အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။ အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့ -အသည်းခြောက်တာ  (ဥပမာ အရက်ကြောင့်၊ […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်အနာ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

အစာအိမ်အောင့်ရင် အမြန်ဆုံးသက်သာစေဖို့ ဘာတွေကိုလုပ်မလဲ

ဗိုက်အောင့်လိုက်တာ။ အလုပ်တွေမလုပ်နိုင်တော့ဘူး အစာအိမ်က အောင့်နေပြီ။ ဘယ်လိုလုပ်ရမလဲဆိုတဲ့သူတွေအတွက် အကြံလေးပေးမယ်နော်။ အစာခြေရည်ပြန်ဆန်တက်လို့ ရင်ပူဝေဒနာခံစားနေရသူတွေဆို မကုစားဘဲ ဒီတိုင်းနေလို့ အခန့်မသင့်ရင် ခွဲစိတ်ကုသရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဗိုက်အောင့်တာကို အများဆုံးဖြစ်စေတဲ့အကြောင်းရင်းတွေက – ဝမ်းချုပ်တာ၊ အစာမကြေတာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာ ၊ အော့အန်တာ၊ စိတ်ဖိစီးမှုများတာ နဲ့ အစာခြေစနစ်ကိုထိခိုက်စေနိုင်တဲ့ ရောဂါတွေအပြင် ပိုပြင်းထန်ရင်တော့ အူအတက်ပေါက်တာ၊ အူအတက်ရောင်တာ၊ သည်းခြေအိတ်ကျောက်တည်တာ၊ ကျောက်ကပ်မှာကျောက်တည်တာ၊ ကျောက်ကပ်ပိုးဝင်တာတွေအထိ ဖြစ်နေနိုင်တယ်။ အစာအိမ်ကြောင့်ဖြစ်တယ်ဆိုရင်တော့ ဒီလက္ခဏာတွေပါ ဖြစ်နေနိုင်ပါတယ် - လေပွနေတာ၊လေလည်တာ လေထိုးလေအောင့်ဖြစ်နေတာ ရင်ပူဝေဒနာဖြစ်လာပြီးရင် ဗိုက်ကယ်ပြီးလေပွနေတာ(နေလို့မကောင်း) မအီမသာနဲ့ ပျို့အန်ချင်တာ ခဏခဏပူလောင်ပြီးဆာတာ အစာမစားခင်နဲ့ အစာစားပြီး အောင့်တာ စတဲ့လက္ခဏာတွေက သိသာပါတယ်။ ဒါ့ကြောင့် အစာအိမ်အောင့်တယ်ဆိုရင် ဘာကြောင့်လဲအဖြေရှာဖို့ ဆေးခန်းမသွားနိုင်သေးခင် ဒီအချက်လေးတွေ လုပ်ကြည့်ပါ။ ဗိုက်အောင့်သက်သာစေမယ့် နည်းလမ်းလေးတွေကတော့ - အမြန်ဆုံးက ဗိုက်အောင့်သက်သာစေတဲ့ အစာအိမ်လေဆေးတွေသောက်ပါ။ […]


ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း

ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ

အိပ်တုန်း ကတော့ အကောင်းပဲ။ အိပ်လို့ ကောင်းပြီဆို ရင်တွေပူလို့၊ ရင်ခေါင်း အောင့်ပြီး ဆာလောင်လို့ တရေးနိုး လာရတာ သိပ်ကို စိတ်ညစ်ဖို့ ကောင်းပါတယ်။ အရမ်း အိပ်ချင်တော့ ထလည်း မစားချင်၊ ထစားပြန်လည်း ဗိုက်ပြည့်တာနဲ့ မျက်စိ ကြောင်တော့မယ်၊ မစားပြန်လည်း ဗိုက်အောင့်ပြီး ဆက်အိပ် မရတော့ဘူး။ ဒီတော့ ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ ဆိုတော့ အစာအိမ်ထဲက အက်ဆစ်တွေ ဆန်တက် တာကြောင့် ညဘက် ရင်ပူ တဲ့ဝေဒနာကို ခံစားရတဲ့အခါ အိပ်ရေး ပျက်စေပြီး ကြာလာတဲ့အခါ အိပ်မပျော်တဲ့ ပြဿနာနဲ့ပါ ရင်ဆိုင် ရစေပါတယ်။ ညကြီးသန်းခေါင်မှာ ရင်ပူပြီး နိုးလာမယ်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဘာလို့ ဗိုက်အောင့်တာလဲ၊ အစာအိမ်ကြောင့်လား ဘယ်လိုသိနိုင်မလဲ

ဗိုက်အောင့်နေရင် အလုပ်လုပ်ဖို့မပြောနဲ့ တစ်ခါတလေ ထိုင်နေလို့တောင်အဆင်မပြေဘူး။ လှဲအိပ်နေရတာမျိုး။ ဗိုက်ထဲမှာ အစာအိမ်၊ အသည်း၊ပန်ကရိယ၊ အူသိမ်၊ အူမကြီးနဲ့သည်းခြေအိတ် တို့လို ကိုယ်တွင်းအင်္ဂါတွေ အများကြီးရှိတာမို့ ဘာကြောင့်ဗိုက်အောင့်တယ် တန်းမသိနိုင်ပါဘူး။ ဗိုက်အောင့်စေတဲ့ အကြောင်းအရင်းက အများကြီးရှိနိုင်ပါတယ်။ ဥပမာ ပိုးဝင်ကူးစက်တာ၊ ကိုယ်တွင်းအင်္ဂါတစ်ခုခုရောင်ရမ်းတာ၊ အစာခြေစနစ်နဲ့အူလမ်းကြောင်းမှာ ပြဿနာတွေရှိနေတာတွေ ဖြစ်နိုင်ပါတယ်။ ဗိုက်အောင့်တာကို အများဆုံးဖြစ်စေတဲ့အကြောင်းရင်းတွေက – ဝမ်းချုပ်တာ၊ အစာမကြေတာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာ ၊အော့အန်တာ၊ စိတ်ဖိစီးမှုများတာ နဲ့အစာခြေစနစ်ကိုထိခိုက်စေနိုင်တဲ့ ရောဂါတွေအပြင် ပိုပြင်းထန်ရင်တော့ အူအတက်ပေါက်တာ၊ အူအတက်ရောင်တာ၊သည်းခြေအိတ်ကျောက်တည်တာ၊ ကျောက်ကပ်မှာကျောက်တည်တာ၊ ကျောက်ကပ်ပိုးဝင်တာတွေအထိ ဖြစ်နေနိုင်တယ်။ ဒါဆို အစာအိမ်ကြောင့်ဆိုတာ ဘယ်လိုသိနိုင်မလဲဆိုတဲ့မေးခွန်းကို အစာအိမ်သမားတွေ ကောင်းကောင်းသိပါတယ်။ ခံစားရနေကျကိုး။ ဗိုက်အောင့်ဝေဒနာနဲ့အတူ - လေပွနေတာ၊ လေလည်တာ လေထိုးလေအောင့်ဖြစ်နေတာ ရင်ခေါင်းအောင့်၊ ရင်ခေါင်းတောင့်တာ ရင်ပူဝေဒနာဖြစ်လာပြီးရင် ဗိုက်ကယ်ပြီးလေပွနေတာ(နေလို့မကောင်း) မအီမသာနဲ့ ပျို့အန်ချင်တာ ခဏခဏပူလောင်ပြီးဆာတာ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အောင့်မထားနဲ့…ဖွင့်ချလိုက်ပါ လေပြဿနာ

ဟာ..ဘယ်သူပေါက်လိုက်လဲမသိဘူး နံလိုက်တာ ဆိုတဲ့စကားသံထွက်လာမှာကို လေလည်သူတွေအကြောက်ဆုံး၊ အရှက်ဆုံးပါ။ မသိမသာလေး ခိုးပေါက်တတ်သူတွေရှိသလို ပိတ်အောင့်ထားလိုက်သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် လေလည်ရမှာရှက်လို့၊ သူများနှာခေါင်းရှုံ့မှာစိုးလို့ အောင့်ထားလိုက်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲသိလား။ ကိုယ်သတိမထားမိလောက်ပေမယ့် ခန္ဓာကိုယ်ထဲက ပြန်ထွက်ချင်နေတဲ့လေက အောက်ကနေမထွက်ရတဲ့အခါ ပါးစပ်ကပြန်ထွက်လာနိုင်ပါတယ်။ အမှန်က လေလည်တာကို ကြာကြာအောင့်ထားလိုက်ရင် အူလမ်းကြောင်းမှာ စုနေတဲ့လေတွေက နောက်ဆုံးမှာ ထိန်းမရအောင် ကန်ထွက်တော့တာပဲ။ ထိန်းမရတဲ့အခါ လေလည်သံကျယ်ကျယ်နဲ့ ဝုန်းခနဲပေါက်ကွဲနိုင်သလို ဗိုက်အောင့်တာလည်းဖြစ်လာနိုင်ပါတယ်။ အခြေအနေကြည့်ပြီး ဖွင့်ချပါ ဒါ့ကြောင့်လေလည်ချင်နေပြီဆိုရင် ဖွင့်ချလိုက်ပါ။ လူရှင်းတဲ့နေရာကို လစ်တာပဲဖြစ်ဖြစ်၊ အိမ်သာထဲပြေးတာဖြစ်ဖြစ် မသိမသာလေးဖြေရှင်းလိုက်ပါ။ အောင့်ထားလိုက်လို့ အန္တရာယ်ကြီးကြီးမားမားမဖြစ်ပေမယ့် နေရခက်တာ၊ လေထိုးလေအောင့်တာတွေဖြစ်နိုင်တာကိုး။ အမှန်တော့ လေလည်တယ်ဆိုတာက အစာကို ဖြိုခွဲပြီး ချေဖျက်ဖို့ ခန္ဓာကိုယ်က ကြိုးစားတဲ့အခါ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ။ ကိုယ်စားချလိုက်တဲ့အစားအသောက်တွေကို အစာအိမ်နဲ့ အစာခြေစနစ်က စီမံခန့်ခွဲရတာဖြစ်လို့ လေနည်းနည်းတော့ စွန့်ထုတ်မှာပါပဲ။ အဲဒီကမှ လေလည်မှာလား၊ လေတက်မှာလား ခန္ဓာကိုယ်ကလုပ်ဆောင်ပါလိမ့်မယ်။ ပျမ်းမျှအားဖြင့် […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ခဏခဏ လေလည် တတ်လို့ လူကြားထဲအခက်ကြုံရသူတွေအတွက် နည်းလမ်းကောင်း (၈) ခု

အသက်ရှင်ဖို့ အသက်ရှူနေကြတဲ့သူတွေချည်းပဲမို့ ကိုယ်ရှူရှိုက်နေတဲ့လေထုထဲ လေလည်ချလိုက်မှာကို ဘယ်သူမှ သဘောမကျလောက်ပါဘူး။ သူများမပြောနဲ့ ကိုယ့်ဆီကထုတ်လိုက်တဲ့လေတောင် ကိုယ်ပြန်မရှူနိုင်တာ ကိုယ်တွေ့မဟုတ်လား။ လေလည်လိုက်တာက အနံ့ရှိရှိ မရှိရှိ လူက အလိုလိုမျက်နှာလွှဲ၊ နှာခေါင်းအလိုလိုကျုံ့လိုက်မိတာပဲ။ လေလည် တိုင်း နံသလား လေလည်တာ အသံကျယ်ကျယ်၊ မကျယ်ကျယ် ပြဿနာရှိတာက အနံ့ပါ။ အသံမကြားလိုက်ရပေမယ့် အနံ့ထွက်လာရင် လူသိတာပဲမို့ အတော်ဒုက္ခရောက်ရမှာပါ။ ဘာလို့ တစ်ခါတလေ အနံ့မရှိဘဲ တစ်ခါတလေကျ နှာခေါင်းပိတ်ပြေးရတဲ့အထိ အနံ့ဆိုးရတာလဲ။ ဒါက ကိုယ်စားထားတဲ့ အစားအသောက်တွေ၊ အစာအိမ်နဲ့အူလမ်းကြောင်း လုပ်ဆောင်ချက်တွေနဲ့ ဆိုင်ပါတယ်။ အနံ့ပြင်းတဲ့ လေလည်ခြင်းကို ဖြစ်စေတာက - အမျှင်ဓာတ်များတဲ့ အစားအသောက်တွေ၊ ပဋိဇီဝပိုးသတ်ဆေးတွေအပါအဝင် သောက်သုံးနေတဲ့ဆေးဝါးတွေ၊ ဝမ်းချုပ်နေတာ ဒါမှမဟုတ် ဝမ်းအကုန်အစင်မသွားတာ အစာခြေစနစ်အတွင်းမှာ ဘက်တီးရီးယားတွေစုနေတာ စတဲ့အကြောင်းရင်းတွေပါဝင်တတ်ပါတယ်။   လူကြားထဲ အခက်မကြုံရအောင် ဘယ်လိုကာကွယ်၊ ဖြေရှင်းရမလဲ ကဲ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ပုံမှန်ထက် ပိုပြီးလေလည်တာ ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်

လေလည်တယ်ဆိုတာ အမျှင်ဓာတ်များတဲ့အစားအစာတွေကို အစာခြေစနစ်ရဲ့ပုံမှန်လုပ်ဆောင်ချက်က ချေဖျက်နေတယ်ဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။ မီသိန်း၊နိုက်ထရိုဂျင်နဲ့ ဟိုက်ဒရိုဂျင်ဂက်စ်တွေကို စအိုဝကတဆင့် ခန္ဓာကိုယ်ထဲကစွန့်ထုတ်လိုက်တာပါ။ ကောင်းတဲ့အရာတစ်ခုဖြစ်လို့အောင့်မထားသင့်ပါဘူး။ တော်ရုံလောက်ဆို လူမသိသူမသိ ဖြေရှင်းလိုက်ကြတာပါပဲ။ ဒါပေမယ့် ထိန်းလို့မရ၊ နေရာမရွေးတော့ဘဲ လူတစ်ယောက်က ပုံမှန်ထက် ခဏခဏလေလည်နေပြီဆိုရင်ရော… ဒီအကြောင်းရင်းတွေ ရှိနေနိုင်ပါတယ် - အစာကြေဖို့မလွယ်တဲ့ အစားအသောက်တွေ ခန္ဓာကိုယ်က ချေဖျက်ရာမှာ အချိန်ပိုကြာနိုင်တဲ့ တချို့အစားအသောက်တွေရှိပါတယ်။ သူတို့မှာ အမျှင်ဓာတ်နဲ့ သကြားဓာတ်အမျိုးအစားတချို့ ပမာဏများများပါဝင်တာမို့ သူတို့ကို ချေဖျက်တဲ့အခါ အချိန်ပိုကြာတတ်ပါတယ်။ ဒီလိုဖြစ်ရာကနေ လေပွလာစေနိုင်တဲ့ အစားအသောက်တွေထဲမှာ  - ပဲသီးတွေ၊ ပဲနီလေး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ နို့ထွက်ပစ္စည်းတွေ၊ အသီးတချို့မှာ ဒါမှမဟုတ် အချိုရည်နဲ့ သကြားလုံးတွေမှာ ပါတဲ့ fructose (သကြားဓာတ်)၊ သကြားလုံးနဲ့သကြားအတုတွေမှာသုံးတဲ့အစားထိုးပစ္စည်း sorbitol၊ ဂက်စ်ပါတဲ့ အချိုရည်၊ ဘီယာ၊ ဂျုံ စတာတွေ ပါဝင်ပါတယ်။ အစာခြေစနစ်ပြဿနာတွေ အစာခြေစနစ်၊ […]


အစာအိမ်ရောင်ခြင်း

သောက်တာများပြီး အစာအိမ် မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ

သောက်တာများပြီး အစာအိမ် မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ ဆိုတာ သိပြီးပြီလား! သောက်တာ များတယ် ဆိုတာ ရေကို ဆိုလိုတာ မဟုတ်မှန်းတော့ သိကြမှာပါနော့။ တစ်ခွက်ပြီး တစ်ခွက် မော့နေတုန်းတော့ ပျော်နေပေမယ့် နောက်ရက် ကျရင် သောက်ထားတဲ့အရှိန်နဲ့ ခေါင်းကိုက်လိုက်၊ ဗိုက်အောင့်လိုက်နဲ့ မှောက်တော့မှာ မလား။ အပီကဲပြီး နောက်နေ့မှာ အရက်နာ ကျတာက သပ်သပ်၊ အရက်ကြောင့် ပူလောင်ပြီး ဗိုက်အောင့်တာက သပ်သပ် ခံစားရမှာသေချာတာပေါ့။ ခံရ သက်သာချင်ရင်တော့ ဒီလို မဖြစ်အောင် ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေ သိထားဖို့တော့ လိုပါတယ်။ သောက်တာများပြီး အစာအိမ် မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ သောက်တာများပြီး အစာအိမ် မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ ဆိုတော့ (၁) ရေသောက်ပါ အရက် ဘီယာ သောက်တဲ့အခါ ရေဓာတ် မခမ်းခြောက်ဖို့ အရေးကြီးပါတယ်။ ဆိုလိုတာက […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အစာမကြေဖြစ်တာ ဘာလို့လဲ

အဓိကကတော့ ကိုယ့်ရဲ့ တစ်နေ့တာ စားသောက်နေထိုင်မှုပုံစံ မမှန်ကန်တာကြောင့် အဖြစ်များပြီး အစာခြေစနစ်နဲ့ ဆက်စပ်နေတဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်မလုပ်တာ၊ ချို့ယွင်းတာကြောင့်ဖြစ်ရတာပါ။ အစာမကြေတဲ့အခါ ကိုယ်ခန္ဓာက ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ။ ဗိုက်ထဲမှာ အောင့်နေတာ မအီမသာဖြစ်ပြီး မလှုပ်ချင်လောက်အောင် နေရခက်တာ ဗိုက်က ဖောရောင်နေတာ ရင်ပူတာ ခေါင်းမူးတာ အော့အန်တာ ဘာမှမစားလိုက်ရသေးဘဲ ဗိုက်ပြည့်သွားတာ ရင်ခေါင်းအောင့်၊ ရင်ခေါင်းတောင့်တာ ဝမ်းဗိုက်နဲ့ အစာရေပြွန်တစ်ဝိုက်မှာ ပူစပ်ပူလောင်ဖြစ်နေတာ ဗိုက်ထဲမှာ လေတွေနဲ့ ပြည့်နေတယ်လို့ ခံစားရတာ လေချဉ်တက်တဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။ အစာမကြေတာ အရမ်းပြင်းထန်လွန်းတဲ့အခါ အရမ်းအန်တာ၊ အန်လိုက်တဲ့အစာတွေက ကော်ဖီရောင်တွေဖြစ်နေတာ၊ ဝမ်းက အမည်းရောင်ဖြစ်နေတာ၊ အစာမမျိုချနိုင်တာတွေပါ ဖြစ်နိုင်ပါတယ်။ အဓိက ဘာကြောင့် အစာမကြေဖြစ်ရတာလဲ။ များသောအားဖြင့် အစာကို အများကြီးစားလိုက်တာ၊ လောကြီးပြီးတော့ အစာကို တစ်လုပ်ပြီး တစ်လုပ်စားတာ၊ သေချာမဝါးတာကြောင့် […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အစာမကြေမဖြစ်ချင်ရင် ရှောင်သင့်တဲ့အချက်များ

ဟိုဟာစားလည်း အစာမကြေ၊ ဒီဟာစားလည်းအစာမကြေဖြစ်နေတယ်ဆို စိတ်ညစ်စရာပေါ့နော်။ အစားတလိုင်းလေးတွေဆို ပိုခံစားရတာပေါ့။ အစာစားလိုက်၊ မအီမသာဖြစ်လိုက်၊ လေထိုးလေအောင့်ဖြစ်လိုက်နဲ့ ပတ်ချာလည်ကိုရိုက်နေရော။ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ဝေဒနာသက်သာတဲ့အထိ ရှောင်သင့်တာရှောင်နိုင်ဖို့ပဲ။ ဘယ်အစားအစာတွေက အစာမကြေဖြစ်စေနိုင်သလဲ၊ ဘယ်အပြုအမူ၊ ဘယ်အခြေအနေတွေက အစာမကြေခြင်းကိုပိုဆိုးစေနိုင်သလဲဆိုတာ သိထားဖို့တော့လိုမယ်နော်။ အလွယ်ဆုံးနည်းကတော့ စားကြည့်လို့ ဒီတခါဖြစ်ရင် နောက်တခါမစားနဲ့ပေါ့။ နောက်တာပါ။ တကယ်တော့ အစားအစာတစ်ခုကို ကိုယ်စားလိုက်လို့ အစာမကြေဖြစ်ထားဖူးတယ်ဆို မှတ်သာထားလိုက်ပါ။ နောက် ချင့်ချိန်လို့ရတာပေါ့။ ကဲ အစာမကြေဖြစ်တတ်သူတွေ ရှောင်ရမှာတွေပြောပြမယ် - တစ်ခါတည်း တနင့်တပိုးမစားနဲ့။ အလှူမှာကြိတ်တာ၊ အဝစားဘူဖေးမှာ အချိန်မပြည့်မချင်းနင်းကန်စားတာတွေနော်၊ သတိထားပါ။ အစာအိမ်ကို ဝန်မပိစေဖို့ ပမာဏနည်းနည်းချင်း အကြိမ်ရေခွဲစားတာကောင်းပါတယ်။ အမြန်မစားနဲ့။ သိပ်မဝါးဘဲ ကျားလိုက်သလို မျိုချတာက အစာမကြေဖြစ်စေတဲ့အပြင် ဗိုက်ဝမှန်းမသိ၊ မဝမှန်းမသိ တရစပ်စားမိတတ်တာကြောင့် ဝိတ်တောင်ပိုတက်စေလိမ့်မယ် နော်။ အက်စစ်ဓာတ်များတာတွေမစားနဲ့။ အရည်ရွှမ်းတဲ့ အချဉ်သီးတွေ၊ ခရမ်းချဉ်သီးတွေလို အက်စစ်ဓာတ်ပါဝင်မှုများတာတွေ သိပ်မစားနဲ့။ (လုံးဝရှောင်ခိုင်းတာမဟုတ်) ကဖင်းလျှော့ပါ။ ကော်ဖီ၊ လက်ဖက်ရည် […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ခဏခဏလေတက်နေတာ ဘယ်လိုလုပ်ရမလဲ

တအေ့အေ့နဲ့ လေတက်တယ်ဆိုတာ တနည်းနည်းနဲ့ ဗိုက်ထဲရောက်နေတဲ့လေတွေကို အစာရေမျိုကနေ ပြန်စွန့်ထုတ်နေတာပါ။ အစားအမြန်စားမိတာ၊ အစာစားရင်းစကားပြောတာ၊ ပီကေဝါးတာ၊ ဂက်စ်ပါတဲ့အချိုရည်တွေသောက်တာ၊ ဆေးလိပ်သောက်တာတွေကြောင့် လေတွေမျိုချမိစေနိုင်ပါတယ်။ အစာခြေရည်ပြန်ဆန်တက်ခြင်းနဲ့ရင်ပူနာ ဝေဒနာတွေကြောင့်လည်း လေတက်တဲ့လက္ခဏာဖြစ်တတ်ပါတယ်။ မကြာခဏ လေတက်သံတွေထွက်နေရတယ်ဆိုရင်တော့ Helicobacter pylori ဘက်တီးရီးယားကြောင့် ဒါမှမဟုတ် အစာအိမ်နံရံရောင်ရမ်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ လေတက်ခြင်းကို သက်သာစေနိုင်တဲ့နည်းလမ်းတွေက -  ဖြည်းဖြည်းစားပါ၊ ဖြည်းဖြည်းသောက်ပါ  ဖြည်းဖြည်းစားသောက်မယ်ဆို လေတွေသိပ်မျိုမချမိစေဘူးပေါ့။ စိတ်လောနေရင်၊ စိတ်ဖိစီးနေရင် လေမျိုချမိတာပိုများစေနိုင်လို့ အစားစားချိန်မှာ စိတ်ကိုဖြေလျှော့ထားပါ။ ဂက်စ်ပါတဲ့အချိုရည်နဲ့ ဘီယာကို ရှောင်ပါ လေနဲ့ပတ်သက်တဲ့ဝေဒနာရှိတတ်သူဟာ ကာဗွန်ဒိုင်အောက်ဆိုက်တွေဖြစ်စေတဲ့ ဒီသောက်စရာတွေကိုရှောင်သင့်ပါတယ်။ ပီကေဝါးတာ၊ သကြားလုံးစုပ်လုံးစားတာ ရှောင်ပါ ဒါတွေစားတဲ့အခါ ပုံမှန်ထက်ပိုပြီး ခဏခဏမျိုချရတာများတာမို့ လေတွေပိုဝင်နိုင်စေတာပေါ့။ ဆေးလိပ်လျှော့သောက်ပါ  မသောက်ပါနဲ့လို့ တားလို့ရမှာမဟုတ်တော့ လျှော့သောက်ဖို့ပဲ ပြောရမှာပေါ့။ ဆေးလိပ်ကိုရှိုက်တဲ့အခါ လေကို နှာခေါင်းကရှူသွင်းရုံမကဘဲ ပါးစပ်ကပါ မျိုချမိပါလိမ့်မယ်။ လှုပ်ရှားပါ အစာစားပြီး ငြိမ်အိပ်မနေဘဲ ခဏလောက်တော့ ဖြည်းဖြည်းလမ်းလျှောက်လိုက်ပါ။ ရင်ပူနာကို ကုသပါ  အစာခြေရည်ပြန်ဆန်တက်ခြင်း၊ ရင်ပူနာ တို့ကို ဒီအတိုင်းမထားဘဲ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း