ကာဗိုဟိုက်ဒရိတ်တွေကိုရှောင်တာ
ကာဗိုဟိုက်ဒရိတ်တွေက ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်အဖြစ် ပြောင်းလဲသွားတဲ့အတွက် ဒါတွေကို လျှော့စားသင့်တယ်လို့ ထင်မှတ်ကြတာတွေရှိပါတယ်။ မဟုတ်ပါဘူး။ အဲဒီလိုလျှော့စားတဲ့အခါမှသာ ကာဗိုဟိုက်ဒရိတ်စားသုံးမှုတွေနည်းပြီး အကျိုးပြုအာဟာရဓာတ်တွေကိုမရလိုက်ဘဲ ရှိပါလိမ့်မယ်။ ကာဗိုဟိုက်ဒရိတ်တိုင်းကို ရှောင်ရမှာမဟုတ်တဲ့အကြောင်းရယ်၊ ဘယ်ဟာတွေကိုပိုစားသင့်ပြီး ဘယ်ဟာတွေကိုလျှော့စားသင့်လဲဆိုတဲ့အကြောင်းကို ဆီးချိုရှိသူတွေအနေနဲ့ သိထားသင့်ပါတယ်။ အမှန်က လုံးဝရှောင်တာထက် ပမာဏအတိုင်းအဆကိုချင့်ချိန်ဖို့သာ အဓိကဖြစ်ပါတယ်။
အသီးအနှံတွေ မစားရဲတာ
အသီးအနှံတွေမှာ သကြားဓာတ်ပါလို့ ဆိုပြီးရှောင်ကြပါတယ်။ အသီးတွေမှာ သကြားဓာတ်ပါတာမှန်ပေမယ့် အချို့ကဲပြုပြင်ဖန်တီးထားတဲ့တခြားစားစရာတွေထက်တော့ ပမာဏနည်းပါတယ်။ အသီးအနှံတွေမှာ သကြားဓာတ်နဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။ သွေးလည်ပတ်မှုထဲကို အသီးတွေဆီက သကြားဓာတ်ထွက်ရှိမှု နှေးကွေးစေဖို့ အမျှင်ဓာတ်က ကူညီပေးတာပါ။ ဒါ့ကြောင့် အချိုပြင်းလွန်းတဲ့အသီးတွေကလွဲလို့ တခြားအသီးအနှံတွေကို ဆီးချိုသမားတွေ တော်သင့်ရုံ စားလို့ရပါတယ်။
ဆီးချိုပိုဆိုးစေနိုင်တဲ့ တခြားပြဿနာတွေကို လျစ်လျူရှုထားတာ
စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေက သွေးတွင်းသကြားဓာတ်ပမာဏအပေါ် သက်ရောက်မှုမကောင်းပါဘူး။ စိတ်ဖိစီးမှုတာရှည်နေရင်ဟော်မုန်းတွေ ပိုထွက်စေတာကြောင့် အင်ဆူလင်ရဲ့လုပ်ဆောင်ချက်တွေမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီအခြေအနေမှာ စိတ်ဖိစီးမှုကိုပြေလျော့စေမယ့် ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်တာနဲ့ တရားထိုင်တာတွေက အထောက်အကူဖြစ်စေပါလိမ့်မယ်။
တစ်ခါတစ်လေစားတာ ရပါတယ်ဆိုတဲ့အတွေး
တစ်ပတ်မှာခြောက်ရက်လောက် ချုပ်တည်းစားသောက်ခဲ့တာပဲ၊ ဒီတစ်ခါလေးပဲစားလိုက်မယ် ဘာမှမဖြစ်လောက်ပါဘူးလို့ မတွေးသင့်ပါဘူး။ အမြဲဆင်ခြင်နေရာကနေ သွေးချိုတက်စေမယ့်အရာတွေ အကြိုက်စားလိုက်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်က ထိုးတက်သွားနိုင်ပါတယ်။ ဘယ်တော့မဆို ပမာဏမလွန်ကဲဖို့ သတိရှိပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။