ကျန်းမာတဲ့ ကျောက်ကပ်တွေက သွေးထဲက အညစ်အကြေးတွေကို ဆီးအဖြစ် စွန့်ထုတ်ပေးပြီး ခန္ဓာကိုယ်အတွက် သွေးဆဲလ်တွေကို ထိန်းသိမ်းပေးပါတယ်။ ကျောက်ကပ်က စစ်ထုတ်တဲ့အရာလေးတွေ ပျက်စီးသွားတဲ့အခါ ဆီးထဲမှာ သွေးတွေ ပါလာပါတယ်။ ဒါက ကျောက်ကပ် ပျက်စီးနေတယ်ဆိုတာကို ပြသနေတဲ့ လက္ခဏာပါ။ အကျိတ်ဖြစ်နေတာ၊ ကျောက်ကပ် ကျောက်တည်နေတာ၊ ကျောက်ကပ် ပိုးဝင်တာတွေကြောင့်လည်း ဆီးထဲ သွေးပါနေတာ ဖြစ်နိုင်ပါတယ်။
ဆီးထဲမှာ အမြှုပ်တွေ အရမ်းထနေတာ၊ ဆီးက ကြက်ဥပုပ်နံ့လို အနံ့ထွက်နေတာ၊ ဆီးအရောင် နောက်နေတာတွေက ဆီးထဲမှာ albumin လို့ခေါ်တဲ့ ပရိုတင်း များနေတာကြောင့်ပါ။
ကျောက်ကပ် ထိခိုက်မှုကြောင့် ဆီးထဲမှာ ပရိုတင်း ပါဝင်မှု အရမ်းများတဲ့အခါ လက္ခဏာအနေနဲ့ မျက်လုံးတဝိုက်မှာ မို့အစ်နေတာမျိုး ခံစားရနိုင်ပါတယ်။
ကျောက်ကပ်က လုပ်ဆောင်နိုင်စွမ်း ကျလာတဲ့အခါ ကိုယ်တွင်းမှာ ဆိုဒီယမ် စုပုံလာပါတယ်။ ဒီအခြေအနေက ခြေထောက်တွေ၊ ခြေချင်းဝတ်နဲ့ ခြေဆစ်လက်ဆစ်တွေမှာ ရောင်ရမ်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
နှလုံးရောဂါ၊ အသည်းရောဂါ၊ နာတာရှည်ခြေထောက် သွေးပြန်ကြောရောဂါတွေ ခံစားရတာကြောင့်လည်း ခြေဆစ်လက်ဆစ်တွေ ရောင်နေနိုင်ပါတယ်။
ကျောက်ကပ်က အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တာကြောင့် ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ များလာတဲ့အခါ အစာ စားချင်စိတ် မရှိတာကို ခံစားရနိုင်ပါတယ်။
ကျောက်ကပ်က လုပ်ဆောင်မှုတွေ ကောင်းကောင်း မလုပ်နိုင်တော့တဲ့အခါ ကိုယ်တွင်းမှာ ဆားဓာတ် မမျှတမှုတွေ ဖြစ်လာပါတယ်။ ဥပမာ ကယ်လ်ဆီယမ် နည်းတာ၊ ဖော့စဖရိတ် လုံလောက်တဲ့ ပမာဏ မရှိတာတွေကြောင့် ကြွက်တက်တာမျိုး ခံစားရနိုင်ပါတယ်။
ကျောက်ကပ် ကျန်းမာရေး ထိခိုက်နေကြောင်း အချက်ပြလက္ခဏာများ ကို လျစ်လျူမရှုဘဲ သတိထားစေချင်ပါတယ်။
ကျောက်ကပ် ထိခိုက်နေပြီလား
ကျောက်ကပ် ထိခိုက်နေပြီဆိုရင် အခုလိုတွေ ခံစားရနိုင်ပါတယ်။
- ပုံမှန်ထက် ပိုပင်ပန်းနေမယ်
- အားအင်ကုန်ခမ်းနေမယ်
- အာရုံစိုက်ဖို့ ခက်နေမယ်
- အိပ်စက်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်မယ်
- အရေပြားတွေ ခြောက်သွေ့ယားယံမယ်
- ဆီးခဏခဏ သွားချင်နေမယ်
- ဆီးထဲသွေးပါမယ်
- ဆီးတွေက အရောင်နောက်နေမယ်
- မျက်လုံးတဝိုက် မို့အစ်နေမယ်
- ခြေဆစ်လက်ဆစ်တွေ ရောင်နေမယ်
- အစာ စားချင်စိတ် မရှိဖြစ်မယ်
- ကြွက်တက်မယ်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။