ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

မဖြစ်ခင်က ကြိုတင်ကာကွယ်

ရောဂါတိုင်းကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။ ဒီလိုကာကွယ်ထားသင့်တဲ့ရောဂါတွေထဲမှာ ဆီးချိုကလည်း တစ်ခုအပါအဝင်ပေါ့။ အမျိုးအစား - ၁ ဆီးချိုကို ကာကွယ်ဖို့ မဖြစ်နိုင်ပေမယ့် အမျိုးအစား -၂ ဆီးချိုကိုတော့ ကာကွယ်လို့ရပါတယ်။ ကဲ အမျိုးအစား -၂ ဆီးချိုကို ဘယ်လိုကာကွယ်ရမလဲပြောပြပေးမယ်နော်။ အမျိုးအစား - ၂ ဆီးချိုကို ဒီလိုကာကွယ်ပါ အမျှင်ဓါတ်လုံလောက်အောင်စားသုံးပါ အမျှင်ဓါတ်က သွေးတွင်းသကြားဓါတ်ကိုထိန်းညှိရာမှာတော်တော်လေးအရေးပါပါတယ်။ပျော်ဝင်လွယ်တဲ့ အမျှင်ဓါတ်ရော၊ပျော်ဝင်မလွယ်တဲ့ အမျှင်ဓါတ်ရော နှစ်ခုစလုံးက ခန္ဓါကိုယ်က အချိုဓါတ်စုပ်ယူမှုကိုနှေးစေနိုင်ပါတယ်။ ဒါကြောင့်ဆီးချိုကို ကာကွယ်ဖို့ဆိုရင် တစ်နေ့ကို ပန်းသီးတစ်လုံးစားပေးပါ။   နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ တစ်နေ့လုံးထိုင်နေရတာမျိုးမလုပ်ပါနဲ့။ အထိုင်များတဲ့အလုပ်လုပ်နေရတယ်ဆိုရင်တောင် ခဏလောက်အနားပေးပြီး လမ်းထလျှောက်တာမျိုးလုပ်ပေးပါ။ အရမ်းမဝေးတဲ့နေရာမျိုးကို လမ်းလျှောက်သွားပေးပါ။   အိပ်ချိန်အနည်းဆုံး ၇နာရီရှိပါစေ တစ်ညတာမှာ အနည်းဆုံး အိပ်ချိန် ၇ နာရီထားရှိပေးပါ။ အိပ်ရေးပျက်တာက အဝလွန်ေစနိုင်တဲ့အပြင် အခြားကျန်းမာရေးပြဿနာတွေကို ပါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညတိုင်းအိပ်ရေးဝအောင်အိပ်စက်ပါ။ အချိုရည်အစားရေသောက်ပါ ရေဆာရင်ရေပဲသောက်ပါ၊ အချိုရည်ကို အစားထိုးသောက်တာမျိုးမလုပ်ပါနဲ့။ သွားလေရာကိုရေဗူးဆောင်သွားပြီးရေပဲသောက်ပေးပါ။ အချိုရည်သောက်ချင်တဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ

ဆီးချိုရှိနေလို့ ကိုယ့်ကိုယ်ကို စိတ်ပျက်အားငယ်နေတဲ့သူများရှိလား။ ဆီးချိုရှိပေမယ့် အနေအထိုင် အာဟာရစားသုံးမှုတွေကို သေချာဂရုစိုက်မယ်ဆိုရင် သာမန်လူတစ်ယောက်လို သက်တမ်းစေ့စေ့ နေလို့ရပါတယ်နော်။ ဆီးချိုဝေဒနာရှိသူအတွက် အရေးအကြီးဆုံးကတော့ နေထိုင်မှုပုံစံနဲ့ နေ့စဉ်စားသောက်မှုပုံစံပါ။ ဒီအချက်တွေကို ဟန်ချက်ညီအောင်ထိန်းနိုင်မယ်ဆိုရင် ဆီးချိုသမားတွေဟာလည်း သာမန်လူတွေလိုပဲ သက်တမ်းစေ့စေ့နေနိုင်မှာပါ။ ဒီတော့ ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ က ဘာတွေများ ဖြစ်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံဆိုတာ ဘာလဲ။ ဆီးချိုရှိတာနဲ့ လူဖြစ်ရှုံးသလိုကြီး မတွေးစေချင်ပါဘူး။ ဆီးချိုက ကုသလို့မရပေမယ့် အကောင်းဆုံးဂရုစိုက်မယ်ဆိုရင်တော့ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်မှာ အသေအချာပါ။ ဒီတစ်ခေါက်တော့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကိုပြောပြပေးပါရစေနော်။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ ဒီအချက်က ဆီးချိုရှိသူတွေအတွက်တော်တော်လေးအရေးပါတဲ့ အချက်ပါ။ အစားအသောက်က သွေးချိုအပေါ်မှာ အဓိကသက်ရောက်နေတာပါ။ အစားစားတဲ့အခါ စားကောင်းတယ်ဆိုပြီး အများကြီးတစ်ခါတည်း စားလိုက်တာမျိုးမလုပ်ပါနဲ့။ အစားစားတဲ့အခါ အာဟာရမျှတအောင် […]


အမျိုးအစား (၂) ဆီးချို

ဆီးချို နဲ့ အခါးဓါတ်

လူတိုင်းလိုလိုလက်ခံထားတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အမှန်တရားလေးတစ်ခုရှိတယ်။ ဒါကတော့ အခါးဓါတ်က ခန္ဓါကိုယ်အတွက်ကောင်းတယ်ဆိုတာပါ။ သင်ရော ဒီအယူအဆကိုလက်ခံတဲ့သူလား။ အထူသဖြင့် ဆီးချိုဝေဒနာခံစားနေရသူတွေကို အခါးစားပေး သွေးချိုကျတယ်၊ လို့ပြောကြတာကြားဖူးမှာပါ။ ဒါဆို အခါးဓါတ်ပါတဲ့ အသီးအရွက်တွေက ကျန်းမာရေးအတွက် ဘယ်လိုများအကျိုးပြုတာလဲဆိုတာကို ကြည့်လိုက်ကြမလား။ ခန္ဓါကိုယ်အတွက် အခါးဓါတ် အခါးဓါတ်အကြောင်းမပြောခင်အရင်ဆုံး အချိုဓါတ်အကြောင်းပြောပြချင်ပါတယ်။ အချိုဓါတ်က ခန္ဓါကိုယ်အတွက် လိုအပ်တယ်ဆိုပေမယ့် အရမ်းများမယ်ဆိုရင်တော့သွေးတွင်းသကြားဓါတ်၊ အင်ဆူလင်တို့အပေါ်မှာ သက်ရောက်မှုရှိစေနိုင်သလိုရေရှည်မှာ အဝလွန်တာ၊ အမျိုးအစား - ၂ ဆီးချိုဝေဒနာခံစားရတာမျိုးတွေဖြစ်နိုင်ပါတယ်။ အချိုဓါတ်က အရမ်းအစားများရင် သွားတွေကိုထိခိုက်စေနိုင်သလို အရွယ်မတိုင်ခင်အိုမင်းမှုတွေကိုပါဖြစ်စ်စေနိုင်ပါတယ်။ ဒါတွေအပြင် အချိုဓါတ်က အသည်းအဆီဖုံးတာလိုမျိုးရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ ကဲ ဒီလိုဆို အခါးဓါတ်ကရော ခန္ဓါကိုယ်အတွက် ဘယ်လိုများအကျိုးပြုတာလဲ။ အခါးဓါတ်ကတော့ အချိုဓါတ်နဲ့ ဆန့်ကျင်ဘက်ပါ။ ခန္ဓါကိုယ်အတွက်တော်တော်လေးအထောက်အပံ့ပေးပါတယ်။ အခါးဓါတ်က အစာခြေစနစ်အတွက် အရေးပါတဲ့ သည်းခြေရည်တွေထုတ်ပေးဖို့ အသည်းကို လှုံ့ဆော်ပေးသလိုသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။ ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုနဲ့ ပျားရည်

ပျားရည် လို့ဆိုလိုက်တာနဲ့ သဘာဝအားဆေး၊ ဆေးဖက်ဝင် အစားအစာဆိုပြီး ဦးနှောက်ထဲ အရင်ပေါ်လာတယ်ဟုတ်။ ကလေးကစလို့ လူကြီးတွေအထိ အကုန်လုံး စားလို့ရတယ်လို့ တော်တော်များများက မှတ်ယူထားကြတာပါ။ ဒါဆိုရင် ပျားရည်က  ဆေးဖက်ဝင်အစားအစာတစ်ရပ်အနေနဲ့ လူတိုင်းနဲ့ တည့်တာလားဆိုပြီး မေးစရာရှိလာပါတယ်။ ဒီလိုဆို ပျားရည်က အချိုရှောင်ရတဲ့ ဆီးချိုဝေဒနာရှင်တွေအတွက်ရော ဆေးဖက်ဝင်ရဲ့လား။ ကဲ ..... ဆီးချိုနဲ့ ပျားရည် အကြောင်း လေ့လာလိုက်ရအောင်နော်။ ဆီးချိုနဲ့ ပျားရည် ဆီးချိုနဲ့ ပျားရည် အကြောင်း ပြောရမယ် ဆိုရင်တော့ ဆီးချိုသမားတွေအနေနဲ့ ပျားရည် ကို သကြားနေရာမှာ အစားထိုးအသုံးပြုလိုက်လို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ထူးပြီးရရှိသွားမှာ မဟုတ်ပါဘူး။ ပျားရည်ဟာလည်း သကြားနည်းတူ သွေးတွင်းသကြားဓာတ်ပမာဏအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ တကယ်တော့ ပျားရည်က သကြားထက်ပိုချိုပါတယ်။ ဒါကြောင့် သင့်အနေနနဲ့ ပျားရည် ကို သကြားနေရာမှာ အစားထိုးအသုံးပြုမယ်ဆိုရင်တော့ […]


အမျိုးအစား (၂) ဆီးချို

သွေးတွင်းသကြားဓါတ်နည်းသူတွေအတွက် စားသောက်နည်းလမ်းညွှန်

သွေးတွင်းသကြားဓါတ်ြမင့်တာမျိုးဖြစ်နိုင်သလိုသွေးတွင်းသကြားဓါတ်နည်းတာမျိုးလည်းရှိနိုင်ပါတယ်။ ခန္ဓါကိုယ်ကနေ့စဉ်လှုပ်ရှားမှုတွေအတွက်သွေးတွင်းသကြားဓါတ်ကို အသုံးပြုရတာပါ။ ဒီသကြားဓါတ်ကို အစားအစာတွေကနေတဆင့်ရရှိတာပါ။ စားသုံးနေတဲ့ အစားအစာတွေ၊သောက်သုံးနေရတဲ့ဆေးဝါးတွေ နဲ့ ပင်ပင်ပန်းပန်းလှုပ်ရှားမှုတွေကြောင့်သွေးတွင်းသကြားဓါတ်နည်းတာမျိုးဖြစ်နိုင်ပါတယ်။ သွေးတွင်းသကြားဓါတ်နည်းတဲ့အခါ သွေးတွင်းသကြားဓါတ်ကျဆင်းသွားတဲ့အခါမျိုးမှာ - အာရုံတွေရှုပ်ထွေးလာမယ် ခေါင်းထဲမှာနောက်ကျိကျိဖြစ်နေမယ် ကတုန်ကယင်ြဖစ်နေမယ် ဆာလောင်လာမယ် ခေါင်းကိုက်မယ် ခြေကုန်လက်ပမ်းကျမယ် နှလုံးခုန်မြန်လာမယ် ဖြူဖတ်ဖြူရော်ဖြစ်မယ် ချွေးထွက်မယ် အားမရှိသလိုဖြစ်မယ် စိတ်ပူပန်မယ် ပါးစပ်တွေ၊လျှာတွေထုံလာမယ် တက်မယ် သတိလစ်မယ် သိထားသင့်တဲ့အချက်လေးတွေ တစ်နေ့ကို အစား ၃ ကြိမ်စားပါ။ နည်းနည်းချင်းစီ ၃ ကြိမ်စားပေးလို့လည်းရပါတယ်။ အဆီများတဲ့အစားအစာတွေရှောင်ပေးပါ။ ပြုပြင်ထားတဲ့ အစားအစာတွေရှောင်ပါ။ ပြုပြင်ထားတဲ့ အချိုဓါတ်တွေကိုရှောင်ပါ။ အဆီမပါတဲ့ ပရိုတင်းစားသုံးပါ။ အရက်နဲ့အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုရှောင်ပါ။ အမျှင်ဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေစားပေးပါ။ စားသောက်နည်းလမ်းညွှန် မနက်စာ မနက်စာကတစ်နေ့တာအတွက် အရေးကြီးတဲ့အရာပါ။ မနက်စာကို အာဟာရြပည့်ဝအောင်စားမှ တစ်နေ့တာလုံး လန်းဆန်းနေမှာ။သွေးတွင်းသကြားဓါတ်နည်းတတ်သူတွေအနေနဲ့ကတော့ မနက်စာစားတဲ့အခါ ပရိုတင်း နဲ့ ကာဗိုဟိုက်ဒရိတ်အပါအဝင် အခြားသောဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေစေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် […]


အမျိုးအစား (၂) ဆီးချို

ဒီအချက်တွေကြောင့် အမျိုးအစား- ၂ ဆီးချိုဖြစ်နိုင်ပါတယ်

ယနေ့ခေတ်မှာ အဖြစ်များလာတဲ့ ကျန်းမာရေးခြိမ်းခြောက်မှုကြီးတစ်ရပ်ကတော့ ဆီးချိုပါ။ လူတော်တော်များများက သူတို့မှာ ဆီးချိုရှိမှန်းမသိဘဲ ဆီးချိုရောဂါခံစားနေရတာတွေတောင်ရှိနေကြပါတယ်။ ကမ္ဘာတလွှားမှာ ဆီးချိုရောဂါခံစားနေရသူဦးရေက တစ်နှစ်ထက် တစ်နှစ်ပိုပိုတိုးလာပါတယ်။ ဒီတစ်ခေါက်တော့ Helloဆရာဝန်ပရိသတ်ကြီးအတွက် ကိုယ့်ကိုကိုယ်ဆီးချိုရောဂါကနေ ကာကွယ်နိုင်ဖို့အတွက် ဘယ်လိုမျိုးသတိထားနေထိုင်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။ ဆီးချိုဆိုတာ ဆီးချိုဆိုတာက ခန္ဓါကိုယ်ေသွးတွင်းသကြားဓါတ်အသုံးပြုမှုကို ထိခိုက်စေတတ်တဲ့ရောဂါတစ်မျိုးပါ။သွေးတွင်းသကြားဓါတ်ကဆဲလ်တွေကို စွမ်းအင်ပေးတဲ့အရာတစ်ခုဖြစ်ပြီး ခန္ဓါကိုယ်နဲ့ ဦးနှောက်ကျန်းမာဖို့အတွက် အဓိကလိုအပ်တဲ့ အားဖြည့်လောင်စာပါ။ ခန္ဓါကိုယ်ထဲမှာ သကြားဓါတ်တွေများလာတဲ့အခါ ဆီးချိုသွေးချို အပြင် အခြားပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေခံစားလာရနိုင်ပါတယ်။ ဆီးချိုရောဂါက နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး မဖြစ်ခင်က ကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။ ဆီးချိုရောဂါဖြစ်သွားပြီဆိုရင်နောက်ဆက်တွဲရောဂါတွေကို ခံစားရနိုင်သလိုနေ့စဉ်နေထိုင်မှုမှာ ဂရုစိုက်ရတာတွေလည်း အများကြီးပါ။ ဆီးချိုရောဂါမှာ ကိုယ်ဝန်ဆောင်ဆီးချို ဆီးချိုရောဂါ အကြိုလက္ခဏာ အမျိုးအစား -၁ ဆီးချို နဲ့ အမျိုးအစား - ၂ ဆီးချိုဆိုပြီး အမျိုးမျိုးရှိနေပါတယ်။ ဒီအချက်တွေရှိနေရင် အမျိုးအစား - ၂ ဆီးချိုခံစားရနိုင်ပါတယ် ရောဂါဝေဒနာတစ်ခုစီတိုင်းမှာဖြစ်ပေါ်စေတဲ့ အကြောင်းရင်းခံတွေရှိနေတတ်ပါတယ်။ တကယ်လို့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုရှိသူအတွက် ဆောင်ရန် ရှောင်ရန်များ

ဆီးချိုရောဂါရှိသူတွေဟာ တခြားသူတွေထက် နှလုံးရောဂြါဖစ်နိုင်တဲ့အန္တရာယ်နှစ်ဆနီးပါးပိုများပြီး စိတ်ကျရောဂါလိုမျိုး စိတ်ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြေပိုများပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါရှိပြီဆိုတာနဲ့ စိတ်ဓါတ်ကျဖို့မလိုပါဘူး။ အရသာရှိအောင်လည်းစားလို့ရသေးတယ်၊ အားလည်းပြည့်မယ်၊ စိတ်ကျန်းမာရေးပါ တိုးတက်ကောင်းမွန်လာနိုင်သေးတယ်(ဥပမာ တရားထိုင်ခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်းတို့ကြောင့်)။ အချိုကို တစ်သက်လုံး လုံးဝရှောင်ရမယ်လို့လည်း မရှိပါဘူး။ ချင့်ချိန် ဆင်ခြင်ဖို့ပဲလိုတာပါ။ ကိုယ့်မှာဆီးချိုသွေးချိုရှိနေပြီဆိုရင်တောင်မှ အရာရာနောက်မကျသေးပါဘူး။ အရင်ကမလုပ်ခဲ့တဲ့ ကျန်းမာရေးလိုက်စားတဲ့အမူအကျင့်တွေကိုမွေးမြူသင့်တဲ့အချိန်ရောက်ပြီလို့ မှတ်ယူလိုက်ပါ။ ကျန်းမာရေးနဲ့ညီအောင်စားမယ်၊ ပိုပြီး လှုပ်လှုပ်ရှားရှားနေမယ်၊ ကိုယ်အလေးချိန်ထိန်းမယ်ဆိုရင် လက္ခဏာတွေလျော့ပါးသက်သာပြီး ပိုတောင်ကျန်းမာလာနိုင်တဲ့ အခွင့်ကောင်းတွေရှိနိုင်ပါတယ်။ အခုဆိုရင် ဆီးချိုရောဂါဖြစ်ပွားသူတွေများလာတာနဲ့အမျှ ဆီးချိုရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိပညာပေးတာတွေ၊ဆေးဝါးတွေ၊ဖြည့်စွက်စာအာဟာရတွေအပြင် ဆီးချိုရှိသူတွေအတွက်သင့်တော်အောင်ထုတ်တဲ့အစားအသောက်တွေ အစုံအလင်ကျယ်ပြန့်လာပြီမို့ သိပ်ကြောက်စရာမလိုပါဘူး။ အခုပြောပြပေးမှာက ဆီးချိုကျန်းမာရေးအတွက် သိထားသင့်တဲ့ ဒါမှမဟုတ် သိထားပြီးသားဆိုရင်လည်း မမေ့သင့်တဲ့အချက်တွေပါ။ (၁) သွေးတွင်းသကြားဓါတ်ကို ပုံမှန်စစ်ဆေးပါ သွေးတွင်းသကြားဓါတ်ကို မကြာမကြာ စစ်ကြည့်တော့မှ အစားအသောက်၊ စိတ်ဖိစီးမှု၊ လှုပ်ရှားမှု စတာတွေအပေါ် ကိုယ့်ခန္ဓါကိုယ်က ဘယ်လိုတုံ့ပြန်မှုရှိလဲဆိုတာ အမြဲမပြတ်သိနိုင်မှာပါ။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်တွေ oatmeal စားသင့်သလား

ဆီးချိုဝေဒနာရှင်တွေ မှာ oatmeal စားလို့ရပါတယ်။ အကျိုးကျေးဇူးလည်းများပါတယ်။ ဒါပေမယ့် စားပုံစားနည်းတော့ မှန်ဖို့လို အပ်ပါတယ်။ ဘယ်လို အကျိုးပြုနိုင်လဲ သွေးတွင်း သကြားဓါတ် ကို ထိန်းညှိပေးနိုင်ခြင်း သကြားဓါတ်ပါဝင် နှုန်းနည်းခြင်း အမျှင်ဓါတ် ကြွယ်ဝစွာပါဝင်တဲ့ အတွက် သွေးတွင်းကိုလက်စထရော (သွေးတွင်းအဆီဓါတ်) ကျစေပြီး ဆီးချိုရဲ့ နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါတွေကို တစ်ဖက်တစ်လမ်း ကနေ ကာကွယ်ပေးနိုင်ခြင်း အစာအိမ် နှင့် အူလမ်းကြောင်းအတွက် အထူးကောင်းမွန်စေခြင်း အမျှင်ဓါတ်များတဲ့အတွက် စားတဲ့ပမာဏ လျော့နည်းသွားခြင်းကြောင့် သွေးတွင်းသကြားဓါတ်ကို အခြားအစားအစာတွေလောက် မတက်စေခြင်း ဆီးချို နှင့် ဆက်စပ်လျက်ရှိတဲ့အဝလွန်ရောဂါအတွက် ဝိတ်ချဖို့လည်း oatmeal (အုတ်ဂျုံ) ကို စားသုံးခြင်းဖြင့် ဝိတ်ချနိုင်ခြင်း အမျှင်ဓါတ်များ ပြီး အစာခြေချိန်ကြာတဲ့ အတွက် သွေးတွင်းသကြားဓါတ် ထိုးမကျသွားအောင် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုထိန်းတဲ့အခါ တလွဲမှတ်ကြတဲ့ အမှားတချို့

ဆီးချိုသွေးချိုရောဂါရှိနေပြီလို့သိလိုက်ရတဲ့အချိန်မှာ အရင်လိုနေထိုင်မှုပုံစံနဲ့နေသွားလို့မဖြစ်တော့ဘူးဆိုတာ လူတိုင်းသိကြပါတယ်။ အစားအသောက်၊အနေအထိုင် အကုန်လုံးကို ဂရုစိုက်ဆင်ခြင်နေထိုင်ရတော့မယ်ဆိုတာလောက်တော့နားလည်မှာပါ။ပြဿနာက အဲဒီကစတာပါပဲ။ ဆင်ခြင်ရမှာကဟုတ်ပါပြီ။ ဘာကိုဆင်ခြင်ရမှာလဲ၊ ဘာတွေလုပ်ရမှာလဲသေချာသိတဲ့သူက အများစုမဟုတ်ကြပါဘူး။ ဆီးချိုထိန်းဖို့က အချိုရှောင်ရင်ပြီးတာပဲလို့တွေးပြီး ချိုတာမှန်သမျှရှောင်ကြသူတွေရှိသလို ကစီဓာတ်များတာမစားသင့်ဘူးဆိုပြီး ထမင်းလည်းလျှော့၊ ဟိုဟာမစား၊ ဒီဟာမစားနဲ့ အာဟာရလျော့ရသူတွေလည်းရှိပါတယ်။နောက်ဆုံးတော့ ရှိသင့်ရှိထိုက်တဲ့ အာဟာရဓာတ်တွေမပြည့်ဝဘဲ သွေးတွင်းသကြားဓာတ်ပိုကျဆင်းရနိုင်ပါတယ်။ ဒီလိုမျိုး ဆီးချိုရှိသူတွေမှာ ဘာတွေဖြစ်တတ်လဲဆိုတော့ - ရောဂါအကြောင်းမသိတာ ဘယ်လိုနေ၊ဘယ်လိုထိုင်၊ဘာတွေဆင်ခြင်ရမယ်ဆိုတာ အခြေခံ၊ အကြမ်းဖျင်းလောက်တော့ ဆရာဝန်ကပြောပြနေပေးလိုက်မှာပါ။ နားမလည်တာရှိရင်မေးလို့ရပေမယ့် ကိုယ်ထင်ရာကိုတွေးပြီးမဆုံးဖြတ်ဖို့၊ သူများပြောတိုင်းမယုံဖို့၊ ရမ်းမကုဖို့ အရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ်ကို အတက်အကျ ထိန်းထားနိုင်ဖို့ရောဂါအကြောင်းကိုတတ်နိုသလောက်လေ့လာပါ၊ ရှာဖတ်ပါ၊မေးမြန်းပါ။ အစာစားချိန် တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ သိပ်ကွာဟနေတာ အစာစားပြီးရင် အချိန်အတော်ကြာမှ နောက်တစ်ကြိမ်စားတာ(တစ်ခါတစ်လေ အစာစားချိန်နောက်ကျတာ) ဟာသွေးတွင်းသကြားဓာတ်အတက်အကျ မတည်မငြိမ်ဖြစ်လာဖို့ များပါတယ်။ အစာမရှိတဲ့အခါ၊ ဆာလောင်နေတဲ့အခါ သွေးတွင်းသကြားဓာတ်ကကျဆင်းပြီး အစားစားချလိုက်တာနဲ့ ချက်ချင်းကိုသကြားဓာတ်ထိုးတက်သွားနိုင်ပါတယ်။ ထမင်းတစ်နပ်လွတ်တာကို ပေါ့ပေါ့ဆဆနေတာ အလုပ်ရှုပ်နေတာပဲဖြစ်ဖြစ်၊ ဘာကိစ္စပဲရှိရှိ မနက်စာနဲ့ နေ့လယ်စာပေါင်းစားတာမျိုး၊ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုဖြစ်နေတဲ့ လူတစ်ယောက်က ခြေထောက်ကို အခြားသူတွေထက်ပိုဂရုစိုက်သင့်ပါတယ်။

ဆီးချိုဆိုတာ ဖြစ်တဲ့သူတွေ အင်မတန်များပြီး နာမည်ကြီးလွန်းတဲ့ ရောဂါတစ်ခုပါ။ ခုနောက်ပိုင်းမှာ အသက်ကြီးပြီဆိုတာနဲ့ ဆီးချို မဖြစ်တဲ့သူ မရှိသလောက်ကို ရှားနေပါပြီ။ ဖြစ်တဲ့သူတွေများသလို ဆီးချိုမထိန်းနိုင်ရင် သူ့ကြောင့် ထပ်ဖြစ်ရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကလည်းများပါတယ်။ ဆီးချိုရဲ့နောက်ဆကိတွဲဆိုးကျိုးတွေက ဘာတွေလဲ။ ။ ဆီးချိုကိုသေချာ မကုရင်တော့ နှလုံးထိမယ်၊ ကျောက်ကပ်ပျက်စီးမယ်၊ မျက်လုံးကွယ်မယ်၊ လေဖြတ်မယ်၊ အနျာကျက်နှေး မယ်။ နောက်ပိုင်း ြေခထောက်တွေ ထုံလာပြီး အတွေ့အထိကို မသိတော့တာတွေ ဆက်ဖြစ်နိုင်ပါတယ်။ ဆီးချိုကနေ ဆက်ဖြစ်တဲ့ နှလုံး၊ကျောက်ကပ်ထိခိုက်ရတဲ့ အကြောင်းတွေ၊ ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့အကြောင်း တွေကို တော်တော်များများသိပြီးကြပြီးဖြစ်လို့ ခုတစ်ခေါက်မှာတော့ ဆီးချိုဖြစ်ရင် ခြေထောက်ကို ဂရုစိုက်ဖို့ ဘာကြောင့် ပိုလိုအပ်လဲဆိုတဲ့ အကြောင်းပြောပြချင်ပါတယ်။ ဆီးချိုက ခြေထောက်ကို ဘယ်လိုဒုက္ခပေးသလဲ။ ။ ဆီးချိုကြောင့် ဖြစ်ရတဲ့ ခြေထောက်ပြဿနာ ၂ ခုရှိပါတယ်။ ၁။ ခြေထောက်က အကြောတွေထုံပြီး အာရုံမခံစားနိုင်တော့တာ။ ဆီးချိုသမားတွေ လမ်းလျှောက်နေရင်းနဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း