ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်

ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်တဲ့ အချက် ၇ ချက် (၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။ ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။ (၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။ အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

အမျိုးအစား (၁) ဆီးချို

ဆီးချို သွေးချို ကို ရှာဖွေမည်။

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုလူနာများအတွက် ဖိနပ်ရွေးချယ်နည်း

ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲပြဿနာက ခြေထောက်မှာ အနာဖြစ်တာပါ။ ခြေထောက်မှာ အနာဖြစ်ရာကနေ အနာမကျက်၊ အနာတွေကြီးလာပြီး ခြေထောက်ပုပ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကို ဆီးချိုလူနာတွေ အကြောက်ဆုံးပါ။ ဒီလို မဖြစ်ဖို့ဆိုရင် သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းထိန်းရမှာဖြစ်သလို ခြေထောက်နဲ့ ထိတွေ့နေရမဲ့ ဖိနပ်ကိုလည်း သေချာရွေးချယ်ဖို့ လိုပါတယ်။ အောက်မှာ ဆီးချိုလူနာများအတွက် ဖိနပ်ရွေးချယ်နည်း အသေးစိတ်ကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ဆီးချိုလူနာများအတွက် ဖိနပ်ရွေးချယ်နည်း က အရေးကြီးသလား အရေးကြီးပါတယ်။ ဆီးချိုလူနာတွေအတွက် ဖိနပ်ဆိုတာာ အကာအကွယ်ပါ။ ဖိနပ်ကောင်းရင် ကိုယ့်ကို ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုနဲ့ ကိုယ်နဲ့ မသင့်တော်တဲ့ ဖိနပ်ကို စီးမိရင် ဒီဖိနပ်ကြောင့်ပဲ ကိုယ့်ခြေထောက်မှာ ပွန်းပဲ့တာ၊ အနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သာမန်လူတွေက ဖိနပ်ဝယ်ရင် လှမလှ ကြည့်ဝယ်ကြပေမဲ့ ဆီးချိုရောဂါရှိသူတွေအတွက်ကတော့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိရင် ပြောင်းဖူးစားလို့ ရမလား!

ပြောင်းဖူးဆိုတာက မီးကင်စားစား၊ ဟင်းရည်ပဲ ချက်သောက်သောက်၊ အသားစွပ်ပြုတ်တွေထဲပဲ ထည့်ထည့်၊ ကြော်ပဲစားစား စားလို့ ကောင်းတဲ့ အစားအစာ တစ်မျိုးပါ။ အာဟာရပြည့်ဝသလို စားလို့လည်းကောင်းတဲ့ ပြောင်းဖူးကို ဆီးချိုရှိသူတွေရော စားလို့ရလားဆိုပြီး သိချင်နေတဲ့သူတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဆီးချိုရှိရင် ပြောင်းဖူးစားလို့ ရမလား! ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်တာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ ပြောင်းဖူး ဆိုတာ ပြောင်းဖူးဆိုတာက တစ်ကမ္ဘာလုံး စားသုံးနေကြတဲ့ ကောက်နှံတစ်မျိုးပါ။ ပြောင်းဖူးက ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များသလို အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ပရိုတင်း၊ အဆီဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။ ပြောင်းဖူးဆိုတဲ့နေရာမှာ သကြားပြောင်းလို့ ခေါ်တဲ့ အဝါရောင်ပြောင်းဖူး၊ အဖြူရောင်လေးနဲ့ စားလိုက်ရင် စေးစေးကလေး ဖြစ်နေတဲ့ ပလို့ပြောင်း၊ ခရမ်းရောင်အဆင်းရှိပြီး […]


အမျိုးအစား (၂) ဆီးချို

သဘာဝအတိုင်း သွေးချိုထိန်းပေးနိုင်မယ့် ခါးသက်သက် အစားအစာအချို့

ဆီးချို ဆိုတာက နာတာရှည် ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ ဆီးချိုရောဂါ ခံစားနေရပြီဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းဖို့က အတော်လေး အရေးကြီးပါတယ်။ အစားအစာတွေကို ခန္ဓာကိုယ် ကျန်းမာအာဟာရ ပြည့်ဝဖို့ လိုအပ်တယ်ဆိုပေမယ့် အစားအစာအချို့က သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် ဆီးချို ရှိသူတွေအနေနဲ့ စားချင်ပေမယ့် စားလို့ မရတာမျိုးတွေ ရှိပါတယ်။ အချို့သော အစားအစာတွေကတော့ သွေးချိုတက်စေနိုင်တယ် ဆိုပေမယ့် အချို့သော အစားအစာတွေကတော့ သွေးချိုကို ထိန်းပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သဘာဝအတိုင်း သွေးချိုထိန်းပေးနိုင်မယ့် ခါးသက်သက် အစားအစာအချို့ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/how-to-prevent-gestational-diabetes/ ဆီးချိုက ကြောက်စရာကောင်းလား! ဆီးချိုက ကြောက်စရာကောင်းလား ဆိုတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း စားသောက်မှုပုံစံ ပြောင်းလဲတာ၊ အထိုင်များတဲ့ နေ့စဉ် ဘဝနေထိုင်မှုပုံစံတွေကြောင့် ဆီးချိုဖြစ်တဲ့ နှုန်းတွေက အတော်လေး များလာခဲ့ပါတယ်။ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

အင်ဆူလင်ကို သတ်မှတ်ထားသောအပူချိန်၌ သိမ်းဆည်းရန် အရေးကြီးပုံနှင့် သေချာမသိမ်းဆည်းပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲဆိုးကျိုးများ

အင်ဆူလင်ကို အအေးကောင်းကောင်းနဲ့ ထိန်းထားနိုင်ဖို့လိုတယ်လို့ မပြောခင်မှာ အင်ဆူလင်ကို ဘယ်သူတွေ လိုအပ်လဲဆိုတာကို အရင်ပြောပြချင်ပါတယ်။ အင်ဆူလင်ဆိုတဲ့ စကားလုံးက ရင်းနှီးကျွမ်းဝင် မရှိပေမယ့် ဆီးချိုသွေးချိုရောဂါဆိုတာကိုတော့ ကြားဖူးကြမယ် ထင်ပါတယ်။ အရင်က ဆီးချိုသွေးချိုရောဂါဆိုတဲ့ စကားလုံးက မြန်မာလူမျိုးတွေနဲ့ အတော်လေး အလှမ်းဝေးခဲ့တာပါ။ အခုတော့ မြန်မာနိုင်ငံမှာလည်း ဆီးချိုသွေးချိုရောဂါ ဖြစ်သူ အရေအတွက်က များလာတာကြောင့် ဆီးချိုသွေးချိုရောဂါဆိုတဲ့ စကားလုံးက နေ့စဉ်ဘဝရဲ့ စကားလုံး တစ်လုံးလိုတောင် ဖြစ်လာပါပြီ။  အင်ဆူလင်ဆိုတာကို အရင်မပြောခင် ဆီးချိုသွေးချိုရောဂါ အမျိုးအစားလေး ခွဲပြချင်ပါတယ်။  အမျိုးအစားတွေက ဘာတွေလဲ.... ဆီးချိုသွေးချိုရောဂါဆိုတဲ့နေရာမှာ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ၊ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဆိုပြီး အဓိကအနေနဲ့ နှစ်မျိုးခွဲထားပါတယ်။ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါဆိုတာက autoimmune disease တစ်မျိုးပါ။ ခန္ဓာကိုယ်က ကိုယ်ခံအားဆဲလ်တွေကို […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

အင်ဆူလင်ရဲ့ ထိရောက်မှု ကောင်းစေဖို့

အင်ဆူလင်ရဲ့ ထိရောက်မှု ကောင်းစေဖို့ သတ်မှတ်ထားတဲ့ အပူချိန်မှာ သိမ်းဆည်းဖို့ လိုပါတယ်။ သတ်မှတ်ထားတဲ့ အပူချိန်က ဘာလဲဆိုတာ မပြောခင်မှာ အင်ဆူလင်ကို ဘယ်သူတွေ လိုအပ်လဲဆိုတာကို အရင်ပြောပြချင်ပါတယ်။ အင်ဆူလင် ဆိုတဲ့ စကားလုံးက ရင်းနှီးကျွမ်းဝင် မရှိပေမယ့် ဆီးချိုသွေးချိုရောဂါဆိုတာကိုတော့ ကြားဖူးကြမယ် ထင်ပါတယ်။ အရင်ကဆီးချိုသွေးချိုရောဂါဆိုတဲ့ စကားလုံးက မြန်မာလူမျိုးတွေနဲ့ အတော်လေး အလှမ်းဝေးခဲ့တာပါ။ အခုတော့ မြန်မာနိုင်ငံမှာလည်း ဆီးချိုသွေးချိုရောဂါ ဖြစ်သူ အရေအတွက်က များလာတာကြောင့် ဆီးချိုသွေးချိုရောဂါဆိုတဲ့ စကားလုံးက နေ့စဉ်ဘဝရဲ့ စကားလုံး တစ်လုံးလိုတောင် ဖြစ်လာပါပြီ။  အင်ဆူလင်ဆိုတာကို အရင်မပြောခင် ဆီးချိုသွေးချိုရောဂါ အမျိုးအစားလေး ခွဲပြချင်ပါတယ်။  အမျိုးအစားတွေက ဘာတွေလဲ.... ဆီးချိုသွေးချိုရောဂါဆိုတဲ့နေရာမှာ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ၊ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဆိုပြီး အဓိကအနေနဲ့ နှစ်မျိုးခွဲထားပါတယ်။ အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ အမျိုးအစား […]


ဆီးချို သွေးချို

Hello ဆရာဝန်က Global Diabetes Walk 2022 အခုလို ပါဝင်ခဲ့ပါတယ်

အမေရိကန် ဆီးချို အဖွဲ့အစည်းက လမ်းများများ လျှောက်လေလေ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချနိုင်လေလေလို့ အကြံပြုပြောကြားထားတာ ရှိပါတယ်။ ဒါကြောင့် လမ်းလျှောက်ခြင်းက ဆီးချိုရောဂါကာကွယ်မှုကို အသိပေးတဲ့ နည်းလမ်းတစ်ခု အဖြစ် သတ်မှတ်လို့ ရပါတယ်။ ဒါကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့ ၂၀၂၂ ခုနှစ်က Helloဆရာဝန် မြန်မာနိုင်ငံ မိသားစုက နှစ်စဉ် ကျင်းပနေကျ ဖြစ်တဲ့ Global Diabetes Walk 2022  ကမ်ပိန်းမှာ ပါဝင်ခဲ့ပြီး ဆီးချိုရောဂါ ကာကွယ်ဖို့အတွက် ခြေလှမ်း ၃၀၀၀ ကျော် လမ်းလျှောက်ခဲ့ကြပါတယ်။ Global Diabetes Walk: ဆီးချိုရောဂါ ကာကွယ်စောင့်ရှောက်ရေး အသိပေးမှုကို ၂၀၀၄ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပါတယ် Global Diabetes Walkကို ၂၀၀၄ ခုနှစ်က ရိုးစင်းတဲ့ အတွေးတစ်ခုကနေ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုနဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား

ဆီးချိုလို့ ပြောလိုက်ရင် လူတိုင်းတော်တော်များများ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အရင်လောက်တော့ မစိမ်းတော့ဘူးပေါ့။ ဆီးချိုရောဂါ ဆိုတာကို မစိမ်းတော့ပေမယ့် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားတာ အားလုံး မှန်တယ်လို့တော့ မဆိုလိုပါဘူး။ ဒီတော့ ကိုယ်တိုင်မှာ သိထားတဲ့ ဆီးချိုနဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဆီးချိုဆိုတာက နာတာရှည် ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပြီး သွေးတွင်းသကြားဓာတ်အပေါ်မှာ သက်ရောက်မှု ရှိနေတာပါ။ စားလိုက်တဲ့အစားအစာတွေထဲက ကစီဓာတ်တွေနဲ့ သကြားဓာတ်ကို စွမ်းအင်အဖြစ် ပြောင်းလဲရာမှာ ထိခိုက်မှု ရှိနေတဲ့ အခြေအနေ တစ်ရပ်ပါ။ ဆီးချိုနဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား ကဲ ...... ဆီးချိုနဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား ဆိုတာ ဆန်းစစ်ကြည့်လိုက်စို့နော်။ # ဆီးချိုဆိုတာက အချိုစားလို့ ဖြစ်တာ ဆီးချိုဆိုတာ အချိုစားလို့ ဖြစ်တာမျိုး မဟုတ်ပါဘူး။ ဆီးချိုဖြစ်စေနိုင်တဲ့ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုသွေးချိုရောဂါကို ကုသလို့ပျောက်ကင်းနိုင်လား

အနာသိရင် ဆေးရှိတယ်။ ပြဿနာသိရင် အဖြေရှိတယ်ဆိုပေမယ့် ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ နှစ်ပုံလောက်ကို ခြိမ်းခြောက်နေတဲ့ ဆီးချိုကို ပျောက်ကင်းအောင် ကုသနိုင်မယ့်နည်းလမ်းကတော့ အခုထိ မရှိသေးပါဘူး။ ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၁) အတွက်ရော ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂) အတွက်ပါ ပျောက်ကင်းအောင် ကုသနိုင်မယ့် နည်းလမ်း မရှိသေးပါဘူး။ ဒါဆိုရင် ဆီးချိုသွေးချိုရောဂါဖြစ်တာနဲ့ ဘဝဆုံးပြီလားဆိုရင်တော့ မဟုတ်သေးပါဘူး။ ဆီးချိုသွေးချိုရောဂါကို ပျောက်ကင်းအောင် မကုနိုင်ဘူးဆိုသော်ငြားလည်း ဆီးချိုသွေးချိုရောဂါ ဆိုတာမျိုးက နာတာရှည် ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ကုသပျောက်ကင်းဖို့ မဖြစ်နိုင်ပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို သေချာလေး ခံယူမယ်ဆိုရင် သက်တမ်းစေ့နေနိုင်မယ့် ရောဂါတစ်မျိုးပေါ့။ ကိုယ့်ကြောင့် အခြားသူတွေဆီကို ကူးစက်စေတာမျိုးလည်း မရှိတာကြောင့် ကိုယ်တိုင်က ကျန်းမာရေး စောင့်ရှောက်မှုကို သေချာလေး ခံယူရုံပါ။ ဆီးချိုသွေးချိုရောဂါ ဆိုတာက ခန္ဓာကိုယ်က အင်ဆူလင်လို့ခေါ်တဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးကို […]


ဆီးချို သွေးချို

အမျိုးအစား (၁.၅) ဆီးချိုရောဂါ

ဆီးချိုရောဂါ ဆိုတာက သွေးတွင်းအချိုဓာတ် (သကြားဓာတ်) ပမာဏအပေါ်မှာ သက်ရောက်မှုရှိနေတဲ့ ရောဂါတစ်မျိုးပါ။ ပန်ခရိယလို့ ခေါ်တဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းလေးက အင်ဆူလင်ကို ထုတ်လုပ်ပေးပါတယ်။ ဒီအင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ကျန်းမာတဲ့ အတိုင်းအတာအတွင်း ရှိနေစေဖို့ ထိန်းညှိပေးပါတယ်။ ဒါပေမယ့် ဆီးချိုရှိတဲ့သူတွေမှာတော့ ပန်ခရိယက အင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်တော့သလို ခန္ဓာကိုယ်ကလည်း အင်ဆူလင်ကို ကောင်းကောင်း မတုံ့ပြန်တော့ပါဘူး။ အင်ဆူလင်က ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ သွေးတွင်းသကြားဓာတ် ပမာဏ မြင့်တက်လာပြီး မကုသဘဲ ထားမယ်ဆိုရင် ရေရှည်မှာ ကျန်းမာရေး ထိခိုက်တာတွေ ဖြစ်လာတာပါ။ ဆီးချိုက ကမ္ဘာပေါ်မှာ အဖြစ်များပါတယ်။ ကမ္ဘာ့လူဦးရေရဲ့  ၉ ရာခိုင်နှုန်းလောက်က ဆီးချိုရောဂါကို ခံစားနေကြရတာ ဖြစ်ပြီး ဆီးချိုခံစားနေရသူ ၄ ဦးမှာ ၁ ဦးလောက်က သူတို့မှာ ဆီးချိုရှိနေတာကို […]


အမျိုးအစား (၂) ဆီးချို

ဆီးချို ရှိနေသလား။ လမ်းလျှောက်ပါ

ဆီးချို ရှိနေသလား။ လမ်းလျှောက်ပါ .... ဘာလို့ ဒီလို ပြောရတာလဲဆိုတော့ လှုပ်လှုပ်ရှားရှားနေတာက အမျိုးအစား - ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ဆီးချို ရှိနေပြီးသားသူတွေမှာလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့်ပါ။ ဒီတော့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်သလို နေ့စဉ် လုပ်ဆောင်ရတာလည်း လွယ်ကူစေတဲ့ နည်းလမ်းကတော့ လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။ ဆီးချို ရှိနေသလား။ လမ်းလျှောက်ပါ ဆီးချို ရှိနေသလား။ လမ်းလျှောက်ပါ လို့ ပြောရတာက အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်မှာပါ။ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးနိုင်ပါတယ် လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ်က လှုပ်ရှားဖို့ လိုအပ်တဲ့ စွမ်းအင်တွေအတွက် သွေးတွင်းဂလူးကို့စ်ကို အသုံးပြုလိုက်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ် ကျဆင်းစေဖို့ဆိုရင် လမ်းလျှောက်တာအပါအဝင် ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။ လေ့ကျင့်ခန်းကို တစ်နေ့ကို နာရီဝက်လောက်နဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း