ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေဟာ ရာသီလာခြင်းနဲ ပတ်သက်ပြီး ဖိနှိပ်မှုများစွာ ခံခဲ့ရပါတယ်။ ရာသီသွေးဆင်းတဲ့ အမျိုးသမီးတွေဟာ ယုတ်နိမ့်တယ်၊ ရာသီသွေးဟာ မသန့်ဘူး၊ အိန္ဒိယလို နိုင်ငံမျိုးမှာဆို ရှေးတုန်းက ရာသီလာတဲ့အမျိုးသမီးတွေကို ရွာပြင်ထုတ်ထားတာမျိုး၊ ဒီရာသီလာတဲ့ကိစ္စအတွက် ဘာတစ်ကိုယ်ရည်သုံး ပစ္စည်းကိုမှ သုံးခွင့်မရတာမျိုး ကြုံခဲ့ကြရပါတယ်။ ဒါတင်ပဲလားဆိုတော့ အမျိုးသမီးအတွင်းခံတွေကိုတောင်မှ ယုတ်ညံ့တဲ့ ပစ္စည်းအဖြစ် သတ်မှတ်ပြီး ခိုးကြောင်ခိုးဝှက် ထုတ်လှမ်းရတဲ့အထိပါပဲ။
ရာသီစက်ဝန်းကို တွက်ချက်ပါ။