ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်သလား

ငယ်ငယ်တုန်းက ရေချိုးနေတုန်း ဆီးမသွားရဘူး။ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်တယ်ဆိုပြီး လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ဆီးကျောက်က ရေချိုးနေရင်း ဆီးသွားလို့ ဖြစ်တာလား။ ရေချိုးနေတုန်း ဆီးမသွားသင့်ဘူးလား။ ဆီးကျောက်တွေက ဘယ်ကဖြစ်လာတာလဲ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည်တတ်သလားဆိုတာကို မပြောခင် ဆီးကျောက်ဘာကြောင့် တည်တာလဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ ဒါမှ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလို့ ရမှာပါ။ ကျောက်ကပ်အပါအဝင် ဆီးလမ်းကြောင်းရဲ့ ဘယ်နေရာမှာမဆို ဆီးကျောက်တည်တတ်ပါတယ်။ ကျောက်ကပ်မှာ တည်မလား၊ ဆီးပြွန်မှာ တည်မလား၊ ဆီးအိမ်မှာ တည်မလား နေရာစုံမှာ တည်နိုင်ပါတယ်။ ဆီးကျောက်တည်ရတာက ဆီးထဲမှာ အနည်ကျပြီး ‌ကျောက်ဖြစ်နိုင်တဲ့ ကယ်ဆီယမ်၊ အောက်ဆဲလိတ်နဲ့ ယူရစ်အက်စစ်တွေ လိုတာထက်ပိုပါလာလို့ပါ။ တစ်ချိန်တည်းမှာပဲ သင့်ဆီးထဲမှာ ဒီကျောက်တွေ အနည်မကျအောင် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင် ခဲပြီး […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးထဲအချိုဓာတ် များတာ ကြောက်စရာလား

ဘယ်လိုအခြေအနေတွေမှာ ဆီးထဲအချိုဓာတ် ပါဝင်တတ်သလဲ ဆိုတာနဲ့ ဒီလိုဖြစ်ရင် သတိထားရမယ့် အချက်လေးတွေ ပြောပြပေးချင်ပါတယ်။  ဆီးထဲအချိုဓာတ် များတာ ကြောက်စရာလား ဆီးထဲအချိုဓာတ် များတာ ကြောက်စရာလား ဆိုတော့ ပုံမှန်ဆိုရင် ကိုယ်တွင်းက အချိုဓာတ်တွေကို ကျောက်ကပ်ကတဆင့် စစ်ထုတ်ပစ်လိုက်တဲ့အတွက် ဆီးထဲမှာ အချိုဓာတ် (သကြားဓာတ်) မပါပါဘူး။ ဆီးထဲမှာ အချိုဓာတ် ပါဝင်လာတာကို ဆေးပညာအရ glycosuria လို့ခေါ်ပါတယ်။ glycosuria ဖြစ်စေတဲ့အချက် အဓိက ၃ ချက်ရှိတယ်။ ဒါတွေကတော့ ၁။ဆီးချိုရောဂါ သူ့ကြောင့်အဖြစ်အများဆုံးပါ။ ဆီးချိုရောဂါရှိနေရင် ကိုယ်ထဲကနေ အင်ဆူလင်ဓာတ်မထုတ် လုပ်နိုင်တော့ပါဘူး။ ထုတ်နိုင်သေးရင်လည်း ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်ပေးတဲ့ အင်ဆူလင်ဓာတ် အလုပ်မလုပ်နိုင်တော့တဲ့အတွက် သွေးတွင်းသကြားဓာတ်မြင့်လာပါတယ်။ သွေးတွင်းသကြားဓာတ် တအားမြင့်တက်လာပြီး ကျောက်ကပ်ကတောင် စစ်မထုတ်နိုင်တော့တဲ့အခါမှာတော့ ဆီးထဲမှာပါ အချိုဓာတ်တွေ ပါဝင်လာပါတော့တယ်။ ၂။ကျောက်ကပ်ရောဂါ တချို့သူတွေကျ သွေးတွင်းသကြားဓာတ် မမြင့်သလို ဆီးချိုရောဂါလည်း […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ရေချိုးနေစဉ် ဆီးသွားသင့်လား

လူတော်တော်များများ ရေချိုးနေရင်းနဲ့ ဆီးသွားတာမျိုး လုပ်ဖူးကြမယ် ထင်ပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေဆို ပိုလုပ်တတ်ပါတယ်။ ဆီးဆိုတာက လူတွေရဲ့ ကျောက်ကပ်နဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို အရည်အဖြစ်နဲ့ အပြင်ကို စွန့်ထုတ်တာပါ။ အဲ့တော့ မေးစရာ ဖြစ်လာတာက ရေချိုးနေစဉ် ဆီးသွားတာဟာ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ညီညွတ်ရဲ့လား။ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက်ရော လုပ်သင့်လား ဆိုတဲ့အချက်ပါ။ ၁။ တစ်ယောက်တည်း နေသူတွေအတွက် အဆင်ပြေပါတယ်။ ကိုယ်က မိသားစု၊ လူအများနဲ့ စုနေတာမဟုတ်ဘဲ တစ်ယောက်တည်း သီးသန့် ငှားနေတာဆို ပြဿနာမရှိပါဘူး။ ရေချိုးနေချိန်၊ သွားတိုက်၊ မျက်နှာသစ်ချိန်က လွဲရင် ရေချိုးခန်းထဲကို ဝင်စရာ အကြောင်းမရှိတဲ့အတွက် ဆီးသွားလို့လည်း ဘယ်သူ့ကိုမှ ဒုက္ခမဖြစ်စေပါဘူး။ အကောင်းဘက်က ကြည့်မယ်ဆိုရင်လည်း ရေချိုးနေတုန်း ဆီးသွားလိုက်တော့ ချိုးလိုက်တဲ့ ရေနဲ့ […]


ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးပိုးဝင်ခဲ့ရင် ဆေးအကူအညီမယူဘဲ ဘယ်လိုကုမလဲ

ဆီးပိုးဝင်တယ်ဆိုတာ အရမ်းကို အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ၊ သန့်ရှင်းတဲ့ ပုံစံ မှားယွင်းတာ၊ ဆီးသွားနည်းတာ၊ ရေသောက်နည်းတာ စတဲ့ အကြောင်းရင်း အမျိုးမျိုးကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဆီးပို့ပြွန် တိုတဲ့အတွက် ဆီးလမ်းကြောင်း ပိုးဝင်နိုင်တဲ့ ပြဿနာကို ပိုကြုံတွေ့ရတတ်ပါတယ်။ ယောက်ျားလေးတွေမှာလည်း ဖြစ်နိုင်ခြေ နည်းတယ်ဆိုပေမယ့် လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ကလေး၊ လူကြီး အသက်အရွယ်မရွေး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ကာစမှာ သိပ်ပြီး ပြဿနာမရှိပေမဲ့ ကုသမှုမခံယူဘဲ ပစ်ထားလိုက်တဲ့အခါ ကျောက်ကပ်နဲ့ ဆီးအိမ်အထိ ဘက်တီးရီးယားပိုးတွေ ပြန့်သွားပြီး ကျောက်ကပ်တစ်ခုလုံး ပျက်စီးသွားသည်အထိ အန္တရာယ်ကြီးနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် […]


ဆီးအိမ်ရောဂါများ

သင့်မှာ ဆီးသွားချင်လျက် အောင့်ထားတတ်တဲ့ အကျင့်ရှိလား

ဆီးဝမ်းကိစ္စတွေနဲ့ ပတ်သက်လာရင် အမြဲတမ်း စောစောသွားထားနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ တမင်တကာ ဆီးသွားရမှာ ပျင်းလို့ ထမသွားတဲ့ အကျင့်ကတော့ လုံးဝ မကောင်းဘူးဆိုပေမဲ့ အလုပ်ကိစ္စ၊ အစည်းအဝေး ထိုင်နေတာ၊ အိမ်သာ မလွတ်တာ၊ အပြင်သွားနေစဉ် အိမ်သာရှာမရတဲ့ ပြဿနာတွေကြောင့် မလွှဲသာမရှောင်သာ ဆီးအောင့်ထားလိုက်ရတဲ့ အခြေအနေတွေလည်း ကြုံရတတ်ပါတယ်။ လူတစ်ယောက်က ဆီးပမာဏ ဘယ်လောက်ကို သိမ်းဆည်းထားနိုင်လဲ။ လေ့လာတွေ့ရှိချက်အရ ၁။ အသက် ၂ နှစ်အောက် ကလေးတွေရဲ့ ဆီးအိမ်ဟာ အလွန်သေးငယ်တဲ့အတွက် ၄ အောင်စ (ကော်ဖီခွက် တစ်ဝက်) ကိုသာ သိမ်းဆည်းထားနိုင်ပါတယ်။ ၂။ အသက် ၂ နှစ်အထက် ကလေးတွေမှာတော့ ကလေးရဲ့ အသက်ကို ၂ နဲ့ စားပြီး ၆ ပေါင်းခြင်းဖြင့် ပျမ်းမျှ သိမ်းဆည်းထားနိုင်တဲ့ ပမာဏကို တွက်ဆလို့ ရပါတယ်။ […]


အခြားဆီးလမ်းကြောင်းပြဿနာများ

ဆီးကနေ ကော်ဖီနံ့ ထွက်တာ ဘာကြောင့်လဲ

ပုံမှန်အားဖြင့် ကျွန်တော်တို့ တစ်နေ့တစ်နေ့ စားသုံးလိုက်တဲ့ အစာအာဟာရပေါ် မူတည်ပြီး ခန္ဓာကိုယ်ကနေ ထွက်တဲ့အရာတွေက အနံ့၊ အရောင် ပြောင်းသွားတတ်ပါတယ်။ ဥပမာ - ဝမ်း၊ ဆီး၊ တံတွေး၊ သုက်ရည် အစရှိသဖြင့်ပေါ့။ ဆီးဟာဆိုရင် ကျွန်တော်တို့ စားလိုက်တဲ့ အစားအစာတွေက စွန့်ထုတ်လိုက်တဲ့ အညစ်အကြေး၊ အနည်တွေကို ကျောက်ကပ်ကနေ စွန့်ထုတ်ပေးတာ ဖြစ်တဲ့အတွက် အရောင် ပြောင်းလဲခြင်း သိပ်မရှိတဲ့တိုင်အောင် အနံ့ကတော့ ပြောင်းသွားတတ်ပါတယ်။ ကော်ဖီနံ့ ထွက်တဲ့ ဆီးအကြောင်း အဓိကပြဿနာက ကော်ဖီကို တစ်နေ့ တစ်ခွက်ထက် ပိုသောက်တဲ့သူတွေမှာ ဒီလိုဖြစ်ရပ်မျိုး ကြုံတတ်ပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ Hydroxycinnamic acid လို့ခေါ်တဲ့ ဓာတ်သတ္တုတစ်မျိုးက ကျန်းမာရေး အကျိုးကျေးဇူး တချို့ ပေးစွမ်းနိုင်သလို ကော်ဖီလို အနံ့ပြင်းပြင်းတွေ ထွက်လာရတဲ့ အကြောင်းရင်းလည်း […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

ကျောက်ကပ် ဆိုတာ လူ့ခန္ဓာကိုယ်မှာ ရှိသမျှ အဆိပ်အတောက်တွေကို ဆီးက တစ်ဆင့် စွန့်ထုတ်သန့်စင်ပေးတဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါ။ ကျောက်ကပ်က ပုံမှန် အလုပ်မလုပ်တော့ရင် အဆိပ်အတောက်တွေ ပြည့်နေပြီး ရောဂါဝေဒနာဖိစီးတဲ့ ခန္ဓာကိုယ် ဖြစ်လာပါလိမ့်မယ်။ ဒီတစ်ခါတော့ ကျောက်ကပ် ကျန်းမာအောင် ဘာတွေ စားသင့်လဲ ဆိုတာ အကြံပြုပေးချင်ပါတယ်။ ကျောက်ကပ် ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတဲ့ နေ့စဉ် အစားအစာတွေပေါ့ - ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး (၁) ပန်းသီး ပန်းသီး ဟာ ကိုလက်စထရော နဲ့ ဂလူးကို့စ် ပမာဏကို လျော့စေနိုင်တဲ့ ပျော်ဝင်အမျှင်ဓာတ် pectin ပါဝင်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အခွံပါ စားဖို့တော့ မမေ့ပါနဲ့။ ပန်းသီးရဲ့အခွံမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင်သလို […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း (၉) ခု

ကျောက်ကပ် ကျန်းမာရေးက အရေးကြီးတယ် မကြီးဘူးဆိုတာ လက်ရှိ ကျောက်ကပ်ရောဂါ ခံစားနေရသူတွေ၊ ကျောက်ကပ်ဆေးနေရသူတွေ၊ ကျောက်ကပ်ခွဲစိတ်ရသူတွေ အသိဆုံးပါ။ ဒါပေမယ့် ဘာရောဂါမှ မဖြစ်သေးတဲ့ သာမန်လူတွေအနေနဲ့ ကြိုတင်ကာကွယ်ထားနိုင်တာ အကောင်းဆုံးပဲ မဟုတ်ဘူးလား။ ဒီတော့ ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း လေးတွေကို ပြောပြပေးချင်ပါတယ်။ ဒါဆို ကြိုတင်ကာကွယ်ပြီး ကျောက်ကပ်ကို စောင့်ရှောက်ဖို့ အဆင်သင့်ပဲလား။ ကျောက်ကပ် ကျန်းမာအောင် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုနေထိုင်ရမလဲ ဆိုတာ ဆက်ပြီး ကြည့်ရအောင်နော်။ ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း (၉) ခု ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း လေးတွေကတော့ (၁) ရေဓာတ် ဖြည့်ပါ။ ကျောက်ကပ် ကျန်းမာအောင် ရေများများသောက်ပါ၊ ရေသောက်မနည်းပါစေနဲ့ လို့ တဖွဖွ မှာကြ၊ သတိပေးကြပါတယ်။ မှန်ပါတယ်။ ရေသောက်နည်းရင် […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ် လေးကို ညှာတာပါ

ကျောက်ကပ် ကျန်းမာရေးကို အမြဲဂရုစိုက် စောင့်ရှောက်သင့်တာ လူတိုင်း သိကြမှာ ဖြစ်ပေမယ့် သူ့ကို အထိနာစေ၊ ပျက်စီးစေမယ့် အပြုအမူတွေ လုပ်မိနေတတ်တာရော သတိထားမိရဲ့လား… လူအတော်များများ လုပ်တတ်တဲ့ ကျောက်ကပ် ထိခိုက်စေမယ့် ဒီအပြုအမူတွေကို လုပ်မိတဲ့အထဲ ကိုယ်ရော ပါဝင်နေသလား ဆန်းစစ်ကြည့်လိုက်ရအောင် - (၁) အသား စားသုံးမှု လွန်ကဲခြင်း ပရိုတင်းဓာတ်ကို မရှိမဖြစ် လိုအပ်တာ မှန်ပေမယ့် အသားတွေ စားတာ များလွန်းရင် ခန္ဓာကိုယ်မှာ ပရိုတင်းတွေ လွန်ကဲပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနီရောင်အသားတွေ အပါအဝင် အသားစားသုံးမှုကို လိုအပ်တဲ့ ပမာဏ ထက် လွန်ကဲပြီး ဆက်တိုက်မစားပါနဲ့ လို့ သတိပေးချင်ပါတယ်။ (၂) ရေ သိပ်မသောက်ခြင်း ကျောက်ကပ် ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းကောင်းလည်ပတ်နိုင်ဖို့ ဆိုရင် ရေဓာတ် ပြည့်ဝနေဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ရေကို […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း

မြန်မာနိုင်ငံက လူတွေအတွက်  ရေနွေးကြမ်းက နေ့စဉ် သောက်စရာထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ရေနွေးကြမ်းက ဆီးကျောက်တည်စေတာလား၊ ကြေစေတာလား။ ဘယ်လို အချက်တွေ သတိထားရမလဲ။ ဆီးကျောက်တွေ ဘယ်လိုစဖြစ်တာလဲ။ ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်းရဲ့ အစဟာ ကျောက်ကပ်မှာ ကျောက်ဖြစ်စေမယ့် အရာလေးတွေ အနည်ထိုင် စုစည်းရာက စပါတယ်။ ဆီးကျောက်အမျိုးအစား ၄ မျိုး ရှိတဲ့ အထဲမှာ အများစုဟာ calcium oxalate ကြောင့် ဖြစ်ကြရတာ ဖြစ်ပါတယ်။ Oxalate ဆိုတာ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစား‌‌အသောက်တွေထဲမှာ ပါဝင်တဲ့ သဘာဝပစ္စည်း တစ်ခု ဖြစ်တဲ့အပြင် အသည်း ကနေလည်း နေ့စဉ် ထုတ်လုပ်ပါတယ်။ ကျောက်ကပ်ထဲမှာ စပြီး အနည်ထိုင် ဖြစ်တည်လာတဲ့ […]


ဆီးကျိတ်ကျန်းမာရေး

ဆီးကျိတ်ကြီးခြင်း ပြဿနာ။

ဆီးကျိတ်ကြီးခြင်း ဆိုတာဟာ အမျိုးသားတွေရဲ့ ဆီးကို စွန့်ထုတ်ပေးတဲ့ ဆီးပြွန်ရဲ့ဘေးပတ်ပတ်လည်မှာရှိနေတဲ့ ဆီးကျိတ်လေးတွေ ပုံမှန်ထက်ပို ကြီးလာတဲ့ ကင်ဆာမဟုတ်တဲ့ အခြေအနေမျိုးကို ခေါ်ပါတယ်။ အသက်၄၀ ကျော်လာတဲ့ အခါ အမျိုးသားတွေရဲ့ ဆီးကျိတ်လေးဟာ တစ်နှစ်ကို 2.4 cm လောက် ထုထည် ပိုပို ကြီးလာကြပါတယ်။ ဒါ့ကြောင့်လည်း ဒီဆီးကျိတ်ကြီးခြင်းဟာ အသက်အရွယ်ကြီးတဲ့ အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်နေရတာပါ။ ဒါ့အပြင် အသက် ၈၀ နဲ့ အထက် အမျိုးသားတွေရဲ့ ထက်ဝက်ကျော်လောက်ဟာ ဆီးကျိတ်ကြီးခြင်း ပြဿနာကို ခံစားနေကြရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဒီလို ဆီးကျိတ်ကြီးတဲ့ ပြဿနာနဲ့ ပတ်သတ်ပြီး ဘယ်လို ရောဂါ လက္ခဏာတွေ ခံစားရနိုင်တယ်၊ သက်သာအောင် ဘယ်လို ပြုမူနေထိုင်သင့်တယ် ဆိုတဲ့ အချက်လေးတွေကို အဓိကထားပြီး […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်