ဆီးကျိတ်ကျန်းမာရေး

ဆီးကျိတ်က သုက်ရည်တွေကို ထုတ်လုပ်ပေးပါတယ်။ အမျိုးသားတွေ အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်အရွယ်အစားလည်း ကြီးလာနိုင်ပါတယ်။ ဒီလိုကြီးလာတဲ့အခါ ဆီးလမ်းကြောင်း ပြဿနာတွေကို ဖြစ်စေပါတတယ်။ ဒီအကြောင်းအရာတွေကို ဒီမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးကျိတ်ကျန်းမာရေး

အမျိုးသားများ ဆီးကျိတ် ကျန်းမာရေး ကောင်းစေဖို့

အမျိုးသားတွေဟာ အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ် နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်နိုင်ခြေများလာလေ့ရှိပါတယ်။ ဆီးကျိတ်ရောင်တာက စလို့ ဆီးကျိတ်ကင်ဆာအထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ရောဂါလက္ခဏာတွေကို သိရှိဖို့နဲ့ ဆီးကျိတ် ကျန်းမာရေး ကောင်းစေဖို့ နေထိုင်စားသောက်နည်းတွေကို သိထားသင့်ပါတယ်။ အဖြစ်များတဲ့ ဆီးကျိတ်ရောဂါများ ဆီးကျိတ်ရောင်ရမ်းခြင်း ဆီးကျိတ်ရောင်ရမ်းတာက ဘယ်အရွယ်မှာမဆို ဖြစ်နိုင်ပေမယ့် ငယ်ရွယ်တဲ့အမျိုးသားတွေ (၃၀-၅၀ကြား)တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆီးကျိတ်ရောင်ခြင်းမှာ -ဘက်တီးရီးယားကြောင့် ရောင်ရမ်းခြင်းနဲ့ -ဘက်တီးရီးယားကြောင့် မဟုတ်ဘဲ တခြားအကြောင်းအရင်းကြောင့် ရောင်ရမ်းခြင်း ဆိုပြီး ၂မျိုးရှိပါတယ်။ လက္ခဏာအနေနဲ့ -ခဏခဏ ဆီးသွားချင်တာ -ဆီးကျန်တာ -ချမ်းတုန်ဖျားတာ -ဆီးပူဆီးကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ ဆီးကျိတ်ကြီးခြင်း ကင်ဆာမဟုတ်တဲ့ ရိုးရိုးဆီးကျိတ်ကြီးခြင်းက အသက်ကြီးလေ ဖြစ်နိုင်ခြေ များလေလေပါ။ အသက် ၅၀ဝန်းကျင်ဆို အမျိုးသား၂ယောက်မှာ ၁ယောက် ဖြစ်နိုင်ခြေရှိပါတယ်။ အသက် ၆၀ကျော်လာရင်တော့ ဖြစ်နိုင်ခြေက ၇၅% ထိတက်လာပါတယ်။ လက္ခဏာအနေနဲ့ -ဆီးသွားရခက်တာ -ဆီးညှစ်ပေါက်ရတာ -ဆီးလုံးသေးတာ -ဆီးမထိန်းနိုင်တာ -ခဏခဏ ဆီးသွားချင်တာ -ဆီးကျန်ပြီး တစ်စက်စက်နဲ့ ကျနေတာတွေ ဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာ အမျိုးသားတွေ အဖြစ်အများဆုံးကင်ဆာတွေထဲမှာ ဒုတိယနေရာမှာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်