ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်သလား

ငယ်ငယ်တုန်းက ရေချိုးနေတုန်း ဆီးမသွားရဘူး။ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်တယ်ဆိုပြီး လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ဆီးကျောက်က ရေချိုးနေရင်း ဆီးသွားလို့ ဖြစ်တာလား။ ရေချိုးနေတုန်း ဆီးမသွားသင့်ဘူးလား။ ဆီးကျောက်တွေက ဘယ်ကဖြစ်လာတာလဲ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည်တတ်သလားဆိုတာကို မပြောခင် ဆီးကျောက်ဘာကြောင့် တည်တာလဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ ဒါမှ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလို့ ရမှာပါ။ ကျောက်ကပ်အပါအဝင် ဆီးလမ်းကြောင်းရဲ့ ဘယ်နေရာမှာမဆို ဆီးကျောက်တည်တတ်ပါတယ်။ ကျောက်ကပ်မှာ တည်မလား၊ ဆီးပြွန်မှာ တည်မလား၊ ဆီးအိမ်မှာ တည်မလား နေရာစုံမှာ တည်နိုင်ပါတယ်။ ဆီးကျောက်တည်ရတာက ဆီးထဲမှာ အနည်ကျပြီး ‌ကျောက်ဖြစ်နိုင်တဲ့ ကယ်ဆီယမ်၊ အောက်ဆဲလိတ်နဲ့ ယူရစ်အက်စစ်တွေ လိုတာထက်ပိုပါလာလို့ပါ။ တစ်ချိန်တည်းမှာပဲ သင့်ဆီးထဲမှာ ဒီကျောက်တွေ အနည်မကျအောင် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင် ခဲပြီး […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

ကျောက်ကပ်ရောဂါများ

Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း ) ကဘာလဲ။ ကျောက်ကပ်သည် အညစ်အကြေး ပစ္စည်းများကို စွန့် ထုတ်ပြီး ခန္ဓါကိုယ်အရည်ကို မျှခြေတွင် ထိန်းပေးပါသည်။ ကျောက်ကပ်တစ်ခုစီတွင် nephron ဟုခေါ်သော သေးငယ် သော စစ်သည့်အရာပေါင်း ၁သန်းရှိပါသည်။ Nephron သည် အစွန်းတွင် အဖုတစ်ခုရှိသော အကွေးခွေတစ်ခု ဖြစ်ပါ သည်။ Nephron သည် ဆီးကို ကျောက်ကပ်နှင့် ဆီးအိတ် အားသွယ်ဆက်ထားသော ဆီးပြွန်ဆီသို့ ပို့ပေးပါသည်။ Nephritis သည် nephrons ရောင်ခြင်း ဖြစ်ပါသည်။ Interstitial nephritis သည် nephron များကြားရှိ နေရာ များကို ထိခိုက်စေသော ရောဂါတစ်ခုဖြစ်ပါသည်။ ရုတ်တ ရက်ပြင်းထန်စွာ ဖြစ်ပွားခြင်း သို့မဟုတ် နာတာရှည်ဖြစ်ပွား ခြင်း ဟူ၍ ရှိနိုင်ပါသည်။ Interstitial-Nephritis (ကျောက်ကပ်အတွင်းသားရောင်ခြင်း ) […]


ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection)

ဆီးလမ်းကြောင်းပိုးဝင်ခြင်း က ဆီးလမ်းကြောင်းရဲ့ တစ်နေရာရာမှာ ဘက်တီးရီးယားပိုးဝင်တဲ့အခါ ဖြစ်ပွားပါတယ်။ ဆီးလမ်းကြောင်းမှာ ဆီးထုတ်လုပ်မှု၊ သိမ်းဆည်းမှုနဲ့ စွန့်ထုတ်မှုအင်္ဂါများဖြစ်သော ကျောက်ကပ်၊ ဆီးပြွန်များ၊ ဆီးအိတ်နဲ့ ဆီးထုတ်ပြွန်တို့ ပါဝင်ပါတယ်။ အထူးသဖြင့် ဆီးအိတ်နဲ့ ဆီးထုတ်ပြွန်တို့မှာ မကြာခဏ ရောဂါကူးစက်ခံရတတ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း က ဘယ်လောက်အဖြစ်များသလဲ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါက လူတိုင်းမှာ ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးများက အမျိုးသားများထက် ရောဂါဖြစ်နိုင်ချေ ပိုမြင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးများရဲ့  ဆီးထုတ်ပြွန်က ပိုပြီး တိုတဲ့အတွက် ရောဂါပိုးဝင်လွယ်တာကြောင့် ဖြစ်ပါ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ အဖြစ်များသော ရောဂါလက္ခဏာများကတော့ မကြာခဏ ဆီးသွားရခြင်း၊ ဆီးသွားရာမှာ နာကျင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးအရောင် နောက်ခြင်း သို့မဟုတ် ဆီးတွင် အနံ့နံခြင်း၊ သွေး၊ ပြည်ပါခြင်း တို့ဖြစ်နိုင်ပါသည်။ အထူးသဖြင့် အမျိုးသမီး […]


ကျောက်ကပ်ရောဂါများ

Chronic Renal Failure (နာတာရှည် ကေျာက်ကပ်ပျက်စီးခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Renal Failure (နာတာရှည် ကေျာက်ကပ်ပျက်စီးခြင်း ) ကဘာလဲ။ နာတာရှည် ကျောက်ကပ်ရောဂါဟုလည်း ခေါ်သော နာတာရှည် ကျောက်ကပ် ပျက်စီးခြင်း ဆိုသည်မှာ ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများ တဖြည်းဖြည်း ဆုံးရှုံးလာသော အခြေအနေ ကို ခေါ်ပါသည်။ ကျောက်ကပ်၏ လုပ်ငန်းမှာ သွေးအတွင်းမှ အညစ်အကြေးများနှင့် ပိုလျှံသော အရည်များကို စစ်ထုတ်ပြီး ဆီးထဲမှ စွန့်ထုတ်ခြင်း ဖြစ်သည်။ နာတာရှည်ကျောက်ကပ် ရောဂါသည် တန်းမြင့်အဆင့်သို့ ရောက်ရှိလာသောအခါ ခန္ဓါကိုယ် ထဲတွင် အရည်များ လျှပ်လိုက်ပျော်ရည်များ နှင့် အညစ်အကြေးများ အန္တရာယ်ရှိသော ပမာဏ အထိ စုပုံလာပါသည်။ နာတာရှည်ကျောက်ကပ်ရောဂါ အစောပိုင်းတွင် ရောဂါလက္ခဏာ အနည်း ငယ်သာ ရှိပါသည်။ နာတာရှည် ကျောက်ကပ်ရောဂါ သည် ကျောက်ကပ်လုပ်ငန်း သိသာစွာ မထိခိုက်မခြင်း […]


အခြားဆီးလမ်းကြောင်းပြဿနာများ

Hypospadias (မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypospadias (မွေးရာပါ ဆီးစွန့်ပြွန်နေရာလွဲခြင်း ) ကဘာလဲ။ မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း ဆိုသည်မှာ ယောင်္ကျားလေးတစ်ယောက်၏ ဆီးလမ်းကြောင်းပေါက်သည် လိင်တံ၏ အောက်ဖက်တွင် မှားရောက်နေသော မွေးရာပါ အခြေအနေ တစ်ခုဖြစ်သည်။ ဆီးစွန့်ပြန်သည် ဆီးများကို ဆီးအိတ်မှ သယ်ယူကာ လိင်တံမှတစ်ဆင့် ခန္ဓါကိုယ်ပြင်ပသို့ စွန့်ထုတ်သော ပြွန် ဖြစ်ပါသည်။ မွေးရာပါ ဆီးစွန့်ပြွန်နေရာလွဲခြင်း သည် ဆီးလမ်းကြောင်းပွင့်သော နေရာပေါ်မူတည်၍ မပြင်းထန် နိုင်ရာမှ ပြင်းထန်နိုင်သည် အထိ ဖြစ်နိုင်ပါသည်။ Hypospadias (မွေးရာပါ ဆီးစွန့်ပြွန်နေရာလွဲခြင်း ) က ဘယ်လောက်အဖြစ်များသလဲ မွေးရာပါဆီးလမ်းကြောင်းပေါက်နေရာလွဲခြင်း သည် ရှားပါးသော အခြေအနေတစ်ခုဖြစ်သည်။ မွေးကင်းစ ယောင်္ကျားလေး ၁၀၀၀ မှ ၄ ယောက်တွင် ဖြစ်ပွားပါသည်။ ပိုမိုသော အချက်အလက် များ အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများHypospadias (မွေးရာပါ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်