backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆီးချိုရောဂါ အကြိုလက္ခဏာခံစားနေရချိန်မှာ သွေးတွင်းသကြားဓာတ်ကျစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးချိုရောဂါ အကြိုလက္ခဏာခံစားနေရချိန်မှာ သွေးတွင်းသကြားဓာတ်ကျစေဖို့

သွေးတွင်းသကြားဓာတ်က ရှိသင့်တဲ့ ပမာဏထက်မြင့်နေတယ်။ ဆီးချိုဖြစ်လောက်တဲ့အထိတော့ မဟုတ်ဘူး။ ဒီအခြေအနေကို ဆီးချိုရောဂါ အကြိုလက္ခဏာလို့ခေါ်ပါတယ်။ ဒီအခြေအနေကို သေချာမထိန်းနိုင်ခဲ့ရင် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်လာမှာပါ။ ဆီးချိုက ကုသ ပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည်ရောဂါတစ်ရပ်ပါ။ ဒါပေမယ့် ဆီးချိုရောဂါအကြိုလက္ခဏာအဆင့်မှာ သေချာ ထိန်းချုပ်လိုက်နိုင်ရင်တော့ ဆီးချိုရောဂါဆိုတာကို မခံစားရတော့ဘူးပေါ့။

ဆီးချိုရောဂါအကြိုလက္ခဏာခံစားရချိန်မှာ သွေးချိုကျစေဖို့

ဆီးချိုရောဂါအကြိုလက္ခဏာဖြစ်တဲ့ သွေးတွင်းသကြားဓာတ်မြင့်နေချိန်မှာ အခုပြောတာတွေကို စားသုံးပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ပြီး ဆီးချိုမဖြစ်အောင် ကာကွယ်နိုင်မှာပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က သွေးတွင်းသကြားဓာတ်ကို သိသိသာသာကျဆင်းစေနိုင်ပြီး ဆီးချိုဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာကို ရေ ၈ အောင်စနဲ့ ရောဖျော်ပြီး သောက်ပေးပါ။ အစာအိမ်ရောဂါရှိတယ်ဆိုရင်တော့ မသောက်သင့်ပါဘူး။

အမျှင်ဓာတ်များများစားပါ

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် လတ်ဆတ်တဲ့အမျှင်ဓာတ် ၂၅ ဂရမ် ကနေ ၃၀ ဂရမ်ပါအောင်စားသုံးပေးပါ။ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ကို စားပေးပါ။

အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးပျက်တာကလည်း သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေရတဲ့ အကြောင်းတွေထဲက တစ်ချက်ပါ။ ဒါကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်နေမယ်ဆိုရင် ညဘက်ကို အိပ်ရေးဝဝအိပ်ပါ။ တစ်ပတ်တာမှာ အိပ်ရေးဝဝမအိပ်ဖြစ်ရင် တောင် ပိတ်ရက်မှာ အိပ်ရေးဝဝအိပ်ပါ။

သစ်ကြံပိုးခေါက်စားပါ

သစ်ကြံပိုးခေါက်က သွေးတွင်းသကြားဓာတကို ထိန်းညှိပေးနိုင်ပြီး ဆီးချိုရောဂါအတွက်ရော ဆီးချိုရောဂါအကြိုလက္ခဏာ ကိုပါ သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သစ်ကြံပိုးခေါက်မှုန့်ကို ဟင်းထဲထည့်ချက်တာဖြစ်ဖြစ် ကော်ဖီထဲထည့်သောက် တာဖြစ်ဖြစ်၊ ရေနွေးကြမ်းထဲဖြစ်ဖြစ် ထည့်သောက်လို့ရပါတယ်။

Chromium ကြွယ်ဝတဲ့အစားအစာတွေစားပါ

Chromium က အင်ဆူလင်ကိုအကောင်းဆုံးထုတ်လွှတ်အောင်လုပ်ဆောင်ပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်မြင့်တက်နေမယ်ဆိုခဲ့ရင် အုတ်ဂျုံ၊ ဘာလီ။ ခရမ်းချဉ်သီးပန်းဂေါ်ဖီစိမ်းတို့ကို စားပေးပါ။

အခုပြောခဲ့တာတွေကိုစားလို့ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလေးတွေကို လုပ်မယ်။ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို သေချာလုပ်မယ်ဆိုရင် ဆီးချိုရောဂါအကြိုလက္ခဏာကို အကောင်းဆုံးထိန်းသိမ်းနိုင်မှာပါ။ ဆီးချိုရောဂါအဆင့်ကို မရောက်အောင် အကောင်းဆုံးတားဆီးနိုင်မှာပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement