backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရာသီသွေးရက် ကြာတာကို သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရာသီသွေးရက် ကြာတာကို သက်သာစေဖို့

ရာသီသွေး မဆင်းရင် မကောင်းသလို အများကြီး ဆင်းတာကလည်း ကောင်းတဲ့ လက္ခဏာတော့မဟုတ်ပါဘူး။ ရာသီသွေးဆင်းတဲ့နေရာမှာ ၃ ရက် ကနေ ၇ ရက် ထက်မကျော်တဲ့ ကာလအတွင်းကိုမှ ကျန်းမာတဲ့ ရာသီသွေးပေါ်မှုလို့ ခေါ်ဆိုနိုင်မှာပါ။ ရာသီသွေး ရက်ကြာလို့ စိတ်ညစ်ရတာနဲ့  အခြား ကျန်းမာရေး ပြဿနာတွေ မဖြစ်ရလေအောင် ရာသီသွေးရက် ကြာတာကို သက်သာစေဖို့ ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်ပေးရမလဲဆိုတာ မျှဝေပေးပါမယ်။

ဘာတွေကများ ရာသီသွေးဆင်းရက်ကို ကြာစေတာလဲ။

ရာသီသွေးဆင်းရက် ကြာစေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမကပါဘူး။

  • ဟော်မုန်း မမျှတတာ
  • သားအိမ်ထဲမှာ ကင်ဆာ မဟုတ်တဲ့ အကျိတ်၊ ရေအိတ် တစ်ခုခု ဖြစ်နေတာ
  • မျိုးဆက်ပွားစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုခုမှာ ကင်ဆာ ဖြစ်ပွားနေတာ
  • ပိုးဝင် ကူးစက်တာ
  • ကိုယ်ဝန် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ် ခံစားနေရတာ
  • အသည်းရောဂါ ရှိနေတာ
  • ကျောက်ကပ်မှာ ကျန်းမာရေး ပြဿနာ ရှိနေတာ
  • တင်ပဆုံပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ တစ်ခုခု ခံစားနေရတာ စတာတွေက ရာသီသွေးဆင်းရက် ကြာစေနိုင်ပါတယ်။

ရာသီသွေးဆင်းတာ များနေတာလား။ 

ဒီလက္ခဏာတွေ ခံစားနေရမယ်ဆိုရင် ရာသီသွေးဆင်းတာ များနေတာပါ။

  • ရာသီဆင်းတဲ့ရက်က ၇ ရက်ထက် ပိုများနေမယ်
  • သွေးခဲတွေ ဆင်းမယ်။ ဆင်းတဲ့ သွေးခဲတွေက အကြွေစေ့ဝိုင်းထက် ကြီးနေမယ်
  • သွေးအရောင်က အနီရောင်၊ ပန်းရောင်၊ အညိုရောင် ဖြစ်နေမယ်
  • ၂ နာရီခြား တစ်ခါလောက်ကို လစဉ်သုံး လဲနေရမယ်
  • ရာသီသွေးဆင်းချိန်မှာ သွေးပမာဏက ပုံမှန် 35-40 ml အစား 80 ml လောက် ကုန်ဆုံးနေမယ်
  • ပင်ပန်းနေတာ၊ ခြေကုန်လက်ပမ်းကျနေတာ၊ အသက်ရှူမဝတာလိုမျိုး သွေးအားနည်း လက္ခဏာတွေ ခံစားရမယ်
  • ရာသီစက်ဝန်း ၂ ခုကြားမှာ သွေးဆင်းတာမျိုး ဖြစ်မယ်ဆိုရင်တော့ ရာသီသွေးဆင်းတာ များနေတယ်နေလို့ ဆိုရပါမယ်။

ရာသီသွေးရက် ကြာတာကို သက်သာစေဖို့

ရာသီသွေးရက် ကြာတာကို သက်သာစေဖို့

ရာသီသွေးရက် ကြာတာကို သက်သာစေဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာက စားသောက်မှုပုံစံပါ။ ဒါကြောင့် ရာသီသွေးဆင်းရက် ကြာတာကို သက်သာစေဖို့ အခုပြောပြတာလေးတွေကို လုပ်ဆောင်ပေးဖို့ အကြံပြုပါရစေ။

  • နှမ်းကြတ်စေ့ စားပါ

ရာသီသွေးဆင်းရက် ကြာတာကို သက်သာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုထဲမှာ နှမ်းကြတ်စေ့ ပါဝင်အောင် စားသုံးပေးလို့ ရပါတယ်။ ဒီလို စားသုံးပေးတာက ရောဂါအခြေအနေ တစ်ရပ်ရပ်ကြောင့် မဟုတ်တဲ့ ရာသီသွေးဆင်းရက် ကြာနေတာကို သက်သာစေနိုင်ပါတယ်။

  • ရေသောက်ပါ

ရေသောက်တာက ရာသီသွေးဆင်းရက် ကြာတာကိုရော သွေးဆင်းများတာကိုပါ သက်သာစေနိုင်ပါတယ်။ ရေဓာတ်ဖြည့်တင်းပေးခြင်းက ကျန်းမာစေဖို့ ထောက်ကူပေးသလို ကိုယ်တွင်း သွေးပမာဏကို ဖြည့်တင်းနိုင်ဖို့လည်း လုပ်ဆောင်ပေးပါသေးတယ်။

  • မန်ကျည်းသီး စားပါ

မန်ကျည်းသီးက သွေးစီးဆင်းလည်ပတ်မှုကို ထောက်ကူပေးတာကြောင့် ရာသီသွေးဆင်းရက် ကြာနေတာကို သက်သာစေနိုင်ပါတယ်။ မန်းကျည်းသီးကို ရေသန့်သန့်နဲ့ စိမ်ပြီး ပျားရည်လေး နည်းနည်းရောလို့ တစ်နေ့တစ်ခွက် သောက်ပေးရုံပါ။

  • လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေကို သွေးပူစေပါတယ်။ ကြွက်သားတွေ သွေးပူသွားတဲ့အခါ ကြွက်သားတွေ ပြေလျော့တာပြီး ညှစ်အားကျဆင်းသွားပါတယ်။ ဒီလိုမျိုး ညှစ်အားကျဆင်းသွားတာက သားအိမ်ကို ညှစ်ထားတာကို ပြေလျော့စေတာကြောင့် သွေးဆင်းတာကို လျော့ကျသွားစေမှာပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ။

  • လတိုင်းလိုလို သွေးဆင်းတာ ရက်ကြာနေရင်
  • သွေးဆင်းရက်ကြာတာနဲ့အတူ သွေးဆင်းများတာ၊ ဗိုက်ထဲက မခံနိုင်အောင် အောင့်တာ၊ ကိုက်ခဲတာတွေ ဖြစ်နေရင်
  • သွေးဆင်းရက်ကြာတာကြောင့် သွေးအားနည်းတဲ့ ဝေဒနာ ခံစားရရင်
  • သွေးဆင်းရက်ကြာတာကြောင့် နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသပြီး စနစ်တကျ ကုသသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement