ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

အားကစား လေ့ကျင့်ခန်းများနှင့် ဆီးချိုသွေးချိုရောဂါ

လေ့ကျင့်ခန်းနဲ့ကိုယ်လက်လှုပ်ရှားမှုတွေက လူတိုင်းအတွက် ကောင်းပါတယ်။ အထူးသဖြင့် အဝလွန်သူတွေနဲ့ ဆီးချိုရှိသူတွေအတွက် ကောင်းပါတယ်။ လေ့ကျင့်ခန်းတွေကသင့်ရဲ့သွေးတွင်းကလူးကိုစ့်ကိုထိန်းပေးရုံသာမကနှလုံး၊ကြွက်သား၊ကိုယ်အလေးချိန်စတာတွေကိုပါ အကောင်းဘက်ရောက်စေပါတယ်။ သင့်လေ့ကျင့်ခန်း စလုပ်တော့မယ်ဆိုတည်းက သင်သွေးတွင်းကလူးကိုစ့် ကျပါတော့မယ်။ လေ့ကျင့်ခန်းမလုပ်ခင်၊ လုပ်နေစဉ်၊ လုပ်ပြီးမှတ်သားထားစရာလေးတွေ ရှိပါတယ်။ လေ့ကျင့်ခန်းစ မလုပ်ခင်ရေးမှတ်ပါ သင့်ဆရာဝန်နဲ့သင့်အတွက် ဘယ်လေ့ကျင့်ခန်းက သင့်တော်လဲ ဆွေးနွေးပါ။ သင့်ရဲ့ကာဗိုဟိုက်ဒရိတ်စားသုံးမှု၊ ဆေးပမာဏ နဲ့ သွေးတွင်းက လူးကိုစ့် ကို အသေးစိတ်မှတ်ထားပါ။ ဒါမှသာ သင့်ကျန်းမာရေး တိုးတက်လာမှာပါ။ သင့်သွေးတွင်းကလူးကိုစ့်ကိုတိုင်းပါ လေ့ကျင့်ခန်းမလုပ်ခင် သွေးတွင်းကလူးကိုစ့် ကို အရင်တိုင်းသင့်ပါတယ်။ ဒါကသင်လေ့ကျင့်ခန်း လုပ်နိုင်မလား၊ လေ့ကျင့်ခန်းက သင့်သွေးတွင်း ကလူးကိုစ့်ကိုကျစေနိုင်မလား သိနိုင်ဖို့အတွက်ပါ။ တကယ်လို့သင့်မှာ ဆီးချိုအမျိုးအစား (၁) ရှိနေတဲ့အခါသွေးနဲ့ဆီးထဲမှာ ကီတုန်းတွေများနေတဲ့အတွက် လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မချရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအခြေအနေက သင့်ရဲ့ခန္ဓါကိုယ်ကို ဘေးဖြစ်စေတဲ့အပြင် တစ်ခါတစ်လေ အသက်ဘေးစိုးရိမ်ရတဲ့ diabetic ketoacidosis […]


အမျိုးအစား (၂) ဆီးချို

အင်ဆူလင် သိုလှောင်နည်းများ

အင်ဆူလင်ကိုသိုလှောင်ဖို့ နည်းလမ်းများ အသုံးပြုလက်စအင်ဆူလင် တွေကိုအခန်းအပူချိန်မှာထားခြင်းကသူကိုအသုံးပြုတဲ့အခါပိုအဆင်ပြေပါတယ်။ လက်ရှိမသုံးနေတဲ့အင်ဆူလင် တွေကိုတော့ ရေခဲသေတ္တာထဲမှာသိမ်းတာအကောင်းဆုံးပါ။ သတိထားရမှာက အခဲခန်းထဲမထည့်ဖို့၊ ရေခဲခန်းအနားမထားဖို့ပဲဖြစ်ပါတယ်။ တချို့အင်ဆူလင် တွေကမတူညီတဲ့သိုလှောင်နည်းတွေလိုပါတယ်။ ဒါကြောင့်အသုံးမပြုခင်သင့်ရဲ့လူနာစာရွက်ထဲကအချက်အလက်တွေကိုအရင်သေချာဖတ်ပါ။   အိမ်မှာ အင်ဆူလင် ကိုသိုလှောင်ဖို့ နည်းလမ်းများ အင်ဆူလင် တွေကိုအပူနဲ့အလင်းရောင်ဝေးရာမှာထားပါ။ ရေခဲသေတ္တာထဲမှာ မထည့်ထားတဲ့ အင်ဆူလင် တွေကိုတတ်နိုင်ငမျှ အေးအောင်ထားပေးပါ။ အင်ဆူလင် တွေကိုဘယ်တော့မှမခဲသွားစေပါနဲ့။ တကယ်လို့ခဲသွားရင်မသုံးဘဲလွှင့်ပစ်လိုက်ပါ။ အရည်ပြန်ပျော်သွားချိန်မှာ လည်း ပြန်မသုံးပါနဲ့။ အသုံးမပြုရသေးတဲ့ အင်ဆူလင် ပုလင်းတွေ၊ အင်ဆူလင် ဆေးထိုးအပ်တွေကို ရေခဲသေတ္တာထဲသိမ်းထားပါ။ သူတို့ကိုသေချာသိုလှောင်ထားရင်အာမခံထားတဲ့ရက်အထိကြာကြာခံမှာပါ။ သင်လက်ရှိသုံးနေတဲ့ အင်ဆူလင် ဆေးထိုးအပ်တွေကိုအခန်း အပူချိန်မှာပဲထားပါ။ အင်ဆူလင် ဆေးထိုးအပ်အပိုနဲ့တခြားဆက်စပ်တာတွေကိုသူ့သက်ဆိုင်ရာထည့်စရာတွေနဲ့ ရေခဲသေတ္တာထဲမှာပဲထည့်ထားပါ။ ဒါမှသာကုန်ဆုံးမယ့်ရက်ကိုသိနိုင်မှာပါ။ ကုန်ဆုံးမယ့်ရက်ကိုကြည့်ပါ။ ရက်လွန်နေရင်မသုံးပါနဲ့။ အင်ဆူလင် တွေကိုအရမ်း မပူသွားစေပါနဲ့။ ပူတတ်တဲ့အရာတွေနားမထားပါနဲ့။ နေရောင်တိုက်ရိုက်မပေးထိပါနဲ့။ တီဗွီ တို့ ကွန်ပျူတာတို့လို လျှပ်စစ်ကိရိယာတွေ ပေါ်မှာမတင်ပါနဲ့။ […]


အမျိုးအစား (၂) ဆီးချို

အင်ဆူလင်စက် အသုံးပြုပုံနည်းလမ်းများ

အင်ဆူလင်စက် အသုံးပြုပုံနည်းလမ်းများ အင်ဆူလင်စက် ဆိုတာဘာလဲ။ အင်ဆူလင်ကို တစ်ခါသုံးဆေးထိုးအပ်နဲ့ထိုးပြီး အင်ဆူလင်အလုပ်လုပ်ပုံအတိုင်း သင့်နေထိုင်မှုပုံစံကို လိုက်ဖက်ညီအောင်လိုက်နေခြင်းထက် အင်ဆူလင်စက်ကိုအသုံးပြုပြီး သင့်နေထိုင်မှုပုံစံနဲ့ လိုက်ဖက်ညီအောင် အင်ဆူလင်ကိုပြုလုပ်စေခြင်းက ပိုကောင်းပါတယ်။ အင်ဆူလင်စက်ဆိုတာ ဖုန်းအရွယ်လောက်ပဲရှိတဲ့ လျှပ်စစ်ကိရိယာတစ်မျိုးဖြစ်ပါတယ်။ ဒီအင်ဆူလင်စက်ကို ခါးပတ်မှာပဲဖြစ်ဖြစ်အိတ်ထဲမှာပဲဖြစ်ဖြစ် အလွယ်တကူ သယ်ဆောင်သွားလို့ရပါတယ်။ အင်ဆူလင်စက်က သင့်ဗိုက်အရေပြားအောက်ထဲကို ပျော့ပြောင်းတဲ့ပြွန်လေးထည့်ထားပြီး အဲဒီပြွန်ကနေမှတစ်ဆင့် အင်ဆူလင်တွေကို လိုအပ်သလောက် ဆက်တိုက်ထုတ်ပေးပါတယ်။ အင်ဆူလင်စက်က ပုံမှန်မုန့်ချိုအိတ်လိုပဲ အင်ဆူလင်တွေကို တဖြည်းဖြည်းထုတ်ပေးပါတယ်။ အင်ဆူလင်စက်နဲ့ဆိုရင်သင်အင်ဆူလင်သွင်းတဲ့အခါတိုင်း ပမာဏကို တိုင်းတာဖို့မလိုပါဘူး။ အင်ဆူလင်စက်က အင်ဆူလင်ကို အောက်ပါနည်း များနဲ့သွင်းပေးပါတယ်။ အခြေခံအင်ဆူလင်ပမာဏ (basal insulin)လို့ခေါ်တဲ့ တောက်လျှောက်မှန်မှန်တိုင်းတာပြီး ဆက်တိုက်သွင်းနေတဲ့ နည်း ထပ်လောင်းအင်ဆူလင်ပမာဏ (bolus insulin) လို့ခေါ်တဲ့အစာစားချိန်တစ်ဝိုက်သွင်းတဲ့နည်း ပြုပြင်ခြင်း နဲ့အထောက်အကူပြုပမာဏများ   အင်ဆူလင်စက်ကဘယ်လို အလုပ်လုပ်သလဲ။ အခြေခံအင်ဆူလင်ပမာဏ ကသင်ကိုယ်ထဲကို၂၄နာရီလုံးသွင်းပေးနေပြီးအစားစားချိန်နဲ့ညအိပ်ချိန်ကြားကသင့်သွေးတွင်းသကြားပမာဏကို ပုံမှန်ရှိအောင် ထိန်းထားပေးပါတယ်။ မကြာခဏဆိုသလိုပဲသင့်ကိုယ်ထဲကိုသွင်းတဲ့အင်ဆူလင်ပမာဏက နေ့နဲ့ညမတူညီတဲ့အချိန်တွေမှာကွဲပြားပါတယ်။ သင်အစာစားတဲ့အခါစက်ကတစ်ဆင့် ထပ်လောင်းပမာဏလို့ခေါ်တဲ့ အင်ဆူလင်ကို ပမာဏပိုများများသွင်းနိုင်ပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါရှိသူများ ကျန်းမာစွာ ခရီးသွားနိုင်ရန် နည်းလမ်းများ

ဆီးချို ရှိတဲ့သူ ဆိုရင်တော့ ဒီရောဂါအတွက် အမြဲသတိရှိသင့်ပါတယ်။ ခရီးတစ်ခု သွားရတော့မယ်ဆိုရင် ကျန်းမာအောင် နေထိုင်ဖို့နဲ့ ဆီးချိုကို ထိန်းချုပ်ဖို့အတွက် အစီအစဉ်တွေကို ကြိုတင် ပြုလုပ်သင့်ပါတယ်။ အစာစားချိန်တွေ ပြောင်းလဲတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အချိန်ကွာခြားမှုတွေဟာ ရောဂါထိန်းချုပ်မှုမှာ အရေးပါပါတယ်။ ဒါ့ကြောင့် ခရီးမသွားခင် အောက်ပါ အချက်တွေကို သိထားသင့်ပါတယ်။ ဆီးချိုရောဂါရှိသူများ ကျန်းမာစွာ ခရီးသွားနိုင်ရန် နည်းလမ်းများ အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ ဆီးချိုရောဂါရှိသူများ ကျန်းမာစွာ ခရီးသွားနိုင်ရန် နည်းလမ်းများ ဆီးချိုရောဂါရှိသူများ ကျန်းမာစွာ ခရီးသွားနိုင်ရန် နည်းလမ်းများ ကတော့ ခရီးမသွားခင် ဆရာဝန်နဲ့ ပြပါ။ ခရီးမသွားခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးပါတယ်။ ဆီးချို ထိန်းချုပ်ဖို့အတွက် အစီအစဉ် ဆွဲဖို့ အချိန်အလုံအလောက် ပေးဖို့လည်း လိုပါတယ်။ တကယ်လို့ လိုအပ်မယ်ဆိုရင် ခရီးမသွားခင် တစ်လလောက် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါဖြစ်နိုင်ချေကို လျော့ချပေးသော အစားအစာများ

ဆီးချိုရောဂါကိုထိန်းချုပ်ခြင်း ဆီးချိုရောဂါကိုကာကွယ်ထိန်းချုပ်နိုင်ရန် အရေးပါဆုံးမှာကိုယ်အလေးချိန်လျော့ချရ်ဖြစ်သည်။ ရှိပြီး ခန္ဓါကိုယ်အလေးချိန် ၅% မှ ၁၀% တို့ကိုလျော့ချနိုင်ပါကသွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ရာတွင် အထောက်အကူပြုပြီးသွေးပေါင်ချိန်နှင့် သွေးတွင်းအဆီဓါတ်ကိုလည်းလျော့ကျစေပါသည်။ ကိုယ်အလေးချိန် လျော့ချခြင်းနှင့် ကျန်းမာစွာစားသုံးခြင်းသည် သင်၏စိတ်၊ စွမ်းဆောင်ရည်နှင့် နေထိုင်ကောင်းမှုအပေါ် အကျိုးသက်ရောက်မှု ရှိပါသည်။ သင့်တွင် ဆီးချိုရောဂါဖြစ်နေစေဦးတော့ ကောင်းသောပြောင်းလဲခြင်းပြုလုပ်ရန် နောက်မကျသေးပါ။ သင့်ကျန်းမာရေးအတွက် သင်ပြုလုပ်ရမည့်အရာသည် သင်တွေးထင်ထားသလောက် မခက်ခဲပါ။ ဝမ်းဗိုက်အဆီကို စောင့်ကြည့်ခြင်း ခန္ဓါကိုယ်ရှိအဆီသည် နေရာလိုက်၍ ကွဲပြားမှုရှိသည်။ ဝမ်းဗိုက်ရှိအဆီများလျှင် ထိုအဆီက ဝမ်းဗိုက်အတွင်း ကလီစာများနှင့် အသည်းတို့ကိုဖုံးအုပ်ထားသည့်အတွက် အခြားပေါင်၊ တင်ပါးတို့မှ အဆီနှင့်မတူပဲဆီးချိုရောဂါဖြစ်နိုင်ခြေကိုတိုးမြင့်စေသည်။ ထိုမှတစ်ဆင့် အင်ဆူလင်ဟော်မုန်းကိုတုန့်ပြန်မှုလျော့ကျလာပြီးဆီးချိုရောဂါကို ဖြစ်စေနိုင်သည်။ အမျိုးသမီးတစ်ဦးအတွက် ခါး( လုံးပတ် ) ၃၅ လက်မနှင့်အထက်ရှိလျှင်၊ အမျိုးသားတစ်ဦးအတွက် ခါး ( လုံးပတ် ) ၄၀ လက်မနှင့် အထက်ရှိလျှင် ရောဂါဖြစ်နိုင်ခြေရှိပါသည်။ ဆိုဒါပါသောအချိုရည်များ၊ အားဖြည့်အချိုရည်များ၊ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုကြောင့် သွေးအတွင်းသကြားဓါတ်နည်းခြင်း

သွေးအတွင်းသကြားဓါတ်နည်းခြင်းဆိုတာဟာကိုယ်ခန္ဓါထဲကသကြားဓါတ်ဟာ 70mg/dl အောက်ကိုအများကြီးလျော့နည်းသွားတာပါ။ အဲဒီအတိုင်းအတာ သို့မဟုတ် အဲဒီအောက်ထက် လျော့နည်းမယ်ဆိုရင် ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဆေးပညာမှာတော့ သွေးတွင်းသကြားဓါတ်လျော့နည်းခြင်းကို hypoglycemia လို့ ခေါ်ပါတယ်။     Hypoglycemia ဆိုတာဘာလဲ Hypoglycemia ဆိုတာသွေးထဲမှာရှိတဲ့ ဂလူးကို့စ် ဓါတ်ဟာပုံမှန်ထက်လျော့ကျသွားတဲ့အခါ ဖြစ်လာတတ်တဲ့ သွေးတွင်းသကြားဓါတ်နည်းခြင်းသို့မဟုတ် သွေးတွင်းဂလူးကို့စ်ဓါတ်နည်းခြင်းပါပဲ။ Hypoglycemia ဟာရုတ်တရက် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် မစိုးရိမ်ရပါဘူး။ သကြားဓါတ် ကြွယ်ဝသော အစားအသောက်တစ်ခုခုကို မြန်မြန်စားခြင်း ဖြင့် အလွယ်တကူကုသနိုင်ပါတယ်။ မကုဘဲနေရင်တော့ hypoglycemia ဟာပိုဆိုးလာပြီးသတိလွတ်တတ်ခြင်း၊ လှုပ်ရှားသွားလာခက်ခဲခြင်း၊ သတိလစ်သွားခြင်းစတဲ့ အခြေအနေတွေ ဖြစ်စေတတ်ပါတယ်။ Hypoglycemia အရမ်းဆိုးသွားရင် တက်ခြင်း၊ ကြာမြင့်စွာသတိမေ့မျောသွားခြင်းအပြင် အသက်အန္တရာယ်နဲ့ပါ ရင်ဆိုင်နိုင်ပါတယ်။     Hypoglycemia ဘာကြောင့်ရတတ်သလဲ Hypoglycemia ဘာကြောင့်ရတတ်သလဲသိမထားခင် ကိုယ်တွင်းမှာဂလူးကို့စ်ရဲ့ ဇီဝဖြစ်ပျက်မှု ပြုလုပ်ပုံကိုသိသင့်ပါတယ်။     ဂလူးကို့စ်၏ ဇီဝဖြစ်ပျက်မှု ဂလူးကို့စ်ဟာကိုယ်ခန္ဓါအတွက် အရေးကြီးတဲ့ စွမ်းအင်ရင်းမြစ်ဖြစ်ပြီးအစားအစာကနေရရှိပါတယ်။ ကစီဓါတ်ဟာဂလူးကို့စ်အတွက် အဓိကရင်းမြစ်ပါပဲ။ ကစီဓါတ်များတဲ့ အစားအစာတွေကတော့ ဆန်၊ အာလူး၊ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

Diabetic Foot (ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diabetic Foot (ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာ) ကဘာလဲ။ ဆီးချိုရှိသူတွေဟာ အမျိုးမျိုးသော ခြေထောက်အနာနဲ့ ပတ်သက်တဲ့ ပြသနာပေါင်းစုံ ဖြစ်လာနိုင်ပါတယ်။ ရိုးရိုးထိခိုက်ဒဏ်ရာ သေးသေးကနေ ပိုဆိုးလာကာ ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြသနာတွေဆီကို ဦးတည်နိုင်ပါတယ်။ ခြေထောက်အနာတွေဟာ ဆီးချိုကြောင့်ဖြစ်တဲ့ neuropathy လို့ခေါ်တဲ့ အာရုံကြောထိခိုက်မှုခံစားရတဲ့အခါ အများဆုံး ဖြစ်တတ်ပါတယ်။ အမှန်မှာတော့ ဒီအနာတွေဟာ နာကျင်ပေမယ့် အာရုံကြောတွေ ထိခိုက်ထားတဲ့အတွက်ကြောင့် သင့်ရဲ့နာမှု၊အေးမှု၊ ပူမှုစတာတွေကို ခံစားနိုင်စွမ်းလျော့နည်းလာတာ ဖြစ်ပါတယ်။ ခံစားမှုမသိတော့ခြင်းဆိုတာ သင့်ခြေထောက်မှာ ဒဏ်ရာရနေတာကို မသိတာဖြစ်ပါတယ်။ သင်ဟာ သင့်ဖိနပ်မှာဝင်နေတဲ့ ခဲလုံး၊ သံမှိုစတာတွေကို မခံစားမိပဲ ဒီဖိနပ်နဲ့ပဲ တစ်နေ့လုံး လျှောက်သွားနေမိနိုင်ပါတယ်။ သင့်ခြေထောက်မှာ အရည်ကြည်ဖုဖြစ်လာရင်တောင် သင်ခံစားမိမှာမဟုတ်ပါဘူး။ သင့်ခြေထောက်အရေပြား ပေါက်ပြဲပြီး ပိုးဝင်သည်ထိ သင်သတိမထားမိတာ ဖြစ်နိုင်ပါတယ်။ အာရုံကြောပျက်စီးခြင်းဟာ သင့်ရဲ့ ခြေဖဝါးတွေ ခြေချောင်းတွေ ပုံစံပြောင်းသွားတဲ့ထိလည်း […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

Diabetic Ketoacidosis (ဆီးချိုရောဂါ နောက်ဆက်တွဲ သွေးတွင်း ကီတုန်း များပြားပြီး အက်ဆစ်ဓါတ်လွန်ကဲလာမှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diabetic Ketoacidosis (ဆီးချိုရောဂါ နောက်ဆက်တွဲ သွေးတွင်း ကီတုန်း များပြားပြီး အက်ဆစ်ဓါတ်လွန်ကဲလာမှု) ကဘာလဲ။ ဒီရောဂါဟာ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ဆီးချိုရောဂါကြောင့် ခန္ဓါကိုယ်ကနေ ketone လို့ခေါ်တဲ့ အက်ဆစ်ဓါတ်တွေ သွေးထဲမှာ အများအပြားထုတ်တဲ့အခါ diabetic ketoacidosis လက္ခဏာတွေကို ခံစားရပါတယ်။ သင့်ခန္ဓါကိုယ်က ဆဲလ်တွေစွမ်းအင်ရဖို့အတွက် ဂလူးကို့စ်သကြားဓါတ်ကို စုပ်ယူဖို့ လိုအပ်ပါတယ်။ ဒီလိုစုပ်ယူဖို့ရာ လုံလောက်တဲ့ အင်ဆူလင်ကို သင့်ခန္ဓါကိုယ်က ထုတ်ဖို့လိုအပ်ပြီး ဆီးချိုရောဂါကြောင့် မထုတ်နိုင်တဲ့အခါ ဒီရောဂါကို ခံစားရပါတယ်။ Diabetic Ketoacidosis (ဆီးချိုရောဂါ နောက်ဆက်တွဲ သွေးတွင်း ကီတုန်း များပြားပြီး အက်ဆစ်ဓါတ်လွန်ကဲလာမှု) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ ဆီးချိုရောဂါ အမျိုးအစား(၁) ရှိသူမှာရော အမျိုးအစား(၂)ရှိသူမှာပါ အဖြစ်များပါတယ်။ မိမိကိုယ်ကို ဆီးချိုရောဂါရှိမှန်း သတိမထားမိသူတွေမှာလည်း တစ်ခါတစ်ရံ ခံစားရတတ်ပါတယ်။ လူငယ်တွေနဲ့ […]


အမျိုးအစား (၂) ဆီးချို

Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂))

အဓိပ္ပါယ်ဖွင့်ဆိုချက်Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) ကဘာလဲ။ ဆီးချိုအမျိုးအစား၂ဆိုသည်မှာခန္ဓါကိုယ်ကသကြား(ဂလူးကို့စ်) ဓါတ်ကိုချေဖျက်သောလုပ်ငန်းစဉ်ကိုထိခိုက်စေသောနာတာရှည် အခြေအနေတစ်ခုဖြစ်ပါသည်။ ဆီးချို အမျိုးအစား ၂ ရှိပါကသင်၏ ခန္ဓါကိုယ်သည် ကိုယ်တွင်းသကြားပမာဏကိုထိန်းညိပေးသောဟော်မုန်းတစ်မျိုးဖြစ်သည့် အင်ဆူလင်ကိုခုခံတွန်းလှန်ခြင်း (သို့)ပုံမှန်သကြားပမာဏကိုထိန်းပေးဖို့လုံလောက်တဲ့အင်ဆူလင်ပမာဏကိုမထုတ်လုပ်နိုင်ခြင်း ဖြစ်နေပါသည်။ ဆီးချိုအမျိုးအစား ၂ ကိုပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးသော်လည်းအစာကောင်းစွာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း နှင့် ကိုယ်အလေးချိန်ထိန်းခြင်းဖြင့် ရောဂါ အခြေအနေကိုထိန်းချုပ်နိုင်ပါသည်။ လေ့ကျင့်ခန်းနှင့် အစားအသောက် က သွေးတွင်းသကြားကိုမထိန်းသိမ်းနိုင်ပါကဆီးချိုဆေးသောက်ခြင်း(သို့)အင်ဆူလင်ဆေးထိုးဖို့လိုအပ်ပါမည်။ Diabetes Mellitus Type 2 (ဆီးချိုသွေးချို အမျိုးအစား (၂)) က ဘယ်လောက်အဖြစ်များသလဲ ဆီးချိုအမျိုးအစား ၂ သည် အရွယ်ရောက်ပြီးသူများတွင် အဖြစ်များပါသည်။ သို့သော် ကလေးများတွင်လည်းအဝလွန်ခြင်းကြောင့်ရောဂါ ဖြစ်ပွားမှု တိုးမြင့်လာပြီဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းမှ အောက်ပါအချက်များကိုထုတ်ပြန်ထားပါသည်။ ၂၀၁၄ ခုနစ် ကမ္ဘာလုံးဆိုင်ရာဆီးချိုဖြစ်ပွားမှုသည် အရွယ်ရောက်ပြီးသူများ၏ ၉ ရာခိုင်နှုန်း […]


အမျိုးအစား (၂) ဆီးချို

Hypoglycemia (သွေးတွင်း သကြားဓါတ်လျော့နည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypoglycemia (သွေးတွင်း သကြားဓါတ်လျော့နည်းခြင်း) ကဘာလဲ။ သွေးထဲတွင် ဂလူးကို့စ် သို့မဟုတ် သကြားဓါတ် နည်းခြင်းသည် သွေးထဲသကြားဓါတ်များပုံမှန် ပမာဏအောက် နည်းပါးသွားသောအခါတွင် ဖြစ်ပွားပါသည်။ ခန္ဓါကိုယ်အတွက် စွမ်းအင် ရင်းမြစ် ဖြစ်သောဂလူးကို့စ် သကြားကိုအစားအစာ မှ ရရှိပါသည်။ ကာဗွန်ဟိုက်ဒရိတ် သည် ဂလူးကို့စ် ၏ အစားအစာမှရသောအဓိကရင်းမြစ်ဖြစ်ပါသည်။ ထမင်း၊ အာလူး၊ ပေါင်မုန့်၊ ပြောင်းမုံ့ ညက်ဖြင့် လုပ်ထားသောမုန့်၊ ကောက်ပဲသီးနှံများ၊ နို့၊ သစ်သီးများ နှင့် သကြားလုံးများသည် ကာဗွန်ဟိုက်ဒရိတ် ကြွယ်ဝသောအစားအစာများဖြစ်ပါသည်။ သရက်ရွက်သည် သွေးထဲသကြားကိုထိန်းချုပ်ရာတွင် အရေးပါသောအခန်းမှ ပါဝင်ပါသည်။ သရက်ရွက်မှ ပြုလုပ်သောအင်စူလင် ဟော်မုန်းသည် ဆဲလ်များစွမ်းအင်ထုတ်ရန် အတွက် ဂလူးကို့စ် သုံးရာတွင် ကူညီပေးပြီးသွေးထဲဂလူးကို့စ် ကိုလျော့ကျစေပါသည်။ သွေးထဲဂလူးကို့စ် ပမာဏကိုထိန်းချုပ်ရာတွင် အရေးပါသောအခြားဟော်မုန်းတစ်မျိုးမှာ glucagon ဖြစ်ပြီးသွေးထဲသကြားပမာဏကိုများစေပါသည်။ သရက်ရွက်မှ လုံလောက်သော glucagon […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)