ကင်ဆာရောဂါများ

ကင်ဆာကို သိရှိနိုင်စေမယ့် နည်းလမ်းတွေက အများကြီးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်း ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာတွေ၊ ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ၊ လက္ခဏာတွေ၊ စစ်ဆေး အဖြေရှာနည်းတွေ၊ ကုထုံးတွေ၊ ကာကွယ်နည်းတွေကို သိထားဖို့ လိုပါမယ်။ အဆိုပါ အကြောင်းအရာတွေအားလုံးကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကင်ဆာရောဂါများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

ကင်ဆာရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အဆုတ်ကင်ဆာ

ကင်ဆာရောဂါများ ကို ရှာဖွေမည်။

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာကုသပြီးနောက် နေထိုင်နည်း

သားအိမ်ခေါင်းကင်ဆာ ကုသမှု ပြီးတာနဲ့ သင့်စိတ်ထဲမှာ ပေါ်လာမယ့် ပထမဆုံး မေးခွန်းက ငါနောက်ဆို ကျန်းမာအောင် ဘယ်လိုနေရမလဲ ဆိုတာပါပဲ။ တကယ်လို့ အဖြေကို မစဉ်းစားရသေးဘူးဆိုရင် အခု ပြောပြသွားမှာတွေက သင့်ရဲ့ ကျန်တဲ့နှစ်တွေမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရမလဲ ဆိုတာပါ။   ဆရာဝန်တွေရဲ့ ကုသမှု နောက်ပိုင်း ချိန်းဆိုမှုတွေကို မှန်မှန်သွားပါ။ သင့်ကင်ဆာကို ပြုစုစောင့်ရှောက်သူတွေနဲ့ မှန်မှန် ဆွေးနွေးခြင်းက သင့်ကို အကူအညီပေးပါလိမ့်မယ်။ ဒါက သင့်ရဲ့ ကုသမှုပြီးနောက် အခြေအနေကို ထိန်းချုပ်ပေးလို့ပါ။ သူတို့ကို သင်ခံစားနေရတာတွေ အပြင် ထူးဆန်းတဲ့ လက္ခဏာတွေကိုပါ ပြောပြထားပါ။ ဒါက ကင်ဆာ ပြန်မဖြစ်အောင် ကူညီပေးပါတယ်။ သင့်ဆရာဝန်တွေက တစ်ခုခု မူမမှန်တာ ကြိုသိတဲ့အခါ သင်နဲ့ သင့်လျော်မယ့် ဆေးတွေကို ပေးပြီး ကြိုတင်ကာကွယ်လို့ ရပါတယ်။ သူတို့က […]


အသည်းကင်ဆာ

အသည်းကင်ဆာရောဂါသည်တွေအတွက် အစားအစာများ

အသည်းကင်ဆာလူနာများအတွက် ထိပ်တန်း အသီး ၉မျိုး လတ်ဆက်သော အသီးများတွင် အသည်းကင်ဆာကို လွယ်ကူစွာ တိုက်နိုင်သော Phytochemicals နှင့် ဗီတာမင် များ ပါဝင်ပါသည်။ ဓါတုကုထုံး၊ ဓါတ်ရောင်ခြည်ကုထုံးနှင့် အခြားဆေးများနှင့် အတူဘဲ လတ်ဆက်သော အသီးကုထုံး ဖြင့် ပျက်စီးသွားသော ကင်ဆာဆဲလ်များကို ပြန်တည်ဆောက် ခြင်းသည် အလွန်ထိရောက်သည်။ ဘေးထွက်ဆိုးကျိုးလည်း မဖြစ်စေပါ။ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ငြီးငွေ့ သွားပါက သစ်သီး ဖျော်ရည်များ ပြောင်းသောက်နိုင်သည်။ ၎င်းသည် ခန္ဓါကိုယ်တွင်းသို့ ပို၍လွယ်ကူစွာ ရောက်နိုင်သည်။ ရဲယိုသီး ဤအသီးသည် အရှေ့တောင်အာရှ၊ အနောက် အိန္ဒိယ နှင့် ဟာဝိုင်အီ တို့တွင် သဘာဝအတိုင်းပေါက်သည်။ အသီးသည် အစောပိုင်း အဆင့် ကင်ဆာကာကွယ်မှုတွင် အကျိုးရှိသည်။ ကင်ဆာဆဲလ်များကို သတ်နိုင်ပြီး သွေးဖြူဥများကို ထုတ်ပေး သည်။ ဆဲလ် […]


အသည်းကင်ဆာ

အသည်းကင်ဆာရှိသော ကလေးကို ဘယ်လိုအစာ ကျွေးမွေး မလဲ, အာဟာရက ဘယ်လိုအရေးပါသလဲ

ကောင်းမွန်သော အာဟာရသည် ကလေးများအားလုံး၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအတွက် အရေးကြီးသည်။ အစာတွင် မတူညီသော အာဟာရများစွာပါဝင်သည်။ ဥပမာ ပရိုတိန်း၊ ကာဗွန်ဟိုက်ဒရိတ်၊ အဆီ၊ ဗီတာမင်နှင့် သတ္ထုဓါတ်များ ဖြစ် သည်။ အသည်းသည် အောက်ပါ အကြောင်းရင်းနှစ်ခုကြောင့် ကောင်းမွန်သော အာဟာရနှင့် ကြီးထွားမှုတွင် အရေးပါ ပါသည်။ v အသည်းသည် သည်းခြေရည်ကို ထုတ်ပေးပြီး အစာ အတွင်းမှ အဆီများကို စုပ်ရန် ကူညီသည်။ v အသည်းသည် အစာအတွင်းမှ အာဟာရများကို ခန္ဓါကိုယ်မှ ကြီးထွားရန်နှင့် ပုံမှန်လုပ်ငန်း လုပ်နိုင် ရန် လိုအပ်သော အရာများနှင့် စွမ်းအင် အဖြစ် ပြောင်းပေးသည်။ အသည်းရောဂါကြောင့် အသားဝါနေသော ကလေးများ သည် နို့များများ သောက်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် နို့မှ အာဟာရများကို […]


ရင်သားကင်ဆာ

အိမ်ထောင်ပြုခြင်း,ချိန်းတွေ့ခြင်းနှင့်ရင်သားကင်ဆာ

အချစ်၊ မိသားစုနဲ့ လိင်မှုရေးရာတွေက လူ့ဘဝရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေပါ။ ရင်သားကင်ဆာရှိတဲ့အမျိုးသမီးတွေအတွက်ကတော့ ချိန်းတွေ့ခြင်းနဲ့ အိမ်ထောင်ပြုခြင်းအတွက် ခက်ခဲနိုင်ပါလိမ့်မယ်။ ရင်သားကင်ဆာလူနာတစ်ယောက်အနေနဲ့ သင်သာမန်လူတစ်ယောက်လိုနေနိုင်ဖို့ ထိုက်တန်တယ်ဆိုတာ သင်သိချင် သိပါလိမ့်မယ်။ ပြောင်းလဲမှုတစ်ချို့သာလိုတာပါ။   ရင်သားကင်ဆာက အိမ်ထောင်ရေးအပေါ်ထိခိုက်နိုင်လား ? လက်ထပ်ပြီးသားလူတွေက ရင်သားကင်ဆာကနေရှင်သန်ကြတာများပါတယ်။ လေ့လာမှုတွေအရ လက်ထပ်ပြီးသားအမျိုးသမီးတွေက သာမန်အမျိုးသမီးတွေထက် ရင်သားကင်ဆာကို ပိုတိုက်ခိုက်နိုင်ကြတာတွေ့ရပါတယ်။ ဒါကိုရှင်းပြလို့ရပါတယ်။ သင့်မှာ သင့်ကိုချစ်တဲ့သူတွေ သင့်မိသားစုတွေရှိပြီး သူတို့ကသင့်ကို ကူညီထောက်ပ့ပေးမှာမို့လို့ပါဘဲ။ စိတ်ပိုင်းဆိုင်ရာ ကူညီအားပေးခြင်းက သင်ကကုသမရတဲ့ရောဂါနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ အကောင်းဆုံး ကူညီထောက်ပ့မှုပါဘဲ။ သင့်ရဲ့အိမ်ထောင်ဖက်က သင်နဲ့အတူဆရာဝန်ချိန်းဆိုမှုတွေ အတူသွားပြီး မှတ်စုတွေမှတ်ခြင်း၊ သင်သတိထားသင့်တာတွေကိုသတိပေးခြင်းအပြင် သင့်ကိုကန်းမာဖို့ စီစဉ်ပေးနိုင်ပါတယ်။ သူတို့က သင့်ကို အိမ်မှုရေးရာတွေမှာလည်း ကူညီနိုင်ပါတယ်။ ဥပမာ - ချက်ပြုတ်ခြင်း၊ ဈေးသွားခြင်း၊ ရင်သားကင်ဆာကိုတိုက်ခိုက်ရာမှာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။   သင်အိမ်ထောင်မရှိသူလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ် သင်သိထားရမှာက လူတိုင်းက သင့်တိုက်ပွဲကိုမပါဝင်နိုင်ပါဘူး။ တကယ်လို့သင်လက်ထပ်ထားရင် အိမ်တွင်းရေးအဆင်မပြေမှုတွေကြုံရပြီးနောက်ဆုံးအိမ်ထောင်ကွဲတဲ့ထိဖြစ်နိုင်ပါတယ်။ ဒါကသင်တို့က်ဆံရေးက […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာနှင့် ပတ်သက်၍ အကောင်းမြင်နိုင်ခြင်း

အကောင်းမြင်စိတ်ရှိခြင်းသည် ကင်ဆာသာမက မည်သည့်ရောဂါခံစားနေရပါစေ သင့်ကျန်းမာရေးအတွက် ကုထုံးတစ်ခုပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံ ၎င်းသည်ဆေးဝါးထက်တောင် ပိုပြီး အကူအညီဖြစ်ပါသေးတယ်။ အောက်ပါနည်းလမ်းများသည် သင်အကောင်းမြင်စိတ် လွယ်လွယ်ကူကူနှင့် ရရှိအောင် ကူညီပေးမည့် နည်းလမ်းအချို့ပဲ ဖြစ်ပါတယ်။ အကောင်းမြင်ပတ်ဝန်းကျင် တစ်ခု ဖန်တီးပါ။ သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်သူများ ဝန်းရံနေဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ အုပ်စုဖွဲ့ ပြောဆိုဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။ သင်နဲ့ နီးစပ်ရာ သင့်ကို လက်တွေ့ကျသော အကြံဉာဏ်ကောင်းတွေ ပေးနိုင်သော သူများသည် သင်အကောင်းမြင်စိတ်ဖြစ်ပေါ်လာဖို့ ကြီးမားသော အကူအညီဖြစ်နိုင်ပါတယ်။ အကယ်၍သင်သည် တစ်ချိန်လုံးညည်းညူနေသောသူတွေနဲ့သာ နေနေလျှင် သင်ကိုယ်တိုင်လည်း အဆိုးတွေပဲ မြင်တတ်လာမှာ ဖြစ်ပါတယ်။ အကောင်းမြင်တတ်သူများနဲ့ များများနေပေးခြင်းဖြင့် သူတို့၏ အကောင်းမြင်အတွေးများသည် သင့်ကိုယ်ပိုင် အလေ့အကျင့်ဖြစ်လာနိုင်ချေ မြင့်မားလာမှာဖြစ်ပါတယ်။ အကယ်၍ သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်သူတွေချည်းဖြစ်နေလျှင် သင်ကိုယ်တိုင် အဆိုးမြင်မိဖို့ဆိုတာ ခက်ခဲတဲ့ အရာတစ်ခုဖြစ်သွားမှာပါ။ သင့်အပြုအမူအတွက် […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာအတွက် အသက်ရှူလေ့ကျင့်ခန်း

အသက်ရှူလေ့ကျင့်ခန်းတွေဟာ စိတ်ရောကိုယ်ပါ ကျန်းမာစေရုံသာမက သွေးပေါင်ကို ထိန်းပေးပြီး စိတ်တည်ငြိမ်စေတာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။ အသည်းကင်ဆာရှိသူ အတော်များများ (သို့) အဆုတ်ကို ပြန့်လာတဲ့ ကင်ဆာရှိသူတွေဟာ မောခြင်းကို ခံစားရတတ်ပါတယ်။ သင့်မှာ ဒီလက္ခဏာ ရှိနေပြီဆိုရင် အသက်ရှူခြင်းကို ဘယ်လို ထိန်းချုပ်သင့်တယ်ဆိုတာ သိသင့်ပါတယ်။   ပြင်ဆင်ခြင်း အသက်ရှူခြင်းကို မလေ့ကျင့်မီ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်သင့်ပါတယ်။ စိတ်ကို လျှော့ထားနိုင်စေတဲ့ စိတ်တည်ငြိမ်ရာ နေရာကို ဖန်တီးသင့်ပါတယ်။ သင့်ကို သက်တောင့်သက်သာ ရှိစေတဲ့ အဝတ်အစားကို ဝတ်ဆင်သင့်ပြီး ကြွက်သားတွေကို လျှော့သင့်ပါတယ်။ အမှန်တကယ် အသက်ရှူ လေ့ကျင့်ခန်းများ ညီမျှတဲ့ အသက်ရှူခြင်း ဒီနည်းဟာ ရိုးရှင်းပြီး နေရာတိုင်း အချိန်တိုင်းမှာ ပြုလုပ်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းကို တည်ထွင်ခဲ့တဲ့ ယောဂနည်းပြဆရာက ဒီလေ့ကျင့်ခန်းဟာ အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး၊ အာရုံစူးစိုက်မှုကို မြင့်တက်စေကာ၊ […]


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာကြောက်လန့်မှုနဲ့ ဘယ်လို သဟဇာတဖြစ်အောင် နေထိုင်မလဲ

သင့် သားအိမ်ခေါင်း ကင်ဆာကို အောင်မြင်စွာ ကုသပြီးနောက်ပိုင်းမှာ ပြန်ဖြစ်မှာ ကြောက်လန့်တဲ့စိတ် ဖြစ်နိုင်ပါတယ်။ ဒီလို ကြောက်လန့်မှုက သင့်နာလန်ထမှုကို အထောက်အကူ မပြုတဲ့အပြင် သင့်ဘဝကိုပါ မကောင်းတဲ့ သက်ရောက်မှုတွေ ရှိစေပါတယ်။ သင့်အနေနဲ့ နည်းလမ်း တစ်ခုခုကို အသုံးပြုပြီး ဒါကို ထိန်းချုပ်ဖို့ လိုပါတယ်။   Recurrence ဆိုတာဘာလဲ ကုသပြီးကင်ဆာက နဂိုနေရာမှာဖြစ်ဖြစ် ကိုယ်ရဲ့တခြားနေရာမှာပဲ ဖြစ်ဖြစ် ပြန်ဖြစ်တာကို ဆိုလိုတာပါ။ အဲဒါကို metastasis လို့ ခေါ်ပါတယ်။ သင့်ရဲ့ကိုယ် တခြား အစိတ်အပိုင်းတစ်ခုမှ ကုသပြီးသား ကင်ဆာအဟောင်းနဲ့ မသက်ဆိုင်တဲ့ ကင်ဆာအသစ်လည်း ဖြစ်နိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ပြန်ဖြစ်တယ် ဆိုတာက ကုသမှုတွေဟာ ကင်ဆာဆဲလ် အားလုံးကို မသတ်လိုက်နိုင်တဲ့ အတွက်ပါ။ စစ်ဆေးမှုတွေက ကင်ဆာဆဲလ် တချို့ကို မတွေ့မိခဲ့လို့ပါ။ ဒါကြောင့် အဲဒီဆဲလ်တွေက […]


သားအိမ်ခေါင်းကင်ဆာ

အိမ်ထောင်ပြုခြင်း, ချိန်းတွေ့ခြင်း နှင့် သားအိမ်ခေါင်းကင်ဆာ

တခြားကင်ဆာတွေထက် သာအိမ်ခေါငါးကင်ဆာက သင့်အချစ်ရေးရေးမှာ အနှောင့်အယှက်တစ်ခုဖြစ်လာနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဆိုတာ HPV ပိုးသို့မဟုတ် လူအချင်းချင်းလိင်ဆက်ဆံရာမှကူးစက်တဲ့ papillomavirus ကြောင့်လည်းဖြစ်ပါတယ်။ ဒါကသင့်ကိုစိတ်ဖိစီးစေပါတယ်။ အထူးသဖြင့် ဒီအချက်ကြောင့် ဆက်ဆံရေးတစ်ခုကြားမှာ အစိုင်အခဲတစ်ခုဖြစ်လာရင်ပေါ့။   သင့်လက်တွဲဖော်ကို ရင်ဖွင့်ခြင်း သင့်လက်တွဲဖော်ကို HPV ပိုးနဲ့ပတ်သက်တဲ့ ပြသနာမှန်သမျှ ပြောပြသင့်ပါတယ်။ ဒီ ရောဂါပိုးကို ထိန်းချုပ်နိုင်ဖို့က သင့်လက်တွဲဖော်ကလည်း ဒီ HPV ပိုးအကြောင်းနားလည်ထားမှ အဆင်ပြေမှာပါ။ ဒါက သင်နဲ့ သင့်လက်တွဲဖော်ကို HPV ပိုးနဲ့ သားအိမ်ခေါင်းကင်ဆာကို ခုခံရာမှာ အထောက်အကူပြုပါတယ်။ ဆရာဝန်တွေ အထူးကုတွေစတဲ့ယုံကြည်ရတဲ့သူတွေဆီက အဖြေရှာသင့်ပါတယ်။ HPV ပိုးရှိတာက သာမန်ပိုးတစ်ခုကိုကူးစက်ရုံပါဘဲ။ သင်တစ်ခုခုမှားယွင်းသွားပြီလို့မဆိုလိုပါဘူး။ ဒါက သင့်ရဲ့တန်ဖုးတွေ အကျင့်စရိုက်တွေနဲ့လည်းမဆိုင်ပါဘူး။ HPV ပိုးနဲ့ပတ်သက်ပြီး သတင်းအချက်အလက်ပေါင်းများစွာရှိပါတယ်။ သင့်လက်တွဲဖော်နဲ့ ဝေမျှသင့်တဲ့ အရေးကြီးတဲ့အချက်တွေကတော့ • HPV အမျိုးအစားများ။ HPV အမျိုးအစားပေါင်း ၁၀၀ […]


အဆုတ်ကင်ဆာ

Bronchial Cancer (လေပြွန်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bronchial Cancer (လေပြွန်ကင်ဆာ) ကဘာလဲ။ တံတွေးဂလင်းနဲ့လေပြွန်တွေမှာ ဖြစ်တဲ့ တွေ့၇နည်းတဲ့ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ လေပြွန်ကင်ဆာအများစုက အခြားအစိတ်အပိုင်းတွေကို ပြန့်နှံ့သွားတတ်ပါတယ်။ တဖြည်းဖြည်းရင့်သန်လာပြီး ကုသလို့ရတာကြောင့် သင့်မှာဖြစ်ခဲ့မယ်ဆိုရင် မျှော်လင့်ချက်ကျန်သေးတယ်ဆိုတာ စိတ်ထဲထားပါ။ ဒီကင်ဆာအမျိုးအစးားကို ၃ခုခွဲထားပါတယ်။ ကင်ဆာကျိတ်- ဟော်မုန်းထုတ်ပေးတဲ့ဆဲလ်တွေနဲ့ အာရုံကြောဆဲလ်တွေကို သက်ရောက်ပါတယ်။ အဆုတ်၊ အစာအိမ်နဲ့ အူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ လည်ချောင်းပသိကင်ဆာကျိတ် – ပါးစပ်နဲ့လည်ချောင်းအတွင်းမှာရှိတဲ့ တံတွေးဂလင်းတွေမှာ စဖြစ်ပါတယ်။ လည်မျိုနဲ့ မျက်ရည်ဂလင်း၊ ချွေးဂလင်း၊ မိန်းမသားအိမ်၊ အမျိုးသမ်းအင်္ဂါနဲ့ ရင်သားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အပေါ်ယံလွှာ ကင်ဆာကျိတ်- တံတွေးဂလင်းတွေမှာ ဖြစ်ပါတယ်။ ဒီအမျိုးအစားအများစုက နားအရှေ့မှာရှိတဲ့ပါးကျိတ် တွေကို သက်ရောက်ပါတယ်။   Bronchial Cancer (လေပြွန်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBronchial […]


အခြားကင်ဆာများ

Gallbladder Cancer (သည်းခြေကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Gallbladder Cancer (သည်းခြေကင်ဆာ) ကဘာလဲ။ သည်းခြေတစ်ရှူးတွေမှာ ကင်ဆာဆဲလ်များဖြစ်ခြင်းရောဂါဖြစ်ပါတယ်။ သည်းခြေဆိုတာက ဗီုက်အထက်ပိုင်း အသည်းရဲ့အောက်ခြေလေးမှာ ကပ်ပြိးတည်ရှိနေတဲ့အစိတ်အပိုင်းလေးဖြစ်ပါတယ်။ သည်းခြေက အဆီတွေူကိုချေဖျက်ဖို့ အသည်းကနေထုတ်တဲ့သည်းခြေရည်ကိုသိုလှောင်ပါတယ်။ အစာအိမ်နဲပအူအတွင်း အစာတွေကိုချေဖျက်ရာမျာ သည်းခြေရည်တွေက အသည်းနဲ့သည်းခြေကနေ အူသိမ်ပထမပိုင်းကို ဆက်ပေးတဲ့ သည်းခြေရည်ပို့ပြွန်ကနေတစ်ဆင့် သည်းခြေထဲကထွက်လာပါတယ်။ သည်းခြေကင်ဆာကို အစောပိုင်းအဆင့်မှာတည်းက သတိထားမိရင် ပျေက်ကင်ေးဆာင်ကုသနိုင်ချေ များပါတယ်။ ဒါပေမဲ့ ရောဂါရဲ့ရှေ့အလားအလာကညံ့ဖျင်းတာကြောင့် သည်ေးခြကင်ဆာအများစုကို နောက်ကျမှသိရတတ်ပါတယ်။ Gallbladder Cancer (သည်းခြေကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများGallbladder Cancer (သည်းခြေကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ သည်းခြေကင်ဆာရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဗိုက်အောင့်ခြင်း အထူးသဖြင့် ဗီုက်ညာဘက်အထက်ပိုင်း လေပွခြင်း ယားခြင်း ဖျားခြင်း အစားစားလိုစိတ်မရှိခြင်း ဝိတ်မချဘဲ ကိုယ်အလေးချိန်ကျသွားခြင်း မူးဝေခြင်း အသားမျက်လုံးဝါခြင်း သည်းခြေကင်ဆာက စောစောရောဂါအမည်တပ်နိုင်ဖို့ ခက်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ စောစောသိစောစောကုခြင်းက သည်းခြေကင်ဆာကိုပိုမဆိုေးအေင်နဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း