ပျားရည် လို့ဆိုလိုက်တာနဲ့ သဘာဝအားဆေး၊ ဆေးဖက်ဝင် အစားအစာဆိုပြီး ဦးနှောက်ထဲ အရင်ပေါ်လာတယ်ဟုတ်။ ကလေးကစလို့ လူကြီးတွေအထိ အကုန်လုံး စားလို့ရတယ်လို့ တော်တော်များများက မှတ်ယူထားကြတာပါ။ ဒါဆိုရင် ပျားရည်က ဆေးဖက်ဝင်အစားအစာတစ်ရပ်အနေနဲ့ လူတိုင်းနဲ့တည့်တာလားဆိုပြီး မေးစရာရှိလာပါတယ်။ ဒီလိုဆို ပျားရည်က အချိုရှောင်ရတဲ့ ဆီးချိုဝေဒနာရှင်တွေအတွက်ရော ဆေးဖက်ဝင်ရဲ့လား။