backup og meta

ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ

ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ

ဆီးချိုရှိတဲ့အခါ တစ်ခုခုစားမယ်ကြံလိုက်တိုင်း သွေးချိုတက်မလားအဆင်ပြေပါ့မလားဆိုပြီး တွေးတွေးနေရတာကလည်းတစ်လုပ်နော်။ ဒါစားရင်သွေးချိုတက်လိမ့်မယ် မစားနဲ့လို့ မိသားစုဝင်တွေဝိုင်းပြောတာကိုလည်း မကြာခဏခံခဲ့ရမှာပေါ့။ ဒါဆိုရင် ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ ကို အတူတူအဖြေထုတ်ကြည့်ရအောင်လား…..

ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ

ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ အကြောင်း မပြောခင် မေးခွန်းလေး တစ်ခု မေးချင်နေတာမျိုးများ မရှိဘူးလား…. ဒါကတော့ ဆီးချိုရှိတိုင်း ဘာမှမစားရတော့ဘူးလား ဆိုတာပေါ့။

ဒီလိုမဟုတ်ပါဘူး။ အတိုင်းအချင့်နဲ့စားလို့ရပါတယ်။ ဘာတွေများဂရုစိုက်ရမလဲ ကြည့်ရအောင်လား။

  • ဆီးချိုရှိတယ် သစ်သီးမစားရဘူး

ဆီးချိုရှိတယ်ဆိုတာနဲ့ သစ်သီးတွေမစားရတော့ဘူးဆိုတာ မဟုတ်ပါဘူး။ သစ်သီးမှာ သဘာဝအချိုဓာတ်ပါတာမမှန်ပေမယ့် ဆီးချိုရှိတာနဲ့ အသီးတွေကိုလုံးဝရှောင်ဖို့မလိုပါဘူး။ အချိုအရမ်းကဲတာတွေကိုတော့ အတိုင်းအချင့်နဲ့စားဖို့လိုပါမယ်။

သစ်သီးတွေမှာ အချိုများလွန်းတဲ့၊ အမှည့်လွန်နေတဲ့ အသီးကို ရှောင်ပါ။ ထမင်းကြီးနဲ့ အချိန် ၂နာရီခွာပြီး စားပေးပါ။

ဒါကလည်း အယူအဆမှားတစ်ခုပါ။ ဆီးချိုရှိတာနဲ့ သကြားလုံးဝရှောင်စရာမလိုပါဘူး။ လျှော့စားဖို့တော့ လိုပါမယ်။ အချိုလုံးဝဖြတ်တာက သွေးတွင်းသကြားဓာတ်ကျဆင်းမှုပြဿနာကို ခံစားရစေနိုင်ပါတယ်။

ဆီးချိုရှိတယ် ကာဗိုဟိုက်ဒရိတ်လုံးဝစားလို့မဖြစ်ဘူး

ဒါကလည်း မှားယွင်းနေပါတယ်။ ဆီးချိုရှိတယ်ဆိုတာနဲ့ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေကို ရှောင်လိုက်ရမှာ မဟုတ်ပါဘူး။ အထူးသဖြင့် Complex carbohydrateတွေဖြစ်တဲ့ ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံတွေက ဒါတွေက အမျှင်ဓာတ်ကြွယ်ဝသလို သွေးတွင်းသကြားဓာတ် ထိုးတက်တာမျိုးလည်း မဖြစ်စေပါဘူး။

ထမင်း၊ ခေါက်ဆွဲ၊ ကြာဆန် ဒီလိုမျိုး ကာ‌ဗိုဟိုက်ဒရိတ်တွေဆိုရင်တော့ သတိထားစားပါ။ ပမာဏကို ချိန်ညှိပြီး စားဖို့ လိုပါတယ်။

ဆီးချိုရှိလို့ ဆေးသောက်နေတယ်ဆိုတိုင်း စားချင်တာ စားလို့မရပါဘူး။ အကြောင်းကတော့ ဆေးက သွေးချိုကို အတိုင်းအတာတစ်ခုအထိပဲ ထိန်းသိမ်းနိုင်တာပါ။

ဆေးအပြင်  ကိုယ်ရဲ့ စားသောက်နေထိုင်မှုပုံစံကို ဂရုစိုက်မှ ဆီးချိုကို ထိန်းနိုင်မှာပါ။ ဒါကြောင့် အာဟာရပြည့်ဝပြီး သွေးချိုမတက်စေတဲ့ အစားအစာတွေကို စားတာ၊ လေ့ကျင့်ခန်းလုပ်ပါလို့ ပြောပါရစေနော်။

  • Sugar-free ဆိုအိုကေတယ်

စားဖို့တစ်ခုခုဝယ်တိုင်း Sugar-free ဆိုအိုကေပြီလို့ မတွေးလိုက်ပါနဲ့။ Sugar-free ဖြစ်နေရင်တောင်မှ ဒီအစားအစာထဲမှာ ကာဗိုဟိုက်ဒရိတ်၊ အဆီ နဲ့ ကယ်လ်လိုရီတွေများစွာ ပါဝင်နေနိုင်ပါသေးတယ်။ ဒါကြောင့် သကြားပါဝင်မှုရှိ၊မရှိ စစ်ပြီးရင် အခုပြောခဲ့တဲ့ အချက်လေးတွေကိုပါ စစ်ဆေးကြည့်စေချင်ပါတယ်။ သကြားမပါဘူးဆိုတိုင်း အတိုင်းအဆမရှိ စိတ်ကြိုက်စားလို့ရတယ်လို့ မဆိုသာပါဘူး။

အချိုရည်တွေသောက်ရင် သွေးချိုတက်လိမ့်မယ် ဒါဆို သစ်သီးဖျော်ရည်လေးတွေတော့သောက်လို့ရမှာပေါ့လို့ တွေးနေလား။ ဒါကလည်း အတိုင်းအတာတစ်ခုလောက်ပဲ သောက်လို့ရတာပါ။ အလွန်အကျွံအနေအထားဖြစ်လာရင် သစ်သီးဖျော်ရည်တွေကလည်း သွေးချိုကို မြင့်တက်စေနိုင်တာကြောင့် အတိုင်းအတာတစ်ခုလောက်ပဲ အဆင်ပြေပါတယ်။

  • ဆီးချိုရှိတယ် အာလူးမစားရဘူး

အာလူးက ကာဗိုဟိုက်ဒရိတ်ပါတယ်ဆိုပေမယ့် လုံးဝရှောင်ဖို့ မလိုပါဘူး။ အတန်အသင့်လောက်တော့ စားလို့ရပါတယ်။ အကောင်းဆုံးကတော့ အာလူးကို ကင်စားတာပါ။ အာလူးကို သံလွင်ဆီနဲ့ ကင်ပြီး အရွယ်တော်တစ်လုံးစာလောက်တော့ စားလို့ရပါတယ်။

ကန်စွန်းဥက ချိုလို့ စားလို့မရဘူး

ဆီးချိုရှိနေတယ်ဆိုပေမယ့် အမျှင်ဓာတ်နဲ့ ဗီတာမင် A ကြွယ်ဝစွာပါနေတယ်ဆိုတဲ့ ကန်စွန်းဥကို စွန့်လွှတ်လိုက်ဖို့ မလိုပါဘူး။ အစာခြေစနစ်အားကောင်းစေပြီး အမြင်အာရုံကျန်းမာစေဖို့ အကောင်းဆုံးစောင့်ရှောက်ပေးတဲ့ ကန်စွန်းဥကို အရွယ်တော်တစ်လုံးလောက်တော့ စားလို့ရပါတယ်။

ဒါကတော့ မှားယွင်းနေပါတယ်။ ဆီးချိုရှိတယ်ဆိုတာနဲ့ အချိုပွဲတွေကို လုံးဝစွန့်လွှတ်ရမယ် မဆိုပါဘူး။ နည်းနည်းလောက် (အာသာပြေရုံလေး) တော့စားလို့ရပါတယ်။ ရေခဲမုန့်ကို နှစ်ဇွန်းလောက်စားတာမျိုးပေါ့။ စိတ်လွတ်ကိုယ်လွတ်နဲ့ အကြိုက်တော့မစားမိစေနဲ့ပေါ့။

မလိုပါဘူးနော်။ အခုခေတ်မှာ အဆီထုတ်နို့ နဲ့ နို့ထွက်ပစ္စည်းတွေမှ ရွေးစရာတစ်ပုံကြီးပါ။ ဒါကြောင့် အဆီထုတ်ထားတ့ ဒိန်ချဉ်ကို သစ်သီးလေးတွေနဲ့တွဲစားလို့ရသလို အဆီထုတ်နို့သောက်လို့လည်း ရပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diabetes and Food: 5 Myths and Facts https://www.webmd.com/diabetes/features/diabetes-food-myths-facts#2 Accessed Date 20 November 2019

Diabetes food myths https://www.diabetes.org.uk/guide-to-diabetes/enjoy-food/eating-with-diabetes/diabetes-food-myths Accessed Date 20 November 2019

10 Diabetes Diet Myths https://www.healthline.com/health/diabetes/diet-myths Accessed Date 20 November 2019

ယခုပုံစံ

05/10/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း

ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement