ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ရောဂါများ ကိုဖြစ်စေတဲ့အကြောင်းရင်း၊ အမျိုးအစားများ၊ ရောဂါလက္ခဏာ၊ ကုသနည်းနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများ

ကျောက်ကပ်တွေက လူ့ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ကျောက်ကပ်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစိတ်အပိုင်းပါ။ ကျောက်ကပ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးနီဥဆဲလ်လေးတွေကို ထုတ်ပေးပါတယ်။ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကျောက်ကပ်က မရပ်မနား ခန္ဓာကိုယ်အတွက် အလုပ်လုပ်ပေးနေရင်း တစ်ခါတစ်လေမှာ ပိုးဝင်တာမျိုး ခံစားရနိုင်ပါတယ်။ ကျောက်ကပ် ပိုးဝင်တာက အစပိုင်းမှာ လက္ခဏာ သိသိသာသာ မပြတာမျိုး ရှိနေနိုင်တာကြောင့် လက္ခဏာ ပြင်းထန်မှ သိတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ကျောက်ကပ်ပိုးဝင်ခြင်းရဲ့ လက္ခဏာများ ကို သိရှိနိုင်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးလိုက်ပါတယ်။ https://hellosayarwon.com/urological-health/kidney-disease/signs-of-kidney-diseases/ ဘာတွေကများ ကျောက်ကပ်ပိုးဝင် တာကို ဖြစ်စေတာလဲ! ကျောက်ကပ်ပိုးဝင်တာက ဘက်တီးရီးယားကြောင့် ဖြစ်နိုင်သလို ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သုတေသီတွေကတော့ ကျောက်ကပ်ပိုးဝင်တာက ဆီးလမ်းကြောင်းတစ်နေရာမှာ ပိုးဝင်ကူးစက်တာကြောင့်ပါတဲ့။ အစာဟောင်းအိမ်ထဲမှာ […]

ကျောက်ကပ်ရောဂါများ ကို ရှာဖွေမည်။

ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ ။

ဆီးချိုရဲ့ နောက်ဆက်တွဲ ကျောက်ကပ် ထိခိုက်လို့ပဲ ဖြစ်ဖြစ်၊ သွေးတိုးရဲ့ နောက်ဆက်တွဲ ကျောက်ကပ်ထိခိုက်လို့ပဲ ဖြစ်ဖြစ် ကျောက်ကပ်ဆေးနေရတယ်ဆိုရင် အနေအထိုင် အစားအသောက် အတော်လေး ဂရုစိုက်ရတာပါ။ အခုတစ်ခေါက်တော့ ကျောက်ကပ်ထိခိုက်တာကြောင့် ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ ဆိုတာကို  ပြောပြပေးပါရစေ။ ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတွေကို ဘာတွေ ပြင်ဆင်ပေးမလဲ ကျောက်ကပ်ဆေးနေရတဲ့ ဖိုးဖိုးဖွားဖွားတို့ကို အာဟာရလည်းပြည့် ခန္ဓာကိုယ်လည်း ကျန်းမာစေဖို့ ဆိုရင် ပရိုတင်း ပြည့်ဝအောင် စားပါ။  အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး တစ်နေ့တာ လိုအပ်တဲ့ ပရိုတင်း ပမာဏကို မေးမြန်းပါ။ ကျောက်ကပ်ဆေးနေတဲ့အချိန်မှာ မဆေးခင်ကထက် ပရိုတင်း ပိုလိုနိုင်ပါတယ်။ ပရိုတင်းဆိုတဲ့နေရာမှာလည်း ကွာလတီပြည့်ဝတဲ့ ပရိုတင်းတွေဖြစ်တဲ့ အနီရောင်အသား၊ ကြက်သား၊ ငါး၊ ဥ စတာတွေကို စားပေးရပါမယ်။ သက်သတ်လွတ်စားတဲ့သူဖြစ်နေရင်တော့ အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး ပရိုတင်းရနိုင်တဲ့ […]


ကျောက်ကပ်ရောဂါများ

သွေးအတွင်း ယူရီးယားဓာတ်မြင့်တက်ခြင်း

ကျောက်ကပ်များဟာ ကိုယ်ခန္ဓာထဲက အဆိပ်အတောက်ဓာတ်တချို့နဲ့ မလိုအပ်တဲ့ အညစ်အကြေးတွေကို ဆီးအနေနဲ့ ပြန်လည်စွန့်ထုတ်ပေးပါတယ်။ ဥပမာပေးရရင် ခရီအက်တနင်းနဲ့ ယူရီးယားတို့ ဖြစ်ပါတယ်။ ယူရီးယားဟာ ဆီးထဲမှာ အဓိကပါဝင်တဲ့ ပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။ ကျောက်ကပ်အနေနဲ့ သွေးထဲက အညစ်အကြေးတွေကို ပုံမှန်စစ်ထုတ်နိုင်ခြင်း မလုပ်နိုင်တော့တဲ့အခါ သွေးထဲမှာ ယူရီးယားဓာတ်တွေ မြင့်တက်လာပါတယ်။ သွေးအတွင်း ယူရီးယားမြင့်တက်တဲ့ အခြေအနေကို မကုသဘဲထားရင်၊ ဆိုးရွားပြင်းထန်လာရင် အသက်အန္တရာယ်ထိ ကြုံနိုင်ပါတယ်။ သွေးအတွင်း ယူရီးယားမြင့်တက်ခြင်းဟာ ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဓိကလက္ခဏာလည်း ဖြစ်ပါတယ်။ သွေးအတွင်းယူရီးယားမြင့်တက်ခြင်း၏ လက္ခဏာများ နာတာရှည်ကျောက်ကပ်ရောဂါ အစပိုင်းမှာ ဘာလက္ခဏာမှ သတိမထားမိကြပါဘူး။ ဒါပေမယ့် သွေးအတွင်း ယူရီးယားမြင့်တက်ခြင်း စလာရင်တော့ ကျောက်ကပ်တွေ ထိခိုက်ပျက်စီးလာပါတယ်။ အောက်ပါလက္ခဏာတွေ ကြုံလာရပါတယ်။ - အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း - ခြေထောက်ကြွက်သားများ နာကျင်ခြင်း၊ ကြွက်တက်ခြင်း - အစားပျက်ခြင်း - ခေါင်းကိုက်ခြင်း - ပျို့အန်ခြင်း - […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်တွင် အရည်အိတ်တည်ခြင်းအကြောင်း

ကျောက်ကပ်ဆိုတာ သင့်ကိုယ်ခန္ဓာထဲက အညစ်အကြေးများကို ဆီးသွားခြင်းမှတဆင့် စွန့်ထုတ်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ကျောက်ကပ်အတွင်းသားမှာ အရည်များ စုလာခြင်းကိုတော့ ကျောက်ကပ်အရည်အိတ်တည်ခြင်း (kidney cyst) လို့ ခေါ်ပါတယ်။ ကျောက်ကပ်တဖက်ဖက်မှာ တအိတ်တည်းဖြစ်ပေါ်လာတာ ရှိသလို နှစ်ဖက်စလုံးမှာ အရည်အိတ်များစွာ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေလည်းရှိပါတယ်။ အရည်အိတ်တအိတ်ချင်းစီဖြစ်ပေါ်တဲ့ အခြေအနေဟာ ကျောက်ကပ်ကို ထိခိုက်နိုင်ခြေနည်းပါတယ်။ ဒါပေမယ့် အရည်အိတ်များစွာစုပြီး ဖြစ်ပေါ်တဲ့ရောဂါ (polycystic kidney disease) ကတော့ ကြီးထွားလာတာနဲ့အမျှ ကျောက်ကပ်ကို ဒုက္ခပေးလာနိုင်ပါတယ်။ များသောအားဖြင့် ကျောက်ကပ်အတွင်းမှာ အရည်အိတ်ဖြစ်နေခြင်းကို သတိမပြုမိကြပါဘူး။ လက္ခဏာမပြခဲ့ရင် တခြားပြဿနာတခုခုအတွက် ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်မှသာ သိရှိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အရည်အိတ်များဟာလည်း အရွယ်အစားအမျိုးမျိုးရှိပါတယ်။ မိုက်ခရိုစကုပ်နဲ့ကြည့်မှ မြင်ရမယ့်အရည်အိတ်မျိုးရှိသလို ဂေါ်လီလုံးပမာဏလောက်ရှိတဲ့ အရည်အိတ်လည်း တွေ့ရတတ်ပါတယ်။ အရည်အိတ်ကြီးမားလာရင်တော့ ဘေးပတ်ဝန်းကျင်က အင်္ဂါအစိတ်အပိုင်းတွေကိုပါ ဖိမိတဲ့အတွက် နာကျင်မှု […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ

ကျောက်ကပ်ရဲ့ အဓိကတာဝန်ဟာ သွေးထဲမှာ ပိုလျှံနေတဲ့ အရည်များနဲ့ အညစ်အကြေးများကို ဖယ်ရှားသန့်စင်ပေးရခြင်း ဖြစ်ပါတယ်။ ပုံမှန်လုပ်ငန်းလုပ်ဆောင်နိုင်တဲ့ အခြေအနေမှာ သွေးကိုသန့်စင်နိုင်တဲ့ ပမာဏဟာ လီတာ ၁၀၀ ကျော်ပြီး ဆီးအနေနဲ့ ၁-၂ လီတာအကြား စွန့်ထုတ်ပါတယ်။ ဒီနည်းနဲ့ ကိုယ်ခန္ဓာထဲမှာ အညစ်အကြေးတွေ စုဝေးမနေရအောင် ကာကွယ်ပေးပါတယ်။ ဆိုဒီယမ်၊ ဖော့စဖိတ်၊ ပိုတက်ဆီယမ် စတဲ့ဓာတ်ဆားများကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာက ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကျောက်ကပ်ရောဂါရှိသူများ သတိပြုရမည့် ပိုတက်ဆီယမ်ပမာဏ ကျောက်ကပ်ရောဂါဖြစ်လာရင်တော့ သွေးသန့်စင်ခြင်း၊ ဓာတ်ဆားများထိန်းညှိခြင်း စတာတွေကို လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ်ပမာဏကို မထိန်းနိုင်ရင် သွေးထဲမှာ အန္တရာယ်ဖြစ်လောက်တဲ့ အနေအထားအထိ မြင့်တက်လာနိုင်ပါတယ်။ ကျောက်ကပ်အတွက် သောက်နေရတဲ့ ဆေးအချို့ဟာလည်း ပိုတက်ဆီယမ်ကို […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်မပျက်စီးအောင် ဘယ်လိုကာကွယ်မလဲ

ကျောက်ကပ်များဟာ သင့်သွေးထဲမှာ အရည်ဓာတ်တွေ ပိုနေတာမဖြစ်အောင်၊ အဆိပ်အတောက်တွေ စုဝေးမနေအောင် စစ်ထုတ်သန့်စင်ပေးတဲ့တာဝန် ထမ်းဆောင်ပါတယ်။ အဆိုပါလုပ်ငန်းတွေကို မလုပ်ဆောင်နိုင်တော့တဲ့ အခြေအနေကိုတော့ ကျောက်ကပ်ပျက်စီးခြင်းလို့ ခေါ်ပါတယ်။ ကျောက်ကပ်ဟာ စတင်ပျက်စီးခါစမှာ လက္ခဏာမပြပါဘူး။ ကြာလာရင်တော့ အောက်ပါလက္ခဏာတွေ ကြုံလာရတတ်ပါတယ်။ - ဆီးနည်းခြင်း - ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း - အာရုံစူးစိုက်ရန်ခက်ခဲခြင်း - ယားယံခြင်း - ကြွက်သားများ အကြောဆွဲခြင်း၊ ကြွက်တက်ခြင်း - ပါးစပ်အတွင်း သတ္တုအရသာရနေခြင်း - ပျို့အန်ခြင်း - အစားပျက်ခြင်း - တက်ခြင်း - ခြေကျင်းဝတ်၊ ခြေထောက်၊ ခြေဖမိုးများ ဖောရောင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ကျောက်ကပ်ပျက်စီးခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ သွေးတိုးရောဂါနဲ့ ဆီးချိုဟာ ကျောက်ကပ်ပျက်စီးမှုကို အများဆုံးဖြစ်စေနိုင်တာကြောင့် ယေဘုယျအားဖြင့် အဆိုပါပြဿနာတွေ မကြုံရအောင် ထိန်းသိမ်းဖို့ လိုပါတယ်။ အောက်ပါနည်းလမ်းတွေ ဖြစ်ပါတယ်။ ၁။ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပါ ဆီးချိုရောဂါရှိရင် နှလုံးရောဂါနဲ့ ကျောက်ကပ်ပျက်စီးခြင်း […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

ကျောက်ကပ် ဆိုတာ လူ့ခန္ဓာကိုယ်မှာ ရှိသမျှ အဆိပ်အတောက်တွေကို ဆီးက တစ်ဆင့် စွန့်ထုတ်သန့်စင်ပေးတဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါ။ ကျောက်ကပ်က ပုံမှန် အလုပ်မလုပ်တော့ရင် အဆိပ်အတောက်တွေ ပြည့်နေပြီး ရောဂါဝေဒနာဖိစီးတဲ့ ခန္ဓာကိုယ် ဖြစ်လာပါလိမ့်မယ်။ ဒီတစ်ခါတော့ ကျောက်ကပ် ကျန်းမာအောင် ဘာတွေ စားသင့်လဲ ဆိုတာ အကြံပြုပေးချင်ပါတယ်။ ကျောက်ကပ် ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတဲ့ နေ့စဉ် အစားအစာတွေပေါ့ - ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး (၁) ပန်းသီး ပန်းသီး ဟာ ကိုလက်စထရော နဲ့ ဂလူးကို့စ် ပမာဏကို လျော့စေနိုင်တဲ့ ပျော်ဝင်အမျှင်ဓာတ် pectin ပါဝင်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အခွံပါ စားဖို့တော့ မမေ့ပါနဲ့။ ပန်းသီးရဲ့အခွံမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင်သလို […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း (၉) ခု

ကျောက်ကပ် ကျန်းမာရေးက အရေးကြီးတယ် မကြီးဘူးဆိုတာ လက်ရှိ ကျောက်ကပ်ရောဂါ ခံစားနေရသူတွေ၊ ကျောက်ကပ်ဆေးနေရသူတွေ၊ ကျောက်ကပ်ခွဲစိတ်ရသူတွေ အသိဆုံးပါ။ ဒါပေမယ့် ဘာရောဂါမှ မဖြစ်သေးတဲ့ သာမန်လူတွေအနေနဲ့ ကြိုတင်ကာကွယ်ထားနိုင်တာ အကောင်းဆုံးပဲ မဟုတ်ဘူးလား။ ဒီတော့ ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း လေးတွေကို ပြောပြပေးချင်ပါတယ်။ ဒါဆို ကြိုတင်ကာကွယ်ပြီး ကျောက်ကပ်ကို စောင့်ရှောက်ဖို့ အဆင်သင့်ပဲလား။ ကျောက်ကပ် ကျန်းမာအောင် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုနေထိုင်ရမလဲ ဆိုတာ ဆက်ပြီး ကြည့်ရအောင်နော်။ ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း (၉) ခု ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း လေးတွေကတော့ (၁) ရေဓာတ် ဖြည့်ပါ။ ကျောက်ကပ် ကျန်းမာအောင် ရေများများသောက်ပါ၊ ရေသောက်မနည်းပါစေနဲ့ လို့ တဖွဖွ မှာကြ၊ သတိပေးကြပါတယ်။ မှန်ပါတယ်။ ရေသောက်နည်းရင် […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ် လေးကို ညှာတာပါ

ကျောက်ကပ် ကျန်းမာရေးကို အမြဲဂရုစိုက် စောင့်ရှောက်သင့်တာ လူတိုင်း သိကြမှာ ဖြစ်ပေမယ့် သူ့ကို အထိနာစေ၊ ပျက်စီးစေမယ့် အပြုအမူတွေ လုပ်မိနေတတ်တာရော သတိထားမိရဲ့လား… လူအတော်များများ လုပ်တတ်တဲ့ ကျောက်ကပ် ထိခိုက်စေမယ့် ဒီအပြုအမူတွေကို လုပ်မိတဲ့အထဲ ကိုယ်ရော ပါဝင်နေသလား ဆန်းစစ်ကြည့်လိုက်ရအောင် - (၁) အသား စားသုံးမှု လွန်ကဲခြင်း ပရိုတင်းဓာတ်ကို မရှိမဖြစ် လိုအပ်တာ မှန်ပေမယ့် အသားတွေ စားတာ များလွန်းရင် ခန္ဓာကိုယ်မှာ ပရိုတင်းတွေ လွန်ကဲပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနီရောင်အသားတွေ အပါအဝင် အသားစားသုံးမှုကို လိုအပ်တဲ့ ပမာဏ ထက် လွန်ကဲပြီး ဆက်တိုက်မစားပါနဲ့ လို့ သတိပေးချင်ပါတယ်။ (၂) ရေ သိပ်မသောက်ခြင်း ကျောက်ကပ် ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းကောင်းလည်ပတ်နိုင်ဖို့ ဆိုရင် ရေဓာတ် ပြည့်ဝနေဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ရေကို […]


ကျောက်ကပ်ရောဂါများ

သင့် ကျောက်ကပ် ကို သဘာဝအတိုင်း သန့်စင်ပေးနိုင်မယ့် အစားအစာများ

သင့်ခန္ဓာကိုယ်ကြီးတစ်ခုလုံး ကျန်းမာကြံ့ခိုင်နေဖို့ ကိုယ်တွင်းရှိ အစိတ်အပိုင်းများအားလုံး ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေဖို့ အရေးကြီးလှပါတယ်။ ကျောက်ကပ် ဟာ အညစ်အကြေးနှင့် အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးတဲ့ အရေးကြီး ကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့အားလျော်စွာ ကျောက်ကပ်တွေ ကျန်းမာဖို့ကလည်း မရှိမဖြစ်အရေးကြီးလှပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နေ့စဉ်စားသောက်နေကျ အစားအစာတွေမှာ ထည့်သွင်းစားသောက်ခြင်းဖြင့် ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) အစိမ်းရောင်အရွက်များ သင်ဆောင်းပါးတွေမှာ အမြဲမြင်နေရတဲ့ အစိမ်းရောင်အရွက်တွေ နေ့စဉ်စားပေးဖို့ အကြံပေးစကားတွေဟာ အကြောင်းရင်းမရှိပဲ ဖြစ်လာတာတော့ မဟုတ်ပါဘူး။အစိမ်းရောင်အရွက်တွေဟာ သင့်ကျောက်ကပ်တွေအတွက် အလွန်အကျိူးရှိလို့ပဲ ဖြစ်ပါတယ်။ အစိမ်းရောင်အရွက်တွေမှာ ဗီတာမင်စီနှင့်ကေ ပါဝင်တဲ့အပြင် ဖော်လိတ်နှင့်အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ သင့်သွေးပေါင်ကို ကျစေပြီး သွေးတွင်းအချိူဓာတ်တွေကိုပါ မျှတစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်အပေါ်ဖိအားကိုပါ လျေ့ာကျစေပါတယ်။ ဒါကြောင့် အစိမ်းရောင်အရွက်တွေကို နေ့စဉ်စားသုံးပေးစေချင်ပါတယ်။ (၂) Cranberryဖျော်ရည် Cranberryသီးဖျော်ရည်ဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွေကို […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်မှာ ရေအိတ်တည်ခြင်း

ကျောက်ကပ်မှာ ရေအိတ်တည်ခြင်း ဆိုတာ ကျောက်ကပ်တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံးမှာ အရည်တွေနဲ့ ပြည့်နေတဲ့ အိတ်တစ်ခု ဒါမှမဟုတ် ဒီ့ထက်ပိုရှိနေတာကိုဆိုလိုတာပါ။ ကျောက်ကပ်တွေဟာ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ်နဲ့ စွန့်ထုတ်ပေးတဲ့ ပဲစေ့ပုံစံရှိတဲ့ အစိတ်အပိုင်းတွေပါ။ ကျောက်ကပ်မှာ ရေအိတ်တည်ခြင်း ဘယ်နှစ်မျိုးရှိလဲ ယေဘုယျအားဖြင့် ကျောက်ကပ်မှာ ရေအိတ်တည်ခြင်းနှစ်မျိူးရှိပါတယ်။ ရိုးရိုးရေအိတ်တည်ခြင်းနဲ့ polycystic kidney disease လို့ခေါ်တဲ့ မျိူးရိုးနဲ့ဆိုင်တဲ့ရေအိတ်တည်ခင်း တို့ဖြစ်ပါတယ်။ ရေအိတ်တွေရဲ့ နံရံတွေဟာ ခပ်ပါးပါးဖြစ်တာများပြီးရေလိုအရည်တွေပါဝင်ပါတယ်။ ရိုးရိုးအိတ်တွေဟာ ကျောက်ကပ်ကို ဒါမှမဟုတ် ကျောက်ကပ်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို မထိခိုက်စေပါဘူး။ဒါပေမယ့် PKD ကြောင့်ဖြစ်တဲ့ ရေအိတ်ဆိုရင်တော့ ကြီးလာတာနဲ့အမျှ ကျောက်ကပ်ကိုထိခိုက်နိုင်ပါတယ်။ ရေအိတ်တွေဟာ များသောအားဖြင့် အန္တရာယ်မရှိပါဘူး။ လက္ခဏာလဲမပြတတ်ဘဲ အကြောင်းတစ်စုံတစ်ရာကြောင့် ကွန်ပျူတာဓာတ်မှန်ရိုက်မိရင်းနဲ့မှ တွေ့ရတတ်တာမျိူးလဲရှိပါတယ်။  ကျောက်ကပ်ရေအိတ် ရဲ့အရွယ်အစား  တချို့ကျောက်ကပ်ရေအိတ်တွေဟာ သေးလွန်းလို့ အဏုကြည့်မှန်ပြောင်းနဲ့မှ မြင်ရတာမျိူးဖြစ်တတ်ပါတယ်။ တချိုကရေအိတ်တွေကတော့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်