backup og meta

ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း

    ဆီးချိုရှိသူအများစုဟာ သွေးတွင်းသကြားဓာတ်မြင့်တက်မှာစိုးလို့ဆိုပြီး သစ်သီးတော်တော်များများကို မစားရဲကြပါဘူး။ ဒါပေမယ့် အသီးတိုင်းကိုမစားရတာလားဆိုတော့ မဟုတ်ပါဘူး။ ဆီးချိုရှိပေမယ့် စားလို့ရတဲ့ သစ်သီးရှိပါတယ်။ ဒီအသီးလေးက သွေးချိုမတက်စေတဲ့အပြင် ကျန်းမာရေးကိုတောင် အထောက်အကူပြုပေးနိုင်ပါသေးတယ်။ အခုတစ်ခေါက်တော့ ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း ကို ပြောပြပေးချင်ပါတယ်။

    ဆီးချိုသမားတွေကို သွေးတွင်းသကြားဓာတ်ထိန်းညှိပေးပြီး နှလုံးရောဂါ နဲ့ အဝလွန်တာလိုမျိုး ရောဂါတွေကိုပါသက်သာစေနိုင်တဲ့ သလဲသီးလေးပါ။ အမျိုးအစား – ၂ ဆီးချိုရောဂါခံစားနေရသူတွေနဲ့ အထူးသင့်တော်ပါတယ်။ အပြင်ခွံက အဝါရောင်ခပ်ဖျော့ဖျော့ ဒါမှမဟုတ် အနီရောင်စိုစိုလေးရှိပြီး အထဲမှာ ပန်းရောင်ဒါမှမဟုတ် အနီရောင် အစေ့ငယ်လေးတွေ အကန့်လိုက်ပါဝင်နေပြီး စားလိုက်ရင် ချိုချိုချဉ်ချဉ်လေးနဲ့ စားကောင်းတဲ့ သလဲသီးက ဆီးချိုသမားတွေနဲ့ အထူးသင့်တော်တယ်လို့ ဘာကြောင့်ပြောရတာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

    ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း

    ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း ကတော့ အရသာရှိတဲ့ သလဲသီးလေးက

    သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်

    သလဲသီးမှာ အချိုဓာတ် ပါဝင်ပေမယ့် ဒီ အချိုဓာတ်နဲ့အတူ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါ ကပ်လျက် ပါဝင်နေပါတယ်။ သလဲသီးမှာ ပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပြီး ဆဲလ်တွေ ပျက်စီးမှုမဖြစ် အောင်ကာကွယ်ပေးနိုင်ပါတယ်။

    သလဲသီးမှာပါဝင်နေတဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေက သွေးတွင်းသကြားဓာတ် ကျဆင်းအောင် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။ Free radicals တွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင် ပါသေးတယ်။

    အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ကောင်းစေနိုင်တယ်

    သလဲသီးမှာ အမျိုးအစား -၂ ဆီးချိုရောဂါကို အကောင်းဆုံးထိန်းချုပ်ပေးနိုင်တဲ့ tannin နဲ့ gallic acid တို့လိုမျိုး အပင်ကနေရတဲ့ ဓာတုဒြပ်ပေါင်းတွေပါဝင်နေပြီး အင်ဆူလင်ထုတ်လွှတ်အောင် လှုံ့ဆော်ပေးပါတယ်။

    ဆီးချိုကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေနဲ့ အဝလွန်တာကိုပါ အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ သလဲသီး အနီရောင်က အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေနဲ့ အထူးသင့်တော်ပါတယ်။

    သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တယ်

    သလဲသီးကို ပုံမှန်စားသုံးပေးမှုက ဓာတ်တိုးဆန့်ကျင် အာနိသင်တွေကို ကြွယ်ဝစွာ ရရှိစေပြီး သွေးကြောတွေတောင့်တင်းမာကျောတာကိုကာကွယ်ပေးပါတယ်။ သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရော ပမာဏကို ကျဆင်း စေနိုင်စွမ်းလည်း ရှိတာကြောင့် ဆီးချိုရဲ့ နောက်ဆက်တွဲ အနေနဲ့ နှလုံးထိခိုက်တာတွေ မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင် မှာပါ။

    Free Radicals ကြောင့်ဆဲလ်တွေမပျက်စီးအောင်ကာကွယ်ပေးနိုင်တယ်

    ဆီးချို ရှိသူတွေ အတွက် အထူး သင့်တော်တဲ့ သလဲသီးလေးက ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝမှု နဲ့အတူ ခန္ဓာကိုယ်မှာ free radical တွေကြောင့် ဆဲလ်တွေ ထိခိုက် ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ကာဗိုဟိုက်ဒရိတ် ချေဖျက်မှု ကို နှေးစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေနိုင် ပါတယ်။ အနာ ကျက်စေနိုင်သလို အရေပြားကို ပိုးဝင်ကူးစက်တာတွေ ကနေလည်း အကောင်းဆုံး ကာကွယ် ပေးနိုင်ပါတယ်။

    ဆီးချို ရောဂါ ရှိသူတွေ အနေနဲ့ တစ်နေ့ကို သလဲသီး တစ်ဝက်ခန့် စားပေးလို့ ရပါတယ်။ ဖျော်ရည် အနေနဲ့လည်း ဖျော်သောက်လို့ ရပါ တယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement