backup og meta

လေဒီလေးတိုင်း လိုက်နာသင့်တဲ့ ရာသီသွေးမှန်စေမယ့် အလေ့အထလေးများ

လေဒီလေးတိုင်း လိုက်နာသင့်တဲ့ ရာသီသွေးမှန်စေမယ့် အလေ့အထလေးများ

တစ်လတစ်ကြိမ် ရာသီလာတာကို လေဒီလေးတိုင်းလိုလို စိတ်ညစ်ကြပေမယ့် ဒါက ကျန်းမာရေးကိစ္စပါ။ ဒါကြောင့် ရာသီလာရင် စိတ်ညစ်တယ်ဆိုပေမယ့် ရာသီမမှန်ရင်တော့ ပိုစိတ်ညစ်တယ် ဟုတ်။ ရာသီသွေး မပေါ်တဲ့အခါ အိမ်ထောင်ရှင် အမျိုးသမီးတွေက ကိုယ်ဝန်ရှိနေတာများလို့ ယူဆကြပေမယ့် တစ်ကိုယ်ရေတစ်ကာယ လေဒီတွေကတော့ ဘာကြောင့်များလဲ ….. ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့်လား …… ဆိုပြီး ခေါင်းထဲမှာအတွေးများစွာ ဝင်ရောက်လာတော့တာပါပဲ။ ဒီတစ်ခေါက်တော့ လေဒီလေးတွေ ကျန်းမာစေဖို့ အရေးကြီးတဲ့ ရာသီသွေးမှန်စေမယ့် အလေ့အထလေးများ အကြောင်း ဝေမျှပေးပါရစေ။

ရာသီသွေးမှန်စေမယ့် အလေ့အထလေးများ

ရာသီမလာလို့ဆိုပြီး စိတ်ပူမှု မရှိစေဖို့အတွက် လေဒီလေးတိုင်း လိုက်နာသင့်တဲ့ ရာသီသွေးမှန်စေမယ့် အလေ့အထလေးများ ကတော့

  • အိပ်ရေးဝဝ အိပ်ပါ

အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်က ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်ပြီး ထိန်းညီရမယ့် အရာတွေကို ထိန်းချုပ်ပါတယ်။ ကောင်းကောင်း အိပ်ပျော်နေစေဖို့ အစားအစာတွေကို ဂရုစိုက်ပေးဖို့ လိုသလို အနေအထိုင်ကိုလည်း ဂရုစိုက်ပေးဖို့ လိုပါမယ်။

အိပ်စက်ချိန်မှာ အိပ်ရေးဝဝ အိပ်ပျော်မှလည်း ခန္ဓာကိုယ်က ကျန်းမာမှာပါ။ ဒါကြောင့် ရာသီသွေး မှန်စေဖို့ဆိုရင် ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ သေချာ ဂရုစိုက်ပါ။ အချိုနဲ့ ကဖင်းကိုလည်း လျှော့စားပါ။

  • အာဟာရ မျှတအောင် စားသုံးပါ

အာဟာရမျှတအောင် စားသုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။ အာဟာရမျှတအောင် စားသုံးတာက ကိုယ်တွင်းဟော်မုန်းတွေကို ထိန်းညှိပေးသလို ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ဟန်ချက်ညီစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။  ဒါကြောင့် လေဒီလေးတွေအနေနဲ့ နေ့ရက်တိုင်းမှာ အစာအာဟာရကို သင့်တင့်မျှတအောင် စားသုံးပေးဖို့ လိုပါမယ်။

နေ့စဉ် စားသုံးမှုမှာ ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်အောင် စားသုံးပေးဖို့ လိုသလို ကဖင်း နဲ့ အယ်လ်ကိုဟောတို့ကိုလည်း တတ်နိုင်သမျှ လျှော့ပေးဖို့ လိုပါမယ်။

ကယ်လ်လိုရီ နည်းတာ ကာဗိုဟိုက်ဒရိတ် လျှော့စားတာ အစားမစားဘဲနေတာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ရာသီသွေးမှန်စေဖို့ အနှောင့်အယှက် ဖြစ်စေနိုင်လို့ပါ။

လေဒီလေးတိုင်း လိုက်နာသင့်တဲ့ ရာသီသွေးမှန်စေမယ့် အလေ့အထလေးများ

  • လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်ကို တက်ကြွလန်းဆန်းစေသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါပေမယ့် ရာသီသွေးမှန်စေဖို့ ဆိုရင် လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့။ ယောဂလေ့ကျင့်ခန်း လုပ်တာ၊ ပေါ့ပေါ့ပါးပါး လုပ်လို့ရတဲ့ လေ့ကျင့်ခန်း လေးတွေကို လုပ်ပေးတာက ရာသီသွေးမှန်စေဖို့ ရော စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။

လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မယ်ဆိုရင်တော့ ရာသီသွေး မမှန်တာ၊ ရာသီသွေး မပေါ်တာတွေ ဖြစ်နိုင်ပါတယ်။

  • စိတ်ဖိစီးမှု မခံပါနဲ့

စိတ်ဖိစီးမှုက နေ့စဉ်ဘဝကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ ကိုယ်တွင်း ဟော်မုန်း ဟန်ချက်ညီမှုကိုပါ ထိခိုက်စေတာပါ။ ဒီလို ဟော်မုန်း ကမောက်ကမ ဖြစ်ခြင်းက ရာသီသွေး ဆင်းတာကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီသွေးမှန်စေဖို့ဆိုရင် စိတ်ဖိစီးမှု ကင်းစေမယ့် တရားထိုင်တာ၊ လေ့ကျင့်ခန်း လုပ်တာမျိုး လုပ်ပေးပါ။

  • ဗီတာမင် ပြည့်ဝအောင် စားပါ

ဗီတာမင် B ချို့တဲ့တာက ရာသီသွေး မမှန်တာကို ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဗီတာမင် D ပါ။ ဗီတာမင် D ချို့တဲ့တာကလည်း ရာသီသွေး မမှန်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ရာသီသွေး မှန်စေဖို့ လိုအပ်တဲ့ ဗီတာမင်တွေကို အစာအာဟာရတွေကနေ ပြည့်ဝစွာ စားပေးဖို့ လိုပါမယ်။ ဒါမှ ကိုယ်တွင်းမှာ ဟော်မုန်း မျှတပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကလည်း ဟန်ချက်ညီညီ လုပ်ဆောင်နိုင်စေမှာပါ။

ဒီအလေ့အထလေးတွေကို ပုံမှန် လုပ်ပေးမယ်ဆိုရင် ရာသီသွေး မှန်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

These 6 habits will help you maintain a healthy menstruation cycle and avoid irregular periods https://www.healthshots.com/intimate-health/menstruation/these-6-habits-will-help-you-maintain-a-healthy-menstruation-cycle-and-avoid-irregular-periods/ Accessed Date 18 October 2022

8 Habits I’ve Tried for Better Periods (and Which Ones Actually Worked) https://theeverygirl.com/habits-better-periods/ Accessed Date 18 October 2022

Six habits to support a healthy menstrual cycle https://www.therapy-directory.org.uk/memberarticles/six-habits-to-support-a-healthy-menstrual-cycle Accessed Date 18 October 2022

Menstrual abnormalities and their association with lifestyle pattern in adolescent girls of Garhwal, India https://www.ncbi.nlm.nih.gov/pmc/articles/PMC6132013/ Accessed Date 18 October 2022

FAST FACTS: Nine things you didn’t know about menstruation https://www.unicef.org/press-releases/fast-facts-nine-things-you-didnt-know-about-menstruation Accessed Date 18 October 2022

ယခုပုံစံ

19/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီသွေးဆင်းတာ နည်းရင်၊ ရက်တိုရင် အန္တရာယ်ရှိလား

ရာသီသွေးနောက်ကျတာ ဒီအချက်တွေကြောင့်ပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 19/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement