home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

စအိုပတ်လည်မှာ ယားယံတာမျိုးဖြစ်တာ ဘာကြောင့်များလဲ ။ ။

စအိုပတ်လည်မှာ ယားယံတာမျိုးဖြစ်တာ ဘာကြောင့်များလဲ ။ ။

ကိုယ်ခန္ဓာအနှံ့အပြားအကုန်လုံးမှာ ယားယံတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ အခန့်မသ့င်တာကြောင့်ဖြစ်တတ်သလို အခြားကျန်းမာရေး၊ အရေပြား ပြဿနာတွေကြောင့် လည်း ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအထဲမှာမှ အရေပြားမဟုတ်တဲ့ စအိုပတ်လည်မှာ ယားတာကရော ဘယ်လိုမျိုးကြောင့်ဖြစ်နိုင်လဲ။ ရောဂါတစ်ခုခုကြောင့်လား။ ဒီလိုပဲ ဖြစ်တတ်တာလား။ ။

စအိုပတ်လည်မှာ ယားယံတယ်ဆိုတာဘာလဲ ။

ဆေးပညာအရ pruritus ani လို့ခေါ်တဲ့ စအိုပတ်လည်မှာ ယားယံတဲ့ပြဿနာဟာ လူကြားထဲမှာ ကုတ်မရ ဖဲ့မရနဲ့ အတော်ကို ကသိကအောက်ဖြစ်စရာကိစ္စတစ်ခုပါ။ သန့်ရှင်းရေးအားနည်းတာ ( ဒါမှမဟုတ်) အသန့်ရှင်းလွန်တာကြောင့် စအိုပတ်လည်ယားတတ်သလို၊ ကိုယ်စားလိုက်တဲ့အစားအသောက်တွေ၊ သောက်နေတဲ့ဆေးတွေ အရေပြားနဲ့ အခြား ကျန်းမာရေးပြဿနာတွေကြောင့်လည်း စအိုဝယားယံတာတွေဖြစ်တတ်ပါသေတယ်။ ဘာတွေလဲဆိုတာ ကြည့်ုလိုက်ရအောင်။ ။

စအိုဝဆိုတာက အစာခြေစနစ်ကြီးရဲ့ အဆုံးဖြစ်ပြီး အညစ်အကြေးတွေထုတ်ပေးနေတဲ့ အဓိက နေရာတစ်ခုပါ။ ယားယံတာ စအိုဝတည့်တည့်မှာလည်းဖြစ်နိုင်သလို စအိုပတ်လည်နေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒီလို စအိုဝယားယံတာက ရောဂါတစ်ခု မဟုတ်ဘဲရောဂါ လက္ခဏာတစ်ခုသာဖြစ်ပြီး အရွယ်ရောက်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုခံစားရလေ့ရှိပါတယ်။

စအိုဝယားယံခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

  • သန့်ရှင်းရေးအားနည်းတာကြောင့် ( ဒါမှမဟုတ်) အသန့်လွန်ပြီး ဆပ်ပြာနဲ့ ခဏခဏ သန့်ရှင်းရာကနေ အရေပြားခြောက်ပြီးယားယံတာ
  • အရေပြားပြဿနာတွေဖြစ်တဲ့ – psoriasis တို့၊ dermatitis ( အရေပြားရောင်ရမ်းထိခိုက်တာ)၊ eczema ( နှင်းခူရောဂါ)၊ ၊ ပွေး၊ ဝဲ၊ ညှင်း၊ ယားနာ၊
  • ဝမ်းချုပ်တာနဲ့ဆက်စပ်နေတဲ့ – လိပ်ခေါင်း၊ စအိုဝကွဲတာနဲ့ ဂရင်ဂျီနာပြဿနာများ
  • တုပ်ကောင်၊ သန်ကောင် တွေကြောင့်လည်း စအိုဝယားယံတတ်သလို
  • စအိုဝ ကင်ဆာကလည်း စအိုပတ်လည် ယားယံခြင်းကို ဖြစ်စေတဲ့အထဲ ပါပါတယ်။
  • အခြားကျန်းမာရေးပြဿနာဖြစ်တဲ့ ဆီးချိုရောဂါ၊ သိုင်းရွိုက်ပြဿနာတွေကြောင့်လည်း စအိုဝ ယားယံတာမျိုး ဖြစ်တတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန် သွားပြရမလဲ ။ ။

စအိုဝယားယံတဲ့ ပြဿနာတော်တော်များများက ဆေးကုသမှု မခံယူဘဲ သူကဘာသာ ပြန်ပျောက်သွားတာများပါတယ် ။ ဒါပေမယ့်

  • စအိုဝယားယံတာ တစ်ချိန်လုံးဖြစ်နေပြီး မခံမရပ်နိုင်အောင်ဖြစ်နေတာ
  • ယားယံတာနဲ့အတူ သွေးထွက်တာ၊ ဝမ်းမလုံတာမျိုးတွေပါပါလာတာ
  • စအိုပတ်လည်မှာ နီပြီး ရောင်ရမ်းနေတာတွေရှိရင်တော့ ဆရာဝန်ဆီ သွားပြဖို့လိုအပ်နေပါပြီ။

သက်သာစေမယ့် နည်းလမ်းလေးတွေကတော့

အိမ်မှာပဲ စအိုဝယားယံတာကို သက်သာအောင် လုပ်လို့ရပါတယ်။

  • ဟင်းခတ်မှုန့်အများကြီးထည့်ထားပြီး ပူစပ်တဲ့ အစားအစာတွေ ရှောင်ပါ။
  • ဝမ်းမှန်အောင် ဂရုစိုက်ပါ။ အသီးအရွက်များများစားပါ။
  • ပြင်းအားများ၊ အနံ့ပြင်းတဲ့ ဆပ်ပြာတွေ၊ အမွှေးနံတွေကို ရှောင်ပါ။
  • ယားယံတဲ့အခါ လက်သည်းရှည်တွေနဲ့ မကုတ်မိအောင် လက်သည်းညှပ်ထားပါ။ အပြင်းအထန်လည်း မကုတ်ပါနဲ့။
  • အတွင်းခံတွေ အဝတ်အစားတွေကိုလည်း ချည်သားတွေပဲ ရွေးချယ်ပါ။ acrylic တို့ နိုင်လွန်တို့ပါတာတွေကို ရှောင်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

https://www.verywellhealth.com/pruritus-ani-83201

Accessed Date 15.8.2019

https://www.medicalnewstoday.com/articles/168728.php

Accessed Date 15.8.2019

 

Accessed Date 15.8.2019

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 07/10/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။