backup og meta

နေ့စဉ် စားသုံးတဲ့ အရာတွေက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအပေါ် ဘယ်လို သက်ရောက်နေသလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 22/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေ့စဉ် စားသုံးတဲ့ အရာတွေက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအပေါ် ဘယ်လို သက်ရောက်နေသလဲ

    နေ့စဉ် စားသုံးတဲ့ အစားအစာတွေက ကျန်းမာရေးအပေါ် သက်ရောက်နေပါတယ်။ နေ့စဉ် စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ကျန်းမာရေးကို အထောက်အကူပြုတာမျိုး ရှိသလို ကျန်းမာရေးကို အထောက်အကူမဖြစ်တာမျိုးလည်း ရှိပါတယ်။ အချို့သော အစားအစာတွေဆိုရင် ကျန်းမာရေးကိုတောင် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ကိုယ်တိုင် သဘောတကျ စားသုံးမိနေတဲ့ အစားအသောက်တွေက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးအပေါ်  ဘယ်လိုသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။

    နေ့စဉ် စားသုံးမှုက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအပေါ် ဘယ်လို သက်ရောက်နေသလဲ ဆိုတာကို မပြောခင် ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းက ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ပေးလဲ။ ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းစနစ်မှာ ဘာတွေ ပါဝင်ဖွဲ့စည်း ထားသလဲ ဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။

    ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း စနစ်မှာ ဘာတွေပါဝင် ဖွဲ့စည်းထားသလဲ ……

    ဆီးလမ်းကြောင်းက အမျိုးသားမှာရော အမျိုးသမီးမှာပါ ပါရှိတဲ့ စနစ်တစ်ရပ်ပါ။ ဒီလို ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း စနစ်မှာ

    • ကျောက်ကပ်
    • ဆီးပို့ပြွန်
    • ဆီးစွန့်ပြွန်
    • ဆီးအိမ်
    • ဆီးကျိတ်
    • အမျိုးသားတွေမှာဆိုရင် မျိုးပွား အင်္ဂါ
    • ကပ္ပာယ်အိတ်
    • ဝှေးစေ့တို့ ပါဝင်ပါတယ်။ သူတို့လေးတွေ ဟန်ချက်ညီညီ လုပ်ဆောင်မှ ကိုယ်တွင်းက အညစ်အကြေးတွေကို ဆီးအနေနဲ့ ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်နိုင်မှာပါ။

    ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းစနစ်က ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ပေးလဲ ………

    လူတစ်ယောက် ကျန်းမာဖို့အတွက် ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း ကျန်းမာဖို့ အတော်လေး အရေးပါပါတယ်။ ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဆီးစွန့်ထုတ်မှုကနေတဆင့် ဖယ်ရှားပေးတဲ့ ရေဆိုးနုတ်စနစ်ပါ။

    စားသုံးလိုက်တဲ့ အစားအစာတွေ၊ သောက်သုံးလိုက်တဲ့ ဆေးဝါးတွေ၊ အယ်လ်ကိုဟော စတာတွေကြောင့် ကိုယ်တွင်းမှာ ဖြစ်ပေါ်လာတဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအနေနဲ့ ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးတာပါ။

    ဆီးဆိုတာက ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေနဲ့ အညစ်အကြေးတွေပါပဲ။ ဒီလို ပိုလျှံနေတဲ့အရာတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးတဲ့ တာဝန်ကို ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း စနစ်က လုပ်ဆောင်ပေးပါတယ်။ ကိုယ်တွင်းမှာ မလိုအပ်တဲ့ အရည်တွေနဲ့ အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာပါ။

    နေ့စဉ် စားသုံးလိုက်တဲ့ အရာတွေက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအပေါ် ဘယ်လို သက်ရောက်နေသလဲ …….

    နေ့စဉ် စားသုံးလိုက်တဲ့ အရာတွေက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအပေါ် ဘယ်လို သက်ရောက်နေသလဲ …………

    နေ့စဉ် စားသုံးမှုကို အရသာ ပြည့်ပြည့်စုံစုံ စားသုံးလိုက်တဲ့အခါ ကိုယ်တွင်းကို အချို၊ အဖန်၊ အငန်၊ အစပ်၊ အခါး၊ အချဉ်၊ အဆိမ့် ဆိုပြီး အရသာ အမျိုးမျိုး ဝင်ရောက်သွားပါတယ်။ ဒီလို ဝင်ရောက်သွားတဲ့ အာဟာရ တစ်ခုချင်းစီက အလွန်အကျွံ ဖြစ်လာမယ် ဆိုရင်တော့ ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    နေ့စဉ် စားသုံးမှုမှာ ဆိုဒီယမ်လို့ ခေါ်တဲ့ ဆားတွေ အများအပြား စားသုံးတာက ကျောက်ကပ်ရဲ့ ရေဓာတ်၊ ဆားဓာတ်၊ သတ္တုဓာတ်တွေ ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဆိုဒီယမ်ကို လိုအပ်သလောက်ပဲ စားတာ အကောင်းဆုံးပါ။

    ဆိုဒီယမ်ဆိုလို့ ဆားကိုပဲ ပြောတာ မဟုတ်ပါဘူး။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ကစလို့ အချိုမှုန့်၊ အသားမှုန့်တွေကိုလည်း အများကြီး စားတာမျိုး မလုပ်မိဖို့ လိုပါမယ်။

    အငန် အစားများတာက သွေးတိုးစေပြီး ရေရှည်မှာ ကျောက်ကပ် ထိခိုက်စေနိုင်ပါတယ်။ အငန် အစားများတာက ကျောက်ကပ် ကျောက်တည်တာ ဖြစ်စေနိုင်ပါတယ်။

    ကယ်လ်ဆီယမ်က အရိုး နဲ့ သွားတွေကို ကျန်းမာ ကြံ့ခိုင်စေတယ်ဆိုပေမယ့် ကယ်လ်ဆီယမ် အလွန်အကျွံ စားသုံးတာကလည်း ကျောက်ကပ် ကျောက်တည်စေနိုင်ပါတယ်။

    ကယ်လ်ဆီယမ်ကို လိုအပ်သလောက်ပဲ စားသုံးဖို့ လိုပါမယ်။ ဒီလိုမှ အရိုးပွတာ၊ အရိုးပါးတာတွေကို ကာကွယ်ရာ ရောက်မှာပါ။ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ထိုက်သင့်တဲ့ ပမာဏလောက်ပဲ စားပေးပါ။

    နောက်တစ်ချက် အနေနဲ့ သတိထားစေချင်တာက အသင့်စား၊ အမြန်စားနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေပါ။ ဒီအစားအစာတွေက အငန်ကဲသလို တာရှည်ခံအောင် ပြုပြင်ထားတာတွေကြောင့် ရေရှည်မှာ ကျောက်ကပ် ထိခိုက်စေနိုင်ပါတယ်။

    ကဖင်းက အတန်အသင့်ဆိုရင် လန်းဆန်းစေတယ်။ စိတ်ခံစားမှု ကောင်းစေတာမှန်ပေမယ့်  အလွန်အကျွံ စားသုံးတာက ရေဓာတ်ခမ်းခြောက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်တာက ကျောက်ကပ် ကျောက်တည်တာ၊ ဆီးအိမ် ပိုးဝင်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။

    ဒါကြောင့် ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ လက်ဖက်၊ ချောကလက်၊ ကိုလာနဲ့ အားဖြည့်အချိုရည်တွေ အပါအဝင် ကဖင်းပါတဲ့ သောက်စရာ စားစရာတွေကို အလွန်အကျွံ မစားဖို့ သတိပေးပါရစေ။

    ပရိုတင်းက ကိုယ်ခံအား ကောင်းစေပြီး အရိုးတွေကို သန်မာစေတယ်။ ကြွက်သားတွေ ဖြစ်ပေါ်စေသလို ပရိုတင်းက တစ်ရှူး အသစ်တွေ ဖြစ်ပေါ်စေနိုင်တယ် ဆိုပေမယ့် ပရိုတင်းတွေကို အလွန်အကျွံ စားသုံးတာက ကျောက်ကပ်ကို ဝန်ပိစေပြီး ရေရှည်မှာ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်စေနိုင်ပါတယ်။

    အသားတွေ အထူးသဖြင့် အနီရောင် အသားတွေ၊ ဥအမျိုးမျိုး၊ နို့ နဲ့ နို့ထွက်ပစ္စည်း စတာတွေကို အလွန်အကျွံစားသုံးတာမျိုး မလုပ်ပါနဲ့။

    ရေသောက်နည်းတာက ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေနိုင်ပြီး ရေရှည်မှာ ကျောက်ကပ် ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ရေများများ သောက်မှ ကျောက်ကပ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကျောက်ကပ်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    ရေများများသောက်တာက ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းကို ပိုးဝင်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ကိုယ်ခံအား ကောင်းစေပြီး အသားအရေကို ကျန်းမာစေမှာပါ။

    နေ့စဉ် စားသုံးလိုက်တဲ့ အရာတွေက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအပေါ် အခုလို သက်ရောက်မှုတွေ ရှိနေတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အသီးအရွက်တွေ များများ ပါဝင်အောင် စားသုံးပေးပါ။ အသီးအရွက်ဆိုတဲ့ နေရာမှာလည်း ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓညင်းသီးလိုမျိုးအရာကိုတော့ ရှောင်ဖို့ ပြောပါရစေ။

    ဒါတွေက ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
    • အငန် အစားများရင် /ဆိုဒီယမ် များရင်
    • ကယ်လ်ဆီယမ် အစားများရင်
    • ကဖင်း များရင်
    • ပရိုတင်း များရင်
    • ရေသောက်နည်းရင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 22/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement