ဆီးချို အကြိုလက္ခဏာရှိသူတွေ ဘယ်လိုစားသောက်နေထိုင်ကြမလဲ……

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဆီးချိုဆိုတာက ကမ္ဘာပေါ်က လူဦးရေတော်တော်များများကို ဒုက္ခပေးနေတဲ့ရောဂါတစ်ခုပါ။ ဆီးချိုက ဖြစ်ပြီးသွားရင် ပြန်ပျောက်သွားရိုးထုံးစံမရှိပါဘူး။ အမြဲဆေးသောက်နေရမှာဖြစ်သလို အစားအသောက်အနေအထိုင်ကိုလည်း ဆင်ခြင်နိုင်မှ တော်ကာကျတာပါ။ အကောင်းဆုံးကတော့ ဆီးချိုကို မဖြစ်အောင်ကာကွယ်တာပါ။

ဆီးချိုအမျိုးအစား ဘယ်နှမျိုးရှိလဲ………

ဆီးချိုရောဂါက

ဆီးချိုရောဂါအကြိုလက္ခဏာ (prediabetes)
• အမျိုးအစား -၁ ဆီးချိုရောဂါ (Type 1 diabetes)
အမျိုးအစား -၂ ဆီးချိုရောဂါ (Type 2 diabetes) ဆိုပြီးရှိပါတယ်။

ဆီးချိုရောဂါ အကြိုလက္ခဏာ ဆိုတာ

ဆီးချိုရောဂါအကြိုလက္ခဏာဆိုတာက သွေးတွင်းသကြားဓာတ်က ပုံမှန်ထက်မြင့်နေတတ်ပေမယ့် အရမ်းမြင့်နေတာမျိုးတော့ မဟုတ်ပါဘူး။ အမျိုးအစား (၂) ဆီးချိုခံစားရသူတွေက ဆီးချိုရောဂါအကြိုလက္ခဏာကို ခံစားကြရပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာအနေနဲ့ ကသိသာထင်ရှားတာမျိုးမရှိပါဘူး။

ကြိုတင်ကာကွယ်ပါ ဆီးချိုရောဂါ အကြိုလက္ခဏာ

ဆီးချိုရောဂါ အကြိုလက္ခဏာကို သေချာကာကွယ်ကုသမှုက အမျိုးအစား (၂) ဆီးချိုရောဂါ အပါအဝင် ပြင်းထန်တဲ့ နာတာရှည် လက္ခဏာတွေကို ကာကွယ်ရာရောက်သလို ကျောက်ကပ်၊ နှလုံး၊ သွေးကြောလေးတွေ နဲ့ မျက်လုံး တို့ကိုပါ ထိခိုက်မှုမဖြစ်အောင်ကာကွယ်ရာရောက်ပါတယ်။

ဘယ်လိုလက္ခဏာတွေရှိလဲ…….

ဆီးချိုရောဂါအကြိုလက္ခဏာကို ခံစားရပြီဆိုရင်

• ရေခဏခဏဆာမယ်
• ဆီးခဏခဏသွားမယ်
အမြင်အာရုံတွေ ဝေဝါးမယ်
• ပုံမှန်ထက်ပိုပင်ပန်းနေမယ် စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ…….

ဆီးချိုရောဂါအကြိုလက္ခဏာက ဒီလိုလူတွေမှာပိုဖြစ်နိုင်ပါတယ်။

• အသက် ၄၅ နှစ်အထက်သူတွေ
• အမျိုးသားတွေဆိုရင် ခါးဆိုဒ် လက်မ ၄၀ ထက်ကျော်နေသူတွေ၊ အမျိုးသမီးတွေဆိုရင် ခါးဆိုဒ် ၃၅ လက်မထက်ပိုများ နေသူတွေ
• အနီရောင်အသား၊ ပြုပြင်ထားတဲ့ အသား နဲ့ အချိုရည်တွေကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးတတ်ပြီး အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက် နဲ့ အခွံမာသီးတွေကို မစားတဲ့သူတွေ
အဝလွန်နေသူတွေ (အထူးသဖြင့် ဗိုက် အဆီကပ်နေသူတွေ)
• သွေးတွင်း ကိုလက်စထရောများသူတွေ
ကိုယ်လက်လှုပ်ရှားမှုမရှိသူတွေ
• မွေးစဉ်က ၉ ပေါင်ကျော်သူတွေ
ကိုယ်ဝန်ဆောင်ဆီးချိုရှိတဲ့ မိခင်က မွေးဖွားသူတွေ
• မှန်ကန်တဲ့ အိပ်စက်မှုအလေ့အကျင့်မရှိသူတွေ
• စိတ်ဖိစီးမှုများတဲ့သူတွေမှာ ပုံမှန်ထက်ဆီးချိုရောဂါအကြိုလက္ခဏာဖြစ်နိုင်ခြေပိုများပါတယ်။

ဘယ်လိုစားသောက်နေထိုင်ကြမလဲ………..

ဆီးချိုရောဂါအကြိုလက္ခဏာခံစားလာရတဲ့အခါ ဆီးချိုဖြစ်တဲ့အဆင့်ကို မရောက်စေဘဲ ကျန်းမာစေဖို့အတွက်

အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာတွေကိုစားပေးပါ
• အစားကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများစားပေးပါ
• သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ
ရေများများသောက်ပါ
• နေရောင်ခြည်ခံပါ
• အိပ်ရေးဝဝအိပ်ပါ
• စိတ်ဖိစီးမှုတွေကိုဖြေလျှော့ပါ
• ထိုက်သင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုရယူပါ
• ပုံမှန်သွေးချိုစစ်ပါ။

ဆီးချိုရောဂါမဖြစ်စေဖို့အတွက် ဆီးချိုရောဂါအကြိုလက္ခဏာ ခံစားရချိန်ကစပြီး သေချာကာကွယ်လို့ ကျန်းမာတဲ့ လူနေမှုပုံစံပိုင်ဆိုင်အောင်လုပ်ဆောင်ကြစို့လား……….

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

    နေပူ ထဲမှာ ရေရှည်လမ်းလျှောက်နိုင်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ သေချာဂရုမစိုက်ဘူးဆိုရင် အိမ်ရောက်တာနဲ့ မှောက်ပြီး နောက်နေ့တွေ လျှောက်နိုင်မှာ မဟုတ်ပါဘူး။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    အော်ရင်းဟစ်ရင်း အသံဝင် သွားခဲ့သည်ရှိသော်

    အော်ရင်းဟစ်ရင်း အသံဝင် သွားတယ်ဆိုတာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။ အသံပြာသွားတာ၊ အသံဝင် သွားတာကို Hoarseness လို့ ခေါ်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung

    အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

    အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား။ ဒါကဘာကြောင့်လဲဆိုတာကို သေသေချာချာ သိပြီးရဲ့လား မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်နော်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ကိုယ်ဝန်ဆောင်မေမေ ကော်လာဂျင် သောက်လို့ရလား………………….

    ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလည်ပတ်မှုကောင်းတာကြောင့် အသားအရေက ကြည်လင်လှပနေသလို ဆံသားကလည်း နက်မှောင်နေတတ်ပါတယ်။ ဒါဆို ဒီလိုကာလမှာရော ကော်လာဂျင်က လိုဦးမှာလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

    အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 2 mins read
    အကြောက်တရား နဲ့ ကျန်းမာရေး

    အကြောက်တရား နဲ့ ကျန်းမာရေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
    ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

    ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
    တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

    တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read