ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် အကောင်းဆုံးသောအစားအစာတွေက ဘာတွေဖြစ်မလဲ...

ဆီးချိုရောဂါက ကမ္ဘာ့လူဦးရေတွေကို ခြိမ်းခြောက်လာနေတဲ့ ကျန်းမာရေးပြဿနာကြီးတစ်ရပ်ပါ။ ဒီရောဂါက သူတင် ခန္ဓါကိုယ်ကို ဒုက္ခပေးတာမဟုတ်ပါဘူး။ အခြားနောက်ဆက်တွဲရောဂါတွေကိုပါ ခေါ်လာပြီး ကျန်းမာရေးကို ထိခိုက်စေတာပါ။ ဆီးချိုကြောင့်ကျန်းမာစေဖို့နဲ့ နောက်ဆက်တွဲရောဂါတွေ ဝင်မလာစေဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးဖို့လိုပါမယ်။ ဆီးချိုဖြစ်လာရင် အချိုလျှော့စားရုံနဲ့ အဆင်ပြေပြီလား.... လူတော်တော်များများယူဆလက်ခံထားတာက ဆီးချိုဖြစ်ရတာက အချိုစားများတာကြောင့်လို့ပေါ့။ တကယ်ကတော့ ဆီးချိုကိုဖြစ်စေတာက အချိုအစားများတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ သွေးတွင်းအဆီဓါတ်များတာ၊ ခန္ဓါကိုယ်က အင်ဆူလင်ကို ကောင်းကောင်းမတုံ့ပြန်တာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ၊ မျိုးရိုးရှိတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အချိုကဲ အငန်ကဲတဲ့အစားအစာတွေကို အလွန်အကျွံစားသုံးတာတွေကြောင့်လည်း ဆီးချိုရောဂါဖြစ်လာနိုင်ပါတယ်။ ဆီးချိုဖြစ်ရင် မဖြစ်မနေဂရုစိုက်သင့်တဲ့ အချက်တစ်ချက် ဆီးချိုရှိသူတွေအနေနဲ့ ကျန်းမာနေစေဖို့ဆိုရင်တော့ မဖြစ်မနေဂရုစိုက်ရမယ့် အချက်တစ်ချက်ရှိပါတယ်။ ဒါကတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပေးဖို့ပါ။ ဒီတော့ ဆီးချိုရှိသူတစ်ဦးအနေနဲ့ ကျန်းမာနေစေဖို့ ဘာတွေစားမလဲ.... အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ - အမျှင်ဓါတ်ပါဝင်နေသလို ဗီတာမင် နဲ့ […]


အမျိုးအစား (၂) ဆီးချို

အိမ်မှာပဲ ကိုယ်တိုင် ဆီးချိုသွေးချိုစစ်မယ်ဆိုရင်

ဆီးချို သွေးချို စစ်မယ်ဆိုရင် ဆေးခန်းမှာ၊ ဆေးဆိုင်တွေမှာ စစ်ပေးတယ် ဆိုပေမယ့် သွေးတွင်းသကြားဓာတ်တိုင်း ကိရိယာ တစ်ခုတော့ အိမ်မှာ ရှိထားသင့်ပါတယ်။ အိမ်မှာပဲ ကိုယ်တိုင် ဆီးချိုသွေးချိုစစ်မယ်ဆိုရင် ဘာတွေများ သိထားဖို့ လိုမလဲ။ အထူးသဖြင့် ကိုယ့်မိသားစုထဲမှာ ဆီးချို ရှိသူ တစ်ယောက် ရှိနေတယ် ဆိုရင်ပေါ့။ သွေးတွင်းသကြားဓာတ် အတက်အကျကို သက်ရောက်နိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိသလို အချိန်မရွေးလည်း ပြောင်းလဲနိုင်ပါတယ်။ အိမ်မှာ ရှိနေမှ လိုအပ်တဲ့ အချိန်တိုင်း စစ်ဆေးကြည့်လို့ ရနိုင်မယ်၊ ပုံမှန် စစ်ဆေးလို့ လွယ်ကူနိုင်ပါမယ်။ တက်နေတာလား၊ ကျနေတာလား မရေမရာ ဖြစ်နေတဲ့ အချိန်မှာ သွေးဖောက် စစ်ဆေးလိုက်တာ အကောင်းဆုံး ပါပဲ။ အိမ်မှာပဲ ကိုယ်တိုင် ဆီးချိုသွေးချိုစစ်မယ်ဆိုရင် အိမ်မှာပဲ ကိုယ်တိုင် ဆီးချိုသွေးချိုစစ်မယ်ဆိုရင် ဒီအချက်လေးတွေကို […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိသူတွေ ဖျားတဲ့အခါ

အအေးမိတယ်၊ ဖျားတယ်ဆိုတာက သာမန်လူတွေအတွက်တော့ အသေးအဖွဲလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဆီးချိုရှိသူတွေ မှာတော့ အသေးအဖွဲမဟုတ်ပါဘူး။ အအေးမိတာ၊နှာစေးတာ၊ ချောင်းဆိုးတာတွေ အကုန်လုံးက သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေနိုင်တဲ့ အခြေအနေတွေရှိနေတာပါ။ ရောဂါကြောင့်ရော သောက်သုံးရတဲ့ ဆေးဝါးတွေကြောင့်ပါ ခန္ဓာကိုယ်မှာ ထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေ ဖျားတဲ့အခါ ပုံမှန် ပြုစုစောင့်ရှောက်တာထက် ပိုပြီး ဂရုစိုက်ဖို့လိုပါမယ်။ ဖျားနေချိန်မှာ ဘာလို့သွေးတွင်းသကြားဓာတ် မြင့်တက်ရတာလဲ.... အဖျား ရှိတဲ့အခါ ခန္ဓာကိုယ်က ကိုယ်တွင်းကို ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီအခြေအနေက ကိုယ်တွင်းမှာ အင်ဆူလင် ထွက်ရှိမှုကို နှေးစေပြီး သွေးတွင်းသကြားဓာတ်က မြင့်တက်လာနိုင် ပါတယ်။ တကယ်လို့ အမျိုးအစား - ၁ ဆီးချိုရောဂါသာ ရှိနေမယ် ဆိုရင် ဒီအခြေအနေက ထိန်းချုပ်ရခက်ခဲနိုင်ပြီး သွေးတွင်းမှာ အက်ဆစ်ဓာတ်တွေများလာပြီး […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုနဲ့ကျောက်ကပ်ရောဂါရှိသူတွေအတွက်အထောက်အကူပြုပေးမယ့် ကျန်းမာရေးစောင့်ရှောက်မှု ဖေ့ဘွတ်ဂရု

ရောဂါတစ်ခုခုဖြစ်လာရင် သက်တမ်းစေ့နေနိုင်ဖို့ ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ အသက်ရှည်ရှည်ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက်က ကိုယ်တိုင်ကရော မိသားစုဝင်တွေကပါသေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ ဒီလိုဂရုစိုက်တဲ့အခါနားလည်တတ်ကျွမ်းသူတွေ နဲ့ မိသားစုဝင်တွေအတူတူတိုင်တိုင်ပင်ပင်နဲ့ ဂရုစိုက်တာက ပိုပြီး အထောက်အပံ့ဖြစ်နိုင်ပါတယ်။ ဆီးချို၊သွေးတိုး၊ နှလုံး၊ကျောက်ကပ်ရောဂါတို့လိုမျိုး နာတာရှည်ရောဂါသမားတွေအတွက်ဆိုရင် ဒီလိုဂရုစိုက်မှုမျိုးနဲ့ မျှဝေပြောဆိုခြင်းတွေက ပိုပြီး လိုအပ်မှာပါ။ ရောဂါအကြောင်းတတ်သိနားလည်သူတွေနဲ့ အမြဲမပြတ်ထိတွေ့နေမှုကနေ ဒီလိုကောင်းကျိုးတွေရရှိခံစားရနိုင်ပါတယ် ဆီးချိုရောဂါ၊ကျောက်ကပ်ရောဂါတွေက တစ်ခဏတာပဲခံစားရတာမဟုတ်သလို ကုသလိုက်ရုံနဲ့ ချက်ချင်းပျောက်ကင်းသွားတာတော့လည်း မဟုတ်ပါဘူး။ နာတာရှည်ရောဂါဆိုတာက အခါမလပ်သေချာလေးဂရုစိုက်ပေးနိုင်မှတော်ကာကျတာပါ။ ဒါကြောင့် ကိုယ်တိုင်ရော မိသားစုဝင်တွေအပြင်ရောဂါအကြောင်းတတ်သိနားလည်သူတွေ ပါဝင်နေတဲ့ အဝန်းအဝိုင်းအတွင်းမှာနေတာက တိုင်ပင်ဖော်ရသလို လိုအပ်တဲ့စောင့်ရှောက်မှုတွေနဲ့ လိုက်နာကျင့်ကြံရမယ့် အကြံဉာဏ်ကောင်းတွေကိုပါ ရရှိနိုင်မှာပါ။ အရေးပေါ်အခြေအနေမှာ အကြံဉာဏ်ကောင်းတွေရနိုင်တယ် နောက်တစ်ချက်က ဆီးချိုရှိသူတွေအနေနဲ့သွေးချိုအတက်အကျမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေကြောင့် ကြီးမားတဲ့ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။သွေးချိုတက်တယ်၊ကျတယ်ဆိုတာက မကြုံဖူးတဲ့သူတွေအဖို့ အရမ်းထိတ်လန့်စရာကောင်းတဲ့အခြေအနေပါ။ ဒီအခြေအနေမျိုးမှာ တတ်သိနားလည်သူတွေရဲ့ အကူအညီကို လိုအပ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ချစ်ခင်ရသူကိုအကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်ဖို့ဆိုရင် ရောဂါအကြောင်း တတ်သိနားလည်သူတွေ ပါဝင်နေတဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုကျစေတဲ့ ကင်းပုံသီးနဲ့ ကင်းပုံရွက်

ဈေးမှာလွယ်လွယ်ဝယ်လို့ရပြီး စားလို့ကောင်းတဲ့ ကင်းပုံသီးကို သိပ်စိမ်းကြမယ်မထင်ပါဘူးနော်။ ကင်းပုံသီးကြော်က ထမင်းစားမြိန်စေတဲ့ အရံဟင်းလေးတစ်ခွက်ပါ။ ဟိုအရင်ကဆိုခြံစည်းရိုးတွေမှာ အလေ့ကျပေါက်တဲ့ နွယ်ပင်လေးတွေပေါ့။ ဒီလိုနွယ်တက်နေတဲ့ ကင်းပုံညွန့်လေးတွေကိုလည်းပြုတ်တို့လို့ရ၊ကြော်ချက် သို့မဟုတ် ဟင်းချိုချက်သောက်လို့ရတယ်ဆိုတာရော သိကြပါသလား။ အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ စားသုံးလေ့ရှိတဲ့ အသီးနဲ့အရွက်ဖြစ်ပြီး ကင်းပုံပင်က ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုတိုးတက်စေတယ်၊သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးတယ်၊ ဆီးချိုကာကွယ်တယ်၊ နှလုံးနဲ့ အာရုံကြောစနစ်အတွက်ကောင်းတယ် စသည်ဖြင့် ယုံကြည်ကြပါတယ်။လေ့လာမှုတချို့အရဆိုကျောက်ကပ်ကျောက်တောင်ကြေစေနိုင်ပါတယ်တဲ့။ ဘယ်လိုဆေးဖက်ဝင်တာလဲ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတယ် ရှေးခေတ်ဆေးပညာမှာ ကင်းပုံကိုဆီးချိုရောဂါကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။ ကင်းပုံပင်ရဲ့ ရိုးတံနဲ့အရွက်ကိုကြော်ချက်တာ ဒါမှမဟုတ် ဟင်းချိုခတ်သောက်တာဖြစ်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် စားပေးခြင်းအားဖြင့် ဆီးချိုအတက်အကျ ထိန်းနိုင်စေပါတယ်တဲ့။ အဝလွန်မဖြစ်အောင် ကာကွယ်ပေးတယ် ကင်းပုံသီးက အဝလွန်ခြင်းကိုကာကွယ်ပေးနိုင်တယ်လို့ သုတေသနကဖော်ပြထားပါတယ်။ သူက အဆီဆဲလ်မဖြစ်ခင်အခြေအနေမှာ ကြိုတင်တားဆီးပေးတာဖြစ်ပြီး ဇီဝဖြစ်စဉ်ကိုနှုန်းပိုမြန်စေပြီးသွေးတွင်းသကြားဓါတ်ကိုလျော့ကျစေပါတယ်။ မောပန်းနုံးချိခြင်း သံဓါတ်ဟာ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေအတွက် မရှိမဖြစ်ဓါတ်တစ်မျိုးပါ။ ကင်းပုံသီးမှာ သံဓါတ် ၁.၄ မီလီဂရမ်ပါဝင်လို့သွေးအားနည်းခြင်း၊မောပန်းနုံးချိခြင်းတွေကိုပြေပျောက်စေပါလိမ့်မယ်။ သံဓါတ်အားနည်းရင် ဖြစ်တတ်တဲ့ သွေးအားနည်းတာ အပါအဝင် တခြားလက္ခဏာတွေကိုပါ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ချင်ရင် ဒီ စစ်ဆေးမှုတွေကို ပုံမှန်လုပ်ပါ ။

သွေးတွင်းသကြားဓာတ် တွေ များနေရင် ဆီးချိုဖြစ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ကိုယ်စားချင်တိုင်းလည်း စားမရ၊ ဆေးတွေလည်း တောက်လျှောက်သောက်ရတာကြောင့် ဆီးချိုလို့ဆိုလိုက်တာနဲ့ လူတိုင်း စိတ်ညစ်ကြပါတယ်။ ဒါပေမယ့်လည်း ရှောင်လွဲမရလို့ ကိုယ့်မှာ ဆီးချို ဖြစ်ခဲ့ပြီဆိုရင် တက်နေတဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ အရေးကြီးဆုံးဖြစ်သလို ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကြိုတင်ကာကွယ်ထားဖို့ကလည်း အရေးကြီးပါသေးတယ်။ တကယ်လို့ ဆီးချိုရှိနေတယ်။ နောက်ဆက်တွဲတွေဖြစ်လာမှာကြောက်လို့ ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ချင်ရင် ဒီစစ်ဆေးမှုလေးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ ဘယ်လို စစ်ဆေးမှုတွေလဲ ဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဒီတော့ ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ချင်ရင် ဘယ်လို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်သင့်လဲ။  မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်သလို၊ ဖြစ်တာကို စောစောသိရင် စောစောကုသလို့ရခြင်းကလည်း အရာရောက်တာကြောင့် ဆီးချို ဝေဒနာရှင်တိုင်း ခုပြောမယ့် ကျန်းမာရေးစစ်ဆေးမှုတွေကို ပုံမှန် […]


အမျိုးအစား (၂) ဆီးချို

အိမ်က ဆီးချိုရှိတဲ့ဘိုးဘိုးဘွားဘွားတွေ အတွက် အစားအသောက်ကို ဘယ်လိုပြင်ဆင်ပေးကြမလဲ ။ ။

ဆီးချိုဆိုတဲ့ ရောဂါက ခက်တော့အခက်သား။ ကိုယ်စားချင်တာတွေ စားလို့မရ၊ စားချင်တိုင်းလည်း မစားရတဲ့ ရောဂါတစ်ခုဆိုတော့ ဆီးချိုဖြစ်ပြီဆိုတာနဲ့ မစားရတော့ဘူးဆိုပြီး စိတ်ညစ်တာက အရင် နောက်မှ ရောဂါရှိနေကြောင်း လက်ခံကြတာထုံးစံပါ။ အားလုံးလဲသိကြမှာပါ။ ဆီးချိုရှိပြီဆိုတာနဲ့ သကြားဆိုတာကိုယ့်ရန်သူ၊ ကိုယ်အကြိုက်ဆုံး ထမင်းဆိုလည်း အဝေးလေးကနေပဲ မျှော်ပြီးကြည့်နေရတဲ့ မြင်သာမြင် မကြင်ရတော့တဲ့သူ ဖြစ်သွားပါတော့တယ်။ ဒီတော့ ဆီးချိုသမားတွေ ခေါင်းထဲတွေးလေ့ရှိတာတဲ့အတွေးလေးက ဘာများဖြစ်မလဲ။ ဆီးချိုဖြစ်ပြီဆို ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာလေးပေါ့။ ဆီးချို မထိန်းနိုင်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ နှလုံး၊ကျောက်ကပ်ရောဂါတွေကလည်း ရှိသေးတော့ ေသွးတွင်းသကြားဓါတ်ထိန်းမှ ဖြစ်မှာလေ။ သွေးတွင်းသကြားဓါတ်ကို ထိန်းတဲ့နေရာမှာလည်း အစားအစာက အဓိကဆိုတော့ ဟိုဟာနဲ့ မတည့် ဒီဟာလည်း စားမရ။ ဘာတွေ များစားလို့ရဦးမလဲ ။ ။ အရမ်းကြီးလည်း စိတ်ညစ်မသွားပါနဲ့။ ဆီးချိုဆိုတာ ဆေးချက်ချင်းမသောက်ရဘဲ အစားနဲ့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုနဲ့အရေပြားထိန်းသိမ်းစောင့်ရှောက်မှု

ဆီးချိုက ခုနောက်ပိုင်းမှာ လူတော်တော်များများမှာ ခံစားရတဲ့ရောဂါတစ်ခုလိုတောင်ဖြစ်နေပါပြီ။ပြောင်းလဲလာတဲ့ စားသောက်မှုပုံစံ လှုပ်ရှားမှုနည်းတဲ့ လူနေမှုပုံစံတွေကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါခံစားရသူအရေအတွက်ကတော်ေ်တာ်လေးများလာပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါက တစ်ကိုယ်တည်းနေတတ်တဲ့ရောဂါမဟုတ်တာတော့အသေအချာပါ။ ဒီတော့နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်မှုတွေက လုပ်ဖို့လိုအပ်လာမှာ အမှန်ပါ။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအတွက် အရေပြားထိန်းသိမ်နည်းလေးပြောပြပေးပါရစေ။ ဆီးချိုသမားတွေက အခြားသူတွေထက် အသားအရေကို ပိုဂရုစိုက်ဖို့လိုပါမယ် ဆီးချိုသမားတွေက ကိုယ်ခံအားနည်းနေတတ်ကြပါတယ်။ ဒါကဆီးချိုသမားတွေမှာမှ မဟုတ်ပါဘူး။ရောဂါအခံတစ်ခုခုခံစားနေရသူတိုင်းက ကိုယ်ခံအားနည်းတတ်ကြတာပါ။ ဆီးချိုရှိသူတွေက အရေပြားမှာရောဂါကူးစက်ခံရနိုင်ခြေ၊ အရေပြားထိခိုက်နိုင်ခြေက ပုံမှန်ထက် ပိုများနေတာတော့ အမှန်ပါ။ ဆီးချိုရောဂါရှိသူတွေမှာခြေထောက်နဲ့ နားအရေပြားတွေက ထိခိုက်မိနိုင်ခြေများသလို ပိုးဝင်ကူးစက်နိုင်ခြေလည်းများပါတယ်။ ဆီးချိုရောဂါခံစားနေရသူတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်က အရေပြားပြဿနာကို ခံစားနေရကြရတာပါ။ အမျိုးအစား (၁) ဆီးချိုရောဂါခံစားနေရသူ ၅၀ ရာခိုင်နှုန်းလောက်ကလည်း အရေပြားခြောက်သွေ့မှုကို ခံစားနေကြရပါတယ်။ အရေပြားယားယံမှုကြောင့် ကုတ်ရာကနေ ထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေက အပေါ်ယံအရေပြားလွှာကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ နောက်ထပ်ကြုံရနိုင်တဲ့ပြဿနာက […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် အသင့်တော်ဆုံးအသီးအနှံများ

ဆီးချိုရှိပြီဆိုတာနဲ့ တက်မှာစိုးပြီး အသီးတွေလည်း မစားရဲ၊ ထမင်းလည်း မစားရဲနဲ့ ခန္ဓာကိုယ်မှာ ရသင့်တဲ့ အာဟာရဓာတ်တွေ အလုံအလောက်မရတော့ပါဘူး။ တချို့ကျလည်း သိပ်တွေးမနေဘဲ စားချင်ရာ မရှောင်တမ်းစားပစ်တာ ဆီးချိုက တက်လို့တက်မှန်းတောင် မသိတော့ပါဘူး။ ဒီအခြေအနေနှစ်မျိုးလုံးက ဆီးချိုဝေဒနာရှင်တွေရဲ့ကျန်းမာရေးကို ပိုဆိုးစေပြီး ဆီးချိုရဲ့နောက်ဆက်တွဲပြဿနာတွေဆီ ဆွဲခေါ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ဆီးချိုရောဂါရှိသူတွေဟာ စားဖို့လည်း ကြောက်ဖို့မလို၊ မကြောက်ဘဲလည်း စားဖို့မသင့်၊ ထိန်းထိန်းသိမ်းသိမ်း စားသောက်နေထိုင်တတ်ဖို့ အရေးကြီးတယ်ဆိုတာ သိဖို့လိုပါတယ်။ ဆီးချိုရောဂါစားသောက်ပုံအကြံပြုချက်တွေကိုလေ့လာပါ၊ မှတ်သားပါ၊ ဆင်ခြင်ပါ။ ဒီတစ်ခါတော့ ဆီးချိုသမားတွေအတွက်ရွေးချယ်ဖို့ အသင့်တော်ဆုံးအသီးအနှံတွေကိုဖော်ပြပေးလိုက်ပါတယ်။ မကြာခဏစားလို့ရတဲ့ အသီးတွေက - ဘယ်ရီသီးတွေ -စတော်ဘယ်ရီ၊ဘလူးဘယ်ရီ တို့လို ဘယ်ရီသီးနွယ်ဝင်တွေဟာ အချိုဓာတ်ပါဝင်မှုနည်းပြီး တခြားအသီးတွေထက် သွေးတွင်းသကြားဓာတ်အပေါ်သက်ရောက်မှုနည်းကြပါတယ်။ ဘယ်ရီသီးတွေမှာ ဗီတာမင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း အများကြီးပါတယ်လေ။ ပန်းသီး-ပန်းသီးဟာ အစေ့အဆန်တွေလို ပရိုတင်းများတဲ့အစားအစာတွေနဲ့တွဲဖက်စားသင့်တဲ့ အကောင်းဆုံးအမျှင်ဓာတ်အသီးတစ်မျိုးဖြစ်ပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေက

ခေတ်စနစ်တွေ တိုးတက်လာနေသလို ရောဂါဖြစ်ပွားမှုနှုန်းတွေကလည်း အဆက်မပြတ် တိုးလာနေပါတယ်။ လေ့လာမှုစစ်တမ်းတွေအရ ကမ္ဘာတလွှားမှာ ဆီးချိုဝေဒနာ ခံစားနေရသူအရေအတွက်က သိသိသာသာကို မြင့်တက်လာနေပါတယ်။ ဆီးချိုဝေဒနာက မျိုးဗီဇဖွဲ့စည်းမှု၊ မျိုးရိုးလိုက်တာ၊ ရောဂါအခံနဲ့ ပတ်ဝန်းကျင်က အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါက လူတစ်ဦးချင်းစီနဲ့ ခံစားနေရတဲ့ ဆီးချိုအမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ အခုတစ်ခေါက် ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေက ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေက ဘာတွေဖြစ်မလဲဆိုတာကို လေ့လာလိုက်ရအောင်နော်။ ဆီးချိုဖြစ်ရတဲ့ အကြောင်းအရင်းတွေက အမျိုးအစား - ၁ ဆီးချိုရောဂါ ဘာကြောင့်ဖြစ်ရတာလဲ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်အတွက် အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယဆဲလ်တွေကို ဖျက်ဆီးလိုက်တဲ့အချိန်မှာ အမျိုးအစား - ၁ ဆီးချိုရောဂါ ဖြစ်လာရတာပါ။ ခန္ဓာကိုယ်က အင်ဆူလင်ပမာဏကို လုံလောက်အောင်မထုတ်နိုင်တဲ့ အခြေအနေကြောင့် အမျိုးအစား - […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း