အစားများများစားပါ။
ရာသီစက်ဝန်းရဲ့ ဒုတိယတဝက်မှာ အစားကို များများ စားပေးပါ။ အချိုစာတွေ၊ အသင့်စားသရေစာမျိုးတွေ မဟုတ်ဘဲ အာဟာရ ပြည့်ဝစေမယ့် အစားအစာတွေကို စားပေးပါ။ ဒါမှ ခန္ဓာကိုယ်က အင်အား ပြည့်ဝမှာပါ။ ချောကလက် နည်းနည်းလောက် စားပေးလို့ ရပါတယ်။
ရာသီလာနေချိန်မှာ ခန္ဓာကိုယ်က ပင်ပန်းနေမှာ ဖြစ်တာကြောင့် ဒီကာလတွေမှာ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်တာမျိုး မလုပ်ဘဲ လမ်းလျှောက်တာ၊ ယောဂလေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါး လေ့ကျင့်တာလိုမျိုး ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေမယ့် လေ့ကျင့်ခန်းမျိုး လုပ်ပေးပါ။
ရာသီလာချိန်မှာ အိပ်ငိုက်တယ်ဆိုတာက ခန္ဓာကိုယ်က အားမပြည့်လို့ အနားတောင်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရမ်း အိပ်ချင်လာတဲ့အခါ နေ့လယ်ခင်းကို တစ်ရေးလောက် အိပ်လိုက်ပါ။ ညဘက်တွေမှာလည်း အိပ်ချိန်ကို အနည်းဆုံး ၇ နာရီကနေ ၈ နာရီ ရှိအောင် ထားပါ။
ဒီလို အချိန်တွေမှာ ခန္ဓာကိုယ်ကို ပင်ပန်းမှု ကင်းစေဖို့ဆိုရင် အရက်အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို ရှောင်ပါ။ ဒါတွေက ပိုပင်ပန်းစေနိုင်လို့ပါ လေဒီလေးတို့ရေ။
ကြွက်သားတွေပြေလျော့ပြီး နာကျင်မှုတွေ ထိုင်းမှိုင်းတာတွေကို သက်သာစေပြီး စိတ်ခံစားမှု ကောင်းစေဖို့ ရာသီလာနေချိန်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။
ရာသီလာခါနီးနဲ့ ရာသီလာနေချိန်တွေမှာ ဘာလို့ အရမ်းအိပ်ချင်နေရတာလဲ။ သက်သာအောင် လုပ်ချင်တယ်ဆိုရင် အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ကြည့်လို့ ရပါတယ် လေဒီလေးတို့ရေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။