ရာသီမလာခင်ရက်တွေမှာ ပင်ပန်းမှုကို ခံစားရစေတဲ့ အကြောင်းအရင်းတွေက
ရာသီ မလာခင်ရက်တွေမှာ Oestrogen ဟော်မုန်း ပမာဏ ကျဆင်းတာကြောင့် ခန္ဓာကိုယ်မှာ အားမရှိသလို ခံစားရတာပါ။ နောက်တစ်ချက်အနေနဲ့ စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ serotonin ဟော်မုန်း ပမာဏလည်း ကျဆင်းသွားတာကြောင့် စိတ်ခံစားမှု မကောင်းတာမျိုး ခံစားရတာပါ။
သားဥကြွေတဲ့အခါ ခန္ဓာကိုယ် အပူချိန်က မြင့်တက်လာပြီး ကိုယ်ဝန်ဆောင်ဖို့အတွက် ပြင်ဆင်ရတာကြောင့် ခန္ဓာကိုယ်က အင်အားတွေကို ပိုမို အသုံးပြုရပါတယ်။ ဒါကြောင့် ပုံမှန်ထက် period time မှာ အားအင်တွေ ပိုမိုကုန်ခမ်းတယ်လို့ ခံစားရတာပါ။
Period Time မှာ သွေး အများကြီးဆင်းမယ်ဆိုရင် သွေးဆုံးရှုံးမှု များတာကြောင့် သွေးနီဥဆဲလ်တွေထဲမှာ သံဓာတ် အားနည်းတာတွေ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေက ဆဲလ်တွေ၊ တစ်ရှူးတွေဆီကို လုံလောက်တဲ့ အောက်ဆီဂျင် ရောက်ရှိအောင် မပို့ဆောင်နိုင်တာကြောင့် ဆဲလ်တွေက လုပ်ငန်းစဉ်တွေကို ပိုပြီး ခက်ခက်ခဲခဲ လုပ်ဆောင်ရပါတယ်။
Period time မှာ နာကျင်မှုတွေ၊ ဆာလောင်မှုတွေ နဲ့ ကောင်းကောင်း မအိပ်ထားရတဲ့ အခြေအနေတွေ၊ လေပွသလို ခံစားနေရတဲ့ အခြေအနေတွေက လေ့ကျင့်ခန်း မလုပ်ဖြစ်အောင် ဟန့်တားနေသလို ပုံမှန် ပျော်ရွှင်မှုတွေကိုပါ ပျောက်ဆုံး စေပါတယ်။ ဒါတွေကြောင့်လည်း ပုံမှန်ထက် ပိုပင်ပန်းနေတာပါ။
ရာသီလာခါနီးတဲ့အခါ အချိုတွေ စားချင်တာ၊ ကဖင်းများတဲ့ ချောကလက်၊ လက်ဖက်၊ လက်ဖက်ရည် စတာတွေကို အာသာငမ်းငမ်းစားချင်တာမျိုးတွေက ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ အာဟာရ လိုအပ်ချက်ကို ပြည့်မီဖို့ ခက်ခဲစေပြီး ပိုပင်ပန်းစေတာပါ လေဒီတို့ရေ …….
Premenstrual dysphoric disorder (PMDD) ကြောင့်
ရာသီလာခါနီးမှာ ခံစားရတဲ့ စိတ်အပြောင်းအလဲတွေကြောင့် နဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့်လည်း ခန္ဓာကိုယ်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းမှုကို ခံစားရတာပါ။
ရာသီမလာခင်ရက်တွေမှာာ အရမ်းပင်ပန်းနေတာ ပုံမှန်ပဲ ဆိုပေမယ့် ဒီအခြေအနေတွေကို လတိုင်း ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာ ပြကြည့်ဖို့ အကြံပြုပါရစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။