ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတွေကတော့
-ဆီးစသွားဖို့ ခက်တာ
-ခဏခဏ ဆီးသွားချင်တာ (အထူးသဖြင့် ညဘက်တွေမှာ)
-ဆီးမသွားနိုင်တာ
-ဆီးလုံးသေးပြီး ဆီးအားပျော့တာ
–သုက်လွှတ်ရင် နာတာ
-ဆီး ဒါမှမဟုတ် သုက်ရည်မှာ သွေးပါလာတာ
-ခါးနဲ့ ပေါင်တွေ ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။

ဆီးကျိတ် ကျန်းမာရေး ကောင်းနေစေဖို့
အဝလွန်တာက ဆီးကျိတ်ကင်ဆာအပါအဝင် တခြားဆီးကျိတ်ရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ အစားအသောက်ထိန်းစားတာ၊ လေ့ကျင့်ခန်း လုပ်တာတွေနဲ့ ကိုယ်အလေးချိန် ထိန်းထားနိုင်ပါတယ်။
အထူးသဖြင့် အစိမ်းရောင် အရွက်ဖားဖားတွေက ဆီးကျိတ် ကျန်းမာရေး အတွက် သင့်တော်ပါတယ်။ အသီးအရွက်တွေမှာပါတဲ့ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိတွေက ဆီးကျိတ်ကို ကျန်းမာစေပါတယ်။
အနီရောင် အသား (အထူးသဖြင့် ကင်စားတာ) အစားများတဲ့အခါ PhIP ဆိုတဲ့ ဓာတ်ပစ္စည်း ထွက်လာပါတယ်။ ဒါက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို များစေပါတယ်။
အထူးသဖြင့် ဆီးကျိတ်ကင်ဆာကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ သာမန် အမျိုးသားတွေဆိုရင်တော့ အသက် ၄၀ကျော်တာနဲ့ တစ်နှစ်တစ်ခါလောက် ဆီးကျိတ်ကင်ဆာ ရှိမရှိကို စစ်ဆေးသင့်ပါတယ်။ မိသားစုထဲမှာ ဆီးကျိတ်ကင်ဆာမျိုးရိုးရှိရင်တော့ အသက် ၃၅နှစ်လောက်တည်းက စပြီး စစ်ဆေးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။