ရာသီလာခြင်း

ရာသီလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ် သွေးဆင်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ကနေ အမြှေးပါးလေးတွေ ကွာကျတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့အကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီလာခြင်း

ရာသီလာခါနီး ရင်သားနာတာ သက်သာစေဖို့

ရာသီလာခါနီး ရင်သားနာတာ က သဘာဝပါ။ အမျိုးသမီးတော်တော်များများ ကြုံရတဲ့ကိစ္စပါပဲ။ ရင်သားနာရုံတင်မကပါဘူး။ ရင်သားတွေ တင်းတာ၊ ပုံမှန်ထက် ပိုကြီးလာတာတွေကိုပါ ခံစားရတတ်ပါတယ်။ ဘာကြောင့် ရာသီလာခါနီး ရင်သားနာတာ ခံစားရတာလဲ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းကြောင့်ပါပဲ။ အီစထရိုဂျင်က နို့ရည်ပြွန်တွေကို ကြီးလာစေသလို ပရိုဂျက်စတုန်းက နို့ရည်ဂလင်းတွေကို ဖောင်းလာစေပါတယ်။ ဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ ရင်သားတွေက တင်းပြီး နာလာပါတယ်။ ပိုလည်း ကြီးလာပါတယ်။ ဒီလိုရင်သားနာတာက ရာသီလာခါနီး ၃ရက်ကနေ  ၅ရက်၊ တချို့တွေမှာဆို ၁၀ရက်လောက်တည်းက နာတတ်ကြပါတယ်။ ပြီးရင်တော့ ရာသီစလာတာနဲ့ ပြန်သက်သာသွားတတ်ပါတယ်။ တချို့တွေမှာ ရာသီရက်တောက်လျှောက်လုံး နာနေတာမျိုး ရှိတတ်ပါတယ်။ ဒါကပုံမှန်ပဲဖြစ်ပါတယ်။ ရာသီစလာတဲ့ အမျိုးသမီးငယ်လေးတွေမှာ အတွေ့ရများပေမယ့် ရာသီလာနေသရွေ့ ဖြစ်နိုင်ခြေ ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နာပုံခြင်းကလည်း အနည်းငယ်ကွဲပြားပါတယ်။ တချို့တွေမှာ သာမန်တင်းရုံ၊ နာရုံလောက်ပဲ ဖြစ်တတ်ပြီး […]

ရာသီလာခြင်း ကို ရှာဖွေမည်။

ရာသီလာခြင်း

သမီးလေးက ရာသီမလာသေး ဘူးလား။

အမျိုးသမီးတွေ ဘဝမှာ ရာသီကိစ္စက နေရာတကာ ပါနေတာပါ။ အပျိုအရွယ်မှာ ရာသီမလာသေးလို့၊ ရာသီလာတာစောလို့၊ နောက်ကျတာကစလို့ ရာသီမမှန်တာ၊ သွေးဆင်းများတာ၊ နည်းတာ၊ ရာသီလာခါနီးရင် စိတ်တိုတာ၊ လာနေတဲ့အချိန် ကယိကထများတာ၊ ထိန်သွားတာ၊ နောက်ဆုံး သွေးဆုံးသွားတာ စသဖြင့် စုံလို့ပါပဲ။ ဘဝမှာ ရာသီစလာကတည်းက တစ်လ တစ်ခါ သူနဲ့ အလုပ်များရပေါင်းလည်း မနည်းပါဘူး။ ခုလည်း သမီးက အပျိုအရွယ်ရောက်နေပြီ။ ရာသီမလာသေး တဲ့ ပြဿနာပါ။ မေမေတွေကတော့ သမီးလေးက ကလေးစိတ်မှ မကုန်သေးတာ။ သူ့ဟာသူနေပါစေ ဆိုပေမယ့် အရွယ်တစ်ခုရောက်တဲ့အထိ ရာသီမလာဘူးဆိုရင် ဒါပြဿနာပါ။ သဘာဝဟာ သဘာဝပါပဲ။ ကလေးစိတ်မကုန်သေးတာ ပြဿနာ မဟုတ်ပေမယ့် လာရမယ့် အချိန်မှာ မလာတာ ပြဿနာပါ။ ဆေးပညာအရ အပျိုလေးတစ်ယောက် ရာသီမလာသေး တာကို primary […]


ရာသီလာခြင်း

ဓမ္မတာသွေးက ပြောပြပေးသော သင့်ကျန်းမာရေး

လစဉ် ဓမ္မတာသွေးကနေ သင့်ရဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်လေးတွေ ပေးတတ်ပါတယ်။ ရာသီလာတဲ့ ကြာချိန်၊ သွေးဆင်းသော ပမာဏ စတာတွေဟာ အမျိုးသမီးတိုင်း လစဉ် သတိထားစောင့်ကြည့်ရမယ့် လက္ခဏာတွေပါပဲ။ ဒါ့အပြင် ဓမ္မတာသွေးအရောင်လေးတွေလည်း မတူကွဲပြားကြတာကို သတိထားမိကြမှာပါ။ အမျိုးသမီးအများစုဟာ ရာသီလာလာချင်း ၂ရက်၊ ၃ရက် မှာ ရာသီသွေးဆင်းများတတ်ပြီး တဖြည်းဖြည်းနဲ့ နည်းသွားပြီး‌နောက် ၅ ရက်မြောက်လောက်ဆို ရပ်သွားမှာပါ။ ရာသီသွေးဆင်းတဲ့ ပမာဏကတော့ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပါတယ်။ စားပွဲတင်ဇွန်း ၄ ဇွန်းခန့်ကနေ အများဆုံး ၁၂ ဇွန်းခန့်အထိ ရှိနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ဟာ ပုံမှန်ရာသီလာခြင်းကနေ လစဉ် သွေး ၃၀ - ၅၀ စီစီခန့် ဆုံးရှုံးရပါတယ်။ လွန်ရောကျွံရော ၈၀ စီစီ လောက်အထိ […]


ရာသီလာခြင်း

ရာသီ ပုံမှန်မလာခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရင်းများ

အမျိုးသမီးတွေ အားလုံးမှာ အပျိုဖော်ဝင်တဲ့ အချိန်ကစပြီး သွေးမဆုံးခင်အချိန်ထိ ဓမ္မတာ (သို့) ရာသီ သွေး ဆင်းကြပါတယ်။ အချို့သော အမျိုးသမီးတွေက ပုံမှန် တစ်လတစ်ခါ သွေးဆင်းကြပေမယ့် တချို့ကတော့ တချို့လတွေ ရာသီမလာတာ၊ လာတဲ့ ပမာဏက ပုံမှန်ထက် နည်းလွန်း၊ များလွန်းတာ ၊ လာတဲ့ ရက်က တိုလွန်း ရှည်လွန်းတာ စတဲ့ အခြေအနေတွေကို ကြုံတွေ့နေကြရပါတယ်။ ဒီနေ့ ဆောင်းပါးလေးမှာတော့ ရာသီပုံမှန်အတိုင်းမလာဘဲ တစ်လ၊ နှစ်လ စသည်ဖြင့် ရာသီ ပုံမှန်မလာခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရင်းများကို ပြောပြပေးသွားပါမယ်။ ပုံမမှန်တဲ့ အကြောင်းမပြောခင်မှာ ဘယ်ဟာက ပုံမှန်အခြေအနေလဲ ဆိုတာလေးကို အရင် ရှင်းပြပေးပါမယ်။ ပုံမှန်ကျန်းမာတဲ့ သူတစ်ယောက်မှာ ရာသီ သွေးဟာ အလွယ်ပြောရရင်တော့ တစ်လတစ်ခါ ပေါ်ကြပါတယ်။ လူတစ်ယောက်နဲ့ […]


ရာသီလာခြင်း

ရာသီထိန် တယ်။ နှစ်ကြောင်းလည်း မပေါ်ဘူး။ ဘာဖြစ်နိုင်လဲ။

Hello ဆရာဝန်ကို လာမေးကြတဲ့ မေးခွန်းတွေထဲမှာ အတွေ့ရများတာက ရာသီထိန် နေတယ်။ ဆီးစစ်တော့လည်း နှစ်ကြောင်း မပေါ်ဘူး။ ဘာဖြစ်နေတာလဲပေါ့။ ဒါမျိုးတွေ ခဏ ခဏ လာမေးကြပါတယ်။ တကယ်တော့ ရာသီထိန်ရင် အရင်ဆုံး စဉ်းစားရမှာ ကိုယ်ဝန်ပါပဲ။ ကိုယ်ဝန်မဟုတ်ဘူး သေချာရင် တခြား အကြောင်းတွေကို စဉ်းစားမှာပါ။ ဒါတွေက ဘာဖြစ်နိုင်လဲ။ ကြည့်ကြည့်ရအောင်။ ရာသီထိန် ခဲ့ရင် . . . . .  ကိုယ်အလေးချိန် အပြောင်းအလဲ ရုတ်တရက် ကိုယ်အလေးချိန် အများကြီး တက်လာတယ် ဒါမှမဟုတ် အများကြီး ကျသွားတယ်။ ဒီလိုဆိုရင် ကိုယ်ထဲမှာ ရှိတဲ့ ဟော်မုန်းတွေက ကမောက်ကမ ဖြစ်ပြီး ရာသီထိန်တတ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ရာသီပြန်ပေါ်လာပါတယ်။ စိတ်ဖိစီးမှု အချိန်တော်တော်ကြာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် […]


ရာသီလာခြင်း

ဓမ္မတာလာချိန်မှာ ဘာတွေစားသင့်လဲ၊ ဘာတွေရှောင်သင့်လဲ

အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ ခံစားရတဲ့ဝေဒနာတွေသက်သာဖို့ ပြောင်းလဲသင့်တဲ့ စားသောက်မှုပုံစံ လေးတွေပြောပြပေးပါ့မယ်။ ဓမ္မတာလာချိန်မှာ အမျိုးသမီးတွေခံစားရတတ်တဲ့ လက္ခဏာတွေကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ ဓမ္မတာ လာတဲ့အမျိုးသမီးတွေရဲ့ ၉၀% တိုင်း ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ နောက်ကျောနာကျင်ခြင်း၊ ပင်ပန်းနွမ်း နယ်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ လေပွခြင်း၊ ဝမ်းချုပ်ခြင်း (ဒါမှမဟုတ်) ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားနာကျင်ကိုက်ခဲခြင်း၊ ဝက်ခြံပေါက်ခြင်း စတာတွေခံစားရတတ်ပါတယ်။ ဒီလိုလက္ခဏာတချို့ကို အနာသက်သာဆေးတွေ သောက်သုံးပြီးသက်သာအောင်လုပ်နိုင်ပါတယ်။ တိကျတဲ့သုတေသနတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပေမဲ့ အောက်ပါ အစားအစာတွေကလည်း ဓမ္မတာလက္ခဏာတွေကို သက်သာစေနိုင်တာ တွေ့ရှိရပါတယ်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံမှာ အာဟာရဓာတ်တွေ၊ အမျှင်ဓာတ်တွေ အများကြီးပါဝင်နေတာကြောင့် ဓမ္မတာလာချိန်ခံစားရတဲ့လက္ခဏာတွေကို သက်သာဖို့အကူအညီပေးနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်က စပိန်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသူတွေနဲ့ပြုလုပ်ခဲ့တဲ့ သုတေသနအရ ဓမ္မတာလာချိန်မှာ အသီးအနှံတွေများများစားသုံးပေး ရင် နာကျင်ကိုက်ခဲခြင်း၊ ကြွက်သားနာကျင်ခြင်းတို့ကို […]


ရာသီလာခြင်း

ရာသီမလာခင် ခံစားရတဲ့ဝေဒနာတွေကိုသက်သာအောင်ဘယ်လိုပြုမူနေထိုင်ကြမလဲ။

အမျိုးသမီးတွေဟာ မိမိတို့ရဲ့ လစဉ် ဓမ္မတာ(သို့) ရာသီမလာခင် မှာ စိတ်ရော၊ ကိုယ်ပါ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို အနည်းနဲ့ အများ ခံစားကြရပါတယ်။ သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာစိုးလွင်ရဲ့ “ ရာသီမလာခင် လူသတ်ချင်” ဆိုတဲ့ ခေါင်းစဉ်လေးအတိုင်းပဲ လူသတ်ချင်နေလောက်အောင် စိတ်ခံစားချက်တွေက ဆိုးရွားနေတတ်ကြပါတယ်။ ဒါဟာ အမျိုးသမီးတိုင်း ရှောင်လွှဲလို့မရတဲ့ ပြသနာ ဖြစ်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်မတူညီတဲ့ အတွက် ခံစားရတာ အနည်း၊ အများပဲ ကွာကြပါတယ်။ ရှောင်လွှဲလို့မရပေမယ့် ခံစားရတဲ့ ဝေဒနာတွေ၊ စိတ်ခံစားချက်တွေကို သက်သာအောင် အကူအညီပေးနိုင်မယ့် နည်းလမ်းလေးတွေတော့ရှိပါတယ်။ နည်းလမ်းလေးတွေ မပြောပြခင်မှာ ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရနိုင်လဲဆိုတာလေး အရင်ဆုံးမျှဝေပေးချင်ပါတယ်။ ရာသီမလာခင် မှာ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေအနေနဲ့ ပင်ပန်းနွမ်းနယ်ခြင်း ခေါင်းကိုက်ခြင်း ဗိုက်၊ ခါး ၊ရင်သား နဲ့ ကြွက်သားများ […]


ရာသီလာခြင်း

ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့

အမျိုးသမီးတချို့ဟာ အရေးကြီးဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်တွေ မတိုင်မီ မိမိတို့ရဲ့ ဓမ္မတာကိစ္စရပ်တွေကို စောပြီး ကြုံချင်ကြပါတယ်။ ဓမ္မတာဆိုတာ ကိုယ်ကစောနိုင်သမျှ စောစေချင်အောင် တရက်နှစ်ရက်အတွင်း ရောက်လာအောင် လုပ်ယူနိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။ သူ့ပုံမှန်အချိန်အတိုင်းအတာ အနီးဝန်းကျင်မှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ အောက်ဖော်ပြမယ့် နည်းလမ်းတွေကတော့ ဓမ္မတာစောလာစေချင်ရင် လုပ်ဆောင်နိုင်တဲ့ ကိစ္စတချို့ဖြစ်ပါတယ်။ ဒီနေရာမှာ ရာသီပထမဆုံးလာခြင်းကို ဆိုလိုတာမဟုတ်ဘဲ ပုံမှန်လာပြီးသူများကို ရက်စောပြီး လာစေဖို့သာ ရည်ရွယ်ပါတယ်။ ကဲ ..... ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့ ကို မျှဝေပေးလိုက်ပါတယ်။ အဓိကအားဖြင့် ဟော်မုန်းပါဝင်တဲ့ သန္ဓေတားဆေးတွေဖြစ်ပြီး စားသောက်မှုပုံစံ၊ လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှု လျှော့ချခြင်း စတာတွေ ဖြစ်ပါတယ်။ ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့ ဓမ္မတာစောလာစေမည့် နည်းလမ်းအချို့ ကတော့ ဟော်မုန်းအသုံးပြုတားဆေးများ အီစထရိုဂျင်နဲ့ ပရိုဂျက်စတင်ဟော်မုန်းတွေ ပေါင်းစပ်ထားတဲ့ ကိုယ်ဝန်တားဆေးဟာ အထိရောက်ဆုံးဖြစ်ပါတယ်။ အမျိုးသမီးတချို့ဟာ ဓမ္မတာစောလာစေဖို့ […]


ရာသီလာခြင်း

ရာသီစက်ဝန်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြမယ်

အမျိုးသမီးတ‌စ်ယောက်ရဲ့ ဆယ်ကျော်သက်လောက်ကစခဲ့တဲ့ ရာသီစက်ဝန်းဟာ သွေးဆုံးချိန် အသက်၅၀ ၀န်းကျင်‌လောက်ထိ‌ရေတွက်ကြည့်ရင် စုစုပေါင်းအကြိမ်ရေ ၅၀၀ လောက်ထိရှိပါတယ်။ ဒါကြောင့် ရာသီစက်ဝန်းတိုင်းမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ၊ တက်ကြွဖျတ်လတ်မှုတွေ ပေးဆပ်လိုက်ရတယ်၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ပျက်ကွက်သွားတယ် ဆိုရင်မတန်ဘူးလေနော်။   ။ ပြီးတော့ ရာသီစက်ဝန်းတိုင်းမှာ ပိုပြီးပင်ပန်းလွယ်၊ ထိရှလွယ်ဖြစ်နေတာဟာလည်း သဘာဝပဲမို့ ဒီလိုအချိန်တွေမှာ ဘယ်လိုပျော်ပျော်ရွှင်ရွှင်ပေါ့‌ပေါ့ပါးပါးဖြတ်သန်းကြမလဲ၊ ဒီကိစ္စကြောင့် ကိုယ့်ရဲ့ အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေမပျက်ကွက်ရအောင် ဘယ်လိုပြင်ဆင်နေထိုင်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။   ။ ရာသီစက်ဝန်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြမယ် ရာသီစက်ဝန်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြမယ် ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့ လိုပါမယ်။ ၁) ကြိုတင်ပြင်ဆင်ကြမယ် ကြိုတင်ပြင်ဆင်ဖို့ ပထမဆုံးခြေလှမ်းက ကိုယ်ရဲ့ ရာသီစက်ဝန်းဟာ ဘယ်နေ့တွေလဲဆိုတာ သိဖို့ပါ။ ဒါကြောင့် ရက်မှတ်သားထားဖို့ လိုပါတယ်။ ရာသီစက်ဝန်း ပြန်လည်လာမယ့်အချိန်ကိုကြိုတင်သတိထားမိအောင် ပြက္ခဒိန်မှာမှတ်သားထားလို့ရသလို Hellosayarwonက သားဥကြွေခြင်းကို တွက်ချက်ခြင်း ကျန်းမာရေး ကိရိယာတွေကို ကောင်းစွာအသုံးချပြီးပြင်ဆင်နိုင်ပါတယ်။ ကိရိယာထဲမှာ ကိုယ့်ရဲ့ရာသီစက်ဝန်းပုံစံ (ဘယ်နှရက်တစ်ခါလဲ […]


ရာသီလာခြင်း

ရာသီထိမ် ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများ

ရာသီထိမ် တယ်လို့ပြောဖို့အတွက် အနည်းဆုံး တစ်လထက်ပိုပြီး ရာသီမလာဖို့လိုပါတယ်။ ဒါ့ပြင် အမျိုးသမီးတွေ ၃လဆက်တိုက် ရာသီမလာရင်ပဲဖြစ်ဖြစ် မိန်းကလေးတွေ အသက်၁၅နှစ်ထိ သွေးမပေါ်သေးရင်ပဲဖြစ်ဖြစ် ရာသီထိမ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ လက္ခဏာများ ရာသီထိမ်တာအပြင် ဖြစ်ရတဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး တခြားလက္ခဏာတွေလည်း တွဲလာနိုင်ပါသေးတယ်။ ဥပမာ နို့သီးခေါင်းက အရည်ထွက်တာ ဆံပင်ကျွတ်တာ ခေါင်းကိုက်တာ အမြင်အာရုံပြောင်းလဲတာ မျက်နှာမှာ အမွေးအမျှင်တွေ အထွက်များလာတာ ဆီးစပ်ကိုက်တာ ဝက်ခြံထွက်တာ စတာတွေနဲ့ တွဲပြီးဖြစ်တတ်ပါတယ်။ ရာသီထိမ် ရတဲ့အကြောင်းရင်းများ သဘာဝအတိုင်းထိမ်ခြင်း ဒီအကြောင်းတွေကြောင့် ရာသီထိမ် တာက အဖြစ်များပါတယ်။ -ကိုယ်ဝန်ရှိခြင်း -နို့တိုက်နေခြင်း -သွေးဆုံးခြင်း သန္ဓေတားဆေးများ တချို့သော သန္ဓေတားဆေးတွေက ရာသီထိမ် တတ်ပါတယ်။ သောက်ဆေးတွေတောင်မှ ရပ်လိုက်ပြီးရင် သားဥကြွေဖို့နဲ့ ရာသီပြန်လာဖို့အတွက် အချိန်တစ်ခုစောင့်ရပါတယ်။ ထိုးဆေးတွေ၊ လက်မောင်းအောက်ထည့်တဲ့ တားဆေးတွေ၊ သားအိမ်ထဲထည့်တဲ့ ပစ္စည်းတချို့ကလည်း ရာသီထိမ်စေပါတယ်။ ဆေးဝါးများ ရာသီထိမ်စေတဲ့ ဆေးတွေကတော့ -စိတ်ရောဂါကုဆေးတွေ -ကင်ဆာဆေးတွေ -စိတ်ကျရောဂါကုဆေးတွေ -သွေးကျဆေးတွေ -အလာဂျီဆေးတွေပဲ ဖြစ်ပါတယ်။ ​lifestyleပြဿနာတွေ -ကိုယ်အလေးချိန်နည်းခြင်း ပုံမှန်ရှိသင့်တဲ့ […]


ရာသီလာခြင်း

ရာသီခွက် (Menstrual cups) လေးတွေအကြောင်း ပြောကြမယ်။

မိန်းကလေးတွေရဲ့ လစဉ် ကြုံတွေ့ရတဲ့ ရာသီလာခြင်းကို သက်တောင့်သက်သာအဖြစ်ဆုံးနဲ့ လွတ်လပ်စွာ ဖြတ်သန်းနိုင်ဖို့အတွက် ရာသီလာစဉ် သုံးရတဲ့ အသုံးအဆောင်အမျိုးမျိုးကို ထုတ်လုပ်လာကြပါတယ်။ ရာသီလာနေတဲ့ချိန်ဆိုရင် အနည်းနဲ့ အများတော့ စိတ်ကသိကအောက်ဖြစ်ရတာပါပဲနော်။ အထူးသဖြင့် ရာသီသွေးအများကြီးဆင်းတတ်တဲ့ သူတွေအတွက်ဆိုရင် လှုပ်လှုပ်ရှားရှားလုပ်လိုက်ရင် စွန်းထင်းသွားလေမလား။ ခရီးသွားတဲ့ချိန်နဲ့ ရာသီလာတဲ့ချိန်နဲ့ တိုက်ဆိုင်ရင်လည်း စိတ်တွေရှုပ်ရတယ်။ ဒီလိုပြဿနာတွေကို တတ်နိုင်သလောက် လျော့ချပေးဖို့ အတွက် လစဉ်သုံးပစ္စည်း အတောင်ပံပါ pad လေးတွေ၊ မိန်းမကိုယ်ထဲ ထိုးသွင်းတဲ့ tampon လေးတွေ၊ ခုနောက်ပိုင်း ခေတ်စားလာတဲ့ ရာသီခွက် (menstrual cups) လေးတွေ ဈေးကွက်ထဲမှာ အမျိုးမျိုးရှိနေပါတယ်။ ဒီထဲကမှ ပျိုမေတို့နဲ့ သိပ်မရင်းနှီးသေးတဲ့ Menstrual cups လေးတွေအကြောင်း ပြောပြချင်ပါတယ်။ ရာသီခွက်လေးတွေက ဘာလဲ။ ဘယ်လိုအလုပ်လုပ်တာလဲ။ ရာသီခွက်ဆိုတာက ရာဘာသို့မဟုတ် စီလီကွန်နဲ့ လုပ်ထားတဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)