ဆီးကျောက်တည်ခြင်းအတွက် ကုထုံးများ နဲ့ စစ်ဆေးနည်းများ
ဆီးကျောက်တည်တာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ အယောက် ၁၀၀ မှာ ၁၀ ယောက်ကျော်လောက် ဒီကျန်းမာရေးပြဿနာကို ခံစားကြရပါတယ်။ ဆီးကျောက်တည်တာက အရမ်းမပြင်းထန်ဘူးဆိုပေမယ့် သေချာလေး ဂရုစိုက်ဖို့တော့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဆီးကျောက်တည်ခြင်းအတွက် တိတိကျကျ အဖြေထုတ်ပေးနိုင်မယ့် စစ်ဆေးမှုလေးတွေအကြောင်း ဗဟုသုတရအောင် ပြောပြပေးချင်ပါတယ်။ ဆီးကျောက်တည်တယ် ဆိုတာ ဘာလဲ ...... ဆီးထဲမှာ ပျော်ဝင်နိုင်တဲ့ သတ္တုဓာတ်တွေနဲ့ ဆားတွေ အမြောက်အမြား ပါဝင်နေပါတယ်။ ဒီပျော်ဝင်နိုင်တဲ့ သတ္တုဓာတ်တွေနဲ့ ဆားတွေက ဆီးထဲမှာ အလွန်အကျွံများလာတဲ့အခါ ကျောက်ကပ်ထဲမှာ အနည်ထိုင်ပြီး ဆီးကျောက်တည်တာ ဖြစ်လာတာပါ။ ဆီးကျောက်က စဖြစ်စမှာ အရွယ်အစား သေးသေးလေးသာ ရှိပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ကြီးထွားလာပြီး ကျောက်ကပ်ထဲက အချိုင့်လေးတွေထဲမှာ ပြည့်ပြည့်ဝဝ နေရာယူသွားတာပါ။ အချို့သော ဆီးကျောက်တွေက ကျောက်ကပ်ထဲမှာ ရှိနေပမယ့် ကျန်းမာရေးကို […]