အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်အနာ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အစာအိမ်နှင့် အူလမ်းကြောင်းအနာ

အစာအိမ်နာတတ်သူတွေအတွက် အကောင်းဆုံး အစားအစာ ဘာတွေဖြစ်မလဲ

အစာအိမ်နာတတ်သူတွေအတွက် အကောင်းဆုံး အစားအစာ ဘာတွေဖြစ်မလဲ သိပြီးပါရဲ့လား! အစာအိမ်က အရေးကြီးတယ် ဆိုတာ လက်ခံကြတယ် ဟုတ်။ လူဆိုတာ မစားဘဲမှ မနေနိုင်တာ။ ဒီခန္ဓာကိုယ်က ဆက်လှုပ်ရှားနေနိုင်အောင် ပါးစပ်ကနေ လောင်စာ ဖြည့်သမျှ ဒီအစာအိမ်ထဲပဲ ရောက်တာကိုး။ ကိုယ် စားလိုက်တဲ့ အစားအစာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို အစာအိမ်က တိုက်ရိုက် လက်ခံရတာပါ။ အစာအိမ်ကို ဝေဒနာ ဖြစ်စေတာလည်း အစားအသောက်ကြောင့် ပါပဲ။ မသန့်ရှင်းတာတွေ၊ အပူအစပ်တွေ၊ မလတ်ဆတ်တာတွေ၊ ဘက်တီးရီးယား ပါနေတာတွေ ကြောင့် အစာအိမ်ကို ထိခိုက်စေ ပါတယ်။ ဒါပေမယ့် အစာအိမ်နာကို သက်သာစေနိုင်တဲ့ အစားအသောက်တွေလည်း ရှိနေတယ် ဆိုတာက ဝမ်းသာစရာ တစ်ခု ပါပဲနော်။ အစာအိမ်နာတတ်သူတွေအတွက် အကောင်းဆုံး အစားအစာ ဘာတွေဖြစ်မလဲ အစာအိမ်နာတတ်သူတွေအတွက် အကောင်းဆုံး အစားအစာ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အဝစားဘူဖေးသွားစားရင် အစာမကြေမဖြစ်အောင် သိထားသင့်တဲ့ နည်းလမ်း (၆) ခု

ဟိုနားမှာ ဆိုင်သစ်ဖွင့်တယ်၊ ပရိုမိုးရှင်းတန်တယ်ဟေ့၊ ပင်လယ်စာတွေသိပ်လတ်တာပဲ ဆိုပြီးပြောတတ်ကြတဲ့ အဝစားဘူဖေး ချစ်သူတို့ရေ။ ယူတို့အစာအိမ်လေးတွေမထိခိုက်စေဘဲ အဝကြိတ်နိုင်မယ့် နည်းလေးမသိချင်ဘူးလား။ ဟော့ပေါ့ဘူဖေး၊ အကင်ဘူဖေးဆိုင်တွေနဲ့ ဟိုတယ်အဆင့်မြင့်ဘူဖေးတွေ လူကြိုက်များနေတဲ့အချိန် အဓိကကျတဲ့ အစာအိမ်ကျန်းမာရေးကိုတော့ မေ့ထားလို့မဖြစ်ဘူးနော်။ ဒီအစာအိမ်ကောင်းမှ အစားကောင်းကောင်းစားနိုင်မှာပေါ့။ ကဲ ကဲ… အစာမကြေဗိုက်အောင့်တာလည်းမဖြစ်အောင် ဘူဖေးလည်းတန်အောင် ဘယ်လိုဉာဏ်သုံးရမလဲ ဖတ်ကြည့်လိုက်ပါဦး - (၁) ဘူဖေးမစားခင် ဘာမှစားမထားဘဲ မသွားပါနဲ့ ဟိုရောက်ရင်မစားနိုင်ဘဲနေမယ်၊ ပြီးမှအပီအပြင်ကြိတ်မယ်လို့ မတွေးလိုက်ပါနဲ့။ အစောပိုင်းမှာ အဆာပြေတစ်ခုခုတော့ နည်းနည်းစားထားသင့်ပါတယ်။ မဟုတ်ရင် ရောက်ရောက်ချင်း ဆာဆာနဲ့အလောတကြီးစားမိပြီး အမျိုးစုံအောင်မစားနိုင်ခင် ဗိုက်ပြည့်သွားနိုင်တယ်၊ အစာမကြေဖြစ်လွယ်တယ်။ ဟိုရောက်မှကြိတ်မယ်လို့တွေးထားတယ်ဆိုရင်  အစာကောင်းကောင်းခြေနိုင်ဖို့က ရေဓာတ်လိုအပ်တာမို့ ရေလည်းနည်းနည်းသောက်ထားပါ။ (၂) ရောက်ရင် သေချာကြည့်ပါ ဘူဖေးအစားအစာတွေတွေ့ရင် ဘာတွေရှိလဲ၊ ဘာတွေပြင်ဆင်ထားလဲ အခြေအနေတစ်ချက်ပတ်ကြည့်ပါ။ စားကောင်းမယ်ထင်ရာတွေ တွေ့ရာဆွဲမထည့်ပါနဲ့ဦး။ တကယ်ကောင်းတဲ့စားစရာကိုတွေ့တဲ့အခါ ကိုယ်ကဗိုက်ပြည့်ပြီးနေပြီဆို နှမြောစရာကြီး။ တကယ်စားကောင်းမယ့်ဟာကိုမှ များများစားဖို့ကြံပါ။ (၃) […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အဖြစ်များတဲ့ ဗိုက်ထဲကဝေဒနာတွေနဲ့ အယူအဆအလွဲ (၅) ခု

ဗိုက်အောင့်တာ၊ ဗိုက်ပွတာ၊ ဗိုက်ကယ်တာတွေကတော့ အဖြစ်များလွန်းတဲ့ အစာခြေစနစ်ပြဿနာတွေပါ။ အဖြစ်များကြပေမယ့် သူတို့နဲ့ပတ်သက်တဲ့ ဗဟုသုတမှာတော့ လူတိုင်းက အမှန်မသိကြပါဘူး။ (၁) ပီကေမျိုချမိရင် ကပ်နေတတ်တယ် ပီကေစားရင် မျိုချမိမယ်နော်၊ မျိုချမိရင် အူမှာကပ်သွားလိမ့်မယ်၊ သေတတ်တယ်လို့ ငယ်ငယ်တည်းက ကြားဖူးတယ်။ ကလေးကိုပီကေမကျွေးနဲ့တို့ဘာတို့ (အမှန်က အသက်ရှူလမ်းကြောင်းပိတ်ဆို့မှာစိုးတာဖြစ်ပါလိမ့်မယ်)။ ပီကေကို အစာခြေစနစ်က မချေဖျက်နိုင်တာမှန်ပါတယ်။ ဒါပေမယ့် သူက အစာခြေလမ်းကြောင်းမှာလည်း ကပ်မနေပါဘူး။ အန္တရာယ်မရှိနိုင်တဲ့အပြင် ရက်အနည်းငယ်အတွင်း တခြားအရာတွေလိုပဲ မစင်နဲ့အတူ စွန့်ထုတ်ခံရမှာသာဖြစ်ပါတယ်။ (၂) အစပ်တွေစားရင် အစာအိမ်နာဖြစ်လိမ့်မယ် အစပ်ကြိုက်တဲ့ ငရုတ်သီးချစ်သူတွေအတွက် သတင်းကောင်းပါနော်။ အပူအစပ်များများစားရင် အစာအိမ်အနာဖြစ်လိမ့်မယ်လို့ ထင်ကြတယ်။ ဒါပေမယ့် အစာအိမ်နံရံမှာအနာအများစုက Helicobacter pylori (H. pylori)  လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေကြောင့်ဖြစ်ရတာပါ။ အပူအစပ်တွေက အစာအိမ်အနာဖြစ်ပြီးသား၊ ရောဂါရှိပြီးသားလူတချို့အတွက် ဝေဒနာပိုဆိုးစေနိုင်ပေမယ့် သူ့ကြောင့်ချည်းတော့ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေလည်ရလွန်းလို့ စိတ်အနှောင့်အယှက်ဖြစ်နေသလား

လေလည်ခြင်းဟာ အစာအိမ်အူလမ်းကြောင်းရဲ့ သဘာဝလှုပ်ရှားမှုတစ်ခုဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ သင်္ကေတလို့ မှတ်ယူကြပါတယ်။ ကိုယ်ခန္ဓာထဲကလေဟာ အပြင်ကို မထွက်ရင် ဝမ်းဗိုက်ဟာ ပူဖောင်းကြီးလို ဖောင်းကားလာနိုင်ပါတယ်။ သုတေသနတစ်ခုအရ လူအများစုဟာ တစ်နေ့တာမှာ ၁၄ ကြိမ်ကနေ ၂၃ ကြိမ်အတွင်း လေလည်လေ့ရှိတယ်လို့ ဆိုပါတယ်။ လေလည်လိုက်တဲ့ လေအများစုဟာ မျိုချလိုက်မိတဲ့လေ ဖြစ်ပါတယ်။ တစ်နေ့တာ စားသောက်ရာကနေ အစာအိမ်အူလမ်းကြောင်းထဲ ရောက်သွားတဲ့လေတွေ ဖြစ်ပါတယ်။ ကျန်တဲ့လေများကတော့ အစာအိမ်အူလမ်းကြောင်းကနေ အစားအစာတွေကို ချေဖျက်ရာကနေ ထွက်လာတဲ့လေ ဖြစ်ပါတယ်။ လေလည်ခြင်းဟာ နေ့စဉ်ဘဝရဲ့ သာမန်အစိတ်အပိုင်းဆိုပေမယ့် တခါတရံမှာ လူမှုရေးအရ ကသိကအောင့်ဖြစ်ရပါတယ်။ အထူးသဖြင့် အနံ့ဆိုးနေချိန်မှာ ဖြစ်ပါတယ်။ လေလည်ခြင်းကို လုံးဝရပ်တန့်ထားဖို့ မဖြစ်နိုင်ပေမယ့် လေလည်တာကို လျော့ကျသက်သာစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ ၁။ အစားအစာကို ကြေညက်စွာ ဝါးစားပါ လေအများစုဟာ မျိုချလိုက်မိတဲ့လေတွေ ဖြစ်ပါတယ်။ […]


အစာအိမ်ရောင်ခြင်း

အစာအိမ်သမားတွေ နွားနို့သောက်တာ ကောင်းလား

အစာအိမ် ရောဂါ ရှိတာလား နွားနို့သောက်လေ။ နွားနို့က အစာအိမ် အတွက်ကောင်းတယ်တဲ့။ ဟိုးအရင်တည်းက ဒီလို သိထားကြတာပဲ။ အစာအိမ်သမားတွေ နွားနို့သောက်တာ ကောင်းလား ။ဒါက တကယ်ရော မှန်ရဲ့လား။ အစာအိမ်သမားတွေ နွားနို့သောက်တာ ကောင်းလား အမှန်ကတော့ အစာအိမ်အက်စစ် ပြန်ဆန်တက်တဲ့ ဝေဒနာကို သက်သာဖို့ နွားနို့သောက် ကြတာပါ။ ရင်ပူလာရင် အစာအိမ်အက်စစ် ထွက်တာ လျော့သွားအောင် နွားနို့သောက်ခြင်းက ကူညီပေးနိုင်တယ်ပေါ့။ အဲဒီမှာ နွားနို့က အစာအိမ်အက်စစ် ထွက်တာကို ယာယီပဲ လျော့စေနိုင်တာဖြစ်ပြီး တကယ် ကုသပေးနိုင်တာ မဟုတ်ပါဘူး။ နွားနို့မှာပါတဲ့ ပရိုတင်းက အူသိမ်ဦးပိုင်း ကြွက်သားတွေကို အားကောင်းစေပြီး အစာအိမ်ရင်ပူခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ရင်ပူဝေဒနာကို မကြာခဏ ခံစားနေကျ အစာအိမ်သမားတွေမှာ အဆီများတဲ့ အစားအသောက်တွေကြောင့် အစာအိမ်အက်စစ် ပိုထွက်စေနိုင်လို့ […]


အစာအိမ်ရောင်ခြင်း

အစာအိမ်ရောဂါရှိလို့ ဘာစားရမယ်မသိဘူးဆိုသူတွေအတွက်

ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အစာခြေစနစ်ရော အစာအိမ်ပါ ကျန်းမာဖို့ လိုပါမယ်။ အစာအိမ်ရောဂါ ရှိနေတယ်။ ဒါပေမယ့် ကျန်းကျန်းမာမာ နေချင်တယ် ဆိုရင် အစာအိမ်လေးရဲ့ ကျန်းမာရေးကို မေ့ထားလို့ မဖြစ်ပါဘူး။ ဒီတစ်ခေါက်တော့ အစာအိမ်ရောဂါရှိလို့ ဘာစားရမယ်မသိဘူးဆိုသူတွေအတွက် အစာအိမ် ဝေဒနာ ရှိသူတွေအတွက် ကျန်းမာစွာ နေထိုင်နည်းလေးကို ပြောပြပေးပါရစေနော်။ အစာအိမ်ရောဂါဘာကြောင့်ဖြစ်ရတာလဲ............. ဒီနေရာမှာ လူတော်တော် များများ ယူဆကြတာက အစာအိမ် ရောဂါ ဖြစ်ရတာက အစားမမှန်လို့လို့ ထင်တတ်ကြပါတယ်။ တကယ်ကတော့ ဒီတစ်ချက်တည်းကြောင့် မဟုတ်ပါဘူး။ အစားစားချိန် မမှန်တာကြောင့် အစာအိမ် ရောဂါ ဖြစ်နိုင် သလို အစားကို လိုတာထက် ပိုစားတာ၊ အပူအစပ်တွေ စားတာ၊ အက်ဆစ်ပါဝင်မှု လွန်ကဲတာတွေ စားသုံးတာ၊ အယ်လ်ကိုဟော သောက်သုံးမှုတွေကြောင့်လည်း အစာအိမ် ထိခိုက်နိုင်ပါတယ်။ အစာအိမ်ပိုးနဲ့ သောက်သုံးရတဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဆေးမသောက်ရဘဲ ဗိုက်အောင့်သက်သာစေမယ့် နည်းလေးတွေရှိတယ်

အစာစားချိန်နောက်ကျလို့အောင့်တယ်၊ အစားများလို့အောင့်တယ်၊ လေထိုးလေအောင့်တယ်၊ အစာမကြေလို့ အောင့်တယ်၊ အစာအိမ်နာလို့အောင့်တယ် ဗိုက်အောင့်တဲ့အကြောင်းရင်းကစုံလို့ပါပဲ။ ဗိုက်အောင့်ဗိုက်နာတဲ့အချိန် ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာတင်သက်သာစေမယ့် နည်းလမ်းလေးတွေ ရှိတယ်နော်။ (၁) ဒိန်ချဉ် ဗိုက်အောင့်နေတဲ့အချိန်မှာ အစာခြေစနစ်ကိုသက်တောင့်သက်သာဖြစ်စေပြီး ကိုယ်ခံအားစနစ်ကိုပါ ကောင်းစေမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ ဒိန်ချဉ်ထဲမှာပါပါတယ်။ ဒါပေမယ့် အဆီများတဲ့ဒိန်ချဉ်တွေ၊ အရသာတွေထပ်ပေါင်းဖြည့်စွက်ထားတဲ့ဒိန်ချဉ်တွေ မဟုတ်ရင်တော့ပိုကောင်းပါလိမ့်မယ်။ (၂) ချင်း ဟိုးအရင်တည်းက ချင်းဟာ စွယ်စုံရအိမ်သုံးဆေးဝါး ဖြစ်ခဲ့ပါတယ်။ နာကျင်တာကအစ ပျို့အန်မအီမသာဖြစ်တာတွေအထိ ချင်းကိုအသုံးပြုနိုင်ပါတယ်။ ချင်းဟာရောင်ရမ်းတာတွေကို သက်သာစေတဲ့သတ္တိရှိတဲ့အပြင် အစာကြေစေတယ်၊ ဗိုက်အောင့်တာကိုလည်း သက်သာစေပါတယ်။ တချို့တွေက ချင်းနဲ့ပြုလုပ်ထားတဲ့သကြားလုံးလေးတွေ၊ ဖြည့်စွက်စာလေးတွေကို စားလေ့ရှိကြသလို ချင်းပြုတ်ရည်သောက်တာ ဒါမှမဟုတ် ရေနွေးကြမ်းနှပ်ပြီး သောက်တာမျိုးလည်းရပါတယ်။ အများကြီးတော့မသုံးနဲ့ပေါ့။ (၃) ရေနွေးအိတ် လေထိုးလေအောင့်တာ၊အစာမကြေတာလိုမျိုး ဗိုက်အောင့်ဝေဒနာတွေမှာ အရမ်းမပူတဲ့ ရေနွေးအိတ်လေး ကပ်ပေးတာက မြန်မြန်သက်သာစေနိုင်ပါတယ်။ ရေနွေးစပ်ပြီးရေချိုးတာလည်း ရပါတယ်။ ရေနွေးအိတ်ကပ်ရင်တော့ မိနစ် ၂၀ လောက်နေရာလေးရွှေ့ပြီးကပ်ပေးလို့ရပါတယ်။ (၄) […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ

အစာစားပြီး နောက်ပိုင်းမှာ ဖြစ်လာတာချင်း တူတယ် ဆိုပေမယ့် ဝေဒနာ အတိမ်အနက်က မတူပါဘူး။ အစာအဆိပ်သင့် ဖြစ်နေတာကို ရိုးရိုး အစာမကြေတာလို့ ထင်နေပြီး ပေါ့ဆနေမိရင် အန္တရာယ် ရှိပါတယ်။ ဒါ့ကြောင့် ဒီနှစ်မျိုးကို ခွဲခြားနိုင်ဖို့၊ စောစော ကုသနိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော့ အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ ဆိုတော့ အစာမကြေ ဖြစ်တာ အစာမကြေ ဖြစ်ပြီဆိုရင် - နေထိုင်မကောင်းလောက်အောင် ပြည့်ကယ်နေခြင်း ခေါင်းကိုက်၊ မအီမသာဖြစ်ခြင်း လေချဉ်တက်ခြင်း အစာအိမ်ထဲမှ အစာများ ပြန်တက်လာခြင်း လေပွခြင်း ပျို့ခြင်း၊ အန်ခြင်း တို့လို လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ အစာအဆိပ်သင့်တာ အစာအဆိပ်သင့်တယ် ဆိုတာ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေမှာ ဘက်တီးရီးယားတွေ၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်လေးနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတချို့

အစာအိမ်ဆိုတာ အစာတွေကိုချေဖျက်ပေးတဲ့ ဗိုက်ထဲကအစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာအပြင် ဘာတွေသိထားပါသလဲ။ အစာအိမ်အကြောင်း သေချာမသိထားဘဲ မှတ်ထားတာတွေက မှန်ကန်ရဲ့လား။ အတော်များများ လက်ခံထားကြတဲ့ ယုံတမ်းစကားတွေထဲက ဟုတ်သယောင်ယောင်နဲ့ မှားနေတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်... (၁) အစာအိမ်ထဲမှာပဲ အစာခြေတယ် အစာချေဖျက်ခြင်းရဲ့ အဓိကလုပ်ငန်းစဉ်က အူသိမ်ထဲမှာ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အစာအိမ်က အစာတွေလက်ခံပြီးတဲ့အခါရောမွှေပြီး အပိုင်းအစငယ်တွေအဖြစ်ဖြိုခွဲပေးပါတယ်။ပြီးတော့မှ အူသိမ်ထဲကို နည်းနည်းချင်းအစုလိုက်ပို့ထုတ်ပေးပြီး အစာချေဖျက်မှုအများစုကို လုပ်ဆောင်တာဖြစ်ပါတယ်။ အများစုထင်ထားကြသလို အရင်စားတာကိုအရင်ခြေတာမျိုး အစဉ်လိုက်လုပ်ဆောင်တာမဟုတ်ပါဘူး။ အစာအိမ်ထဲရောက်လာသမျှကို အတူရောမွှေပြီး အူသိမ်ထဲကို ပို့တာဖြစ်ပါတယ်။ (၂) အစားလျှော့လိုက်ရင် အစာအိမ်ကျဉ်းသွားမယ် လူတစ်ယောက်က အရွယ်ရောက်လာပြီဆိုရင် ဗိုက်ထဲကအစာအိမ်ဟာ ရှိသင့်တဲ့အရွယ်အစားထိ ဖွံ့ဖြိုးနေမှာပါပဲ။ အကြောင်းရင်းတစ်ခုခုကြောင့် ခွဲစိတ်မှုနဲ့မလုပ်ထားသရွေ့ အစာအိမ်က အလိုလိုကျုံ့သွားမှာမဟုတ်ပါဘူး။ အစားလျှော့စားရင်း သိပ်မစားနိုင်တော့တာက အစာစားချင်စိတ်ထိန်းချုပ်မှုကိုပြန်ချိန်ညှိဖို့ အထောက်အကူဖြစ်စေလို့ သိပ်မဆာတော့တာဖြစ်ပါတယ်။ (၃) ပိန်တဲ့သူတွေက အစာအိမ်ပိုသေးတယ် "ဘယ်စားနိုင်မလဲ လူကောင်သေးသေးလေးဆိုတော့"ဆိုတဲ့စကား ပြောမိဖူးကြတယ်မလား။ ပိန်တဲ့သူုတွေကို လျှော့တွက်မိကြတယ်လေ။ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေပွ၊ဗိုက်ကယ်၊နေရခက်တာ မကြာခဏမဖြစ်အောင် ဒါလေးတွေသတိထားပါ

ဗိုက်ထဲနေလို့မကောင်းသလိုပဲ။လေပွနေသလို ဗိုက်ကယ်နေတာ၊ ရင်ခေါင်းတွေတောင့်ပြီး ထိုင်မရ ထမရနဲ့ အတော်နေရခက်ပါတယ်။ အခန့်မသင့်ရင်လေထိုးလေအောင့်က ဖြစ်ပါသေးတယ်။ ဘာလို့ ဗိုက်ကယ်တာလဲ သိပ်တောင်မစားရသေးဘူး ဘာလို့ဗိုက်ကပြည့်ကားပြီးနေရခက်နေတာလဲ။ ကိုယ်စားလိုက်တဲ့အစားအသောက်အမျိုးအစားနဲ့ဆိုင်မယ်၊ ဒါမှမဟုတ် အဲဒီအစားအသောက်မှာပါတဲ့ အရာတွေနဲ့ဆိုင်မယ်၊ ကိုယ်အလေးချိန်၊ဝမ်းချုပ်ခြင်းတွေအပြင် အစာခြေစနစ်ပြဿနာတွေ၊ရောဂါအခံတွေ စတဲ့အကြောင်းရင်းတွေအများကြီးရှိနိုင်ပါတယ်။ ဒီလိုနေရခက်တာတွေ ခဏခဏမဖြစ်အောင် ဘာတွေသတိထားရမလဲ (၁) လေပွစေနိုင်တဲ့ အစားအသောက်တွေရှိတယ် ပဲတွေက အမျှင်ဓါတ်နဲ့အသားဓါတ်ကြွယ်ဝတဲ့အရင်းအမြစ်တွေပါ။ ဒါပေမယ့် သူတို့မှာraffinose ဆိုတဲ့ဓါတ်ပစ္စည်းတစ်မျိုးပါဝင်လို့လေပွစေနိုင်ပါတယ်။ ဒါ့ကြောင့် ပဲကြီးလှော်စားပြီးလေလည်ကြတာပြောစမှတ်ဖြစ်ကြပါတယ်။ ဒါက ဆိုးကျိုးပေးတာတော့မဟုတ်သလိုလေပွ၊ ဗိုက်ပွတဲ့အတိုင်းအတာကလည်း လူတစ်ယောက်နဲ့တစ်ယောက်၊ ပဲတစ်မျိုးနဲ့တစ်မျိုး မတူညီကြပါဘူး။ ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်တို့မှာလည်းraffinose ပါဝင်ပါတယ်။ ဒါတွေကိုရှောင်ဖို့မလိုပါဘူး၊ အချင့်အဆနဲ့စားသောက်ပါ၊ဖြစ်လာရင်လေကြေဆေးတွေသောက်ပါ။ (၂) ဖြည်းဖြည်းစားပါ အစားအသောက် မြန်မြန်စားလေ၊ ဗိုက်ထဲကိုလေတွေမျိုချမိလေပါပဲ။ အစာအိမ်ထဲမှာလေတွေရှိနေတဲ့အခါဖောင်းလာတတ်ပြီး တစ်ခါတလေ အူတွေထဲကိုရောက်ရှိသွားတတ်ပါတယ်။နောက်တစ်ချက်ကမြန်မြန်စားချတဲ့အခါ ဗိုက်ပြည့်မှန်းမသိ ပိုစားမိတတ်ပါတယ်။ (၃) ဂက်စ်များတာတွေ ကြည့်ကျက်သောက်ပါ ဂက်စ်ပါတဲ့ဘူးအချိုရည်တွေ၊ ဘီယာ ၊ဆိုဒါ တို့ကိုသောက်လိုက်တဲ့အခါလေတွေပါ ပါသွားနိုင်လို့ အစာခြေစနစ်ထဲရောက်ရှိသွားနိုင်ပါတယ်။ တချို့တဝက်ကိုလေတက်လိုက်ရင်ပြန်ထုတ်လိုက်နိုင်ပေမယ့် တချို့က ကျန်ရစ်ခဲ့ပြီး […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း