ဆီးချိုရောဂါရှိသူတွေအနေနဲ့ ဘာစားစားဂရုထားတာကအဆင်ပြေဆုံးဖြစ်မှာပါ။ အကြောင်းကတော့ စားလိုက်တဲ့ အစားအစာတိုင်းက သွေးတွင်းသကြားဓာတ်အပေါ်မှာ သွားသက်ရောက်နေနိုင်တာကြောင့်ပါ။ ဒီလိုဆိုတာနဲ့ ဆီးချိုရှိလို့ ငှက်ပျောသီးကို လုံးဝမစားရတော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ ငှက်ပျောသီးမှာ အကျိုးပြုအာဟာရဓာတ်များစွာ ပါဝင်နေတာကြောင့် စားသုံးပေးလို့ရတယ်လို့ အမေရိကန် ဆီးချိုရောဂါတိုက်ဖျက်ရေးအဖွဲ့ကြီးကဆိုပါတယ်။
အမျိုးအစား – ၂ ဆီးချိုရောဂါဖြစ်တဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကို အလုံအလောက်မထုတ်နိုင်တော့ပါဘူး။ ဒီလိုအခြေအနေမှာ ဆဲလ်တွေထဲမှာ သိုလှောင်ထားတဲ့ သကြားဓာတ်တွေက သွေးထဲကိုရောက်ရှိသွားပြီး သွေးတွင်းသကြားဓာတ်မြင့်တက်မှုတွေဖြစ်လာပါတော့တယ်။ ဒီသွေးတွင်းသကြားဓာတ်ကို မထိန်းညှိနိုင်ရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကြီးကြီးမားမားတက်လာနိုင်တာကြောင့် အစားအသောက်ကို သေချာလေးဂရုစိုက်ဖို့ လိုပါမယ်။
ငှက်ပျောသီးက ခန္ဓာကိုယ်အတွက်ဘယ်လိုအကျိုးပြုလဲ…..
ငှက်ပျောသီးမှာ ခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေသလို ဗီတာမင် C၊ ဗီတာမင် B6၊ ပိုတက်ဆီယမ်တို့ပါဝင်နေမှုကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတစ်ခုဆိုတာ အထွေအထူးပြောနေစရာမလိုအောင်ပါ။ ဗီတာမင် B6 ကစိတ်ခံစားမှုကိုကောင်းစေနိုင်ပြီး ဗီတာမင် C က ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး အမျှင်ဓာတ်က ဝမ်းမှန်စေသလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကိုကောင်းစေပြီး အဝလွန်နေတဲ့ ဆီးချိုရောဂါအမျိုးအစား -၂ ခံစားနေရသူတွေကို ကိုယ်အလေးချိန်လျှော့ချရာမှာ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုက ငှက်ပျောသီးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်နေတာကြောင့် ဆီးချိုရှိသူတွေအနေနဲ့ အများကြီးမစားသင့်တာ အမှန်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။