(၁) သွေးတွင်းသကြားဓါတ်ကို ပုံမှန်စစ်ဆေးပါ
သွေးတွင်းသကြားဓါတ်ကို မကြာမကြာ စစ်ကြည့်တော့မှ အစားအသောက်၊ စိတ်ဖိစီးမှု၊ လှုပ်ရှားမှု စတာတွေအပေါ် ကိုယ့်ခန္ဓါကိုယ်က ဘယ်လိုတုံ့ပြန်မှုရှိလဲဆိုတာ အမြဲမပြတ်သိနိုင်မှာပါ။ မနက်အစာမစားမီနဲ့ ထမင်းစားပြီးနှစ်နာရီမှာသွေးချိုတိုင်းကြည့်သင့်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ စစ်ကြည့်ပါ၊ စိတ်ဖိစီးနေတဲ့အခါ စစ်ကြည့်ပါ။ အခြေအနေအမျိုးမျိုးမှာ ကိုယ့်ခန္ဓါကိုယ်က ဘယ်လိုတုံ့ပြန်နေသလဲ သိလာပါလိမ့်မယ်။