backup og meta

အသည်းကင်ဆာရောဂါသည်တွေအတွက် အစားအစာများ

အသည်းကင်ဆာရောဂါသည်တွေအတွက် အစားအစာများ

အသည်းကင်ဆာလူနာများအတွက် ထိပ်တန်း အသီး ၉မျိုး

လတ်ဆက်သော အသီးများတွင် အသည်းကင်ဆာကို လွယ်ကူစွာ တိုက်နိုင်သော Phytochemicals နှင့် ဗီတာမင် များ ပါဝင်ပါသည်။ ဓါတုကုထုံး၊ ဓါတ်ရောင်ခြည်ကုထုံးနှင့် အခြားဆေးများနှင့် အတူဘဲ လတ်ဆက်သော အသီးကုထုံး ဖြင့် ပျက်စီးသွားသော ကင်ဆာဆဲလ်များကို ပြန်တည်ဆောက် ခြင်းသည် အလွန်ထိရောက်သည်။

ဘေးထွက်ဆိုးကျိုးလည်း မဖြစ်စေပါ။ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ငြီးငွေ့ သွားပါက သစ်သီး ဖျော်ရည်များ ပြောင်းသောက်နိုင်သည်။ ၎င်းသည် ခန္ဓါကိုယ်တွင်းသို့ ပို၍လွယ်ကူစွာ ရောက်နိုင်သည်။

ရဲယိုသီး

ဤအသီးသည် အရှေ့တောင်အာရှ၊ အနောက် အိန္ဒိယ နှင့် ဟာဝိုင်အီ တို့တွင် သဘာဝအတိုင်းပေါက်သည်။ အသီးသည် အစောပိုင်း အဆင့် ကင်ဆာကာကွယ်မှုတွင် အကျိုးရှိသည်။ ကင်ဆာဆဲလ်များကို သတ်နိုင်ပြီး သွေးဖြူဥများကို ထုတ်ပေး သည်။ ဆဲလ် အမြှေးပါးကို ကျယ်စေပြီး ကင်ဆာ တိုက်ဖျက် သည့် အာဟာရများ စုပ်ယူမှုကို အားကောင်းစေသည်။

မုန်လာဥနီ

မုန်လာဥနီတွင် အယ်ဖာ ကယ်လိုတင်းပါဝင်ပြီး ၎င်းသည် အစွမ်းထက်သော ကင်ဆာ ကာကွယ်ဆေးတစ်ခု ဖြစ်သည်။ ကင်ဆာဖြစ်စေသော ပစ္စည်းများနှင့် ထိတွေ့ပါက ကယ်လို တင်းသည် ဝင်ရောက်ခြင်းကို ပိတ်ပင်ပြီး အရေပြားကင်ဆာ အကျိတ်ကို တားဆီးပေးသည်။ အင်္ဂလန်နှင့် ဒိန်းမတ်ရှိ လေ့ လာမှုများအရ မုန်လာဥနီ တွင်တွေ့ရသော ဓါတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်သည့် Falcarinol သည် ဓါတ်ခွဲခန်း စမ်းသပ် ကြွက်များ၏ သုံးပုံတစ်ပုံကို လျော့ကျစေသည်။

ရှောက်ခါးသီးကြီး

လေ့လာမှုများအရ ရှောက်ခါးသီးကြီးသည် ကင်ဆာဖြစ်နိုင် ချေကို လျော့ချပေးနိုင်သည်။ ရှောက်ခါးသီးကြီးတွင် phytochemical ( အာဟာရတစ်မျိုး) ဖြစ်သော limonene ပါဝင်သည်။ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ကင်ဆာဖြစ် စေသော ပစ္စည်းများကို တိုက်ထုတ်ကာ ကင်ဆာ ကာကွယ် ပေးသည်။ ၎င်းတွင် ရင်သား ကင်ဆာဖြစ်စေသော ပစ္စည်းများကို ခန္ဓါကိုယ်မှ ဖယ်ရှားပေးနိုင်သော monoterpene လည်း ပါဝင်သည်။ ထို့အပြင် ရှောက်ခါးသီး ကြီးတွင် ဗီတာမင် စီ အများအပြား ပါဝင်ပြီး ခန္ဓါကိုယ် ကြံ့ခိုင် အောင် တစ်နေ့လုံး လှုပ်ရှားနိုင်အောင် ကူညီပေးသည်။

သလဲသီး

ဤအသီးတွင် ဓါတ်တိုး ဆန့်ကျင်ပစ္စည်းများစွာ ပါဝင် သည်။ ကင်ဆာကို တိုက်ခိုက်ရန် လျို့ဝှက်လက်နက်တစ်ခု ဖြစ်သည်။ သလဲသီး ဖျော်ရည်တွင် folate ၊ ပိုတက်စီယမ်၊ ဗီ တာမင် အီး၊ polyphenols နှင့် pantothenic acid တို့ ပါဝင် သည်။ ၎င်းတို့သည် အဆုတ်ကင်ဆာဆဲလ်များ ကြီးထွားမှုနှင့် ပျံ့နှံ့မှုကို လျော့ချပေးသည်။

အနီရောင် စပျစ်သီး

အနီရောင် စပျစ်သီးတွင် ကင်ဆာကိုတိုက်ရန် အစွမ်းထက် သော ဓါတ်တိုးဆန့်ကျင်ပစ္စည်း resveratrol ပါဝင်သည်။ စပျစ်သီးတွင် ကင်ဆာဖြစ်နိုင်ချေကို မြင့်စေသော အင်ဇိုင်းများ ကို အလွယ်တကူ တားမြစ်နိုင်သော resveratrol ဒြပ်ပေါင်း များလည်း ပါဝင်သည်။ ကျွမ်းကျင်သူများက စပျစ်သီးစားခြင်း သည် လူ့ခန္ဓါကိုယ်၏ ကိုယ်ခံအားစနစ်အတွက် အကျိုးရှိ သည်ဟု ဆိုသည်။

မုန်လာဥဖြူ

မုန်လာဥဖြူကို ကင်ဆာကုသရန် ရာစုနှစ်များစွာကြာ အသုံးပြုခဲ့ကြသည်။ မုန်လာဥဖြူ အမြစ်သည် သွေးနီဥများကို အသစ်ဖြစ်ပွားစေပြီး ပျက်စီးနေသော ကင်ဆာဆဲလ်များကို အောက်စီဂျင် ထောက်ပံ့ပေးသည်။ အထူးသဖြင့် ၎င်းသည် အသည်း၊ ကျောက်ကပ်နှင့် ပြန်ရည်ကြောများကို အဆိပ်အ တောက်ဖယ်ပေးသည်။ ကျန်းမာသော ဆဲလ်များ အသစ်ဖြစ် ပေါ်စေသည်။

မင်းကွတ်သီး

မင်းကွတ်သီးသည် အပူပိုင်းဒေသ အရှေ့တောင်အာရှ တွင် ဇာတိဖြစ်သည်။ မင်းကွတ်သီးဖျော်ရည်တွင် ကင်ဆာနှင့် ဘတ်တီးရီးယားများကို တိုက်ထုတ်သော polysaccharide ဒြပ်ပေါင်းများ ပါဝင်သည်။ ၎င်းတို့သည် ကင်ဆာဆဲလ်များ သန္ဓေပြောင်းခြင်းကို တားမြစ်ပြီး ကင်ဆာဆဲလ် ပျံ့နှံ့မှုကို ကာကွယ်ပေးသည်။

ဒူးရင်းသြဇာ

ဒူးရင်းသြဇာ အသီးကို ကင်ဆာဓါတုကုထုံး ကုသမှု အများစုတွင် အသုံးပြုသည်။ Xeronine ဟူသော ဓါတုပစ္စည်း သည် ကင်ဆာအား ပြင်းထန်သော ကိုယ်ခံအားတုံ့ပြန်မှုကို ထုတ်ပေးသည်။ ထိုင်း ကိုကင်းသည် ကင်ဆာဆဲလ်များကိုသာ သတ်ပြီး ဓါတုကုထုံးကဲ့သို့ ခန္ဓါကိုယ်၏ အခြား အစိတ်အပိုင်းများကို မထိခိုက်စေပါ။ ဒူးရင်းသြဇာ ဖျော်ရည် သည် အဆုတ်၊ ဆီးကျိတ်၊ ရင်သား နှင့် အူမကြီး ကင်ဆာများ ကို ကုသနိုင်သည်။

ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးတွင် တွေ့ရသော anthocyanin သည် ကင်ဆာအားလုံးကို ကာကွယ်နိုင်ပါသည်။ ထို့အပြင် ထိုအသီးတွင် ထိရောက်သော ကင်ဆာ တိုက်ဖျက်သည့် ellagic acid နှင့် anthocyanin ဟူသော ဒြပ်ပေါင်းများ ပါဝင် သည်။ ဘလူးဘယ်ရီသီးများ ပုံမှန်စားခြင်းသည် အရေပြား၊ ဆီးအိမ်၊ အဆုတ် နှင့် သွေးကင်ဆာများ ကာကွယ်နိုင်သည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Webster Kehr, ICRF+, Raw food treatment for cancer using vegetable juices, https://www.cancertutor.com/rawfood/. Accessed on April 2, 2017

The Anti-Cancer Diet: Foods That Prevent Cancer https://www.everydayhealth.com/cancer-photos/top-foods-to-fight-cancer.aspx Accessed on April 2, 2017

How blueberries help to kill cancer cells https://www.medicalnewstoday.com/articles/320517 Accessed on April 2, 2017

What foods protect the liver? https://www.medicalnewstoday.com/articles/323915 Accessed on April 2, 2017

Nutrition for the Person with Cancer During Treatment https://www.cancer.org/content/dam/cancer-org/cancer-control/en/booklets-flyers/nutrition-for-the-patient-with-cancer-during-treatment.pdf Accessed on April 2, 2017

ယခုပုံစံ

25/05/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

အသည်းရောင်ရောဂါအမျိုးမျိုး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement