိုင်ပါတယ်၊၊ ဒါကြောင့် ဒီအစားအစာတွေ စားတဲ့နေ့ဆို အမျှင်ဓာတ်ကို သတိတရနဲ့ ပါအောင် စားပေးသင့်ပါတယ်၊၊ နောက်ဆုံးတော့ မျှတတဲ့ အာဟာရစားဖို့ကသာ လိုရင်း ဖြစ်ပါတယ်၊၊
ဝမ်းချုပ်စေတဲ့ အစားအစာတွေက
ဒါတွေက ဝမ်းချုပ်စေပါတယ်
- နို့ထွက်ပစ္စည်းတွေ
- အနီရောင် အသား
- အာလူးကြော်
- အေးခဲထားတဲ့ အသင့်စား အစားအစာတွေ
- ငှက်ပျောသီး
- ဆီကြော်စာတွေ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။