ရာသီလာခြင်း

ရာသီလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ် သွေးဆင်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ကနေ အမြှေးပါးလေးတွေ ကွာကျတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့အကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီလာခြင်း

ရာသီလာခါနီး ရင်သားနာတာ သက်သာစေဖို့

ရာသီလာခါနီး ရင်သားနာတာ က သဘာဝပါ။ အမျိုးသမီးတော်တော်များများ ကြုံရတဲ့ကိစ္စပါပဲ။ ရင်သားနာရုံတင်မကပါဘူး။ ရင်သားတွေ တင်းတာ၊ ပုံမှန်ထက် ပိုကြီးလာတာတွေကိုပါ ခံစားရတတ်ပါတယ်။ ဘာကြောင့် ရာသီလာခါနီး ရင်သားနာတာ ခံစားရတာလဲ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းကြောင့်ပါပဲ။ အီစထရိုဂျင်က နို့ရည်ပြွန်တွေကို ကြီးလာစေသလို ပရိုဂျက်စတုန်းက နို့ရည်ဂလင်းတွေကို ဖောင်းလာစေပါတယ်။ ဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ ရင်သားတွေက တင်းပြီး နာလာပါတယ်။ ပိုလည်း ကြီးလာပါတယ်။ ဒီလိုရင်သားနာတာက ရာသီလာခါနီး ၃ရက်ကနေ  ၅ရက်၊ တချို့တွေမှာဆို ၁၀ရက်လောက်တည်းက နာတတ်ကြပါတယ်။ ပြီးရင်တော့ ရာသီစလာတာနဲ့ ပြန်သက်သာသွားတတ်ပါတယ်။ တချို့တွေမှာ ရာသီရက်တောက်လျှောက်လုံး နာနေတာမျိုး ရှိတတ်ပါတယ်။ ဒါကပုံမှန်ပဲဖြစ်ပါတယ်။ ရာသီစလာတဲ့ အမျိုးသမီးငယ်လေးတွေမှာ အတွေ့ရများပေမယ့် ရာသီလာနေသရွေ့ ဖြစ်နိုင်ခြေ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နာပုံခြင်းကလည်း အနည်းငယ်ကွဲပြားပါတယ်။ တချို့တွေမှာ သာမန်တင်းရုံ၊ နာရုံလောက်ပဲ ဖြစ်တတ်ပြီး […]

ရာသီလာခြင်း ကို ရှာဖွေမည်။

ရာသီလာခြင်း

ရာသီသွေးရက် ကြာတာကို သက်သာစေဖို့

ရာသီသွေး မဆင်းရင် မကောင်းသလို အများကြီး ဆင်းတာကလည်း ကောင်းတဲ့ လက္ခဏာတော့မဟုတ်ပါဘူး။ ရာသီသွေးဆင်းတဲ့နေရာမှာ ၃ ရက် ကနေ ၇ ရက် ထက်မကျော်တဲ့ ကာလအတွင်းကိုမှ ကျန်းမာတဲ့ ရာသီသွေးပေါ်မှုလို့ ခေါ်ဆိုနိုင်မှာပါ။ ရာသီသွေး ရက်ကြာလို့ စိတ်ညစ်ရတာနဲ့  အခြား ကျန်းမာရေး ပြဿနာတွေ မဖြစ်ရလေအောင် ရာသီသွေးရက် ကြာတာကို သက်သာစေဖို့ ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်ပေးရမလဲဆိုတာ မျှဝေပေးပါမယ်။ ဘာတွေကများ ရာသီသွေးဆင်းရက်ကို ကြာစေတာလဲ။ ရာသီသွေးဆင်းရက် ကြာစေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမကပါဘူး။ ဟော်မုန်း မမျှတတာ သားအိမ်ထဲမှာ ကင်ဆာ မဟုတ်တဲ့ အကျိတ်၊ ရေအိတ် တစ်ခုခု ဖြစ်နေတာ မျိုးဆက်ပွားစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုခုမှာ ကင်ဆာ ဖြစ်ပွားနေတာ ပိုးဝင် ကူးစက်တာ ကိုယ်ဝန် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ […]


ရာသီလာခြင်း

လေဒီလေးတိုင်း လိုက်နာသင့်တဲ့ ရာသီသွေးမှန်စေမယ့် အလေ့အထလေးများ

တစ်လတစ်ကြိမ် ရာသီလာတာကို လေဒီလေးတိုင်းလိုလို စိတ်ညစ်ကြပေမယ့် ဒါက ကျန်းမာရေးကိစ္စပါ။ ဒါကြောင့် ရာသီလာရင် စိတ်ညစ်တယ်ဆိုပေမယ့် ရာသီမမှန်ရင်တော့ ပိုစိတ်ညစ်တယ် ဟုတ်။ ရာသီသွေး မပေါ်တဲ့အခါ အိမ်ထောင်ရှင် အမျိုးသမီးတွေက ကိုယ်ဝန်ရှိနေတာများလို့ ယူဆကြပေမယ့် တစ်ကိုယ်ရေတစ်ကာယ လေဒီတွေကတော့ ဘာကြောင့်များလဲ ..... ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့်လား ...... ဆိုပြီး ခေါင်းထဲမှာအတွေးများစွာ ဝင်ရောက်လာတော့တာပါပဲ။ ဒီတစ်ခေါက်တော့ လေဒီလေးတွေ ကျန်းမာစေဖို့ အရေးကြီးတဲ့ ရာသီသွေးမှန်စေမယ့် အလေ့အထလေးများ အကြောင်း ဝေမျှပေးပါရစေ။ ရာသီသွေးမှန်စေမယ့် အလေ့အထလေးများ ရာသီမလာလို့ဆိုပြီး စိတ်ပူမှု မရှိစေဖို့အတွက် လေဒီလေးတိုင်း လိုက်နာသင့်တဲ့ ရာသီသွေးမှန်စေမယ့် အလေ့အထလေးများ ကတော့ အိပ်ရေးဝဝ အိပ်ပါ အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်က ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်ပြီး ထိန်းညီရမယ့် အရာတွေကို ထိန်းချုပ်ပါတယ်။ ကောင်းကောင်း […]


ရာသီလာခြင်း

ရာသီလာခါနီးမှာ ကိုယ်ခံအား မကျအောင် ဘာတွေ စားမလဲ။

လေဒီလေးတွေ တစ်လတစ်ခါ ကြုံတွေ့ရတဲ့ ရာသီလာခါနီးမှာ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှုကင်းနေစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီလိုပြောလိုက်လို့ လေဒီတွေက ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်လို့လား။ ဘာကြောင့် ကျတာလဲ။ ဘာတွေစားပေးဖို့လိုမလဲလို့ သိချင်သွားပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။ အရင်က ရာသီလာခါနီးမှာ ကိုယ်ခံအားကျတာက သိပ်စိုးရိမ်စရာ မကောင်းပေမယ့် အခုလိုမျိုး ရောဂါပိုးတွေ အနီးဝန်းကျင်မှာ ရှိနေချိန်မှာတော့ ရာသီလာခါနီးမှာ ကိုယ်ခံအားနည်းသွားတာက စိုးရိမ်စရာကောင်းတဲ့ အနေအထား တစ်ရပ်ကို ရောက်လို့ လာပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအားကျတတ်သလား။ ဟုတ်ပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်ပါတယ်။ အကြောင်းကတော့ ရာသီလာတဲ့ကာလအတွင်းမှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက မျိုးဥကြွေဖို့အတွက် ကိုယ်ခံအားကို အားနည်းအောင် လုပ်ဆောင်ထားတာကြောင့်ပါ။ မေမေတွေ ကိုယ်ဝန်ဆောင်တဲ့အခါ ဘေဘီလေးကို ခန္ဓာကိုယ်က လက်ခံအောင် ကိုယ်ခံအားကို […]


ရာသီလာခြင်း

ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ။

နေ့လယ် အိပ်ငိုက်လေ့ အိပ်ငိုက်ထ မရှိပါဘူး။ ညဘက်လည်း အိပ်ရေးဝရက်နဲ့ လန်းလန်းဆန်းဆန်းကို မရှိဘူး။ တစ်ချိန်လုံးလိုလို အိပ်ငိုက်နေတယ်။ အဲ့ဒါက အခြား အချိန်တွေ မဖြစ်ပေမယ့် ရာသီလာခါနီး ၃ ရက်လောက်နဲ့ ရာသီလာနေစဉ်မှာမှ ဖြစ်တာ။ ဒါဆို ဒီလို ဖြစ်တာက ရာသီလာတာနဲ့ သက်ဆိုင်နေတာလား။ ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ။ ဆိုပြီး စဉ်းစား အဖြေရှာနေတဲ့ လေဒီလေးတွေ ရှိလား ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။ ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ။ ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ ဆိုတော့ ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။ ပုံမှန်ချိန်တွေမှာ ဘာမှမဖြစ်ပေမယ့် ရာသီလာဖို့ ၃ ရက်အလိုလောက်ကနေစလို့ ရာသီလာနေစဉ် တလျှောက် တစ်ချိန်လုံး လိုလို အိပ်ငိုက်နေရတာက […]


ရာသီလာခြင်း

ရာသီခွက် လေးတွေကို ဘယ်လိုသန့်ရှင်းရေး လုပ်မလဲ။

ရာသီလာတဲ့အခါ သုံးတဲ့ ပစ္စည်းတွေထဲမှာ Pad၊ Tampons၊ အဝတ် Padနဲ့ M cupလို့ အလွယ်ခေါ်ကြတဲ့ ရာသီခွက် လေးတွေက အသုံးများပါတယ်။ နောက်ပိုင်းမှာ ယိုစိမ့်မှု နည်းတာကြောင့်ရော၊ တစ်ခါဝယ်ပြီးရင် အကြာကြီး သုံးလို့ရတာကြောင့်ရော ရာသီခွက်လေးတွေကို လူသုံးများလာကြပါပြီ။ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း သက်သာစေတာကြောင့် လူကြိုက်လည်း များပါတယ်။ ရာသီခွက် လေးတွေကို ဘယ်လို သန့်ရှင်းရေး လုပ်မလဲ။ ရာသီခွက်လေးတွေက ဆီလီကွန်နဲ့ လုပ်ထားပြီး ခပ်ပျော့ပျော့ခွက်လေးတွေပဲ ဖြစ်ပါတယ်။ ဒီခွက်လေးတွေက မိန်းမကိုယ်အတွင်းထဲကို ထည့်ထားရမှာဆိုတော့ သန့်နေအောင် ထားဖို့ လိုပါတယ်။ ဒါပေမယ့်လည်း သန့်ရှင်းချင်ဇောနဲ့ ဓာတုပစ္စည်းအပြင်းစားတွေ သုံးမယ်ဆိုရင် ခွက်ပျက်စီးသွားမှာပါ။ သေချာမသန့်ရှင်းရင်လည်း မိန်းမကိုယ် ပိုးဝင်ပြီး ယားယံတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရာသီခွက်လေးတွေကို နည်းလမ်းမှန်မှန်နဲ့ ဘယ်လိုပိုးသတ်သန့်စင်ရမလဲဆိုတာကို ပြောပြပေးပါမယ်။ စစချင်း […]


ရာသီလာခြင်း

ရာသီအကြို ဝမ်းချုပ်တာကို သက်သာစေဖို့

ရာသီအကြို ကာလမှာ ခံစားရတဲ့ အပြောင်းအလဲတွေက တစ်ခုမကပါဘူး။ လေဒီလေးတွေအနေနဲ့ ရာသီလာတာက လတိုင်း ကြုံနေရတဲ့ ကိစ္စဆိုပေမယ့် ရာသီလာတဲ့အခါ ခံစားရတဲ့ နာကျင်မှု၊ ရာသီအကြို လက္ခဏာတွေကတော့ တစ်လနဲ့ တစ်လ မတူပါဘူး။ ဒီတစ်ခေါက်တော့ ရာသီမလာခင်မှာ ခံစားရလေ့ရှိတဲ့ ကျန်းမာရေး ပြဿနာလေး တစ်ခုဖြစ်တဲ့ ရာသီအကြို ဝမ်းချုပ်တာကို သက်သာစေဖို့ ဘယ်လို လုပ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ရာသီ မလာခင်မှာ ဝမ်းချုပ်တာက ပုံမှန်ပဲလား ..... ရာသီအကြို ကာလမှာ အစာခြေစနစ်ပြဿနာကို ခံစားရတာက ပုံမှန်ပါပဲ။ ဝမ်းချုပ်တာကို ခံစားရနိုင်သလို ဝမ်းပျက်တာ၊ လေပွတာတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒီပြဿနာတွေရဲ့ အရင်းခံကတော့ ရာသီလာခါနီး ခန္ဓာကိုယ်တွင်းမှာ ဖြစ်တဲ့ ဟော်မုန်း အတက်အကျ ဖြစ်စဉ် ကြောင့်ပါ။ ကိုယ်တွင်း ဟော်မုန်း ပမာဏ ပြောင်းလဲမှုက […]


ရာသီလာခြင်း

ရာသီမလာခင်ရက်တွေမှာ အရမ်းပင်ပန်းနေတာ ပုံမှန်ပဲ လား .........

အိပ်ရေးလည်း မဝဘူး။ ဘယ်လောက် အိပ်အိပ် ခေါင်းကြည်တယ်လို့ကို မခံစားရဘူး။ အိပ်ရေးမဝတော့ နေရတာလည်း ပင်ပန်းတယ်။ စိတ်လက်လည်း မကြည်ဘူး။ ဒီလို ပင်ပန်းနေတကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုပြီး အပြင်းအထန် အဖြေရှာ ကြိုးပမ်းနေချိန်မှာပဲ လစဉ် တစ်ခေါက် အလည်ရောက်လာတတ်တဲ့ period time က ရောက်လာပြီလေ။ အဲ့တော့မှ သိလိုက်တာက ဒါကြောင့် စိတ်လက်မကြည်ဘဲ ပင်ပန်းနေတာနေမယ်ပေါ့။ ဒါဆို ရာသီမလာခင်ရက်တွေမှာ အရမ်းပင်ပန်းနေတာ ပုံမှန်ပဲ လား ......... ဒါက ကိုယ်တစ်ယောက်တည်းမှ ဖြစ်တာလား။ အခြားသူတွေရော ဖြစ်လား။ ပုံမှန်ပဲလား ဆိုတာကို သိချင်နေတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရအောင်နော်။ လေဒီ အများစုရဲ့ နေ့ရက်တိုင်းက ပင်ပန်းမှု မကင်းပါဘူး။ အမျိုးသမီး အများစုဟာ နေ့ရက်တိုင်းမှာ […]


ရာသီလာခြင်း

ဘာကိုရွေးမယ်စိတ်ကူးလဲ........ လေဒီ

လေဒီလေးတွေက နေ့ရက်တိုင်းမှာ လှပစွာနေချင်ကြတယ်နော်။ ဒါကလည်း ဖြစ်သင့်တဲ့အရာပါ။ လေဒီလေးတွေဆိုတာက ပိစိလေးကတည်းက အလှကြိုက်ကြတာကိုး။ လှပမှုက လှပမှုချည်းသက်သက်ဆို မပြည့်စုံပါဘူး။ လှပမှုကို အားဖြည့်ပေးနိုင်မယ့် အရာတစ်ခု ရှိပါတယ်။ ဒါကတော့ ယုံကြည်မှုပါ။ ဒါပေမယ့်လည်း နေ့စဉ်တိုင်းမှာ ယုံကြည်မှု ပြည့်တယ်ဆိုတဲ့ မိန်းကလေးကတော့ ခပ်ရှားရှားပါ။ လေဒီလေးတွေရဲ့ ယုံကြည်မှုကို အားလျော့စေတာက ဘာများလဲ............. လေဒီလေးတွေက ပုံမှန်ချိန်မှာ ယုံကြည်မှု ပြည့်တယ်ဆိုရင်တောင်မှ တစ်လတစ်ခါ မလွဲမသွေ ကြုံရတဲ့ period time မှာတော့ ယုံကြည်မှု အနည်းငယ် ကျနေတတ်ပါတယ်။ တစ်လတာရဲ့ အဲ့အချိန်ကို ရောက်လာပြီဆိုရင် လူအများကြားကို သွားလာဖို့ မရဲကြပါဘူး။ အနံ့အသက်ဆိုးနေတာမျိုး ဖြစ်မလား၊ စွန်းထင်းနေမလားဆိုပြီး စိုးရိမ်စိတ်တွေ များနေရင်းက ထိုင်နေရာက ထရပ်ဖို့တောင် မဝံ့မရဲ ဖြစ်တတ်ကြပါတယ်။ ဒီလိုအချိန်မှာလည်း ယုံကြည်မှု မပျောက်ဘဲ […]


ရာသီလာခြင်း

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ရာသီထိမ် ပြီဆိုရင် စစဉ်းစားတာ ကိုယ်ဝန်ရှိနေတာလားဆိုတာပါ။ အထူးသဖြင့် အိမ်ထောင်သည်တွေ၊ လိင်ဆက်ဆံမှု ရှိတဲ့သူတွေဆိုရင် ပိုပြီး စိုးရိမ်တတ်ပါတယ်။ လိင်ဆက်ဆံမှု မရှိတဲ့သူတွေကျတော့လည်း တခြားရောဂါတစ်ခုခုများလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒါပေမယ့် အဖြစ်များပြီး အားလုံးမေ့နေတတ်တဲ့ ကိစ္စတစ်ခုက စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးလွန်းလို့ ရာသီထိမ် တာဖြစ်တတ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။ စိတ်ဖိစီးလွန်းလို့ ရာသီထိမ် တာ ဘာကြောင့်လဲ။ စိတ်ဖိစီးရင် ခန္ဓာကိုယ်မှာရှိတဲ့  hypothalamic-pituitary-adrenal (HPA) axisဆိုတဲ့ ဟော်မုန်းလမ်းကြောင်းလေး လှုပ်ရှားလာပါတယ်။ ဒါကြောင့် သွေးထဲမှာ cortisolနဲ့ corticotropin-releasing hormone (CRH) ဆိုတဲ့ ဟော်မုန်း နှစ်ခု များလာပါတယ်။ ဒီဟော်မုန်း လမ်းကြောင်းနဲ့ ဟော်မုန်းနှစ်ခုက ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှု ဖြစ်တဲ့အခါ တုံ့ပြန်တဲ့အနေနဲ့ ထွက်လာတာပါ။ ထွက်လာတဲ့ ဟော်မုန်းတွေက ရာသီလာတာကို ထိန်းချုပ်ထားတဲ့ အီစထရိုဂျင်၊ […]


ရာသီလာခြင်း

အဝတ်pad တစ်ခုကပဲ ပတ်ဝန်းကျင်မညစ်ညမ်းအောင် ထိန်းသိမ်းနိုင်မှာလား

ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေဟာ ရာသီလာခြင်းနဲ ပတ်သက်ပြီး ဖိနှိပ်မှုများစွာ ခံခဲ့ရပါတယ်။ ရာသီသွေးဆင်းတဲ့ အမျိုးသမီးတွေဟာ ယုတ်နိမ့်တယ်၊ ရာသီသွေးဟာ မသန့်ဘူး၊ အိန္ဒိယလို နိုင်ငံမျိုးမှာဆို ရှေးတုန်းက ရာသီလာတဲ့အမျိုးသမီးတွေကို ရွာပြင်ထုတ်ထားတာမျိုး၊ ဒီရာသီလာတဲ့ကိစ္စအတွက် ဘာတစ်ကိုယ်ရည်သုံး ပစ္စည်းကိုမှ သုံးခွင့်မရတာမျိုး ကြုံခဲ့ကြရပါတယ်။ ဒါတင်ပဲလားဆိုတော့ အမျိုးသမီးအတွင်းခံတွေကိုတောင်မှ  ယုတ်ညံ့တဲ့ ပစ္စည်းအဖြစ် သတ်မှတ်ပြီး ခိုးကြောင်ခိုးဝှက် ထုတ်လှမ်းရတဲ့အထိပါပဲ။ ခုခေတ်မှာတော့ ကျန်းမာရေးအသိပညာတွေ ရေချိန်ကိုက်သင့်သလောက် ကိုက်လာတာကြောင့် ရာသီလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သိပ်ပြီး ချိုးနှိမ်တာမျိုး မရှိတော့ဘူး။ တချို့အတွဲတွေဆို မိန်းကလေးရာသီလာလို့ သုံးစရာ ပါမလာခဲ့ရင် ယောက်ျားလေးက အေးအေးဆေးဆေး သွားဝယ်ပေးကုန်ပြီ။ ဒီလို ပြောင်းလဲလာတာက တကယ်ကျေနပ်ဖို့ ကောင်းပါတယ်။ ခုနောက်ဆုံး ဖေ့ဘွတ်မှာ လူပြောသူပြောများနေတဲ့ ကိစ္စကတော့ အမျိုးသမီးသုံး padတွေဟာ ပလတ်စတစ်တွေမို့လို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)