ရာသီလာခြင်း

ရာသီလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ် သွေးဆင်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ကနေ အမြှေးပါးလေးတွေ ကွာကျတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့အကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီလာခြင်း

ရာသီလာခါနီး ရင်သားနာတာ သက်သာစေဖို့

ရာသီလာခါနီး ရင်သားနာတာ က သဘာဝပါ။ အမျိုးသမီးတော်တော်များများ ကြုံရတဲ့ကိစ္စပါပဲ။ ရင်သားနာရုံတင်မကပါဘူး။ ရင်သားတွေ တင်းတာ၊ ပုံမှန်ထက် ပိုကြီးလာတာတွေကိုပါ ခံစားရတတ်ပါတယ်။ ဘာကြောင့် ရာသီလာခါနီး ရင်သားနာတာ ခံစားရတာလဲ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းကြောင့်ပါပဲ။ အီစထရိုဂျင်က နို့ရည်ပြွန်တွေကို ကြီးလာစေသလို ပရိုဂျက်စတုန်းက နို့ရည်ဂလင်းတွေကို ဖောင်းလာစေပါတယ်။ ဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ ရင်သားတွေက တင်းပြီး နာလာပါတယ်။ ပိုလည်း ကြီးလာပါတယ်။ ဒီလိုရင်သားနာတာက ရာသီလာခါနီး ၃ရက်ကနေ  ၅ရက်၊ တချို့တွေမှာဆို ၁၀ရက်လောက်တည်းက နာတတ်ကြပါတယ်။ ပြီးရင်တော့ ရာသီစလာတာနဲ့ ပြန်သက်သာသွားတတ်ပါတယ်။ တချို့တွေမှာ ရာသီရက်တောက်လျှောက်လုံး နာနေတာမျိုး ရှိတတ်ပါတယ်။ ဒါကပုံမှန်ပဲဖြစ်ပါတယ်။ ရာသီစလာတဲ့ အမျိုးသမီးငယ်လေးတွေမှာ အတွေ့ရများပေမယ့် ရာသီလာနေသရွေ့ ဖြစ်နိုင်ခြေ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နာပုံခြင်းကလည်း အနည်းငယ်ကွဲပြားပါတယ်။ တချို့တွေမှာ သာမန်တင်းရုံ၊ နာရုံလောက်ပဲ ဖြစ်တတ်ပြီး […]

ရာသီလာခြင်း ကို ရှာဖွေမည်။

ရာသီလာခြင်း

ဒီအချိန်ရောက်မှာ ကြောက်နေပြီလား။

သြော် သူတောင် လာတော့မှာပါလား၊ သိပ်မလိုတော့ဘူးပဲ။ သူဆိုတာ မိန်းကလေးတိုင်းရဲ့ 'သူ'ပေါ့။ သူလာတိုင်း လူမှာ နုံးခွေပြီး ဘာမှလည်း မလုပ်ချင်၊ စိတ်တွေလည်းတိုနဲ့ နေလို့ကို အဆင်ပြေမနေဘူး။ တစ်လကို တစ်ခါလောက် ပုံမှန်တွေ့နေရတာ ဆိုတော့ တွေ့တိုင်း စိတ်ရော ကိုယ်ပါ ပင်ပန်းနေတာ သိပ်တော့ အထာမကျလှဘူး။ ကဲ 'သူ'ဆိုတာ ဘယ်သူလည်း သိပြီလား။ 'သူ့'ကို ရင်ဆိုင်ဖို့ လေဒီတို့ကို နည်းလမ်းလေးတွေ ပြောပြပေးမယ်နော်။ ဧည့်သည်မလာခင် ကြိုပြင်ပါ။ ရာသီလာတာကို တချို့တွေက ဧည့်သည်ရောက်နေလို့လို့ သုံးကြတယ်ဗျ။ တစ်လ တစ်ခါလာတဲ့ ဧည့်သည်ပေါ့လေ။ ရာသီချိန်မှာ အဖြစ်များတာတွေက စိတ်မကြည်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ဗိုက်အောင့်တာ၊ ဗိုက်ပွတာတွေဖြစ်တတ်ပါတယ်။ အရင်ဆုံး လုပ်ရမှာတော့ ဘယ်နေ့ ရာသီလာမှာလဲဆိုတာ ကြိုတွက်ပါ။ ဒီမှာတွက်လို့ရပါတယ်။ အကောင်းဆုံးကတော့ ရာသီမလာခင် တစ်ပတ်လောက် ကြိုပြင်ပါ။ တခြားအချိန်မှာ ယောဂမလုပ်ရင်တော့ […]


ရာသီလာခြင်း

Tampon ဘာလဲ။ ဘယ်လဲ

ခေတ်မီတိုးတက်လာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ လစဉ်ဓမ္မတာအတွက် Sanitary Pad (လစဉ်သုံး ဂွမ်းထုပ်) တွေက တစ်ခုတည်းရှိတဲ့ ရွေးချယ်စရာ မဟုတ်တော့ပါဘူး။ ရွေးချယ်စရာတွေ များလာကြပါပြီ။ ဒီထဲမှာမှ ခု ကျွန်မတို့ နိုင်ငံက အမျိုးသမီးအများစု တော်တော်များများ သုံးလာကြတဲ့ အရာကတော့ Tampon ပါ။ ပြောရမယ်ဆိုရင် နိုင်ငံတကာမှာလည်း Tampon ဟာ ပေါ်ပြူလာ အဖြစ်ဆုံး ရွေးချယ်စရာတစ်ခုပါပဲ။ ဘာကြောင့် Tampon ကို ပိုပြီး ရွေးချယ်လာကြတာလဲ။ Tampon ဟာ လစဉ်သုံးဂွမ်းထုပ်တွေလို လှောင်ပိတ်နေမှာ၊ အနံ့ဆိုးမှာ၊ ပေါင်တွေပွန်းမှာ ပူပင်စရာ မလိုရလောက်အောင် အင်မတန် သက်သောင့်သက်သာရှိပါတယ်။ အရာမထင်တာ၊ ဖောင်းမနေတာနဲ့ အနောက်မှာ ပေသွားလား၊ မပေသွားလား စဉ်းစားနေစရာ မလိုတာတွေက ဘောနပ်စ်ပေါ့။ အရင်ဆုံး လက်ကို သေချာဆေး၊ Tampon […]


ရာသီလာခြင်း

အဖြူဆင်း တာ ကျန်းမာရေးပြဿနာလား

အဖြူဆင်း တယ်ဆိုတာ မိန်းကလေးတွေ အတော်များများ ကြုံရတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် အဖြူဆင်းတယ် ဆိုရင် မကောင်းဘူးလို့ တချို့က ထင်ကြပါတယ်။ ဘာလို့များလဲ၊ အန္တရာယ်ရှိလား၊ ရောဂါရှိတာလား စိုးရိမ်တတ်ကြတယ်။ အမျိုးသမီးကျန်းမာရေး အတွက် မကောင်းတဲ့ လက္ခဏာလား အဖြူဆင်း တယ် ဆိုတာ တကယ်တော့ အမျိုးသမီးမျိုးပွားအင်္ဂါစနစ် အတွင်းမှာ အရေးပါတဲ့ ထိန်းသိမ်းမှု လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါတယ်။ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းအတွင်းပိုင်းမှာရှိတဲ့ ဂလင်းတွေကနေ ထုတ်ပေးတဲ့အရည် တွေက ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားသန့်စင်ပေးတာပါ။ ဒီလိုနည်းနဲ့ မိန်းမကိုယ်ကို သန့်စင်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။ အများအားဖြင့်တော့ အဖြူဆင်းတာက ပုံမှန်ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာပါ။ ဆင်းတဲ့ ပမာဏ၊ အရောင်၊ အနံ့ တို့က ရာသီစက်ဝန်းကို မူတည်ပြီး မတူညီတတ်ကြပါဘူး။ ဥပမာ သားဥကြွေတဲ့ […]


ရာသီလာခြင်း

လူပြောများနေတဲ့ Menstrual Cup က တကယ်ရော ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ အမျိုးမျိုး ရှိတဲ့အနက်က ဒီဘက်ခေတ် နောက်ပိုင်းမှာ M-cup လို့ခေါ်တဲ့ Menstrual Cup လစဉ်သုံးခွက်လေးတွေ အတော်လေး ခေတ်စားလာတာကို တွေ့ရပါတယ်။ သက်သောင့်သက်သာ ရှိမှု၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှု၊ ရေရှည် ငွေကုန်ကြေးကျ သက်သာမှု စသဖြင့် အမျိုးမျိုးသော အကြောင်းတွေကြောင့် အမျိုးသမီးလေးတွေကလည်း ဒီ Menstrual Cup ကို လစဉ်သုံးဂွမ်းထုပ် (Pad) တွေ၊ Tampon တွေထက် ပိုပြီး အသုံးများလာကြပါတယ်။ တကယ်ရော ဒီ လူပြောများနေတဲ့ Menstrual Cup က ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။ ကျွန်မတို့ အတူတူ လေ့လာကြည့်ကြရအောင်။ Menstrual Cup ဆိုတာ ဘာလဲ။ Menstrual Cup ဆိုတာက […]


ရာသီလာခြင်း

ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ကြားရအများဆုံး ချင်း(ဂျင်း) စကားကြီး (၄)ခွန်း

ကျွန်မတို့ အမျိုးသမီးလေးတွေ အပျိုဖော်ဝင်ပြီဆိုတာနဲ့ စပြီးကြားရတာက ရာသီလာ စောရတာဟာ ကိုယ်တိုင်က လိင်စိတ် များရလို့ ဖြစ်တယ်။ ရာသီလာရင် ယောက်ျားလေးတွေနဲ့ ထိလိုက်တာနဲ့ ကိုယ်ဝန်ရနိုင်တယ်။ ရာသီလာရင် ရေမချိုးရဘူး။ ရာသီလာတာက ခန္ဓာကိုယ်ထဲက မသန့်ရှင်းတဲ့ သွေးတွေ၊ သွေးပုပ်တွေ ဆင်းတာဖြစ်တယ် စတဲ့ ချင်း(ဂျင်း)စကားတွေပါပဲ။ မိရိုးဖလာ လက်ခံခဲ့ကြတဲ့ ဒီ ပါးစပ်ပြောယုံတမ်းစကားတွေကြောင့် တလွဲဆံပင်ကောင်းပြီး အရှက်၊အကြောက် ကြီးကြလွန်းလို့ ရောဂါဝင်လို့ ဝင်မှန်းမသိ ဖြစ်ခဲ့ကြတဲ့ အမျိုးသမီးလေးတွေ မနည်းလှပါဘူး။ ဒီယုံတမ်းစကားတွေထဲက ကျွန်မတို့ ကြားရအများဆုံး ယုံတမ်းစကားတွေကို ပြောပြပေးချင်ပါတယ်။ ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ကြားရအများဆုံး ချင်း(ဂျင်း) စကားကြီး (၄)ခွန်း ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ကြားရအများဆုံး ချင်း(ဂျင်း) စကားကြီး တွေကတော့ ၁။ ရာသီလာရင် ရေမချိုးရဘူး။ ခေါင်းမလျှော်ရဘူး။ ဒါဟာ လုံးဝ […]


ရာသီလာခြင်း

Menstrual Cup ကို ဘယ်လိုသုံးရလဲ

Menstrual Cup က ကျန်းမာရေးနဲ့ ညီ၊မညီ ရှေ့မှာ လေ့လာခဲ့ကြပြီးပြီဆိုတော့ ဒီတစ်ခါမှာတော့ Menstrual Cup တွေကို ဘယ်လို အသုံးပြုရသလဲဆိုတဲ့အကြောင်းလေး ထပ်ပြီး လေ့လာကြည့်ကြရအောင်။ Menstrual Cup ဟာလည်း Tampon လိုပဲ မိန်းမကိုယ်ထဲ ထည့်ပြီး အသုံးပြုရတာဖြစ်ပါတယ်။ Tampon သုံးဖူးတဲ့သူတွေဆိုရင်တော့ Menstrual Cup ကို သုံးရတာ ပိုပြီး လွယ်ကူပါလိမ့်မယ်။ ဒါပေမဲ့ ခွက်ဖြစ်တဲ့အတွက်ကြောင့် ခေါက်ထည့်ပြီး အထဲမှာ ပွင့်အောင်လုပ်ရတဲ့ အဆင့်တစ်ဆင့်တော့ ပိုလာတာပေါ့နော်။ Menstrual Cup ကို သုံးတော့မယ်ဆိုရင် အရင်ဆုံး လက်ကို သေချာဆေးပါ။ ခွက်ကို Water-based Lubricant (ရေဓာတ်အခြေခံ ချောဆီ) နဲ့ သုတ်ပါ။ (ဒါကတော့ ထည့်ရင် နာမှာကြောက်တဲ့သူတွေကို ပြောတာပါ။ […]


ရာသီလာခြင်း

ရာသီမလာခင် ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။

ရာသီမလာခင် အကြို ကာလမှာ ဝမ်းချုပ်တာကြောင့် စိတ်ညစ်နေတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင့်အတွက်ပါ။ ကဲ ...... ရာသီမလာခင် ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ရာသီမလာခင်ကာလမှာ ဝမ်းချုပ်တတ်လား။ ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းအရင်း အများကြီး ရှိပါတယ်။ ဒီထဲမှာမှ ကိုယ်တွင်း ဟော်မုန်း ပြောင်းလဲမှုကလည်း တစ်ခု အပါအဝင်ပါ။ ရာသီမလာခင်မှာ ဝမ်းချုပ်တာမျိုး ခံစားရနိုင်ပါတယ်။ လေဒီတိုင်းလား ဆိုတော့ မဟုတ်ပါဘူး။ ရာသီမလာခင်မှာ ဝမ်းချုပ်ရတာက ကိုယ်တွင်းမှာ estrogen နဲ့ progesterone ဟော်မုန်း ပမာဏကို ညီမျှအောင် လုပ်ဆောင်နေရတာကြောင့်ပါ။ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတာက သားဥကြွေတာကိုတင် မဟုတ်ဘဲ အစာခြေစနစ် အပေါ်မှာပါ သက်ရောက်မှု ရှိစေတာပါ။ ကိုယ်တွင်းမှာ progesterone […]


ရာသီလာခြင်း

လေဒီလေးတိုင်း သိထားသင့်တဲ့ ရာသီအကြိုလက္ခဏာ များ

လစဉ်တိုင်း ကြုံရတဲ့ ပြဿနာ မတိုင်ခင် ကြိုတင်ပြင်ဆင်နိုင်စေဖို့အတွက် ရာသီအကြိုလက္ခဏာ တွေက ဘာတွေလဲ။ ကိုယ်တိုင်မှာရော ဒီ လက္ခဏာတွေ ရှိနေပြီလား ဆိုတာကို ဒီ ဆောင်းပါးလေး ဖတ်ရင်း ဆန်းစစ်ကြည့်ရအောင် လေဒီတို့ရေ ....... ရာသီအကြိုလက္ခဏာဆိုတာ ဘာလဲ။ ရာသီမလာခင် တစ်ပတ် ဒါမှမဟုတ် ၂ ပတ်လောက် အလိုကတည်းက လေပွတာ၊ ခေါင်းကိုက်တာ၊ စိတ်ခံစားမှု မကောင်းတာ၊ စိတ်ထိခိုက်လွယ်တာ လိုမျိုး လက္ခဏာတွေ ခံစားရလေ့ရှိပါတယ်။ လစဉ် ခံစားရတဲ့ ဒီ လက္ခဏာတွေကို ရာသီအကြိုလက္ခဏာ တွေလို့ ခေါ်တာပါ။ ဒီ ရာသီအကြို လက္ခဏာတွေကို အမျိုးသမီး ၈၅ ရာခိုင်နှုန်းလောက် ခံစားကြရပါတယ်။အချို့က သိပ်မပြင်းထန်ပေမယ့် အချို့မှာကျ ရာသီအကြို လက္ခဏာက တော်တော်လေး ပြင်းထန်တတ်ကြပါတယ်။ ဒီတစ်ခေါက်တော့ လေဒီ […]


ရာသီလာခြင်း

ရာသီသွေး က သွေးပုပ်တွေလား။ ရာသီသွေးကျန်ရင် ဘာဖြစ်တတ်လဲ။

ရာသီသွေး နဲ့ ပတ်သတ်ပြီး တော်တော်များများ ယူဆထားကြတာက သွေးက မသန့်ဘူး။ သွေးပုပ်တွေ။ ရာသီလာတယ်ဆိုတာ ယုတ်ညံ့တယ်ကိစ္စ ဒီလို သတ်မှတ်ထားကြတာပါ။ အထူးသဖြင့် လူကြီးတွေကပေါ့။ ဒါပေမယ့် ခုခေတ်က တိုးတက်လာတော့ ရာသီလာတယ်ဆိုတာကို ကျန်းမာရေး ကိစ္စတစ်ခုအနေနဲ့ သတ်မှတ်လာကြပါပြီ။ ပိုပြီးလည်း ပွင့်ပွင့်လင်းလင်း ဖြစ်လာကြပါပြီ။ ဒါပေမယ့် လူငယ်တွေ စိတ်ထဲမှာ ရာသီသွေးဆိုတာ အိမ်က အဘွားပြောသလို တကယ်ပဲ မသန့်ဘူးလား။ ရာသီသွေးတွေ ကျန်ရင် အပုပ်ဆန်တတ်တယ်ဆိုတာ တကယ်လားဆိုပြီး တွေးနေကြမှာပါ။ ဒီဆောင်းပါးမှာ ဒီပြဿနာကို ဖြေရှင်းပေးပါမယ်။ ရာသီသွေး ဘယ်ကဖြစ်လာတာ။ ရာသီသွေးဆိုတာ ပုံမှန်တွေ့နေကြ သွေးကြောထဲက သွေးနဲ့ နည်းနည်းကွဲပါတယ်။ ရာသီသွေးမှာ သွေးအပြင် သားအိမ်နံရံအမြှေးပါး၊ အချွဲနည်းနည်းနဲ့ ဘက်တီးရီးယားပါပါတယ်။ အချွဲဆိုတာက မိန်းမကိုယ်က အဖြူဆင်းသလို ထွက်တဲ့ အချွဲပါ။ […]


ရာသီလာခြင်း

ရာသီရက် ရွှေ့ ချင်တဲ့ ပျိုမေများအတွက်

သူ့ဟာသူ လာနေတဲ့ ရာသီရက် ကို ဘာကြောင့် ရွှေ့ချင်တာတုန်းလို့ မေးစရာ ရှိပါတယ်။ ဒါပေမယ့် ရာသီတစ်ခါလာရင် ဘယ်လောက်ပင်ပန်းလဲဆိုတာ အမျိုးသမီးတွေ အသိဆုံးပါ။ မလာခင်လည်း စိတ်တွေတိုရ၊ လာနေတော့လည်း ကိုယ်လက်တွေကိုက်၊ ဗိုက်တွေအောင့်၊ ဒီpadတွေလဲရတာလည်း အလုပ်တစ်လုပ်ဆိုတော့ စိတ်ရှုပ်စရာပါ။ သာမန်အချိန်ဆို ပြဿနာ မရှိပေမယ့် တစ်ခုခု အရေးကြီးတာ လုပ်စရာရှိတယ်ဆို သွားပြီပဲ။ ဥပမာ ပြောပြမယ်နော်။ နောက်အပတ်မှာ စာမေးပွဲရှိတယ်။ ၃ရက်လောက် ဖြေရမယ်။ တိုက်တိုက်ဆိုင်ဆိုင် ရာသီလာမယ့်ရက်နဲ့ တည့်တည့်တိုးနေတယ်။ ကလေးတွေခမျာ စာကျက်လို့ စိတ်ညစ်တာ တစ်မျိုး၊ ဒီရာသီကတစ်မျိုးနဲ့ ဝက်ခြံလေးတွေတောင် ထွက်လို့။ နောက်တစ်ခု ခရီးသွားမယ့်အချိန်မှာ ရာသီလာရင်လည်း တော်တော် စိတ်ညစ်ရပါတယ်။ လည်လို့ ပတ်လို့ မကောင်းတော့ဘူးလေ။ Beachသွားမယ်လို့ စီစဉ်ထားတဲ့သူဆို ပိုဆိုး။ ရေထဲတောင် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)