အိပ်ချိန်ကြီးမှာ အစာအိမ်ထထအောင့်နေလို့ စိတ်ညစ်နေပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ပြောမယ့်သာ ပြောရတာ အရမ်းကြီးပြင်းထန်တဲ့ ရောဂါတစ်ခု မဟုတ်ပေမယ့် ပျော့ပျော့လေးနဲ့ ကာလရှည်ကြာ လူတွေကို ဒုက္ခပေးတဲ့ ပြဿနာတွေထဲမှာ အစာအိမ်ြပဿနာက ထိပ်ဆုံးကပါ။ အစာအိမ်ရောင်တာ၊ အစာအိမ်အောင့်တာနဲ့ အစာအိမ်အနာဖြစ်တာ စတာတွေပေါ့။ ဒါ့ထက်ပိုဆိုးတာက အစာအိမ်ပြဿနာတွေက အချိန်ကောင်းတွေဖြစ်တဲ့ အိပ်ခါနီး အချိန်မှာ ထအောင့်တာနဲ့၊ မနက်အိပ်ရာနိုးတဲ့အချိန် ဗိုက်အောင့်လို့ မထချင်ပေမယ့် အစားတွေထစားလိုက်ရတဲ့အချိန်တွေက တကယ်ကို ကသိကအောက် ဖြစ်ချင်စရာပါပဲ။ ဗိုက်လေးများတစ်ခါလောက် အဆာမခံလိုက်နဲ့။ အစာအိမ်ြပဿနာပြန်ကိုဖြစ်တော့တာပါပဲ။

ဒီတော့ ညဘက်ကြီးကိုယ်က အိပ်ချင်နေပြီ အစာအိမ်ကအောင့်နေလို့၊ ဗိုက်ကဆာဆာ နာနာကြီးဖြစ်နေလို့ စိတ်ညစ်နေသူအားလုံး ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ် ။

ညညအစာအိမ်အောင့်ပြီးအိပ်လို့မရဖြစ်နေရင် ဒါလေးတွေ တစ်ချက်သတိထားစေချင်ပါတယ် ။

အစာအိမ်အောင့်တဲ့ပြဿနာကို အဓိကဖြစ်စေတာ ကိုယ့်စားလိုက်တဲ့အစားအစာတွေပါ။ နောက်ပြီး စားတဲ့အချိန်ကလည်း အရေးကြီးပါသေးတယ်။ ဘယ်အစားအစာကိုမဆို အိပ်ရာဝင်ခါနီး ၁နာရီ ၂နာရီလောက်ခွာပြီး စားတာ အကောင်းဆုံးပါ။ မစားသင့်တဲ့ အစားအစာတွေကတော့

  • အဆီများတဲ့အစားအစာတွေ – အစာခြေလမ်းတစ်လျှောက်နှေးနှေးလေးသွားပြီး လေပွြခင်းတွေ ရင်ပူခြင်းတွေကိုဖြစ်စေလို့ပါ။
  • လေပွစေတဲ့အစားအစာတွေ – ပန်းဂေါ်ဖီစမ်း၊ ဂေါ်ဖီထုတ်၊ ပဲ စတာတွေက လေပွစေတဲ့အစားအစာတွေဆိုတော့ အစာအိမ်အောင့်တတ်တဲ့သူတွေ ညအိပ်ခါနီး ရှောင်သင့်တဲ့ ထိပ်ဆုံးက အစားအစာတွေပါ။
  • ကော်ဖီနဲ့ ဂတ်စ်များတဲ့ အချိုရည်တွေကလည်း ရှောင်စားရမယ့် အထဲမှာပါပါတယ်။
  • ခရမ်းချဉ်သီး၊ ချဉ်တဲ့အသီးတွေနဲ့ ပူစပ်တဲ့ အစားအစာတွေက ရင်ပူခြင်းကိုဖြစ်စေပြီး အစာခြေရည်ပြန်ဆန်တက်ခြင်းကို ဖြစ်စေပါတယ်။
  • ပီကေဝါးတာ၊ အစားစားရင်း စကားပြောတာတွေကြောင့် လေတွေကို မျိုချမိတတ်ပြီးဗိုက်အောင့်စေပါတယ်။
  • အကိုက်အခဲပျောက်ဆေးတွေဆိုတာ အစာအိမ်အတွက်တော့ တကယ့်မဟာရန်သူကြီးတွေပါ။
  • ဆေးလိပ်နဲ့ အရက်ကလည်း အစာအိမ်ရဲ့ အတွင်းနံရံတွေကို ဒုက္ခပေးတာကြောင့် အစာအိမ်အောင့်နေတဲ့သူတွေ လုံးဝကိုရှောင်သင့်တဲ့ အရာပါ။

ဒါတွေကတော့ အစာအိမ်အောင့်ခြင်းကို ပိုဆိုးစေတဲ့ အစားအစာတွေနဲ့ အမူအကျင့်တွေပါ။ ညဘက်အစာအိမ်အောင့်လို အိပ်မရတဲ့အခါမျိုးတွေဆို ကိုယ်ဒါတွေ မလုပ်မိဖို့ သတိထားပြီးရှောင်ဖို့လိုပါတယ်။

ကောင်းတဲ့ အလေ့အကျင့်လေးတွေ ပျိုးထောင်ပါ။

အစာအိမ်အောင့်တာကို သက်သာစေဖို့အတွက် ရှောင်သင့်တာတွေကို သိထားရုံနဲ့ မပြီးသေးပါဘူး။ ဖြစ်နေတဲ့ ဝေဒနာ သက်သာစေဖို့ ကောင်းကောင်းအိပ်ပျော်စေဖို့ လုပ်လို့ရတဲ့ နည်းတွေရှိပါတယ်။

  • တစ်နေ့ကို ထမင်း ၃ နပ်အပြည့်အဝ စားမယ့်အစား အစားကို နည်းနည်းလေးနဲ့ အကြိမ်ရေ များများခွဲပြီးစားပေးပါ။
  • အစာဝါးတဲ့အခါ ဖြေးဖြေးလေးနဲ့ အစာကြေအောင်ဝါးပါ။
  • အမျှင်ဓါတ်များတဲ့ အစားအစာတွေကို အဓိကစားပါ။
  • အစားမစားခင် လေ့ကျင့်ခန်းလုပ်ပါ။ စားပြီးနောက်ပိုင်းဆိုရင်တော့ အစားနဲ့ လေ့ကျင့်ခန်းကြားထဲ အနည်းဆုံး တစ်နာရီလောက် ခြားသင့်ပါတယ်။
  • စိတ်ဖိစီးမှုတွေ လျှော့ချပါ။ – စိတ်ဖိစီးမှုက အစာအိမ်အက်ဆစ်ကိုပိုထွက်စေတာကြောင့် စိတ်ဖိစီးမှု နည်းအောင် နေပါ။ တရားထိုင်ပါ ယောဂဆော့ပါ။ သီချင်းနားထောင်ပါ။

အစာခြေရည်တွေပြန်ဆန်တက်ပြီး ရင်ပူနေပြီဆိုရင်တော့

လှဲအိပ်ရတာဆိုတော့ အစာအိမ်မှာ ထွက်နေတဲ့ အက်ဆစ်တွေ လည်ချောင်းနဲ့ အစာရေမျိုပြွန်ထဲကို ရောက်လာတတ်ပါတယ် ။ အဲဒီအချိန်မှာ ရင်ပူတယ်ဆိုတဲ့ ခံစားချက် စရတာပါပဲ ။ ဒီလို ညညလှဲအိပ်တဲ့အခါ ဖြစ်တဲ့ရင်ပူခြင်းကို သက်သာစေချင်တယ်ဆိုရင်တော့

  • ခေါင်းအုံးမြင့်မြင့်နဲ့အိပ်ပါ
  • ချောင်ချိတဲ့ အဝတ်တွေကိုဝတ်ပါ
  • ကြက်သွန်ဖြူ၊ ချော့ကလက်၊ ပူရှိန်းနဲ့ ခရမ်းချဉ်သီးတို့ကို လျှော့စားပါ။
  • အိပ်ခါနီး ၂ နာရီလောက်အလိုမှာ ဘာမှ မစားပါနဲ့တော့
  • စားပြီးပြီးလှဲအိပ်တာမျိုးလည်း မလုပ်ပါနဲ့။

ဆေးသောက်ချင်တယ်ဆိုရင်တော့

  • Antacid – အက်ဆစ်ပြင်းအားလျော့စေတဲ့ဆေး
  • PPI ( proton pump inhibitor) – အစာခြေအက်ဆစ်အထွက်နည်းစေတဲ့ဆေး၊ အနာကျက်ခြင်းကို အားပေးတဲ့ဆေး
  • H2 blocker – အစာခြေအက်ဆစ် အထွက်နည်းစေတဲ့ဆေးတွေ ကို ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်ပေးလို့ရပါတယ် ။

ဒါတွေကတော့ အိပ်ခါနီး အစာအိမ်အောင့်လို့ စိတ်ညစ်နေသူတိုင်း သိထားသင့်တဲ့အချက်တွေပါ။ ဒါလေးတွေ ဖတ်ထားတော့မှ ရှောင်ရဆောင်ရမှာတွေ သိသွားလို့ ညည အစာအိမ်အောင့်လို့ အိပ်ရေးပျက်တဲ့ဝေဒနာတွေ ကင်းဝေးသွားစေမှာနော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

လည်ချောင်းနာ တာက ရက်ပိုင်းလောက် ကြာတတ်တယ်ဆိုပေမယ့် အရင်လို ပြန်ပြီး အော်ဖို့ ဟစ်ဖို့ဆိုရင် ခဏတော့ သည်းခံရမှာပါ။ သက်သာစေဖို့ ဒီနည်းလမ်းတွေ လိုက်လုပ်ပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

မှတ်ဉာဏ်ကောင်းစေဖို့ စားပေးသင့်တဲ့ အစားအစာလေးတွေ ရှိပါတ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတာ သိချင်နေပြီလား မေမေ... သေချာအဖြေထွက်သွားအောင် ဆောင်းပါးလေးထဲမှာ တူတူဖတ်ရအောင်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကလေးငယ် ဇန်နဝါရီ 18, 2021 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
သင့်ရဲ့ အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 3 mins read
တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read