ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာသည်တွေအတွက် အကောင်းဆုံးသော အစားအစာများ

ကမ္ဘာတလွှားမှာ ဆီးချိုရောဂါ ခံစားနေရသူတွေက တစ်နေ့တခြားပိုပိုတိုးလို့လာနေပါတယ်။ တိုးတက်လာတဲ့ လူမှုနေထိုင်မှုပုံစံ၊ အစားအသောက်နဲ့ ပတ်ဝန်းကျင်က အကြောင်းအရင်းအမျိုးမျိုးကြောင့်ရော မျိုးရိုးရှိတာကြောင့်ပါ ဆီးချိုရောဂါ ခံစားရတဲ့ အရေအတွက်ဟာ တိုးပွားလို့နေပါတယ်။ ဆီးချိုရောဂါ ဖြစ်တဲ့အခါ စားချင်တိုင်း စားမရတာကြောင့် လူဖြစ်ရှုံးတယ်လို့ အများကထင်တတ်ကြပါတယ်။ နောက်တစ်ခုက ဆီးချိုဖြစ်ပြီဆိုရင် သက်တမ်းစေ့နေနိုင်ဖို့ မဖြစ်နိုင်ဘူး လို့ယူဆကြတာပါ။ တကယ်တော့ ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ အနေအထိုင်အစားအသောက်ကို သေချာဂရုစိုက်မယ်ဆိုရင် သာမန်လူတစ်ယောက်နီးပါး ကျန်းကျန်းမာမာနေထိုင်နိုင်ပါတယ်။ ဒါပေမယ့် ဆီးချိုဝေဒနာသည်တွေအတွက် အကောင်းဆုံးသော အစားအစာများ ကို သိထားဖို့တော့ လိုတာပေါ့။ ဆီးချိုရောဂါ ဆိုတာ ဆီးချိုရောဂါ ဆိုတာက ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်းမထုတ်လုပ်နိုင်တာ၊ ကောင်းကောင်းမတုံ့ပြန်နိုင်တာကြောင့်ဖြစ်တဲ့ ပုံမှန်ထက်သွေးတွင်းသကြားမြင့်တက်နေတဲ့ ရောဂါတစ်ခုပေါ့။ ပုံမှန်အားဖြင့်တော့ ပန်ကရိယက စားသုံးလိုက်တဲ့အစားအစာထဲက အချိုဓာတ်နဲ့ အဆီဓာတ်တွေကိုချေဖျက်ပေးဖို့ အင်ဆူလင်ကိုထုတ်ပေးပါတယ်။ ဆီးချိုဖြစ်တဲ့အခါ ပန်ကရိယက အင်ဆူလင်ကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုအမျိုးအစား ၂ တွင် အစားအသောက်ရဲ့ အရေးပါမှု

ဆီးချိုရောဂါဆိုတာ ကမ္ဘာပေါ်မှာ အဖြစ်များရုံသာမက မြန်မာနိုင်ငံလူဦ်းရေရဲ့ ၃ပုံ၁ပုံလောက်ကို ဒုက္ခပေးနေတဲ့ ရောဂါဖြစ်ပါတယ်။ အသက်ကြီးလာတဲ့သူတွေထဲမှာ ဆီးချို မဖြစ်တဲ့သူ မရှိလောက်အောင်ရှားပါတယ်။ ဘယ်လိုပဲစစ်စစ် အသက်ကြီးပြီဆိုတာနဲ့ သွေးတိုး၊ဆီးချိုကတော့ ပစ်မလွဲပါဘူး။ ဒါကြောင့် ခုပြောပြပေးချင်တာက ဆီးချိုဘာကြောင့်ဖြစ်ရတာလဲဆိုတာနဲ့ ဆီးချိုရှိနေရင် အစားအသောက်နဲ့ ဘယ်လိုထိန်းရမလဲဆိုတာပြောပြပေးချင်ပါတယ်။ ဆီးချိုအမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ။ ။ ဆီးချိုအမျိုးအစား (၂) မျိုးရှိပါတယ်။ ဆီးချိုအမျိုးအစား ၁ ။ မွေးကတည်းက ကိုယ်တွင်းခုခံအား စနစ်က ပန်ကရိယမှာရှိတဲ့ အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို မှားတိုက်နေလို့ အင်ဆူလင် လုံးဝမထွက်နိုင်တော့ဘဲ သွေးတွင်းမှာ သကြားဓါတ်တွေ စုပုံနေတာကြောင့် ဆီးချိုဖြစ်လာရခြင်းဖြစ်ပါတယ်။ ဆီးချို အမျိုးအစား ၁ ရဲ့ အဓိက ကုသမှုကတော့ အင်ဆူလင်ပဲဖြစ်ပါတယ်။ ဆီးချို အမျိုးအစား ၁ ကတော့ ကလေးကတည်းက အဖြစ်များပါတယ်။ အသက်ကြီးတဲ့သူတွေမှာလည်း ရံဖန်ရံခါဖြစ်နိုင်ပါတယ်။ ဆီးချိုအမျိုးအစား […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါရှိနေတဲ့ မိဘအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံပြုလုပ်ပေးခြင်း

ဆီးချိုသွေးချိုရောဂါ ဖြစ်လာတဲ့သူတွေမှာ အများအားဖြင့်ဖြစ်တတ်ကြတာ သုံးမျိုးရှိပါတယ်။ ဆီးချိုကြောင့် ဘာမှမစားရဲမသောက်ရဲဘဲ အစားရှောင်ရင်းအာဟာရမပြည့် သကြားဓါတ်ကျဆင်းရသူတွေ၊ အစားမရှောင်နိုင် နေထိုင်ပုံမဆင်ခြင်နိုင်လို့ ဆီးချိုရောဂါ ကို ထည့်မတွေးဘဲ မေ့ထားလိုက်သူတွေနဲ့ ဆီးချိုသွေးချိုအတွက် နေထိုင်စားသောက်ပုံပြောင်းလဲလိုက်သူတွေဖြစ်ပါတယ်။ အဲဒီလူတွေထဲမှာ ဘယ်သူကအန္တရာယ်ကင်းပြီး အသက်ရှည်မယ်ထင်ပါသလဲ။ ဆီးချိုရောဂါရှိနေတဲ့ မိဘအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံပြုလုပ်ပေးခြင်း ကိုယ်ချစ်ခင်လေးစားရတဲ့ အဖေ သို့မဟုတ် အမေ့မှာ ဆီးချိုရောဂါရှိနေပြီဆို အရင်ဆုံးတွေးရမှာက ဒီရောဂါရှိနေပေမယ့်သက်တမ်းစေ့နေထိုင်သွားနိုင်မယ့်လမ်းပါပဲ။ သွေးတွင်းသကြားဓါတ်ကိုထိန်းရမယ်၊ အစားရှောင်ရမယ်ဆိုပေမယ့် ဘာမှ မစားရဲမသောက်ရဲအောင် ဖြစ်နေစရာမလိုဘဲ အာဟာရနဲ့ရေဓါတ်လည်းမလျော့အောင်လည်း ဂရုစိုက်ပေးရပါမယ်။ ကိုယ့်မိဘအတွက် အစာအာဟာရဘယ်လိုဂရုစိုက်ပြင်ဆင်မလဲ အတိုင်းအတာ ပုံစံချပါ ဆီးချိုသမားအတွက် ကျန်းမာရေးနဲ့အညီဆုံးစားသောက်မှုပုံစံက ပမာဏအချိုးချ တိုင်းချင့်ပြီးစားတဲ့နည်းဖြစ်ပါတယ်။ ထမင်းပန်းကန်မှာ ထမင်းကိုလေးပုံတစ်ပုံပဲထည့်ပြီး တစ်ပုံကို အသား(ပရိုတင်း)နဲ့ နှစ်ပုံစာကို အသီးအရွက်များများ စားသုံးတာ အကောင်းဆုံးပါ။ ဟင်းတွေမှာ ဆီမများဖို့တော့လိုပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကိုတွက်ပါ ဆီးချိုရှိသူတွေမှာ နဂိုကမှ သွေးတွင်းသကြားဓါတ်ကိုမထိန်းညှိနိုင်ရတဲ့အထဲ ကာဗိုဟိုက်ဒရိတ်ေတွကြောင့် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုထိန်းရာမှာ အကူအညီပေးမယ့် အာဟာရနည်းလမ်းအသစ်

ဆီးချိုထိန်းရာမှာ အကူအညီပေးမယ့် အာဟာရနည်းလမ်းအသစ် အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဆီးချိုသွေးချိုရောဂါခံစားနေရသူတွေ တော်တော်လေးများလာပါတယ်။ ဆီးချိုသွေးချိုခံစားရတဲ့အခါ အနေအထိုင် အစားအသောက်အရာရာကို ဂရုစိုက်နိုင်မှ သက်တမ်းစေ့စေ့နေနိုင်မှာပါ။ ဒါကြောင့် ဆီးချိုဝေဒနာကို မခံစားရခင်က ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ ဘယ်သူမှတော့ ရောဂါဖြစ်လိုကြမှာမဟုတ်ပါဘူး။ မဖြစ်ချင်ပေမယ့် ရောဂါခံစားလာတဲ့အခါမှာတော့ သေသေချာချာဂရုစိုက်ပေးဖို့က မဖြစ်မနေလိုအပ်တဲ့အချက်ပေါ့။ ဒီဆောင်းပါးလေးထဲမှာ ဆီးချိုဝေဒနာသည်တွေအတွက် ဆီးချိုထိန်းရာမှာ အထောက်အပံ့ဖြစ်စေမယ့် အာဟာရနည်းလမ်းသစ်လေးတစ်ရပ်ကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးနိုင်တဲ့ Whey protein ပါ။ Whey Protein ဆိုတာ Whey Protein ဆိုတာက နို့နဲ့နို့ထွက်ပစ္စည်းတွေမှာပါဝင်နေတဲ့ အဓိကကျတဲ့ပရိုတင်းတွေထဲတစ်မျိုးပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အဆီကျစေဖို့နဲ့ ကြွက်သားတက်လာစေဖို့အတွက် အားကစားလုပ်တဲ့အခါမှာ သောက်ရတဲ့ အားဖြည့်သောက်စရာတစ်ခုအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာ လေ့လာတွေ့ရှိချက်တွေအရ Whey Protein က အမျိုးအစား […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုထိန်းတာမှာ အစားအသောက်ရဲ့ အရေးပါမှု

သွေးထဲမှာ သကြားဓာတ်ပုံမှန်ထက်မြင့်မားနေတဲ့သူတွေကို ဆီးချိုရောဂါရှိသူတွေလို့ သတ်မှတ်နိုင်ပါတယ်။ ဆီးချိုရောဂါကို ထိန်းချုပ်တယ်ဆိုတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိတာပါ။ နေ့စဉ်စားသောက်လိုက်တဲ့ အစားအစာတွေထဲမှာ ပါဝင်နေတဲ့ အချိုဓာတ်တွေက သွေးတွင်းသကြားဓာတ်နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကို မှန်မှန်ကန်ကန်ရွေးချယ်စားသုံးမှုက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ အထောက်အပံ့ဖြစ်စေမှာပါ။ ဒီတစ်ခေါက်တော့ ဆီးချိုထိန်းတာမှာ အစားအသောက်ရဲ့ အရေးပါမှု အတိုင်းအတာလေးကို လေ့လာလိုက်ရအောင်နော်။ ဆီးချိုထိန်းတာမှာ အစားအသောက်ရဲ့ အရေးပါမှု ဆီးချိုထိန်းတာမှာ အစားအသောက်ရဲ့ အရေးပါမှု အတိုင်းအတာကို ဆက်ကြည့်လိုက်ရအောင်နော်။ ဆီးချိုရောဂါရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ တကယ်လို့ သင်ဟာ ဆီးချိုရောဂါခံစားနေရသူဆိုရင် အာဟာရပြည့်ဝအောင်စားသုံးပေးတဲ့  စားသောက်မှုပုံစံက နေ့စဉ်ဘဝမှာ ကျန်းမာနေစေဖို့ အထောက်အပံ့ပေးပါလိမ့်မယ်။ ကျန်းမာတဲ့ စားသောက်မှုပုံစံကို မွေးမြူပေးရင်ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးအချို့ကတော့ - ကျန်းမာရေးကောင်းလာမယ် သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းမွန်မွန် ထိန်းညှိလာနိုင်မယ် သွေးတွင်းအဆီကျစေမယ် သွေးပေါင်ချိန်ကို ထိန်းညှိထားနိုင်မယ် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို […]


အမျိုးအစား (၂) ဆီးချို

သွေးချိုဆီးချိုသမားတွေမှာ Whey protein က ဘယ်လိုအထောက်အကူဖြစ်နိုင်မလဲ။

Proteinပရိုတင်း လို့ဆိုလိုက်တာနဲ့ လူတိုင်းသိကြသည်ကအသားဓါတ်။ဒါဆို WheyProteinဆိုတာကရောဘာလဲ။ WheyProtein ဆိုတာနှင့်လူတိုင်းမသိပေမယ့် GYMဆော့သောယောက်ျားလေးတိုင်းသိကြသည့် ကြွက်သားထွက်ချင်ရင်သောက်ရသောဖြည့်စွက်စာ။ ဒီတော့ ဝိတ်ကျချင်ရင်နဲ့ ကြွက်သားတက်ချင်ရင်သောက်ရတဲ့WheyProtein သည်ကိုယ်အလေးချိန်ကျဖို့အပြင်အခြားကျန်းမာရေးကောင်းကျိုးများလည်းပေးသေးတာသင်သိပါသလား။Why protein ဟာ ကင်ဆာဖြစ်ခြင်းကနေကာကွယ်ပေးတာ၊ပန်းနာရင်ကြပ်ြဖစ်နေသောကလေးများ၏ခုခံအားကို မြင့်တက်စေတာ၊သွေးတွင်းအဆီဓါတ် (cholesterol)လျှော့ချပေးတာနှင့်သွေးတိုးသမားများအတွက်သွေးပေါင်ချပေးတာစတဲ့အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်စေပါတယ်။ ဒါ့အပြင်ကမ္ဘာကြီးပေါ်ကလူဦးရေရဲ့ ၈.၈ရာခိုင်နှုန်း လောက်ဖြစ်နေသော ဆီးချိုရောဂါသမားတွေအတွက်လည်း ကောင်းကျိုးပေးသေးတယ်ဆိုပဲ။ ဒီတော့ထမင်းဟင်းစားချင်တိုင်းစားလို့မရ အသီးအရွက်ပဲ များများစားရမယ်ဆိုတဲ့ ဆီးချိုသမားတွေအတွက်WheyProtein ကဘယ်လိုကောင်းလဲကြည့်ရအောင်။ ဆီးချိုသမားတေွသွေးဖောက်ြပီးဆီးချိုတိုင်းနည်း (၃)မျိုးရှိတယ်။ ၁။ ကြိုက်တဲ့အချိန်ကောက်ဖောက်ပြီးတိုင်းတာ(RBS) ၂။ ည ၁၀နာရီနောက်ပိုင်းအစာမစားဘဲအိပ်ရာထမနက်စာမစားခင်သွေးဖောက်တိုင်းတာ( FBS ) နှင့် ၃။ထမင်းစားပြီး၂နာရီအကြာသွေးတွင်းသကြားဓါတ်ပြန်တိုင်းတာ( 2HPP )တို့ ဖြစ်တယ်။ ဆီးချိုသမားတွေစိတ်အညစ်ရဆုံး အချိန်ကတော့ စားချင်တာတွေစားပြီး ၂နာရီအကြာ ပြန်ဖောက်တာဖြစ်တယ်မလား။ လျှော့စားလည်း ပြန်တိုင်း ပြန်တက်ဆိုတော့ စိတ်ညစ်စရာပေါ့နော်။။ ဝမ်းသာစရာ သတင်းကတော့ Whey Protein ကို မနက်စာ မစားခင်သောက်မယ်ဆိုရင် Type 2 Diabetes ဆီးချိုမှာ […]


အမျိုးအစား (၂) ဆီးချို

ကိုယ်ချစ်ရတဲ့သူတွေမှာ ဆီးချိုသွေးချိုရောဂါရှိနေရင် ဘယ်လိုဂရုစိုက်ပေးမလဲ

မိဘ၊ မောင်နှမ၊ ဆွေမျိုးတွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ကိုယ့်အိမ်ထောင်ဘက် တို့လို ချစ်ခင်ရတဲ့သူတွေကို ကျန်းမာစေဖို့ ဆုတောင်းပေးဖူးခဲ့ကြမှာပါ။ ဒါပေမယ့် ဆုဆိုတာလည်း တောင်းတိုင်းမပြည့်လေတော့ ရောဂါဘယတော့ ကင်းနိုင်ကြမှာမဟုတ်ပါဘူး။ တစ်သက်တာမှာ ကျန်းမာရေးပြဿနာတစ်ခုမဟုတ် တစ်ခုတော့ကြုံကြမှာပါပဲ။ ရိုးရိုးဖျားနာတာလောက် နေမကောင်းဖြစ်တာမဟုတ်ဘဲ ဆီးချိုသွေးချိုရောဂြါဖစ်နေပြီဆိုရင် ဘယ်လိုအကူအညီပေးကြမလဲ။ တချို့လူတွေက ဆီးချိုရောဂါဆိုတာနဲ့ ကံဆိုးပြီလို့မှတ်ယူပြီး ထိတ်လန့်တကြားဖြစ်တတ်ကြပါတယ်။ ကုလို့လည်းမပျောက်နိုင်တော့ဘူး၊ အစားတွေလည်းရှောင်ရတော့မယ်၊ အန္တရာယ်လည်းချက်ချင်းဖြစ်နိင်တယ်၊ အခန့်မသင့်ရင် ခြေထောက်ပုပ်တတ်တယ်၊မျက်စိကွယ်နိုင်တယ်ဆိုပြီး ရောဂါသိတာနဲ့ ဘဝဆုံးသလို စိတ်ဓါတ်ကျတတ်ပါတယ်။ အဲဒီလိုဖြစ်တတ်တဲ့သူတွေထဲမှာ ကိုယ်ချစ်ခင်ရတဲ့သူတွေ ပါနေမလား။ အမှန်တော့ ဆီးချိုသွေးချိုဖြစ်တိုင်း သွေးပျက်ဖို့မလိုသလို ပေါ့ပေါ့ဆဆလည်းမနေသင့်ပါဘူး။ စိတ်ရှည်ရှည်နဲ့ မှန်ကန်အောင် ထိန်းသွားနိုင်ရင် သက်တမ်းစေ့ ကျန်းမာစွာနေထိုင်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ချစ်ခင်ရသူထဲက ဆီးချိုသွေးချိုရှိသူတွေကို အားပေး၊ကူညီ၊စောင့်ရှောက်နိုင်ဖို့ ကိုယ့်အနေနဲ့လုပ်ပေးနိုင်တဲ့အရာတွေ အများကြီးရှိတယ်။ ကိုယ်တိုင်အရင်လေ့လာပါ။ ဆီးချိုသွေးချိုရောဂါအကြောင်းကို လေ့လာမှတ်သားပြီး ကိုယ်ချစ်ခင်ရသူရဲ့ကျန်းမာရေးအခြေအနေကို သိအောင်လုပ်ပါ။ သူတို့ကို […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုခြေထောက်နာရောဂါ

Diabetic Foot ဆိုတာဘာလဲ။ ဆီးချိုဝေဒနာရှင်တွေဟာ မတူညီတဲ့ ခြေဖဝါးပြဿနာမျိုးစုံကို ရင်ဆိုင်ကြရပါတယ်။ ပုံမှန်ပြဿနာတွေကတောင် ပိုဆိုးလာနိုင်ပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ခြေဖဝါးပြဿနာတွေဟာ အာရုံကြောပျက်စီးခြင်း (neuropathy) ဖြစ်ရင် အဖြစ်များပါတယ်။ သူဟာ နာကျင်စေပေမယ့် ဆီးချိုကြောင့် အာရုံကြောပျက်စီးခြင်းကြောင့် နာကျင်မှု၊ အပူ၊ အအေး အစရှိတာတွေကို ခံစားနိုင်ခြေ နည်းပါးပါတယ်။ ခံစားမှု ပျောက်ဆုံးခြင်းဟာ ခြေဖဝါးဒဏ်ရာရရှိမှုကို မခံစားရဘူးလို့ မဆိုလိုပါဘူး။ သင်ဟာ ဖိနပ်အတွင်းပိုင်းမှာ ကျောက်ခဲတစ်လုံးရှိနေတာကို မသိပဲ တစ်နေကုန် လမ်းလျှောက်နေနိုင်ပါတယ်။ အရေပြား ကွဲမကျမချင်း၊ ရောဂါပိုးဝင်ခြင်း မရှိမချင်း ခြေဖဝါးဒဏ်ရာရရှိခြင်းကို သတိထားမိမှာ မဟုတ်ပါဘူး။ အာရုံကြော ထိခိုက်ခြင်းဟာ ခြေဖဝါးနဲ့ ခြေချောင်းတွေရဲ့ ပုံစံကို ပြောင်းလဲမှုများစွာ ဖြစ်စေနိုင်ပါတယ်။ ရောဂါလက္ခဏာများ။ Diabetic Foot ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Diabetic Foot ရဲ့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

မျက်စိ ပြဿနာများနှင့် ဆီးချိုရောဂါ

သွေးတွင်းသကြားဓာတ်မြင့်မားခြင်းဟာ အမြင်အာရုံဝေဝါးခြင်း၊ အမြင်လွှာရောဂါဖြစ်ခြင်း၊ တိမ်ဖြစ်ခြင်း စတာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဆီးချိုရှိသူများဟာ မျက်စိ ဆရာဝန်ဆီမှာ ပုံမှန်ပြသသင့်ပါတယ်။ မျက်စိ အမြင်အာရုံဝေဝါးခြင်း အမြင်အာရုံဝေဝါးခြင်းဟာ ဆီးချိုရှိသူတွေမှာ ကြုံရတတ်တဲ့ပြဿနာတခု ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ် တက်လာတဲ့အခါ မျက်စိရဲ့ မှန်ဘီလူးဟာ ရောင်ရမ်းလာပြီး အမြင်အာရုံမှာ အပြောင်းအလဲ ဖြစ်သွားပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သွေးတွင်းသကြားဓာတ်ကို ပုံမှန် အတိုင်းအတာတစ်ခုမှာ ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အမြင်အာရုံ ပုံမှန်ပြန်ဖြစ်စေဖို့ ၃လလောက် အချိန်ယူရပါတယ်။ မျက်စိ ရေတိမ်ဖြစ်ခြင်း ဆီးချိုရှိသူတွေဟာ တခြားသူတွေထက် ရေတိမ်ဖြစ်နိုင်ခြေ ၄၀%များပါတယ်။ အသက်အရွယ် အရလည်း ပိုဖြစ်တတ်ပါတယ်။ မျက်လုံးအတွင်းပိုင်းမှာ ဖိအားများလာပြီး အရည်များကောင်းကောင်း မစီးဆင်းနိုင်ရင် ရေတိမ်ဖြစ်တတ်ပါတယ်။ အဲဒီအခါ သွေးကြောများ၊ အမြင်အာရုံကြောများကို ထိခိုက်စေပြီး မျက်စိကွယ်နိုင်ပါတယ်။ ဖြစ်ခါစမှာ လက္ခဏာ မပြတတ်ပါဘူး။ ကြီးကြီးမားမား အမြင်အာရုံချို့ယွင်းမှသာ သတိပြုမိတတ်ကြပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်များအတွက် လိင်မှုဘဝအကြံပေးချက် ၁၀ ချက်

သွေးထဲကသကြားဓါတ်ပမာဏက လိင်ဆက်ဆံစဉ်မှာဘယ်လိုခံစားရတယ်ဆိုတဲ့အပေါ်သက်ရောက်မှု အတော်ကြီးပါတယ်။ ကောင်းကျိုးနဲ့တော့မဟုတ်ပါဘူး။ ဆီးချိုလိုရောဂါတွေက လိင်မှုဘဝမှာ အတက်အကျတွေ ဖြစ်စေပါတယ်။ ဒီရောဂါဖြစ်ပြီဆိုရင် အခြားသူတွေ လိုစိတ်ကျေနပ်မှုတွေရတော့မှာမဟုတ်ပဲ သူများတွေမှာမရှိတဲ့ အခက်အခဲတွေရှိလာမှာဖြစ်ပါတယ်။ သတင်းကောင်းကတော့ ဒီလိုလက္ခဏာတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ နားလည်ပြီဆိုရင် သင့်လိင်ကျေနပ်မှုရအောင် မြင့်တင်နည်းတွေသိလာနိုင်ပါတယ်။ 1. Toy အသစ်ရှာပါ လိင်မှုကိစ္စက မကြာမီကနည်းနည်း (သို့မဟုတ်အများကြီး) အားလျော့လာတယ်လို့ ခံစားရပါလျှင်, ဆီးချိုရောဂါကြောင့်လို့ ဆိုနိုင်ပါတယ်။ ဆီးချိုရောဂါဟာ မလိင်အင်္ဂါကို သွေးစီးဆင်းမှုလျော့ကျစေပြီး အာရုံခံစားမှုနဲ့ စိတ်ကြွမှုကို လျော့နည်းစေနိင်ပါတယ်။ လေ့လာရေးတွေအရ ဆီးချိုရောဂါသည်တွေဟာ သွေးကြောအပြောင်းအလဲများနှင့်အာရုံကြောပျက်စီးမှုတွေကြောင့် အခြားသူတွေလို လွယ်လွယ်ကူကူ orgasm (ပြီးမြောက်မှု) မဖြစ်တတ်ပါ။ တိုတိုပြောရရင် သင်orgasm ရာက်ဖို့ လုပ်နေကျနည်းတွေက အလုပ်ဖြစ်မှာ မဟုတ်တော့ပါဘူး။ အသစ်တစ်ခုကိုကြိုးစားကြည့်ဖို့ အချိန်ဖြစ်ပါတယ်။ နှိုးဆွမှုရဖို့ အမြန်ဆုံးလမ်းတစ်ခုကတော့ vibrator (တုန်ခါစက်) ဖြစ်ပါတယ်။ သင်ရွေးချယ်တဲ့အမျိုးအစားက […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း