ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ခန္ဓာကိုယ်က အာဟာရတွေကို စုပ်ယူပြီးတဲ့နောက်မှာ မလိုတဲ့ အညစ်အကြေးတွေကို သွေးနဲ့ အူမကြီးကို ပို့ထားခဲ့ပါတယ်။ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် အပြင်ကို စွန့်ထုတ်တာက ဆီးနဲ့ ကျောက်ကပ်ရဲ့ အရေးကြီးတဲ့ အလုပ်တစ်ခုပါ။ ဆီးနဲ့ ကျောက်ကပ်ကျန်းမာနေဖို့ဆိုရင် သူ့မှာပါတဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးလွှတ်ပြွန်၊ ဆီးအိမ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး

ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်သလား

ငယ်ငယ်တုန်းက ရေချိုးနေတုန်း ဆီးမသွားရဘူး။ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်တယ်ဆိုပြီး လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ဆီးကျောက်က ရေချိုးနေရင်း ဆီးသွားလို့ ဖြစ်တာလား။ ရေချိုးနေတုန်း ဆီးမသွားသင့်ဘူးလား။ ဆီးကျောက်တွေက ဘယ်ကဖြစ်လာတာလဲ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည်တတ်သလားဆိုတာကို မပြောခင် ဆီးကျောက်ဘာကြောင့် တည်တာလဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ ဒါမှ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလို့ ရမှာပါ။ ကျောက်ကပ်အပါအဝင် ဆီးလမ်းကြောင်းရဲ့ ဘယ်နေရာမှာမဆို ဆီးကျောက်တည်တတ်ပါတယ်။ ကျောက်ကပ်မှာ တည်မလား၊ ဆီးပြွန်မှာ တည်မလား၊ ဆီးအိမ်မှာ တည်မလား နေရာစုံမှာ တည်နိုင်ပါတယ်။ ဆီးကျောက်တည်ရတာက ဆီးထဲမှာ အနည်ကျပြီး ‌ကျောက်ဖြစ်နိုင်တဲ့ ကယ်ဆီယမ်၊ အောက်ဆဲလိတ်နဲ့ ယူရစ်အက်စစ်တွေ လိုတာထက်ပိုပါလာလို့ပါ။ တစ်ချိန်တည်းမှာပဲ သင့်ဆီးထဲမှာ ဒီကျောက်တွေ အနည်မကျအောင် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင် ခဲပြီး […]

ဆီးနှင့်ကျောက်ကပ်ကျန်းမာရေး ကို ရှာဖွေမည်။

ကျောက်ကပ်ရောဂါများ

ကျောက်ကပ်ဆေးနေရသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံဆိုတာ

ကျောက်ကပ်က ပုံမှန်အတိုင်းအလုပ်မလုပ်တော့လို့ ကျောက်ကပ်ဆေးနေရတယ်။ ကျောက်ကပ်ဆေးနေရတာကြောင့် အခြားရောဂါပိုး​တွေ ဝင်ရောက်တာမျိုးမဖြစ်စေဖို့ အာဟာရပြည့်ဝအောင်စားဖို့ကလည်း မဖြစ်မနေဂရုစိုက်ဖို့လိုမှာပါ။ ဒီတစ်ခေါက်တော့ ကျောက်ကပ်ဆေးနေရသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားသောက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ကျောက်ကပ်ဆေးနေရသူတွေအတွက် ကျန်းမာရေးနဲ့ညီ​ညွတ်တဲ့ စားသောက်မှုပုံစံ ကျောက်ကပ်ဆေးနေရသူ တစ်ယောက်အနေနဲ့ အာဟာရပြည့်ဝနေမှ လိုအပ်တဲ့ကုသမှုတွေကို ခံယူနေမှာပါ။ ဒါကြောင့် ကျောက်ကပ်ဆေးနေရသူတစ်ယောက်အနေနဲ့ အာဟာရပြည့်ဝပြီး ကျန်းမာစေဖို့ဆိုရင် စားတဲ့အစားအစာတိုင်းမှာ ပရိုတင်းပြည့်ဝလုံလောက်စွာပါဝင်ဖေို့ဂရုစိုက်ပေးပါ။ ပရိုတင်းပြည့်ဝစေဖို့အတွက် ငါး၊ ကြက်သား၊ ဝက်သား (အဆီမပါ)၊ ဥအမျိုးမျိုုးတို့ကို စားပေးလို့ရပါတယ်။ ပိုတက်ဆီယမ် နဲ့ phosphorus လျှော့စားပါ။ ဒါတွေက ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။ မြေပဲထောပတ်၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ အသီးခြောက်တွေ နဲ့ ပဲနီလေးတို့ မစားပါနဲ့။ ဒီအစားအစာတွေက ပရိုတင်းကြွယ်ဝတာ မှန်ပေမယ့် ပိုတက်ဆီယမ် နဲ့ phosphorous ပါဝင်မှုလည်းများပါတယ်။ ဆားလျှော့စားပါ။ အငန်ကဲတာတွေရှောင်ပါ။ ဒီလိုလုပ်ပေးတာက […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက်တည်တာကို သဘာဝအတိုင်း မြန်မြန်ပျောက်အောင် ဘယ်လိုလုပ်မလဲ

ကျောက်ကပ်မှာ ဆီးကျောက်တည်တဲ့ ပြဿနာဆိုတာ တော်တော်များများ ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုပါပဲ။ လှုပ်ရှားမှုနည်းတယ်၊ ရေသောက်နည်းရာကနေ ဆီးသွားနည်းလာတဲ့အခါ ဆီးက ပုံမှန်ထက် ဝါပြီးအနံ့ပြင်းလာသလို အနည်အနှစ် စွန့်ပစ်ပစ္စည်းတွေကလည်း ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ စုပုံလာပါတယ်။ ဒီအနည်အနှစ်တွေက တဖြည်းဖြည်းများလာတဲ့အခါ စုသွားပြီး ကျောက်လို အခဲပုံစံမျိုးဖြစ်သွားပါတယ်။ ဆီးကျောက်တည်တာကို သဘာဝအတိုင်း မြန်မြန်ပျောက်အောင် ဘယ်လိုလုပ်မလဲ ။ ဆီးကျောက်တည်ခြင်းကြောင့် ဆီးသွားရာမှာ အခက်အခဲဖြစ်သလို နာကျင်ခြင်း၊ အော့အန်ခြင်းအပြင် ဆီးလမ်းကြောင်းမှာ သွေးထွက်တဲ့အထိ ထိခိုက်စေပါတယ်။ ဆီးကျောက်အသေးလေးတွေကတော့ သိပ်ပြီးဒုက္ခမပေးနိုင်ဘူးဆိုပေမဲ့ ကြီးလွန်းတဲ့ ကျောက်အဆင့်ထိ ဖြစ်လာရင်တော့ ဆီးလမ်းကြောင်းပိတ်သွားတဲ့အထိ အခြေအနေဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆီးသွားနည်းတယ်၊ ဆီးသွားရတာ အခက်အခဲဖြစ်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြကြည့်ပြီး ကျောက်ကပ်မှာ တည်နေတဲ့ဆီးကျောက်တွေ ရှိမရှိဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။ ရောဂါအခြေအနေပေါ် မူတည်ပြီး သောက်ဆေးနဲ့ […]


ဆီးမထိန်းနိုင်ခြင်း

ချောင်းလေးဆိုး ၊နှာလေးချေလိုက်တာနဲ့ ဆီးထွက်ကျ သွားတဲ့ သူတွေရှိလား

ဆီးမထိန်းနိုင်တာ၊ ဆီးသွားရင်ပူတာ၊ ဆီးသွားရင် ကျဉ်တာစတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဆိုတာ ဖြစ်တဲ့သူ မရှားလှတဲ့ ကျန်းမာရေးပြဿနာတွေပါ။ ဘယ်သူကတော့ ဆီးမထိန်းနိုင်ဘဲ ထွက်ကျတဲ့အဖြစ် ဖြစ်ချင်မလဲနော်။ ဒါပေမယ့်လည်း ချောင်းလေးဆိုး ၊နှာလေးချေလိုက်တာနဲ့ ဆီးထွက်ကျ သွားတဲ့အဖြစ်ကိုယ့်ဆီမှာ ဖြစ်နေပြီလား။ ။ ဒီလို ချောင်းဆိုးလိုက်ချိန်၊ အလေးမလိုက်ချိန်၊ အားတစ်ခုခုပြုလိုက်ချိန်မှာ ဆီးပါထွက်ကျသွားတဲ့အဖြစ်ကို ဆေးပညာမှာ Stress incontinence လို့ခေါ်ပါတယ်။ နာမည်ထဲမှာ stress ပါတယ်ဆိုပြီး စိတ်ဖိစီးမှုကြောင့် ဒီလို ဆီးမထိန်းနိုင်တာမျိုး ဖြစ်တာမဟုတ်ပါဘူး။ ဒီထဲက stress ဆိုတာ အားသက်ရောက်မှု တစ်ခုကိုဆိုလိုတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတစ်ခုပါ။ https://hellosayarwon.com/urological-health/urinary-incontinence/4-types-of-urinary-incontience/ Stress incontinence ရဲ့လက္ခဏာတွေကတော့ ချောင်းဆိုးနှာချေတဲ့ချိန် ၊ ရယ်လိုက်ချိန် ဆီးထွက်ကျ မယ် ထိုင်ရာက ထလိုက်တဲ့အချိန်၊ ကားထဲက ထွက်လိုက်တဲ့အချိန် ဆီးထွက်သွားမယ် […]


ဆီးမထိန်းနိုင်ခြင်း

ဆီးမထိန်းနိုင်ခြင်း အမျိုးအစား ၄ မျိုး

အပြင်သွားရင်းနဲ့ ဆီးသွားချင်လို့ အိမ်သာအလောတကြီး လိုက်ရှာရ၊ ခရီးသွားရင်လည်း နေမထိထိုင်မသာတွေဖြစ်၊ ဆီးပေါက်ချင်လို့ အိမ်သာရှာရင်းနဲ့ ဆီးကလည်းထွက်ကျ၊၊ ဒီလို အဖြစ်တွေ ကြုံနေပြီလား။ တစ်ခါနှစ်ခါလောက်ဆို ပြဿနာ မရှိပေမယ့် အကြိမ်များများလာပြီ ဆီးသွားချင်တိုင်း ဒီလို ဆီးမထိန်းနိုင်တာတွေဖြစ်နေပြီဆိုရင်တော့ သေချာပါတယ်၊၊ ဆီးမထိန်းနိုင်ခြင်း ပြဿနာရှိနေပြီဆိုတာပါပဲ။ ဒါပေမယ့် ဆီးမထိန်းနိုင်ဘူး ဆိုတာမှာလည်း အမျိုးအစားတွေ ရှိသေးတယ်ဆိုတော့ ကိုယ်က ဘယ်လိုမျိုးထဲမှာများ ပါနေမလဲ။ ပြီးတော့ ဘာကြောင့်ဖြစ်ရတာလဲ။ အကြောင်းအရှိမှ အကျိုးဆိုတာ ဖြစ်လာတာမလား။ ဒီတော့ ကိုယ်ဖြစ်နေတဲ့ပြဿနာနဲ့ သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းလေး သိထားတော့မမှားဘူးပေါ့။ ဆီးမထိန်းနိုင်ခြင်း အမျိုးအစား ၄ မျိုး ( ၁ ) Stress incontinence လက္ခဏာ - ဒါကတော့ ရယ်လိုက်၊ ချောင်းဆိုးလိုက်တဲ့အခါ ၊ လှုပ်ရှားမှုလုပ်လိုက်တဲ့အခါမျိုးတွေနဲ့ အလေးအပင်မလိုက်တဲ့အခါမျိုးတွေမှာ ဖြစ်တတ်တဲ့ ဆီးမထိန်းနိုင်ခြင်း တစ်မျိုးပါ။ ဖြစ်ရတဲ့ […]


ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် အိမ်တွင်းကုထုံးများ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် အိမ်တွင်းကုထုံးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး ဆီးလမ်းကြောင်းပိုးဝင်နေတဲ့ ဝေဒနာရှင်အတွက်တော့ ခံစားရတာ သက်သာလှတယ်မဟုတ်ပါဘူး။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် မကုသဘဲ ပစ်ထားလိုက်တဲ့အခါမှသာ ကိုယ်တွင်းအင်္ဂါတွေကိုပါ ဒုက္ခပေးပြီး အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်တာပါ။ ဘယ်လို လက္ခဏာတွေ ရှိမလဲ! ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့ ၁။ ဆီးသွားတဲ့အခါ ဆီးလမ်းကြောင်းတစ်လျှောက် ပူစပ်ပူလောင်ဖြစ်ခြင်း ၂။ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်နေခြင်း ၃။ ဆီးအရောင်က အဖြူနောက်နောက် သို့မဟုတ် အညိုရောင်၊ လိမ္မော်ရောင်သမ်းနေခြင်း ၄။ ဆီးအနံ့အရမ်းပြင်းခြင်း ၅။ ဆီးသွားပြီးသွားတဲ့အခါ အထဲမှာဆီးကျန်နေသေးသလို ခံစားရခြင်း ၆။ တင်ပဆုံရိုးအောင့်ခြင်း၊ နာကျင်ကိုက်ခဲခြင်းတွေ ခံစားရနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် အိမ်တွင်းကုထုံးများ ဒါကြောင့် ကိုယ့်မှာ ဆီးလမ်းကြောင်းပိုးဝင်နေတယ်လို့ သံသယရှိရင်တော့ ဆေးခန်း၊ ဆေးရုံတွေမှာ ဆီးစစ်ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ ရောဂါဝေဒနာအမြန်ဆုံး သက်သာပျောက်ကင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပဋိဇီဝပိုးသတ်ဆေး (Antibiotics) တွေကို ဆရာဝန်ရဲ့ […]


ကျောက်ကပ်ရောဂါများ

ကျောက်ကပ်အစားထိုးပြီးတဲ့အခါ ကျန်းမာနေစေဖို့

နေမကောင်းလို့ဆေးကုသမှုခံယူတယ်ဆိုတဲ့အချက်က ဒီလောက်နဲ့တင်ပြီးမသွားပါဘူး။ ကုသမှုခံယူပြီးတဲ့အခါ အပြည့်အဝကျန်းမာလာစေဖို့အတွက် လိုအပ်တဲ့ အာဟာရပြည့်ဝစေဖို့နဲ့ ကျန်းမာစွာနေထိုင်တတ်ဖို့ကလည်း မဖြစ်မနေဂရုစိုက်ဖို့လိုမယ့်အချက်ပါ။ ဒီတစ်ခေါက်တော့ ဆီးချိုရဲ့နောက်ဆက်တွဲကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်ဖြစ်ကျောက်ကပ်မကောင်းတော့လို့ကျောက်ကပ်အစားထိုးကုသမှုခံယူရသူတွေအတွက် ကျန်းမာစွာနေထိုင်နည်းလေးကိုပြောပြပေးပါရစေ။ ကေျာက်ကပ်က ခန္ဓါကိုယ်အတွက်ဘာတွေလုပ်ပေးလဲ..... ကျောက်ကပ်က နံရိုးတွေရဲ့အောက်ဘက်နားမှာရှိတဲ့ လက်သီးဆုပ်အရွယ် ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းပါ။ကျောရိုးရဲ့ တစ်ဖက်တစ်ချက်ဆီမှာရှိကြပါတယ်။ကျောက်ကပ်က ခန္ဓါကိုယ်ရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။ ကျောက်ကပ်ရဲ့ အဓိကတာဝန်က ခန္ဓါကိုယ်တွင်းက အညစ်အကြေးတွေကိုစစ်ထုတ်ပေးတာပါ။သွေးတွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။ စစ်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို ဆီးအိမ်ထဲမှာ သိမ်းထားပြီး ဆီးအဖြစ်နဲ့ ခန္ဓါကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဒါတွေအပြင်ကျောက်ကပ်က ကိုယ်တါင်း pH ပမာဏကို ထိန်းညှိပေးပြီး ပိုတက်ဆီယမ်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီးသွေးပေါင်ချိန်ကို ထိန်းညှိပေးသလိုသွေးနီဥဆဲလ်တွေထုတ်လုပ်မှုကိုလည်း ထိန်းညှိပေးပါတယ်။ အရိုးတွေသန်မာစေပြီး ကြွက်သားတွေ အကောင်းဆုံးလုပ်ဆောင်မှုတွေရရှိစေဖို့အတွက်လည်း ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့ ဗီတာမင် Dဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပါတယ်။ […]


ကျောက်ကပ်ရောဂါများ

ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ။

ခါးအောက်ပိုင်းနာနေတာကြာပြီ။ ဟာ ဒါဆို ကျောက်ကပ်ဖြစ်နိုင်တယ်ဆိုတဲ့ စကားလေးတွေ ကြားဖူးကြမှာပါ။ ဒါက မှားနေတာတော့မဟုတ်ပါဘူး။ ကျောက်ကပ်ပြဿနာရဲ့ လက္ခဏာတွေထဲမှာ ခါးနာတာပါတတ်ပေမယ့် အခြား ကျောက်ကပ်မဟုတ်ဘဲခါးကိုယ်တိုင်ဒဏ်ရာရနေလို့ ခါးနာတာတွေလည်း ရှိပါသေးတယ်။ ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ။ ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ။ ဒီနှစ်ခုက မှားလည်း မှားချင်စရာပါပဲ။ ကျောက်ကပ် နှစ်လုံးကလည်း ခါးအောက်ပိုင်းပတ်လည်မှာပဲ ရှိနေတာမလား။ ဒီတော့ နှစ်ခုလုံးက ရောချင်စရာပဲပေါ့ ။ ဒါပေမယ့် ခုပြောပြမယ့် နည်းလေးတွေနဲ့ ခွဲလို့ရပါတယ်။ အကြမ်းအားဖြင့်ပေါ့။ ဘာကြောင့် ဖြစ်ရတာလဲ ။ ကျောက်ကပ်မှာ ကျောက်တည်တာတွေ၊ ကျောက်ကပ်ပိုးဝင်တာတွေကြောင့် ကျောက်ကပ်အောင့်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ခါးနာတာကျတော့ ခါးပတ်လည်မှာရှိတဲ့ အရိုး၊ ကြွက်သား နဲ့ အကြောတစ်ခုခု ဒဏ်ရာရသွားတာကြောင့် ခါးနာခြင်းဖြစ်ရတာပါ။ နာကျင်မှုပုံစံ။ ကျောက်ကပ်ထဲ ကျောက်တည်ရင် စူးကနဲ နာတာမျိုးခံစားရပြီး ကျောက်ကပ် […]


ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးသွားတိုင်း ပူနေလို့ စိုးရိမ်နေရပြီလား

ဆီးသွားတိုင်း ပူနေလို့ စိုးရိမ်နေရပြီလား ..... ဆီးသွားတဲ့ အချိန်မှာ ပုံမှန်ထက် ပူနေပြီဆိုရင် ဘယ်သူ မဆို အနည်းငယ်တော့ စိုးရိမ်ထိတ်လန့်မိမှာ အမှန်ပါ။ အထူးသဖြင့် ဆီးလမ်းကြောင်း ပိုးဝင်ဖူးတဲ့ သူတွေ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံဖူးတဲ့ သူတွေပေါ့။ ဒါပေမယ့် အမြဲတမ်းတော့ စိုးရိမ်စရာ မလိုပါဘူး။ ဆီးက ဘာကြောင့် ပူနွေးတာလဲ။ ကိုယ်ခန္ဓာမှာ အရည်အဖြစ် သိမ်းဆည်းထားပြီး စွန့်ထုတ်လိုက်တာ ဖြစ်တဲ့အတွက် ဆီးဟာ ကိုယ်ခန္ဓာ အပူချိန်နဲ့ တစ်သားတည်း သွားကျပါတယ်။ နောက်တစ်ခု ကတော့ ဆီးမှာ ရေအပြင် ဆားငန်ဓာတ် နဲ့ တခြား အဆိပ်အတောက်တွေ ပါဝင်ပြီး ဆီးအိမ် ထဲမှာ စုစည်းထားတာ ဖြစ်ပါတယ်။ သိုလှောင်တဲ့ ပမာဏ များလာ လေလေ ဆီးရဲ့ အပူချိန်ဟာ တိုးလာလေလေ […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးအရောင် နောက်ကျိနေတာ ဘာကြောင့်ဖြစ်နိုင်မလဲ

ဆီးသွားလိုက်တဲ့အခါ ဆီးအရောင်က ပုံမှန်နဲ့ မတူဘဲ နောက်ကျိနေတာသတိထားမိတယ်ဆိုရင် အကြောင်းရင်းတစ်ခုခုရှိနိုင်ပါတယ်။ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ ဆရာဝန်ပြပြီးဆီးစစ်ကြည့်မှ အတိအကျသိနိုင်မှာပါ။ ဒါပေမယ့် ဆီးအရောင် နောက်ကျိနေတာ ဘာကြောင့်ဖြစ်နိုင်မလဲ ဆိုတာ ကိုယ်တိုင်လည်း ဗဟုသုတအဖြစ် လက္ခဏာလေးတွေနဲ့တွဲပြီး သိထားတာကောင်းပါတယ်။ ဆီးအရောင် နောက်ကျိနေတာ ဘာကြောင့်ဖြစ်နိုင်မလဲ ဆီးအရောင် နောက်ကျိနေတာ ဘာကြောင့်ဖြစ်နိုင်မလဲ ဆိုတော့ (၁) ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဆီးအိမ်၊ ကျောက်ကပ်၊ ဆီးပြွန်တို့ကို ဘက်တီးရီးယားဝင်ရောက်တဲ့အခါ ဆီးလမ်းကြောင်းပိုးဝင်ခြင်းလက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဆီးသွားတဲ့အခါ အရောင်နောက်ကျိနေတဲ့အပြင် ဒီလက္ခဏာတွေပါ ခံစားရနိုင်ပါတယ် - ဆီးသွားရင် ပူတယ်၊ နာကျင်တယ် ပုံမှန်ထက် ဆီးခဏခဏသွားတယ် ဆီးတစ်စက်တစ်စက် ထွက်နေတယ် ဆီးက အနံ့ဆိုးတယ် ဒါမှမဟုတ် သွေးပါတယ် ရောဂါပိုးကိုနှိမ်နင်းဖို့ ဆရာဝန်က လိုအပ်တဲ့ပဋိဇီဝဆေးတွေပေးပါလိမ့်မယ်။ ညွှန်ကြားတဲ့အတိုင်းဆေးမှန်မှန်သောက်ပါ။ တကယ်လို့ - အဖျားတက်လာရင် ချမ်းတုန်လာရင် ဗိုက်အောက်ပိုင်းအောင့်လာရင် မအီမသာဖြစ် ပျို့အန်လာရင် […]


ဆီးလမ်းကြောင်း ကျောက်တည်ခြင်း

ဆီးကျောက်တည်တာကို ကြိုတင်ကာကွယ်ဖို့ နည်းလမ်းကောင်းများ။ ။

ဆီးကျောက်တည်တယ်တဲ့ ဆိုတဲ့ ပြဿနာဟာ လူတိုင်းကြားဖူးနေကြဖြစ်တဲ့ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ မြန်မာနိုင်ငံမှာဆို ထုံးဓါတ်များတဲ့ အလယ်ပိုင်းဒေသမှာနေရတဲ့ လူတွေက ပိုဆိုးတာပေါ့။ သူတို့ဆီမှာ အဖြစ်အများဆုံးပြဿနာက ဆီးကျောက်တည်တဲ့ ပြဿနာလေ။ ဒါပေမယ့် ထုံးဓါတ်များတဲ့နေရာမှာ မနေပေမယ့် ဆီးကျောက်တည်တဲ့သူတွေလည်း အများကြီးပါ။ ဆီးသွားရင်နာတယ်၊ ဆီးသွားရင် ကျင်တယ်၊ ကိုယ်တွေလည်းပူပြီး ဆီးသွားရတာ ခက်နေတတ်ပါတယ်။ ဆီးအိမ်ကြီးတင်းပြီး နောက်ပိုင်းကျရင် ဆီးလမ်းကြောင်းတွေပိုးဝင်ပြီး ကျောက်ကပ် တွေ ပျက်စီးတဲ့အထိ ဆိုးကျိုးတွေ အားလုံးဟာ ဆီးကျောက်တည်တဲ့ ပြဿနာကနေ အစပြုတာပါ။ ဒီတော့ ဆီးကျောက်မတည်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ ။ ။ ဆီးကျောက်တည်ခြင်းကို ကြိုတင်ကာကွယ်နိုင်ဖို့ ဒါတွေလုပ်ကြည့်ပါ။ ( ၁ ) ရေများများသောက်ပါ။ ရေများများသောက် လေလေ ဆီးအနည်ကျတာ နည်းလေလေဖြစ်ပြီး ဆီးကျောက်တည်တဲ့ပြဿနာတွေ ဝေးသွားမှာ ဖြစ်ပါတယ်။ ရေသောက်နည်းတဲ့အချိန်သွားတဲ့ဆီးအရောင်က […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်