ရွှေဝါရောင်သန်းနေတဲ့ ရွှေဖရုံသီးချိုချိုလေးက အသားအရေနဲ့ အမြင်အာရုံအတွက်တင်ကောင်းတာမဟုတ်ပါဘူး။ ဆီးချိုရှိသူတွေအတွက် အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။
ထွက်မှာ သေချာပြီလား။
ရွှေဝါရောင်သန်းနေတဲ့ ရွှေဖရုံသီးချိုချိုလေးက အသားအရေနဲ့ အမြင်အာရုံအတွက်တင်ကောင်းတာမဟုတ်ပါဘူး။ ဆီးချိုရှိသူတွေအတွက် အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။
ဝါဝါဝင်းနေတဲ့ ဖရုံသီးမှာ ဆီးချိုရှိသူတွေအတွက် သင့်တော်တဲ့
လေ့လာတွေ့ရှိချက်တွေအရ ရွှေဖရုံသီးမှာပါတဲ့ ပရိုတင်းဓာတ်တွေက ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို အကောင်းဆုံးဟန့်တားပေးနိုင်သလို မှိုပိုးတွေကိုလည်း အကောင်းဆုံးတိုက်ဖျက်ပေးနိုင်တာကြောင့် ခန္ဓာကိုယ်ကို ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကနေ အထိရောက်ဆုံးကာကွယ်ပေးပါတယ်။ အမျိုးအစား -၁ ဆီးချိုရှိသူတွေအနေနဲ့ ရွှေဖရုံသီးကို စားသုံးပေးမယ်ဆိုရင် ပျက်စီးသွာတဲ့ ပန်ကရိယဆဲလ်တွေကို ပြန်လည် အသစ်ဖြစ်ပေါ်စေနိုင်သလို ကိုယ်တွင်း အင်ဆူလင်ထုတ်လုပ်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဝမ်းမှန်စေနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်စွမ်းရှိသလို ဆီးကျိတ်ကြီးလာတာမျိုး မဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသေးတယ်။
ပိုတက်ဆီယမ်ပါဝင်နေမှုက သွေးပေါင်ချိန်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပြီး ဆီးချိုရဲ့ နောက်ဆက်တွဲအနေနဲ့ သွေးတိုးဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဘီတာကယ်လ်ရိုတင်းပါဝင်မှုက ကိုယ်ခံအားကိုကောင်းပြီး အရေပြား နဲ့ အမြင်အာရုံ ကျန်းမာစေနိုင်သလို ဆီးကျိတ်ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်နေမှုကြောင့် ကိုယ်ခံအားကောင်းစေနိုင်သလို အယ်လ်ဇိုင်းမားမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။ အမျှင်ဓာတ်ကြောင့် ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေပါတယ်။
လေ့လာမှုတွေအရကတော့ ရွှေဖရုံသီးမှာပါတဲ့ polysaccharide ကသွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းအဆီဓာတ်ကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။ ရွှေဖရုံသီးမှာပါတဲ့ phenolic phytochemical နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးပေါင်ကိုရော သွေးတွင်းသကြားဓာတ်ကိုပါအကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ရောင်ရမ်းမှုကို ကျစေနိုင်သလို အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးတာကို သက်သာစေနိုင်ပြီး နှလုံးသွေးကြောကျဉ်းတာမျိုးမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။
ဖရုံသီးမှာ သွေးချိုတက်စေနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်နေတယ်ဆိုပေမယ့် ဆီးချိုရောဂါအတွက် အကောင်းဆုံးအထောက်အကူပြုပေးနိုင်တဲ့ ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေတာကြောင့် ဆီးချိုသက်သာစေဖို့ရော နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ဖို့အတွက်ပါ ရွှေဖရုံသီးကို အမျိုးအစား-၁ ဆီးချိုရှိသူတွေရော အမျိုးအစား-၂ ဆီးချိုရှိသူတွေပါ စားသုံးပေးသင့်ပါတယ်နော်။
အစာလည်း ဆေး၊ ဆေးလည်း အစာပါ။ အတိုင်းအချင့်လေးနဲ့ စားပေးမယ်ဆိုရင် အကျိုးရှိမှာ အမှန်ပါပဲ။
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Asian Pumpkin Fights Type 1 Diabetes? https://www.webmd.com/diabetes/news/20070709/pumpkin-benefit-for-type-1-diabetes Accessed Date 7 November 2019
Pumpkin and Type 2 Diabetes https://diabetesmealplans.com/10597/pumpkin-and-type-2-diabetes/ Accessed Date 7 November 2019
Pumpkin for treating diabetes https://www.bodyandsoul.com.au/health/health-advice/pumpkin-for-treating-diabetes/news-story/ab2624788baaf8dc8238bc2e87377369 Accessed Date 7 November 2019
Diabetics and Pumpkin https://www.livestrong.com/article/488871-diabetics-and-pumpkin/ Accessed Date 7 November 2019