home

ဆီးအိမ်ရောဂါများ

ဆီးအိမ်ရောဂါများ ဖြစ်စေတဲ့အကြောင်းရင်း၊ အမျိုးအစားများ၊ လက္ခဏာ၊ ကုသနည်းနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးအိမ်ရောဂါများ

ဆီးအိမ် ဆိုတာ ကျုံ့နိုင်ဆန့်နိုင်တဲ့ အိတ်လိုပါပဲ။ ဆီးတွေကို စုစည်းပြီး တင်းတာတဲ့အခါ အပြင်ကို စွန့်ထုတ်လိုက်ပါတယ်။ ဒီဆီးအိမ်လေးမှာ ရောဂါများစွာ များနိုင်တာကြောင့် အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဆီးအိမ်မှာ အဖြစ်များတဲ့ ရောဂါတွေနဲ့ သူတို့ရဲ့ လက္ခဏာတွေကို တစ်ချက်လေ့လာကြည့်ရအောင်လား။ ဆီးအိမ် မှာ အဖြစ်များတဲ့ ရောဂါများ ဆီးအိမ် ရောင်ခြင်း ဆီးအိမ်ရောင်ရခြင်းရဲ့ အဓိက အကြောင်းတွေကတော့ ဆီးပိုးဝင်တာ၊ ဆီးပိုက်ကို မလဲဘဲ အကြာကြီး တပ်ထားတာ၊ ဓာတ်ရောင်ခြည်သင့်တာ၊ ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုး၊ မိန်းမကိုယ်ကို ထိခိုက်စေတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို အလွန်အကျွံ သုံးစွဲတာ စတာတွေပဲ ဖြစ်ပါတယ်။ လက္ခဏာတွေကတော့ ဆီးခဏခဏ သွားချင်တာ၊ ဆီးသွားမဝတာ၊ ဆီးနောက်တာ၊ ဆီးထဲသွေးပါတာ၊ ဆီးအနံ့ပြင်းတာ၊ ဆီးစပ်ကိုက်တာ စတာတွေ  ခံစားရနိုင်ပါတယ်။ ဆီးမထိန်းနိုင်ခြင်း ဆီးမထိန်းနိုင်တဲ့ပြဿနာက အသက်အရွယ်ကြီးတဲ့သူတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် […]

ဆီးအိမ်ရောဂါများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ဆီးအိမ်ရောဂါများ

ဆီးဝမ်းကိစ္စတွေနဲ့ ပတ်သက်လာရင် အမြဲတမ်း စောစောသွားထားနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ တမင်တကာ ဆီးသွားရမှာ ပျင်းလို့ ထမသွားတဲ့ အကျင့်ကတော့ လုံးဝ မကောင်းဘူးဆိုပေမဲ့ အလုပ်ကိစ္စ၊ အစည်းအဝေး ထိုင်နေတာ၊ အိမ်သာ မလွတ်တာ၊ အပြင်သွားနေစဉ် အိမ်သာရှာမရတဲ့ ပြဿနာတွေကြောင့် မလွှဲသာမရှောင်သာ ဆီးအောင့်ထားလိုက်ရတဲ့ အခြေအနေတွေလည်း ကြုံရတတ်ပါတယ်။ လူတစ်ယောက်က ဆီးပမာဏ ဘယ်လောက်ကို သိမ်းဆည်းထားနိုင်လဲ။ လေ့လာတွေ့ရှိချက်အရ ၁။ အသက် ၂ နှစ်အောက် ကလေးတွေရဲ့ ဆီးအိမ်ဟာ အလွန်သေးငယ်တဲ့အတွက် ၄ အောင်စ (ကော်ဖီခွက် တစ်ဝက်) ကိုသာ သိမ်းဆည်းထားနိုင်ပါတယ်။ ၂။ အသက် ၂ နှစ်အထက် ကလေးတွေမှာတော့ ကလေးရဲ့ အသက်ကို ၂ နဲ့ စားပြီး ၆ ပေါင်းခြင်းဖြင့် ပျမ်းမျှ သိမ်းဆည်းထားနိုင်တဲ့ ပမာဏကို တွက်ဆလို့ ရပါတယ်။ […]

ဆီးအိမ်ရောဂါများ

ဆီးကျောက်တည်ခြင်း (သို့) ကျောက်ကပ်ကျောက်တည်ခြင်းဆိုတာ ကျောက်ကပ်အတွင်းမှာ သတ္တုဓာတ်များ အနည်အနှစ်ကျလာခြင်း ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းတနေရာရာမှာ ကျောက်တည်သွားတဲ့အခါ မခံနိုင်လောက်အောင် နာကျင်မှု ခံစားရတတ်ပါတယ်။ တကယ်လို့ ဆီးကျောက်တခါတည်ဖူးခဲ့ရင် နောင်ဆယ်နှစ်အတွင်း ထပ်ဖြစ်နိုင်ဖို့ ၅၀ရာခိုင်နှုန်း အခွင့်အလမ်းရှိနေပါတယ်။ ဆီးကျောက်တည်ခြင်းကို ကာကွယ်နိုင်ဖို့ဆိုရင် နေထိုင်မှုပုံစံတွေကို သတိထားဖို့ လိုပါတယ်။ ယခုဖော်ပြမှာကတော့ ဆီးကျောက်တည်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်သင့်သလဲ ဆိုတာပါပဲ။ ၁။ ရေများများသောက်ပါ ရေများများသောက်ခြင်းဟာ ဆီးကျောက်တည်ခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ရေသောက်တည်းရင် ဆီးထွက်လည်း နည်းသွားနိုင်ပါတယ်။ ဆီးထွက်နည်းတာဟာ ဆီးပိုမိုပျစ်သွားခြင်းကို ညွှန်ပြနေပြီး သတ္တုဓာတ်တွေ မပျော်ဝင်နိုငတော့ဘဲ ကျောက်များဖြစ်လာနိုင်ပါတယ်။ ဒီဖြစ်ရပ်ကို ကာကွယ်နိုင်ဖို့ တနေ့ကို ရေဖန်ခွက် ၈ ခွက်ခန့် သောက်သုံးသင့်ပါတယ်။ ဒါမှဟာ ဆီး ၂လီတာခန့် စွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေရင်၊ ချွေးထွက်များရင်၊ ကျောက်တည်ဖူးရင် ဒီထက်ပိုပြီး […]

ဆီးအိမ်ရောဂါများ

တစ်ညတစ်ည အိပ်မရအောင်ဆီးခဏခဏထသွားနေရတဲ့သူတွေများရှိလား။ ညအိပ်ချိန်မှာပြည့်ပြည့်ဝဝ အိပ်ပျော်တာက ခန္ဓါကိုယ်ကိုပေါ့ပါးလန်းဆန်းစေနိုင်သလို ခွန်အားတွေလည်းပြည့်စေတယ်နော်။ ကျန်းမာဖို့အတွက်လည်း အရေးပါတဲ့အရာတစ်ခုပေါ့။ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါအရေးပါတဲ့ အိပ်စက်ချိန်မှာ ခဏခဏဆီးထသွားနေရမှတော့တော်တော်လေးဂွကျတဲ့ကိစ္စနော်။ ဒါက ဒီလောက်နဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ ညအိပ်ချိန်မှာ ဆီးခဏခဏထသွားနေရတာကသွေးတိုးရောဂါခံစားနေရတာလည်းဖြစ်နိုင်ပါတယ်နော်။ မကြာခဏဆီးသွားနေရတယ်ဆိုတာ မကြာခဏဆီးသွားနေရတာက အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေအတွက်ပါ စိတ်နှောင့်အယှက်ဖြစ်ရတဲ့ကိစ္စပါနော်။နေ့ခင်းမှာဖြစ်ဖြစ် ညမှာဖြစ်ဖြစ် ခဏခဏဆီးသွားနေရတာကတော်တော်လေးအဆင်မပြေတာပါနော်။ မကြာခဏ ဆီးသွားနေတာက နေရတာအဆင်မပြေဖြစ်စေတာတင် မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ရောဂါတစ်ခုခုရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နေနိုင်ပါသေးတယ်နော်။   ဘယ်သူတွေမှာ မကြာခဏဆီးသွားတာဖြစ်နိုင်လဲ မကြာခဏ ဆီးသွားတာက လူတိုင်းမှာဖြစ်တဲ့ ပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ သက်လတ်ပိုင်းအရွယ် အမျိုးသားတွေ နဲ့ အမျိုးသမီးတွေ၊ ဖိုးဖိုးဖွားဖွားတွေ နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဆီးခဏခဏသွားတာ ဖြစ်နိုင်ပါတယ်။ ဒါတွေကြောင့် ဆီးခဏခဏသွားရတာပါ သင့်ကို ခဏခဏဆီးသွားစေရတဲ့ အကြောင်းအရင်းက တစ်ခုနှစ်ခုမကပါဘူး။ အသက်အရွယ်အပိုင်းအခြား၊ ကျား/မ ကွဲပြားမှုပေါ်လိုက်ပြီး မကြာခဏဆီးသွားနိုင်ခြေက ကွာခြားမှုရှိနိုင်ပါတယ်။ သင့်ကို မကြာခဏဆီးသွားနေရစေတဲ့ အကြောင်းအရင်းတွေထဲမှာ […]

ဆီးအိမ်ရောဂါများ

ဆီးမသွားနိုင်လို့ ဘယ်သူကတော့ ဆီးပိုက်ကြီးနဲ့ နေရတာ၊ ဆီးမထိန်းနိုင်လို့ ဆီးပိုက်တန်းလန်းနဲ့နေမှ အဆင်ပြေတယ်ဆိုတာမျိုးတွေ ကြားဖူးမှာပါ။ တကယ်တော့ ဆီးပိုက်ထည့်တယ်ဆိုတာ အထည့်ခံရတဲ့သူအတွက် တကယ်ကို နေရထိုင်ရတာ သက်တောင့်သက်သာ မရှိစေတဲ့ အရာတစ်ခုပါ။ ခံစားနေရတဲ့ ဝေဒနာသက်သာအောင် လုပ်ပေးတယ်ဆိုပေမယ့် ဆီးပိုက်ကို သေချာ ဂရုမစိုက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ ကလည်း အများကြီးပါ။ ဘာဆိုးကျိုးတွေ ရှိလဲဆိုတာသိမှ သေချာ ဂရိုစိုက်လို့ရမှာဖြစ်တာကြောင့် ဆီးပိုက်ထည့်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ ။ ဆီးပိုက်ထည့်ထားတာကို သေချာ ဂရုမစိုက်ရင် ရလာနိုင်တဲ့ ဆိုးကျိုးတွေ ။ ။ ဆိုးကျိုးတွေကို အရင်မပြောခင် ဘာကြောင့် ဆီးပိုက်ထည့်ရတာလဲဆိုတာကို အရင်ပြောရအောင် ။ ရောဂါအခံကြောင့်၊ ဆီးကျောက်တည်နေလို့၊ ဆီးအိမ်ကြွက်သားအားမကောင်းလို့၊ အသက်ကြီးလာလို့ ဆီးလမ်းကြောင့် မလုံလို့နဲ့ ခွဲစိတ်ပြီးခါစမှာ ဆီးလုံးဝ […]

ဆီးအိမ်ရောဂါများ

ဆီးသွားရတာခက်တာ၊ ဆီးကျန်နေတယ်လို့ ခံစားရတာတွေ၊ ဆီးအိမ်ကြီးတင်းနေပေမယ့် ဆီးသွားလို့ မရတာမျိုးတွေကို တော်တော်များများ ကြုံဖူးကြားဖူးကြမှာပါ။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲ။ ဆီးမထိန်းနိုင်တာကပြဿနာတစ်ခုဆိုပေမယ့် ဆီးသွားချင်ရက်နဲ့ ဆီးပေါက်လို့ မရတဲ့ ပြဿနာက ပိုဆိုးပါတယ်။ ယောက်ျားမှာဆီး မိန်းမမှာမီးဆိုတဲ့အတိုင်း ဆီးနဲ့ပက်သက်တဲ့ ပြဿနာတွေက အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီဆီးပြဿနာတွေက အသက် ၄၀ကျော်ကနေ အသက် ၈၀ ကြားထဲရှိတဲ့ အမျိုးသား ၁၀၀၀ မှာ ၅ ယောက် ဖြစ်နေတဲ့ ပြဿနာဖြစ်ပါတယ်။ သူ့မှာ ချက်ချင်းလတ်တလောဖြစ်တဲ့ ဆီးမသွားနိုင်တဲ့ပြဿနာ ( acute urinary retention) နဲ့ နာတာရှည် ဆီးမသွားနိုင်တဲ့ ပြဿနာ ( chronic urinary retention) ဆိုပြီး ၂ မျိုးရှိပါတယ်။ ဘယ်လို လက္ခဏာတွေ ရှိလဲ […]

ဆီးအိမ်ရောဂါများ

တစ်ချို့ဖြစ်ဖူးကြမှာပါ။ အသက်က တော့ ၂၀ ကျော်နေပြီ ညဘက် အိပ်ရာထဲ သေးပေါက်ချမိနေတုန်း။ အိပ်ကောင်းနေတဲ့အချိန်မှာ ပြန်ပြီး သန့်ရှင်းရေး လုပ်ရတာလောက် အသဲပေါက်ဖို့ကောင်းတာ မရှိပါဘူး။ ပုံမှန်ဆို အသက်ကလေး ရလာပြီ ၁၀ နှစ်ကျော်လာပြီဆိုတာနဲ့ အိပ်ရာထဲမှာ ဆီးသွားတာမျိုးတွေ မရှိတော့ပါဘူး။ လူနည်းစုမှာတော့ နေ့တိုင်း မဟုတ်တောင် ၁လ တစ်ခါ ၂ လတစ်ခါ ( ဒါမှမဟုတ်) ၁ပတ်၁ ခါ အိပ်ရင်းနဲ့ ဆီးသွားမိတတ်ကြပါတယ်။ ဒါတွေက ဘာကြောင့်ဖြစ်ရတာလဲ။ ရောဂါတစ်ခုခုကြောင့် ဖြစ်နေရတာလား ။ ။ အိပ်ရင်းနဲ့ အိပ်ရာထဲ ဆီးသွားမိတဲ့ အကြောင်းအရင်းများ ။ ။ Antidiuretic hormone ဆီးမသွားချင်အောင်ထိန်းတဲ့ ဟော်မုန်း ပုံမှန် မဟုတ်ခြင်း ။ ။ Antidiuretic hormone […]

ဆီးအိမ်ရောဂါများ

ဆီးသွားချင်တာကို အောင့်ထားတဲ့အခါ ဘာတွေ ဖြစ်လာမလဲ ။ ။ အားလုံးတစ်ချိန်မဟုတ်တစ်ချိန်မှာတော့ ဖြစ်ဖူးကြမှာပါ။ ဆီးသွားချင်ပေမယ့် မအားသေးလို့၊ အိမ်သာမရှိလို့ အောင့်ထားရတဲ့ အဖြစ်မျိုး ။ တစ်ချို့ဆိုလည်း အိပ်ချင်နေတဲ့အချိန် ဆီးသွားချင်ရင် အိမ်သာမသွားတော့ဘဲ အောင့်ထားလိုက်တာမျိုး။ ဒီလိုမျိုး ဆီးသွားချင်နေရက်နဲ့ အောင့်ထားတတ်တဲ့ အကျင့်ရှိလာရင် ကြာလာတဲ့အခါ ကျန်းမာရေးကို ဘယ်လိုထိခိုက်နိုင်မှာလဲ ။ ။ ဆီးအိတ်က ဆီးပမာဏ ဘယ်လောက်ကို ထိန်းထားနိုင်သလဲ ။ ။ ဆီးအောင့်ထားတာကို အရင်မပြောခင် ဆီးအိတ်ကနေ ဆီးပမာဏ ဘယ်လောက်ကို သိုလှောင်ထားနိုင်သလဲဆိုတာ အရင်ပြောပြပါမယ် ။ ပုံမှန် ဆီးအိတ်တစ်ခုဟာ ဆီးပမာဏ ၁၆ အောင်စ ( ဒါမှမဟုတ်) ဆီး ၂ ခွက်လောက်ကို ထိန်းထားနိုင်ပါတယ်။ ၂ နှစ် အရွယ်ကလေးတွေမှာဆို ဆီးအိတ်က ၄ […]

ဆီးအိမ်ရောဂါများ

ဆီးတို့ ဝမ်းတို့ဆိုတာ ကိုယ်ခန္ဓါရဲ့ စွန့်ပစ်ပစ္စည်းတွေ ဖြစ်ပေမယ့် ကိုယ့်ကျန်းမာရေး အခြေအနေကို တစ်ဘက်တစ်လမ်းကနေ ဖော်ပြပေးနေတဲ့ အရာတွေဆိုလည်း မမှားပါဘူး။ လူတိုင်းနီးပါးသိထားကြတာကတော့ နာမည်ကြီး ဆီးချို ရောဂါရဲ့ လက္ခဏာတစ်ခုက ဆီးခဏခဏ သွားချင်တာပါပဲ။ အဲလို ဆီးခဏခဏ သွားနေပြီဆိုတာနဲ့ လူတိုင်း စတွေးကြတာ ငါမှာ့ဆီးချိုရှိနေပြီလားဆိုတဲ့ အတွေးပါ။ ကဲ ဆီးခဏခဏ သွားတိုင်း ဆီးချို ဖြစ်ရောလား ဆိုတာကို ကြည့်ရအောင်။ ။ ဆီး ပုံမှန်တစ်နေ့ကို ဘယ်နှစ်ကြိမ်သွားရမလဲ ။ ။ ဆီး ခဏခဏ သွားတဲ့ အကြောင်းမပြောခင် အရင်ဆုံး ပုံမှန် ဆီးသွားတဲ့ အကြိမ်အရေအတွက် ကိုသိဖို့လိုပါတယ်။ ပုံမှန်ဆို လူတစ်ယောက်ဟာ တစ်နေ့ကို ဆီး ၇ကြိမ်ကနေ ၈ကြိမ်လောက်အထိ ၂၄ နာရီအတွင်း သွားလေ့ရှိပါတယ်။ ညဘက်အိပ်နေရင်း […]

ဆီးအိမ်ရောဂါများ

ဆီးတို့ ဝမ်းတို့ဆိုတာ လူ့ကိုယ်ခန္ဓာရဲ့ စွန့်ပစ်ပစ္စည်းတွေဆိုပေမယ့်လည်း သူတို့က ကျန်းမာရေးအတွက် အရေးကြီးတဲ့အရာတွေပါ။ ဝမ်းတို့ ဆီးတို့ကောင်းပါမှ ခေါင်းတစ်လုံး မခဲမှာ ဆိုတဲ့ စကားတွေ ကြားဖူးကြတယ်မလား။ ဆေးရုံဆေးခန်းတွေမှာလည်း ရောဂါ ရှာဖွေဖို့အတွက် ဆီးစစ်ကြတယ်လေ။ ဒါဆို ဆီး အရောင်၊ အနံ့၊ ဆီး အကျဲ အပျစ်တို့က သင့်ကျန်းမာရေးကို ဘယ်လိုပြောပြမှာလဲ ။ ။ ဆီးအရောင်။ ။ အဝါဖျော့ရောင် - ပုံမှန် ဆီးအရောင်ဟာ အဝါဖျော့ရောင်ဖြစ်နေရပါမယ်။ ရေအများကြီးသောက်ထားတဲ့ အခါမျိုးမှာဆို ရေကြောင့် ဆီး ဘာအရောင်မှ မရှိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ပန်းရောင် ( ဒါမှမဟုတ်) အနီရောင် - မုန်လာဥနီ၊ သကြားမုန်လာတို့လို အရောင်ရင့်တဲ့ အသီးအနှံတွေ စားတဲ့အခါ ဆီးအရောင်က ပန်းရောင်လေး သန်းနေတတ်ပါတယ်။ rifampinလိုမျိုး ပဋိဇီဝ ပိုးသတ်ဆေးတို့၊ […]

ဆီးအိမ်ရောဂါများ

ဆီးသွားတဲ့အခါ နာကျင်ရတာ၊ ဆီးသွားရခက်နေတာမျိုး တစ်ခါတစ်ခါခံစားရတတ်ပါတယ်။ ဆီးပုံမှန်မသွားတာ၊ ဆီးသွားတိုင်းနာကျင်တာ၊ ဆီးအရောင်မကောင်းတာ စသည်ဖြင့် ဆီးနဲ့ပတ်သက်တဲ့ပြဿနာတွေက အဖြစ်များတဲ့အထဲမှာ ပါဝင်ပါတယ်။ ဆီးသွားတိုင်းနာကျင်ရတာ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ရအောင်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဆီးသွားတဲ့အခါ နာကျင်တယ်ဆိုတာ ဆီးပြွန်မှာရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ်။ ဆီးသွားလိုက်တဲ့အခါ ပူတဲ့ခံစားချက်ဖြစ်တာ၊ ဆီးကအနံ့တစ်မျိုးဖြစ်နေတာတွေရှိနိုင်ပါတယ်။ ဆီးအရောင်က နီကျင်ကျင်၊ အရောင်ရင့်တာတွေအပြင် ဆီးအရောင်နောက်နေတာတွေဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ရင်တော့ ပဋိဇီဝဆေးတွေကို လိုအပ်သလို ဆရာဝန်ညွှန်ပါလိမ့်မယ်။ ကျောက်ကပ်ရောဂါ ဆီးလမ်းကြောင်းပိုးဝင်ရာကနေ ကျောက်ကပ်ကိုရောဂါဝင်လာနိုင်ပြီး ပိုပြင်းထန်လာနိုင်ပါတယ်။ အဲဒီအဆင့်ရောက်ပြီဆိုရင်တော့ အဖျားတက်လာမယ်၊ မအီမသာဖြစ်လာမယ်၊ ပျို့အန်မယ်၊ ဆီးအရောင်နောက်မယ်၊ ရင့်မယ်၊သွေးပါလာမယ်၊ အနံ့ဆိုးမယ်။ ဒါမျိုးတွေက ဆရာဝန်ညွှန်တဲ့ ပိုးသတ်ဆေးနဲ့မှ သက်သာနိုင်မှာပါ။ ကာကွယ်ချင်တယ်ဆိုရင်တော့ရေများများသောက်ပါ။ ဆီးကိုအောင့်မထားပါနဲ့။ ကျောက်တည်ခြင်း ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်လိုမျိုး သတ္ထုဓာတ်တွေ များပြားစုပုံလာတဲ့အခါ ကျောက်တည်တတ်ပါတယ်။ ကျောက်ကပ်ထဲမှာ အရင်စတည်တာဖြစ်ပေမယ့်နောက်ပိုင်းမှာ ဆီးအိမ် ဒါမှမဟုတ် ဆီးပြွန်ထဲမှာ ဆက်တည်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးစွန့်ထုတ်မှုကို […]

ဆီးအိမ်ရောဂါများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy