ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ

ဆီးချိုရှိသူ တစ်ယောက်က ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်ဖို့ဆိုရင် ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဒီလိုဂရုစိုက်တဲ့အခါသွေးတွင်းသကြားဓာတ်​မြင့်နေတာလား၊ ရှိသင့်တာထက်နည်းနေတာလားဆိုတာကိုသေချာသိရှိပြီး မှန်ကန်တဲ့ကုသမှုကိုလုပ်ဆောင်ဖို့လိုအပ်ပါမယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် ခံစားရတဲ့ လက္ခဏာတွေကသွေးချိုတက်နေတာလား၊ ကျနေတာလားဆိုတာကို သိရှိနိုင်စေဖို့ ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ ကို ဒီဆောင်းပါးလေးကနေတဆင့်ဖော်ပြပေးလိုက်ပါတယ်။ ပုံမှန်ရှိသင့်တဲ့သွေးတွင်းသကြားဓာတ်က ဘယ်လောက်လဲ........ ညဘက်ကဘာမှမစားထားဘဲ မနက်ခင်းမှာ တိုင်းတဲ့အခါသွေးတွင်းသကြားဓာတ်က ၁၀၀mg/dL ထက်နည်းရပါမယ်။ အစားစားပြီး ၂ နာရီအကြာမှာတော့သွေးတွင်းသကြားဓါတ်က ၁၄၀ mg/dL ထက်နည်းရပါမယ်။ ဒါကဆီးချိုရောဂါမရှိတဲ့ သာမန်ကျန်းမာနေသူတစ်ယောက်မှာရှိသင့်တဲ့သွေးတွင်းသကြားဓာတ်ပမာဏပါ။ ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ ဆီးချိုရှိသူ တွေ သတိထားသင့်တဲ့လက္ခဏာတွေ ကတော့ သွေးတွင်းသကြားဓာတ်မြင့်နေတဲ့အခါ ဆီးချိုရောဂါရှိသူတစ်ယောက်အနေနဲ့သွေးတွင်းသကြားဓာတ်မြင့်တက်နေတဲ့အခါ အခုလိုမျိုးလက္ခဏာတွေတွေ့ရနိုင်ပါတယ်။ ဆီးခဏခဏသွားမယ် -သွေးတွင်းကပိုလျှံနေတဲ့ သကြားဓာတ်တွေကိုချေဖျက်ဖို့ကျောက်ကပ်ကတော်တော်လေးအလုပ်လုပ်နေရတာပါ။ ရေငတ်မယ် -သွေးတွင်းသကြားဓာတ်များတာကြောင့် တစ်ရှူးတွေကထဲကရေတွေကုန်ခမ်းသွားတာကြောင့် ခန္ဓာကိုယ်က လုပ်ငန်းစဉ်တွေကို ပုံမှန်လုပ်ဆောင်ဖို့အတွက်ရေများများသောက်ဖို့လိုအပ်ကြောင်း ဦးနှောက်က အသိပေးနေတာ။ ခံတွင်းခြောက်မယ် -သွေးတွင်းသကြားဓာတ်မြင့်တဲ့အခါရေဓာတ်နည်းသွားတာကြောင့် ခံတွင်းခြောက်တာ၊ နှုတ်ခမ်းကွဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ တံထွေးထွက်ရှိမှုနည်းသွားပြီး လျှာနဲ့ ပါးစောင်တွေမှာအဖြူကွက်တွေဖြစ်တာ၊ သွားဖုံးရောင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အရေပြားပြဿနာဖြစ်မယ် […]


အမျိုးအစား (၂) ဆီးချို

အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ သွေးတွင်းသကြားဓာတ် မြင့်တတ်စေနိုင်တဲ့ အရာလေးတွေ

ခန္ဓာကိုယ်ကျန်းမာနေစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံနေဖို့လိုပါမယ်။ ဒီလိုပြည့်စုံနေဖို့လိုတဲ့အထဲမှာ အချိုဓာတ်ကလည်းမေ့ထားလို့ မဖြစ်ပါဘူး။ ဒါပေမယ့် အချိုဓာတ်က လိုတာထက်ပိုများနေရင်လည်း ခန္ဓာကိုယ်အတွက်မကောင်းတာအမှန်ပါ။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်တောင်မသိလိုက်ဘဲ လုပ်မိတဲ့ အလေ့အထတွေကြောင့် မလိုအပ်ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်မှုဖြစ်စဉ်တွေမဖြစ်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေ။ အမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တဲ့ အရာတွေက ဘာတွေများလဲ ကိုယ်နေ့စဉ်လုပ်မိနေတဲ့ အပြုအမူတွေ ကြောင့်သွေးတွင်းသကြားဓာတ်မြင့်တက်မှုမဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့လိုပါမယ်။ နေလောင်တာ -နေလောင်တာကြောင့် စိတ်ဖိစီးမှုဖြစ်နိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုကပဲ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ပြုပြင်ထားတဲ့ အချိုဓာတ်တွေ -လေ့လာမှုတွေ လုပ်ဆောင်ဖို့ လိုအပ်သေးတယ်ဆိုပေမယ့် ပြုပြင်ထားတဲ့ အချိုဓာတ်တွေက သဘာဝအချိုတွေထက်သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ကော်ဖီ -ကော်ဖီကို သကြားမထည့်ဘဲ သောက်ရင်တောင်မှ ကဖင်းဓာတ်ကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်နိုင်ပါတယ်။ အိပ်ရေးပျက်တာ - ညဘက်မှာ အိပ်ရေးပျက်တာက အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ကျဆင်းစေပြီးသွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေနိုင်ပါတယ်။ မနက်စာမစားတာ - မနက်ခင်းမှာ မနက်စာ မစားမစားဘဲနေတာကလည်း သွေးတွင်းသကြားဓာတ်ကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါ အကြိုလက္ခဏာခံစားနေရချိန်မှာ သွေးတွင်းသကြားဓာတ်ကျစေဖို့

သွေးတွင်းသကြားဓာတ်က ရှိသင့်တဲ့ ပမာဏထက်မြင့်နေတယ်။ ဆီးချိုဖြစ်လောက်တဲ့အထိတော့ မဟုတ်ဘူး။ ဒီအခြေအနေကို ဆီးချိုရောဂါ အကြိုလက္ခဏာလို့ခေါ်ပါတယ်။ ဒီအခြေအနေကို သေချာမထိန်းနိုင်ခဲ့ရင် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်လာမှာပါ။ ဆီးချိုက ကုသ ပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည်ရောဂါတစ်ရပ်ပါ။ ဒါပေမယ့် ဆီးချိုရောဂါအကြိုလက္ခဏာအဆင့်မှာ သေချာ ထိန်းချုပ်လိုက်နိုင်ရင်တော့ ဆီးချိုရောဂါဆိုတာကို မခံစားရတော့ဘူးပေါ့။ ဆီးချိုရောဂါအကြိုလက္ခဏာခံစားရချိန်မှာ သွေးချိုကျစေဖို့ ဆီးချိုရောဂါအကြိုလက္ခဏာဖြစ်တဲ့ သွေးတွင်းသကြားဓာတ်မြင့်နေချိန်မှာ အခုပြောတာတွေကို စားသုံးပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ပြီး ဆီးချိုမဖြစ်အောင် ကာကွယ်နိုင်မှာပါ။ ပန်းသီးရှာလကာရည် ပန်းသီးရှာလကာရည်က သွေးတွင်းသကြားဓာတ်ကို သိသိသာသာကျဆင်းစေနိုင်ပြီး ဆီးချိုဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာကို ရေ ၈ အောင်စနဲ့ ရောဖျော်ပြီး သောက်ပေးပါ။ အစာအိမ်ရောဂါရှိတယ်ဆိုရင်တော့ မသောက်သင့်ပါဘူး။ အမျှင်ဓာတ်များများစားပါ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် လတ်ဆတ်တဲ့အမျှင်ဓာတ် ၂၅ ဂရမ် […]


အမျိုးအစား (၂) ဆီးချို

ဆီးချို အကြိုလက္ခဏာ ရှိသူတွေ ဘယ်လိုစားသောက်နေထိုင်ကြမလဲ……

ဆီးချို ဆိုတာက ကမ္ဘာပေါ်က လူဦးရေတော်တော်များများကို ဒုက္ခပေးနေတဲ့ရောဂါတစ်ခုပါ။ ဆီးချိုက ဖြစ်ပြီးသွားရင် ပြန်ပျောက်သွားရိုးထုံးစံမရှိပါဘူး။ အမြဲဆေးသောက်နေရမှာဖြစ်သလို အစားအသောက်အနေအထိုင်ကိုလည်း ဆင်ခြင်နိုင်မှ တော်ကာကျတာပါ။ အကောင်းဆုံးကတော့ ဆီးချိုကို မဖြစ်အောင်ကာကွယ်တာပါ။ ဒီတစ်ခေါက်တော့ ဆီးချို မဖြစ်အောင် ကာကွယ်ရာမှာ အရေးပါတဲ့ ဆီးချို အကြိုလက္ခဏာတွေက ဘာတွေလဲ ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးပါမယ်။ ဆီးချိုအမျိုးအစား ဘယ်နှမျိုးရှိလဲ……… ဆီးချိုရောဂါက • ဆီးချိုရောဂါအကြိုလက္ခဏာ (prediabetes) • အမျိုးအစား -၁ ဆီးချိုရောဂါ (Type 1 diabetes) • အမျိုးအစား -၂ ဆီးချိုရောဂါ (Type 2 diabetes) ဆိုပြီးရှိပါတယ်။ ဆီးချိုရောဂါ အကြိုလက္ခဏာ ဆိုတာ ဆီးချိုရောဂါအကြိုလက္ခဏာဆိုတာက သွေးတွင်းသကြားဓာတ်က ပုံမှန်ထက်မြင့်နေတတ်ပေမယ့် အရမ်းမြင့်နေတာမျိုးတော့ မဟုတ်ပါဘူး။ အမျိုးအစား (၂) ဆီးချိုခံစားရသူတွေက ဆီးချိုရောဂါအကြိုလက္ခဏာကို ခံစားကြရပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာအနေနဲ့ ကသိသာထင်ရှားတာမျိုးမရှိပါဘူး။ ကြိုတင်ကာကွယ်ပါ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်များ မှားလေ့ရှိတဲ့ အမှားများ

မင်္ဂလာပါ ၊ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါမှာတော့ ဆီးချိုဝေဒနာရှင်တွေ အမှတ်မှားပြီး ပြုလုပ်လေ့ရှိတဲ့ အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆီးချိုရောဂါဆိုတာ တစ်သက်လုံးပျောက်တဲ့ ရောဂါ မဟုတ်ပါဘူး ။ ဆီးချိုအဖြေတွေပေါ်မူတည်ပြီး ဆေးနဲ့ အစာနဲ့ ထိန်းပြီး ပေးနေရတဲ့ ရောဂါ တစ်ခုဖြစ်ပါတယ်။ တစ်သက်လုံး အနေအထိုင် ဆင်ခြင်နေရမယ့် ရောဂါတစ်ခု ဖြစ်ပါတယ် ။ ဆီးချိုဝေဒနာရှင် အများစု လုပ်မိတဲ့ အမှားတွေကတော့ ဆီးချို ပုံမှန်တိုင်းလေ့ မရှိခြင်း ဆီးချိုဝေဒနာရှင်တွေအနေနဲ့ နေ့တိုင်း ဆီးချိုဖောက်နေရလေ့ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်မတိုင်းဖြစ်တတ်သလို ဆီးချိုစစ်ရတဲ့ strip ပြားတွေရဲ့ ဈေးကလည်း သာမန်ပြည်သူတွေအတွက် အနည်းငယ်ဈေးကြီးနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ အပေါ်မှာ ပြောခဲ့သလိုပဲ ဆီးချိုတိုင်းထားတဲ့ အဖြေတွေပေါ်မူတည်ပြီးတော့ ဆေးပမာဏကို ထိန်းညှိပေးရတာ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိလား ရွှေဖရုံသီးစားပေးပါ

ဆီးချိုရှိလား ရွှေဖရုံသီးစားပေးပါ ..... ရွှေဝါရောင်သန်းနေတဲ့ ရွှေဖရုံသီး ချိုချိုလေးက အသားအရေနဲ့ အမြင်အာရုံအတွက်တင်ကောင်းတာမဟုတ်ပါဘူး။ ဆီးချိုရှိသူတွေအတွက် အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဆီးချိုရှိရင် ရွှေဖရုံသီး စားလို့ရလား ....... ရွှေဖရုံသီးက စေးစေးချိုချိုလေး ဖြစ်တာကြောင့် ဆီးချိုရှိတယ်ဆိုရင် စားလို့ရပါ့မလားဆိုပြီး စိတ်ပူနေပြီလား။ သင့်တင့်တဲ့ ပမာဏ၊ ဆီးချိုတက်နေတဲ့ အချိန်မဟုတ်ရင် စားလို့ရပါတယ်။ သွေးတွင်သကြားဓာတ်တက်စေနိုင်တယ်ဆိုပေမယ့် ဆီချိုလူနာတွေအတွက် အကျိုးရှိနေတဲ့ အာဟာရတွေ အများကြီး ပါဝင်နေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ ပမာဏကို ချင့်ချိန်ပြီး စားလို့ရပါတယ်။ ရွှေဖရုံသီးမှာ ဘယ်လိုအာဟာရဓာတ်တွေပါဝင်နေလဲ... ဝါဝါဝင်းနေတဲ့ ရွှေဖရုံသီးမှာ ဆီးချိုရှိသူတွေအတွက် သင့်တော်တဲ့ ပရိုတင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပိုတက်ဆီယမ် ဖောလစ်အက်ဆစ် ဗီတာမင် A ဗီတာမင် C ဗီတာမင် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံ

ကမ္ဘာပေါ်မှာ ဆီးချို ဖြစ်ပွားမှုနှုန်း က တစ်နှစ်ထက်တစ်နှစ် တရှိန်ထိုးကို တက်တက်လာပါတယ်။ ပြောင်းလဲ တိုးတက်လာတာနဲ့အမျှ ဇိမ်ခံပစ္စည်းတွေလည်းများလာသလို ကိုယ်လက်လှုပ်ရှားမှုကလည်း မရှိသလောက်နည်းပါးလာပါတယ်။ ဒါ့အပြင် အသင့်စား အစားအစာတွေ၊ အချိုရည်တွေ၊ fast food ဆိုင်တွေများလာတာနဲ့အမျှ ခန္ဓာကိုယ်အလေးချိန်ကလည်း ကိုယ်သတိမထားမိတဲ့ အချိန်မှာ တော်တော်လေးတက်လာတတ်ပါတယ်။ ဒီလိုမျိုး ဝလာတာရယ်၊ ကိုယ်လက်လှုပ်ရှားမှု နည်းလာတာရယ်က ဆီးချိုဖြစ်စေတဲ့ အဓိကတရားခံ နှစ်ခုပါ။ ဒီတစ်ခေါက်တော့ ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံ ဆီးချိုစဖြစ်နေပြီဆိုရင် အောက်ပါအချက်လေးတွေ လိုက်လုပ်ဖို့ တိုက်တွန်းပါရစေ။ ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံ အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ (၁) ထမင်းကို သတ်မှတ်ထားတဲ့ပမာဏအတိုင်း စားပေးရပါမယ် ဒီနေရာမှာ ထမင်းလုံးဝ မစားရဘူးလို့ ကျွန်တော် မပြောပါဘူး။ မြန်မာလူမျိုးဖြစ်တော့ ထမင်းကတော့ စားချင်မှာပဲ။ ဒါပေမယ့် စားတဲ့အခါမှာ […]


အမျိုးအစား (၂) ဆီးချို

ဆီးချို နဲ့ သံပရိုသီး

သံပရိုသီး မွှေးမွှေးလေးက အမူးအမော်ပြေစေရုံ အသားအရေကောင်းစေရုံ ကိုယ်ခံအားမြှင့်ပေးရုံတင်အသုံးဝင်တာလား။ ဒီခေတ်မှာ လူတော်တေ်ာများများခံစားနေရတဲ့ ဆီးချိုရောဂါအတွက်ရော အသုံးမဝင်ဘူးလားလို့များ သိချင်နေသူတွေရှိလား။ ဒါဆိုရင်တော့ သံပရိုသီးလေးက ဆီးချိုရှိသူတွေအတွက် ဘယ်လိုအထောက်အကူပြုတယ်ဆိုတာကို ပြောပြပေးပါရစေနော်။ သံပရိုသီးမှာ ဘယ်အာဟာရဓာတ်တွေပါဝင်နေလဲ……. သံပရိုသီးမှာ • အမျှင်ဓာတ် • ဗီတာမင် C • ပိုတက်ဆီယမ် • ဖောလိတ် • ကယ်လ်ဆီယမ်တို့ပါဝင်နေပါတယ်။ သံပရိုသီးမှာပါတဲ့ အာဟာရဓာတ်တွေနဲ့ သူတို့ရဲ့ အကျိုးပြုပုံတွေကရော ဘာတွေများလဲ….. သံပရိုသီးမှာပါတဲ့ အမျှင်ဓာတ်နဲ့ဗီတာမင် C၊ ပိုတက်ဆီယမ်တို့က ဆီးချိုရောဂါရခံစားနေရသူတွေမှာ နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ကသွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါ သေးတယ်။ အမျှင်ဓာတ်က ဝမ်းမှန်စေပြီး အစာခြေစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ သံပရိုသီးက ဆီးချိုရောဂါအတွက် ဘယ်လိုအထောက်အကူပြုပေးနိုင်သလဲ…….. သံပရိုသီးက ခံတွင်းမြိန်စေရုံတင်မကဘဲ ပုံမှန်စားသုံးပေးမယ်ဆိုရင် အခုလို အကျိုးကျေးဇူးတွေကိုပါ ရရှိစေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ် ကိုယ်တွင်းက ဗီတာမင် C ပမာဏနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေတို့ကို ဆန်းစစ်ကြည့်တဲ့အခါမှာတော့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း

ဆီးချိုရှိသူအများစုဟာ သွေးတွင်းသကြားဓာတ်မြင့်တက်မှာစိုးလို့ဆိုပြီး သစ်သီးတော်တော်များများကို မစားရဲကြပါဘူး။ ဒါပေမယ့် အသီးတိုင်းကိုမစားရတာလားဆိုတော့ မဟုတ်ပါဘူး။ ဆီးချိုရှိပေမယ့် စားလို့ရတဲ့ သစ်သီးရှိပါတယ်။ ဒီအသီးလေးက သွေးချိုမတက်စေတဲ့အပြင် ကျန်းမာရေးကိုတောင် အထောက်အကူပြုပေးနိုင်ပါသေးတယ်။ အခုတစ်ခေါက်တော့ ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း ကို ပြောပြပေးချင်ပါတယ်။ ဆီးချိုသမားတွေကို သွေးတွင်းသကြားဓာတ်ထိန်းညှိပေးပြီး နှလုံးရောဂါ နဲ့ အဝလွန်တာလိုမျိုး ရောဂါတွေကိုပါသက်သာစေနိုင်တဲ့ သလဲသီးလေးပါ။ အမျိုးအစား - ၂ ဆီးချိုရောဂါခံစားနေရသူတွေနဲ့ အထူးသင့်တော်ပါတယ်။ အပြင်ခွံက အဝါရောင်ခပ်ဖျော့ဖျော့ ဒါမှမဟုတ် အနီရောင်စိုစိုလေးရှိပြီး အထဲမှာ ပန်းရောင်ဒါမှမဟုတ် အနီရောင် အစေ့ငယ်လေးတွေ အကန့်လိုက်ပါဝင်နေပြီး စားလိုက်ရင် ချိုချိုချဉ်ချဉ်လေးနဲ့ စားကောင်းတဲ့ သလဲသီးက ဆီးချိုသမားတွေနဲ့ အထူးသင့်တော်တယ်လို့ ဘာကြောင့်ပြောရတာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။ ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း ကတော့ အရသာရှိတဲ့ သလဲသီးလေးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ် သလဲသီးမှာ အချိုဓာတ် ပါဝင်ပေမယ့် […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိတယ် ငှက်ပျောသီးစားသင့်ရဲ့လား………..

ဆီးချိုရှိတယ် ငှက်ပျောသီးစားလို့ရလားဆိုတာကို မပြောခင်ငှက်ပျောသီးလေးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးအကြောင်းကို အရင်ပြောပြချင်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ်၊ဗီတာမင် နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေမှာ အသေအချာပါ။ ဒါပေမယ့် ငှက်ပျောသီးမှာပါတဲ့ အာဟာရဓာတ်အများစုက ဆီးချိုရောဂါကို အထောက်အကူပြုမှုနည်းပြီး ရောဂါကိုပိုတိုးစေနိုင်ခြေကများပါတယ်။ ငှက်ပျောသီးမှည့်လေလေ မစားသင့်လေလေပါ။ ဆီးချိုရှိတယ် ငှက်ပျောသီးစားချင်တယ်ဆိုရင်တော့ သိပ်မမှည့်သေးတဲ့ ငှက်ပျောသီးက အဆင်ပြေဆုံးဖြစ်မှာပါ။ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ဘာစားစားဂရုထားတာကအဆင်ပြေဆုံးဖြစ်မှာပါ။ အကြောင်းကတော့ စားလိုက်တဲ့ အစားအစာတိုင်းက သွေးတွင်းသကြားဓာတ်အပေါ်မှာ သွားသက်ရောက်နေနိုင်တာကြောင့်ပါ။ ဒီလိုဆိုတာနဲ့ ဆီးချိုရှိလို့ ငှက်ပျောသီးကို လုံးဝမစားရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ ငှက်ပျောသီးမှာ အကျိုးပြုအာဟာရဓာတ်များစွာ ပါဝင်နေတာကြောင့် စားသုံးပေးလို့ရတယ်လို့ အမေရိကန် ဆီးချိုရောဂါတိုက်ဖျက်ရေးအဖွဲ့ကြီးကဆိုပါတယ်။ အမျိုးအစား - ၂ ဆီးချိုရောဂါဖြစ်တဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကို အလုံအလောက်မထုတ်နိုင်တော့ပါဘူး။ ဒီလိုအခြေအနေမှာ ဆဲလ်တွေထဲမှာ သိုလှောင်ထားတဲ့ သကြားဓာတ်တွေက သွေးထဲကိုရောက်ရှိသွားပြီး သွေးတွင်းသကြားဓာတ်မြင့်တက်မှုတွေဖြစ်လာပါတော့တယ်။ ဒီသွေးတွင်းသကြားဓာတ်ကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း