ရာသီလာခြင်း

ရာသီလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ် သွေးဆင်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ကနေ အမြှေးပါးလေးတွေ ကွာကျတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့အကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီလာခြင်း

ရာသီလာခါနီး ရင်သားနာတာ သက်သာစေဖို့

ရာသီလာခါနီး ရင်သားနာတာ က သဘာဝပါ။ အမျိုးသမီးတော်တော်များများ ကြုံရတဲ့ကိစ္စပါပဲ။ ရင်သားနာရုံတင်မကပါဘူး။ ရင်သားတွေ တင်းတာ၊ ပုံမှန်ထက် ပိုကြီးလာတာတွေကိုပါ ခံစားရတတ်ပါတယ်။ ဘာကြောင့် ရာသီလာခါနီး ရင်သားနာတာ ခံစားရတာလဲ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းကြောင့်ပါပဲ။ အီစထရိုဂျင်က နို့ရည်ပြွန်တွေကို ကြီးလာစေသလို ပရိုဂျက်စတုန်းက နို့ရည်ဂလင်းတွေကို ဖောင်းလာစေပါတယ်။ ဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ ရင်သားတွေက တင်းပြီး နာလာပါတယ်။ ပိုလည်း ကြီးလာပါတယ်။ ဒီလိုရင်သားနာတာက ရာသီလာခါနီး ၃ရက်ကနေ  ၅ရက်၊ တချို့တွေမှာဆို ၁၀ရက်လောက်တည်းက နာတတ်ကြပါတယ်။ ပြီးရင်တော့ ရာသီစလာတာနဲ့ ပြန်သက်သာသွားတတ်ပါတယ်။ တချို့တွေမှာ ရာသီရက်တောက်လျှောက်လုံး နာနေတာမျိုး ရှိတတ်ပါတယ်။ ဒါကပုံမှန်ပဲဖြစ်ပါတယ်။ ရာသီစလာတဲ့ အမျိုးသမီးငယ်လေးတွေမှာ အတွေ့ရများပေမယ့် ရာသီလာနေသရွေ့ ဖြစ်နိုင်ခြေ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နာပုံခြင်းကလည်း အနည်းငယ်ကွဲပြားပါတယ်။ တချို့တွေမှာ သာမန်တင်းရုံ၊ နာရုံလောက်ပဲ ဖြစ်တတ်ပြီး […]

ရာသီလာခြင်း ကို ရှာဖွေမည်။

ရာသီလာခြင်း

လေဒီတို့ သိထားသင့်တဲ့ သားဥကြွေမယ့်ရက်

လေဒီလေး တစ်ယောက် အနေနဲ့ ကျန်းမာလှပစေဖို့ဆိုရင် မဖြစ်မနေ သိထားဖို့ လိုမယ့် ရက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သားဥကြွေမယ့်ရက် ပါ။ အလွယ်ပြောရရင် ရာသီလာမယ့်ရက်ပေါ့။ ရာသီလာမယ့် ရက်ကို သိထားတာက ထင်ထားတာထက် ကျန်းမာရေးကို အများကြီး အကျိုးပြုနိုင်မှာပါ။ ဘယ်လို သိရှိနိုင်မလဲဆိုပြီး ခေါင်းခြောက် သွားလား လေဒီ... ဒီလင့်ခ်လေးကို နှိပ်ပြီး ကိုယ်တိုင် တွက်ချက်လိုက်ပါ။ သားဥကြွေမယ့်ရက် ကို သိရှိခြင်းရဲ့ ကောင်းကျိုး လေဒီလေး တစ်ယောက် အနေနဲ့ သားဥကြွေမယ့်ရက် ကို သိရှိထားမယ်ဆိုရင် ကိုယ့်ရဲ့ ရာသီစက်ဝန်းကို သိရှိနိုင်မယ် လေဒီလေးတွေ အများစုရဲ့ ရာသီစက်ဝန်းက 28 cycle ပါ။ ရာသီလာချိန်က တစ်ခေါက်နဲ့ တစ်ခေါက်ကြားမှာ ၂၈ ရက် ခြားပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ၂၂ရက်လောက်နဲ့ လာကြသူတွေ […]


ရာသီလာခြင်း

စိုးရိမ်စရာကောင်းတဲ့ မိန်းမကိုယ် အဖြူဆင်း ခြင်းများ

အမျိုးသမီးရယ်လို့ ဖြစ်လာရင် ပျိုဖော်ဝင်ချိန်လောက်က စပြီး မိန်းမကိုယ် အဖြူဆင်း တတ်တာ သဘာဝပါ။ သားဥကြွေခါနီး အချိန်ဆိုလည်းဆင်းတာပဲ၊ ရာသီလာခါနီးလည်း ဆင်းတာပဲ၊ အထိုင်များရင်လည်းဆင်းတာပဲ။ ဒါပေမယ့် သာမန် အဖြူဆင်းရင် ရောဂါတစ်ခုခုလို့ ထင်ပြီး စိုးရိမ်ကြတဲ့ အမျိုးသမီးတွေက အများသားပါ။ အဖြူဆင်းနေလို့ဆိုပြီး ဆေးလာတောင်းကြတာလည်း ခဏခဏပါပဲ။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ သာမန်အဖြူဆင်းတာလား၊ ရောဂါကြောင့် ဆင်းတာလားဆိုတာ ခွဲတတ်ဖို့ လိုပါတယ်။ သာမန် အဖြူဆင်း တဲ့အချိန် သားဥကြွေခါနီးအချိန် ပျိုဖော်ဝင်စအချိန် ကိုယ်ဝန်ဆောင်ချိန် အီစထရိုဂျင်ပါတဲ့ တားဆေးသုံးတဲ့အချိန်တွေမှာ အဖြူဆင်းတတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ နောက်ဆုံး မွေးခါစ နှစ်ပတ်သားအရွယ်ကလေးမှာတောင် အမေ့ဆီက အီစထရိုဂျင် ပါလာတဲ့အတွက် ရက်အနည်းငယ်လောက် အဖြူဆင်းနေတတ်ပါတယ်။ ခုပြောတဲ့အချက်တွေက ရောဂါကြောင့် မဟုတ်ပါဘူး။ သဘာဝအရ ဆင်းတာပါ။ ဘာလို့ ဆင်းတာလဲဆိုတော့ အမျိုးသမီးဟော်မုန်း […]


ရာသီလာခြင်း

အမျိုးသမီးတိုင်းရဲ့ အဓိကသော့ချက် ရာသီရက်

သမီးမိန်းကလေး တစ်ယောက် ရာသီစလာပြီဆိုရင် အမေအနေနဲ့ အရင်ဆုံး သင်ထားပေးရမှာက ရာသီရက် ကို စနစ်တကျ မှတ်ထားဖို့ပါပဲ။ ပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးချိန်အထိ တစ်လတစ်ခါ ရာသီလာနေတဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီရက်ကို မှတ်ထားလို့ အရေးကြီးပါပဲ။ ရာသီရက်ဟာ အမျိုးသမီးတွေအတွက် Master keyပါပဲ။ ဒီရက်တွေက အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အင်မတန်အရေးကြီးပါတယ်။ ရာသီရက်ဆိုတာ တစ်လတစ်ခါ ရာသီလာတယ်၊ တချို့က ၃ရက်ကြာတယ်၊ တချို့က ၅ရက်ကြာတယ် စသဖြင့် ဒါတွေဟာ ရာသီရက်တွေပါပဲ။ ဒီရက်တွေကို လတိုင်း မှတ်ထားဖို့ လိုပါတယ်။ ပျိုပျိုအိုအို အိမ်ထောင်ရှိရှိ မရှိရှိ မှတ်ထားရမှာပါ။ ရာသီရက်မှာ ပထမဆုံးလာတဲ့ရက်ရှိတယ်၊ ပြီးသွားတဲ့ရက်ရှိတယ်၊ စုစုပေါင်းလာတဲ့ရက်ရှိတယ်၊ နောက်တစ်ခါ ပြန်လာမယ့်ရက်ရှိတယ်။ ရာသီပထမဆုံးလာတဲ့ရက်ကို မှတ်ထားမှ နောက်တစ်ခါ ဘယ်တော့လာမှာလဲ။ ရက်ကျော်နေပြီလားဆိုတာ သိနိုင်မှာပါ။ စုစုပေါင်းလာတဲ့ ရက်ကို […]


ရာသီလာခြင်း

အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ

Menstrual Cup လို့ခေါ်တဲ့ ရာသီခံခွက်လေးတွေအကြောင်း မကြာမကြာ ပြောခဲ့ပြီးပါပြီ။ ဒီခွက်အကြောင်းပြောရင် မလွှဲမရှောင်သာ ရင်ဆိုင်ရတဲ့ မေးခွန်းတွေက မိန်းမကိုယ်နဲ့ ဆန့်ပါ့မလား။ အထဲထည့်ထားပြီး ကျယ်သွားရင် ဘယ်လိုလုပ်မလဲ။ ဆိုတဲ့ မေးခွန်းတွေအပြင် “ဒီခွက်ကြီး အထဲမှာ ထည့်တာ လိင်စိတ်ဆန္ဒပြင်းပြတဲ့ မိန်းမတွေပဲ ထည့်တာ။ နေလို့ကောင်းလို့ နေမှာပေါ့။” ဆိုတဲ့ နှိမ့်ချပြောတာတွေတောင် ရှိပါသေးတယ်။ ဒါတွေကို အစက ရှင်းရမယ်ဆိုရင်… အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ အပြောများတဲ့ Menstrual Cup နဲ့ ကျယ်လာမှာလား အပါအဝင် အမေးအများဆုံး မေးခွန်းများ ကတော့ ၁။ မိန်းမကိုယ် နဲ့ တော်ပါ့မလား။ ခွက်ကလည်း နဂိုက သေးသေးလေးပါ။ Sizeလည်းရှိပါတယ်။ ပြီးတော့ ထည့်တဲ့အခါမှာလည်း ခွက်လိုက် […]


ရာသီလာခြင်း

ရာသီလာဖို့ရက်ထက် နောက်ကျနေလို့ ဘာဆေးသောက်ရမလဲ။

ဒီမေးခွန်းက အရမ်းအမေးများလို့ တစ်ယောက်ချင်းစီ မဖြေတော့ဘဲ တစ်ခါတည်းပေါင်းဖြေပါ့မယ်။ ရာသီလာတဲ့ရက် နောက်ကျတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ကိုယ်က အကာအကွယ်မယူ၊ တားဆေးမသောက်ဘဲ လိင်ဆက်ဆံမှုတွေပြုလုပ်ထားတယ်ဆိုရင် ရာသီနောက်ကျတာ၊ မလာတာမှာ အဖြစ်နိုင်ဆုံးက ကိုယ်ဝန်ရှိတာပဲ။ ဆီးစစ်ကြည့်တာနဲ့ ကိုယ်ဝန်ရှိမရှိက သိနိုင်တယ်။ ကိုယ်က လိင်ဆက်ဆံမှုပြုထားတယ်ဆိုရင် ရာသီမလာတော့တဲ့အခါ ဆီးစစ်ကြည့်ပါ။ ကိုယ်ဝန်ရှိနေတယ်ဆိုရင်တော့ ရာသီလာအောင်ဆိုပြီး ဘယ်လိုမှ လုပ်လို့မရဘူး။ ရာသီလာဆေးဆိုပြီးသောက်တာတွေလည်း နောက်ဆက်တွဲပြဿနာတွေများတာပဲရှိမယ်။ ရာသီလာတယ်ဆိုတာရဲ့သဘောက ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ထားတာတွေ မလိုအပ်လို့ ပြန်စွန့်ပစ်ရတဲ့ပုံစံပဲ။ ကိုယ်ဝန်ရှိနေပြီဆိုရင် ထပ်စွန့်ပစ်စရာမလိုတော့လို့ ရာသီမလာတော့တာ။ ကိုယ်ဝန်ရှိနေလို့ ရာသီမလာတော့တာကို ပြန်လာအောင်လုပ်ဖို့ဆိုရင် ကိုယ်ဝန်ဖျက်ချတဲ့နည်းလမ်းပဲရှိတယ်။ ဘယ်ဆရာဝန်မှ ကိုယ်ဝန်ဖျက်ချဖို့အတွက် တရားဝင်လုပ်ဆောင်ပေးမှာမဟုတ်ဘူး။ ကိုယ်ဝန်လည်းမရှိဘူး ရာသီမလာတာသက်သက်ပဲ ကိုယ့်အတွက် ဘာမှ တခြားပြဿနာလည်းမရှိဘူးဆိုရင်တော့ ရာသီမလာတာက နောက်ကျတာက စိုးရိမ်စရာမလိုပါဘူး။ ရာသီလာဖို့ရက်ထက် နောက်ကျနေရတဲ့  တခြားအကြောင်းအရာတွေလည်းရှိပါသေးတယ်။ ၁။ စိတ်ဖိအားများခြင်း စိတ်ဖိအားများတဲ့အချိန်တွေ အထူးသဖြင့် စာမေးပွဲဖြေရတာ၊ အလုပ်တွေပိနေတာ၊ စိတ်ရှုပ်စရာတွေများနေတာ […]


ရာသီလာခြင်း

ရာသီလာချိန် ဖျားချင်သလို ဖြစ်တာကို သက်သာစေဖို့

လေဒီလေးတွေဟာ လတိုင်း ရာသီမလာခင် အစောပိုင်းကာလတွေမှာက ခါးထဲကနာတာ၊ ဝမ်းလျှောသလို ဗိုက်ထဲက ရစ်ရစ်နာတာ၊ ဝမ်းချုပ်တာတွေကို ခံစားရသလို အဆစ်တွေ နာတာကို ခံစားကြရပါတယ်။ ဖျားချင်သလို လို ခံစားရတဲ့ လေဒီလေးတွေလည်း ရှိပါတယ်။ ဒီလို ခံစားရမှုတွေကြောင့် လစဉ်ရာသီလာမှာကိုတောင် ကြောက်နေပြီဆိုတဲ့ လေဒီလေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး လစဉ်ရာသီလာတိုင်း ဖျားချင်သလိုလို ခံစားနေရတဲ့ ပြဿနာကို ဖြေရှင်းလိုက်ပါ။ ရာသီလာချိန်မှာ ဘာလို့ ဖျားချင်သလို ခံစားရတာလဲ။ ဒီလိုခံစားရတာက ရာသီဥတု အခြေအနေကြောင့် ဖြစ်နိုင်သလို အဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုကတော့ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲနေတာကြောင့်ပါ။ ရာသီလာချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့် ဝက်ခြံထွက်တာ၊ အသားအရောင် ညစ်တာ၊ ဗိုက်အောင့်တာတွေတင် ခံစားရတာမဟုတ်ပါဘူး။ အချို့လေဒီလေးတွေဆိုရင် ဝမ်းချုပ်တာ၊ ဝမ်းပျက်တာလိုမျိုး အစာခြေစနစ် ပြဿနာတွေကို ခံစားရပါသေးတယ်။ အချို့ကတော့ ခြေဆစ်၊ လက်ဆစ်တွေ ကိုက်တာ၊ ကြွက်သားတွေ နာကျင်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ခေါင်းကိုက်တာ၊ […]


ရာသီလာခြင်း

ဘာကြောင့် ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားရတာလဲ။

လေဒီလေး အတော်တော်များများ လစဉ်တိုင်း ရောက်လာမှာကို ကြောက်ကြတဲ့ အချိန်တစ်ခုရှိတယ်။ ဒါကတော့ ရာသီလာတဲ့အချိန်ပေါ့။ ရာသီလာချိန်မှာ ဆို နေရတာ စိတ်ခံစားမှုက မကောင်းသလို ခန္ဓာကိုယ်ထဲမှာလည်း နေရထိုင်ရ အဆင်မပြေတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ မရောက်ချင်ဘူးပြောပြော တစ်လတစ်ခါကတော့ ဒီလို အချိန်ကာလကို ရင်ဆိုင်ဖြတ်သန်းရတာပါပဲ။ ဒီတစ်ခေါက်တော့ ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားနေရတာ ဘာကြောင့်လဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ ရာသီလာချိန်မှာ ဖျားချင်သလိုလို ခံစားရတာက အချို့ လေဒီလေးတွေဆိုရင် ရာသီမလာခင် အစောပိုင်းကာလတွေမှာကလည်းက ခါးထဲကနာတာ၊ ဝမ်းလျှောသလို ဗိုက်ထဲက ရစ်ရစ်နာတာ၊ ဝမ်းချုပ်တာတွေကို ခံစားရသလို အဆစ်တွေ နာတာကိုလည်း ခံစားရပါတယ်။ ဒီလိုခံစားရတာက ရာသီဥတု အခြေအနေကြောင့် ဖြစ်နိုင်သလို အဖြစ်များတဲ့ အကြောင်းအရင်းတစ်ခုကတော့ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲနေတာကြောင့်ပါ။ ရာသီလာချိန်မှာ ကိုယ်တွင်းက ဟော်မုန်းတွေ ပြောင်းလဲတာကြောင့် ဝက်ခြံထွက်တာ၊ […]


ရာသီလာခြင်း

သက်သာတာကိုမှ ကြိုက်တဲ့ လေဒီတို့အတွက် ရာသီဘောင်းဘီ

ဓမ္မတာလာတဲ့အခါ သုံးကြတဲ့ ပစ္စည်းအမျိုးမျိုးထဲကမှ ကိုယ်တို့လို ဟိုဟာလည်း လုပ်ရမှာပျင်း၊ ဒီဟာလည်း ချိန်ရမှာ ပျင်းနဲ့ အပျင်းတစ်တတ်တဲ့ လေဒီတို့အတွက် တအားအဆင်ပြေစေမယ့် ပစ္စည်းကတော့ Menstrual Pants လို့ခေါ်တဲ့ ရာသီလာရင်သုံးရတဲ့ အတွင်းခံ ဘောင်းဘီလေးပါပဲ။ (Period Panties မဟုတ်ဘူးနော်။) လေဒီတို့ မျက်စိထဲ မြင်အောင် ပြောရမယ်ဆိုရင် ဒါက ကလေးတွေကို ဝတ်ပေးတဲ့ ဒိုင်ပါလေးလိုပါပဲ။ လိုတဲ့အချိန်ဝတ်တယ်။ အချိန်ပြည့်သွားရင် ဖတ်ဆို ချွတ်ရင်ချွတ်၊ မချွတ်ရင် ဘေးက ဖြဲပြီး အွန့်ဆို လွှင့်ပစ်လိုက်ရုံပဲမို့ အချိန်ကုန်၊ စိတ်ပင်ပန်း အင်မတန် သက်သာသောပါပဲ။ ဒါဆို သူ ဘယ်လို အလုပ်လုပ်လဲ။ ကောင်းကျိုးတွေက ဘာတွေလဲ။ လေ့လာကြည့်ကြရအောင်။  ရာသီလာရင်သုံးရတဲ့ အတွင်းခံ ဘောင်းဘီလေးရဲ့ ကောင်းကျိုး ပုံမှန် Tampon နဲ့ M-cup […]


ရာသီလာခြင်း

ရာသီသွေးမှာ သွေးတုံးသွေးခဲတွေ ပါနေတာ စိုးရိမ်စရာလား။

လစဉ်ရာသီလာရင်းနဲ့ ရုတ်တရက် ကိုယ့် padမှာ သွေးတုံးသွေးခဲတွေ တွေ့လိုက်ရတဲ့အခါ သိပ်လည်း လန့်မသွားပါနဲ့။ ဒါက ဖြစ်ရိုး ဖြစ်စဉ်ထဲက တစ်ခုပါ။ များသောအားဖြင့်တော့ ရာသီစလာလာချင်း ၁ရက် ၂ရက်မှာ သွေးဆင်းလည်း များတတ်သလို သွေးတုံးသွေးခဲလည်း ပါတတ်ပါတယ်။ အများစုအတွက်တော့ ဒါဟာ ပုံမှန် အခြေအနေပါ။ ဒါပေမယ့် တချို့သော ရောဂါကြီးကြီးမားမားတွေမှာလည်း ရာသီသွေးထဲမှာ သွေးတုံးသွေးခဲတွေ ပါလာတတ်ပါသေးတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးဆိုရင် စိတ်ပူစရာ မလိုဘူးလဲ။ ဘယ်လိုမျိုးဆိုရင် ဆရာဝန်နဲ့ ပြသင့်သလဲဆိုတာ ပြောပြပေးသွားပါမယ်။ သွေးတုံးသွေးခဲတွေ ဘယ်က ဖြစ်လာတာလဲ။ ရာသီလာတဲ့အချိန်မှာ သားအိမ်နံရံက ဆဲလ်တွေ သေ၊ သွေးကြောတွေ ပုပ်ပြီး အချွဲတွေနဲ့ အတူ ကွာကျလာပါတယ်။ အလွယ်မြင်အောင် ပြောရရင် သားအိမ်နံရံ ကွာကျလာတာပါ။ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်အရ တစ်နေရာရာက သွေးထွက်လာရင် […]


ရာသီလာခြင်း

ဘာလို့ ရာသီသွေးတွေ အများကြီးဆင်းနေရတာလဲ။

ဒါက အမျိုးသမီးတိုင်း သိချင်ကြတဲ့ မေးခွန်းပါပဲ။ ရာသီလာတဲ့အချိန်တိုင်း တစ်ကိုယ်လုံးက သွေးတွေ ခမ်းသွားမလားတောင် ထင်ရတယ်။ ဆင်းလိုက်တဲ့ ရာသီသွေးတွေ ဆိုတာ၊ လဲလိုက်ရတဲ့ pad ဆိုတာလည်း မနည်းမနောပါပဲလား။ တချို့က ရာသီစလာတဲ့ရက်မို့လို့ အများကြီး ဆင်းတယ်။ ပြီးရင် နည်းသွားတယ်။ တချို့ကလည်း နေ့တိုင်း အများကြီးကို ဆင်းနေတာ။ ဆချို့က ဟိုအရင် ရာသီစလာတည်းက ဒီလိုပဲ အများကြီး ဆင်းနေတာ။ တချို့ကျတော့ အရင်က အဲ့ဒီလောက် မဟုတ်ပါဘူး။ ဒီလပိုင်းအတွင်းမှာမှ အရင်ကထက် ပိုများလာတာ။ ဟုတ်ကြလား လေဒီတို့။ ဒါတွေဟာ ဘာကြောင့်လဲ။ ပုံမှန်ပဲလား။ ဒါမှမဟုတ် ရောဂါတစ်ခုခုကြောင့်ပဲလား။ စိတ်ထဲက သံသယတွေ ရှင်းသွားအောင် ဆက်ကြည့်ကြဦးစို့။ ရာသီသွေးဆင်းများတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ။ ရာသီသွေးက ပုံမှန်ဆိုရင် ၃၀-၄၀ မီလီလီတာလောက် ဆင်းတတ်ပါတယ်။ တချို့ဆို ၈၀ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)