အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ် ကြွယ်ဝသလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။ ဖောလိတ်နဲ့ ဇင့်ဓာတ်တွေကလည်း ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။
အနီရောင် အသားက သံဓာတ် နဲ့ ပရိုတင်းတို့လိုမျိုး ကိုယ်ခံအား အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ သွေးအားကောင်းစေဖို့ရော ကိုယ်ခံအား ပြည့်နေစေဖို့ပါ အကောင်းဆုံး ထောက်ကူ ပေးနိုင်မှာပါ။
ပင်လယ်ငါး အထူးသဖြင့် ဆယ်လ်မွန်ငါးလိုမျိုး Omega-3 fatty acid ကြွယ်ဝပြီး ပရိုတင်းပြည့်ဝတာမျိုး စားပေးဖို့ လိုပါမယ်။ ဒီလို စားသုံးပေးတာက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။
ကြက်သားက ကိုယ်ခံအားကောင်းသလို သွေးအားလည်း ပြည့်စေနိုင်ပါတယ်။ ပရိုတင်း ကြွယ်ဝမှုက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ရောဂါပိုးတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ အားဖြည့်ပေးပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ကျန်းမာနေစေဖို့အတွက် ကြက်သားကို အရေခွံမပါဘဲ စားပေးလို့ ရပါတယ်။
အချို ပါဝင်မှု နည်းတဲ့ အနက်ရောင် ချောကလက်က ကိုယ်ခံအားကို ထိထိရောက်ရောက် အားဖြည့်ပေးသလို သွေးလည်ပတ်မှု ကောင်းစေနိုင်တာကြောင့် လေဒီလေးတွေ ရာသီလာချိန်မှာ စားပေးဖို့ သင့်တော်တဲ့ အစားအစာတစ်မျိုးပါ။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။
ကဲ ….. ရာသီလာချိန်မှာ ကိုယ်ခံအား နည်းသွားတာမျိုးကြောင့် ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ မဝင်ရောက်စေဖို့အတွက် အခုပြောခဲ့တဲ့ အစားအစာလေးတွေကို စားပေးလို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။