အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

အရွယ်ရောက်ပြီးသူများတွင် ဖြစ်သော ဝက်ခြံအမာရွတ်များပျောက်ကင်းစေရန် ထိရောက်သောနည်းလမ်းများ

အလယ်လတ်နှင့် ပြင်းထန်အဆင့်ရှိ ဝက်ခြံများသည် အမာရွတ်များထင်ကျန်ခဲ့တတ်ကြသည်။ ဠင်းတို့ကို ဝက်ခြံချိုင့်ခွက်များဟုခေါ်သည်။ ဝက်ခြံပေါက်သောနေရာမှအရေပြား ပျက်စီးသွားခြင်းကြောင့် ထိုချိုင့်ခွက်များဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ၎င်းတို့သည် အမြင်ဆိုးသော်လည်း ကုသ၍ရနိုင်ကြောင်း အမေရိကန်နိုင်ငံမှ အရေပြားဆရာဝန်များကဆိုထားသည်။ လုံခြုံစိတ်ချရပြီး အာနိသင်ထိရောက်သော ကုသမှုများစွာရှိပါသည်။ အရေပြားတွင်းထဲသို့ချိုင့်ဝင်နေသော ဝက်ခြံအမာရွတ်များမှလွဲ၍ အခြားဖုထစ်နေသောအမာရွတ်များကို ဆိုးကျိုးမရှိဘဲဖယ်ရှားနိုင်ပါသည်။ လူတဦးနှင့် တဦးကုသမှုပုံစံခြင်းမတူညီပါ။ အမျိုးမျိုးသော နည်းလမ်းများဖြင့် အရွယ်ရောက်ပြီးသောလူများ၏ ဝက်ခြံအမာရွတ်များကို ကုသနိုင်ပါသည်။   အရေပြားဆရာဝန်များမှ ထောက်ခံထားသော ကုသမှုများ လုံခြုံစိတ်ချရပြီး အာနိသင်ထိရောက်သော ကုသမှုများရရှိရန် ဆရာဝန်နှင့် ပထမဦးစွာတိုင်ပင်သင့်ပါသည်။ ထိုအခါ ဆရာဝန်က သင့် အရေပြားနှင့် အမာရွတ်ပုံစံကိုသေချာစွာ သ်ရှိနိုင်ပေလိမ့်မည်။ သင့်ကိုဝက်ခြံပြသနာနှင့် ပက်သက်၍ခံစားရပုံနှင့် ဖြစ်စဉ်အချို့ကိုမေးမြန်းနိုင်သည်။ ဆရာဝန်နှင့် သွားမပြမီ သင်သည် ဘာကြောင့်ဝက်ခြံကိုကုဖို့လိုအပ်တယ်ထင်လဲ။ ဝက်ခြံကုပြီးရင် သင့်အသားအရေကို ဘယ်အတိုင်းအတာအထိကောင်းဖို့မျှော်လင့်ထားသလဲ။ သင်သည် ကုသမှုနှင့် ပက်သက်ပြီး ပိုက်ဆံဘယ်လောက်အသုံးပြုမလဲ။ စသဖြင့် ကြိုစဉ်းစားထားပါ။ အထက်ပါ အချက်များအပေါ်မူတည်ပြီး သင့်အရေပြားဆရာဝန်က […]


အသားအရေ ထိန်းသိမ်းခြင်း

အမျိုးသားများအတွက် အသားရေကိုထိန်းသိမ်းရန် လမ်းညွှန်ချက်များ

ယခုခေတ်တွင် အမျိုးသားများသည်လည်း မျက်နှာ အသားအရေထိန်းသိမ်းရန် လိုအပ်လာကြပါသည်။ အမှန်ဆိုရလျှင် အမျိုးသားအများစုသည် သူတို့၏ အသားအရေနှင့် ပက်သက်ပြီး အလေးအနက်ထားလာကြသည်ကို တွေ့ရသည်။ အောက်ပါတို့သည် အမျိုးသားများ၏ မျက်နှာ အရေပြားထိန်းသိမ်းမှုနှင့် ပက်သက်သော ရှာဖွေတွေ့ရှိမှုအချို့ဖြစ်ပါသည်။ အောက်ပါတို့သည် သင့်အတွက် လွယ်ကူ လျှင်မြန်သော နည်းလမ်းအချို့ဖြစ်ပါသည်။   အသားရေထိန်းသိမ်းသော ပစ္စည်းရွေးချယ်ခြင်း · ကိုယ်တိုက်ဆပ်ပြာနှင့် လက်ဆေးဆပ်ပြာများဝယ်လျှင် အစိုဓါတ်ထိန်းပစ္စည်းပါသော အမျိုးအစားကို ရွေးချယ်ပါ်။ · မျက်နှာအတွက် နေရောင်ကိုကာပေးသော ပစ္စည်းပါသည့် အစိုဓါတ်ထိန်းပစ္စည်း အမျိုးအစားကို ရွေးချယ်ပါ။ · နေရောင်ကိုကာပေးသောခရင်မ်ကို SPF 15 နှင့် အထက်ကိုသာ အမြဲရွေးချယ်သုံးစွဲပါ။ · သင်သည် အသားရေခြောက်သူတဦးဖြစ်လျှင်ကိုယ်တွင်လိမ်းရန် နွေရာသီတွင် အစိုဓါတ်ထိန်းပစ္စည်း အမျိုးအစားကို ရွေးချယ်ပါ။ · အသားရေအလွန်ခြောက်သူများ အတွက် ပိုစေးပျစ်သော အစိုဓါတ်ထိန်းပစ္စည်းမျိုးက ပိုကောင်းပါသည်။ · ဆောင်းရာသီတွင် ပိုပျစ်သော အစိုဓါတ်ထိန်းပစ္စည်းမျိုးကို ရွေးချယ်ပါ။   ဆပ်ပြာ […]


ဝက်ခြံ

ဝက်ခြံအတွက်အသုံးပြုသင့်သော အရေပြားထိန်းသိမ်းပေးသည့် ပစ္စည်းများ

လူတိုင်းကြည့်ကောင်းချင်ကြသည် လှချင်ကြသည်ချည်းဖြစ်သည်။ နေ့စဉ်သုံး အသားရေထိန်းပစ္စည်းများက သင့် အသားရေကို အဆီပြန်ခြင်းလျှော့ချခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးခြင်းနှင့် ဝက်ခြံများကို သက်သာစေခြင်း၊ ကာကွယ်ပေးခြင်း စသည်တို့ဖြင့်များစွာအထောက်အကူပြုနိုင်ပါသည်။ ဝက်ခြံမဖြစ်အောင်ထိန်းသိမ်းရာတွင် အချိန်သိပ်ပေးရန်မလိုသလို ဈေးကြီးသောပစ္စည်းများကိုသာ အသုံးပြုရန်လည်းမလိုပါ။ အောက်ပါနည်းလမ်းများသည် သင့်အတွက် သန့်စင်ကြည်လင်သော အသားရေကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးလိမ့်မည်။   အဆင့် ၁။ သင့် အသားရေအမျိုးအစားကို သိအောင်လုပ်ပါ အဆီပြန်သော အသားရေများတွင် မွှေးညင်းပေါက်များလည်း ကျယ်နေတတ်သည်။ ခြောက်သွေ့သော အသားရေဆိုလျှင် အဖတ်များကွာကျပြီး ကြမ်းတမ်းသည်။ အလယ်လတ်အနေအထားရှိသူများသည် ပါးပြင်နေရာများတွင် အစက်အပြောက်များရှိနေတတ်ပြီး နဖူး နှာခေါင်းနှင့်မေးစေ့များတွင် အဆီပြန်တတ်သူများဖြစ်သည်။ အချို့သည် မိတ်ကပ်နှင့် အလှကုန်ပစ္စည်းများနှင့် ထိတွေ့လျှင် ယားခြင်း လောင်ခြင်းတို့ဖြစ်သော နုနယ်သော အရေပြားများဖြစ်သည်။ ပုံမှန်အသားရေအမျိုးအစားရှိသူများသည် ရေဓါတ်မျှတပြီး ၊ ကြည်လင်သော၊ အလွန်တရာ မနုနယ်သော […]


ဝက်ခြံ

ဝက်ခြံဖြစ်ခြင်းကို ကာကွယ်ပေးမည့် အသားရေထိန်းပစ္စည်းများ

လူတိုင်းကြည့်ကောင်းချင်ကြသည် လှချင်ကြသည်ချည်းဖြစ်သည်။ နေ့စဉ်သုံး အသားရေထိန်းပစ္စည်းများက သင့် အသားရေကို အဆီပြန်ခြင်းလျှော့ချခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးခြင်းနှင့် ဝက်ခြံများကို သက်သာစေခြင်း၊ ကာကွယ်ပေးခြင်း စသည်တို့ဖြင့်များစွာအထောက်အကူပြုနိုင်ပါသည်။ ဝက်ခြံမဖြစ်အောင်ထိန်းသိမ်းရာတွင် အချိန်သိပ်ပေးရန်မလိုသလို ဈေးကြီးသောပစ္စည်းများကိုသာ အသုံးပြုရန်လည်းမလိုပါ။ အောက်ပါနည်းလမ်းများသည် သင့်အတွက် သန့်စင်ကြည်လင်သော အသားရေကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးလိမ့်မည်။   သင့်မျက်နှာကို သန့်စင်စွာထားပါ။ · သင့်မှာ ဝက်ခြံရှိရှိ မရှိရှိ တနေ့လျှင်မျက်နှာ ၂ကြိမ်သစ်ရန် အရေ:ကြီးသည်။ ၎င်းသည် သင့် အရေပြားရှိ အညစ်အကြေးများကို သန့်စင်ပေးခြင်း၊ အဆီပြန်ခြင်းကိုသက်သာစေခြင်း နှင့် အရေပြားဆဲလ်အသေများကိုဖယ်ရှားပေးခြင်းဖြင့် သင့်အတွက်ကျန်းမာသော အသားရေကို ရရှိစေလိမ့်မည်။ · မျက်နှာသစ်ရန် မပူလွန်းသော ကြက်သီးနွေးရေနှင့် မျက်နှာသစ်ဆေးကို အသုံးပြုသင့်သည်။ အမွှေးအကြိုင်ပါဝင်သော ကိုယ်တိုက်ဆပ်ပြာများသည် သင့် မျက်နှာအသားရေကို ပိုထိခိုက်စေပါသည်။ သင့်မျက်နှာကို တဘက် သို့မဟုတ် ကြမ်းတမ်းသော အဝတ်တို့ဖြင့် ပွတ်တိုက်ခြင်းမပြုရ။ […]


အသားအရေ ထိန်းသိမ်းခြင်း

အမျိုးသားတွေပါ ပြုလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းခြင်း

အသားအရေထိန်းသိမ်းတယ်ဆိုတာ မိန်းကလေးတွေအတွက်ပဲ လိုအပ်တဲ့အရာလို့ သင်ယူဆထားပါသလား။ အသားအရေထိန်းသိမ်းတာဟာ အလှပြင်နည်းတစ်မျိုးပဲလား။ သင်ဟာ အမျိုးသားဖြစ်တဲ့အတွက် ရုပ်ရည်သွင်ပြင်ကို အရမ်းကြီးဂရုစိုက်စရာမလိုဘူးလို့ ထင်ပါသလား။ သင်ထင်တာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းရုပ်ရည်ချောမောကြည့်ကောင်းချင်တာအမှန်ပါ။ ဒီခေတ်ကြီးထဲမှာ သင့်အနေနဲ့ ရုပ်ရည်အလှအပ၊ ခန္ဓာကိုယ်အလှအပကို မထိန်းသိမ်းဘူးဆိုရင်ဆိုးကျိုးတွေအများကြီးကို ခံစားသွားရနိုင်ပြီးအရာရာမှာနောက်ကျကျန်နေမှာပဲ ဖြစ်ပါတယ် (အလုပ်မှာပဲ ဖြစ်ဖြစ်၊ကောင်မလေးနဲ့ပဲ ဖြစ်ဖြစ်ပေါ့)။ အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသမီးတွေသာလုပ်ဆောင်သင့်တဲ့အရာမဟုတ်ပါဘူး။ ဆရာဝန်တွေ၊ အလှအပရေးရာဆေးခန်းတွေဆီသွားပြီး နုပျိုအောင်ကြိုးစားနေတဲ့ ဒါမှမဟုတ် အရေပြားပေါ်ကအမာရွတ်တွေကိုဖယ်ရှားပစ်ဖို့အကြံဉာဏ်တောင်းခံနေတဲ့ အမျိုးသားတွေ တဖြည်းဖြည်းနဲ့များလာပြီဖြစ်ပါတယ်။ ရုပ်ရည်ကြည့်ကောင်းချောမောချင်တာဟာ လူ့သဘာဝဖြစ်ပါတယ်။ အသားအရေထိန်းသိမ်းတာဟာ ရုပ်ရည်ကြည့်ကောင်းဖို့အတွက်သာမကဘဲ သင့်ကျန်းမာရေးကို အနှောင့်အယှက်ပေးနိုင်တဲ့ အရေပြားရောဂါတွေကိုပါကာကွယ်ပေးနိုင်ပါတယ်။ သင့်မှာရှိတဲ့ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေဟာ အရေပြားအတွက် လိုအပ်တဲ့အရာတွေကို ထောက်ပံ့ပေးပါတယ်။ သင့်မှာအမျိုးသမီးတွေထက် collagen ဓာတ်ပိုများများရှိတဲ့အတွက် အရေပြားကိုပိုမိုကျန်းမာသန်စွမ်းစေပြီး အရေတွန့်မှုတွေကနေလည်း ကာကွယ်ပေးထားပါသေးတယ်။ ဒါပေမယ့်ဒီလိုအမွှေးအမျှင်တွေပိုများတဲ့အတွက် သင့်မျက်နှာမှာရှိတဲ့ မွေးညှင်းပေါက်တွေကနေ […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းက ဘာလဲ

ဝက်ခြံဆိုတာဘက်တီးရီးယားကြောင့် ဖြစ်ပွားလေ့ရှိတဲ့အရေပြားရောဂါတမျိုးဖြစ်ပြီးမျက်နှာ၊လည်ပင်း၊ကျောနဲ့ရင်ဘတ်တွေမှာအဓိက ဖြစ်လေ့ရှိပါတယ်။ ဝက်ခြံရဲ့အထင်ရှားဆုံးသောနောက်ဆက်တွဲ ပြဿနာကအမာရွတ်ကျန်ခဲ့တာဖြစ်ပြီးဒီလိုအမာရွတ်တွေကိုကုသဖို့နှစ်ပေါင်းများစွာကြာမြင့်နိုင်ပါတယ်။ ဒါကြောင့်ထိရောက်တဲ့ကုသမှုနည်းလမ်းကိုဆုံးဖြတ်နိုင်စေဖို့အတွက်ဝက်ခြံအမာရွတ်တွေဘာလို့ဖြစ်ရတာလဲဆိုတာသိရှိနားလည်ဖို့အရေးကြီးပါတယ်။ ဝက်ခြံအမာရွတ်တွေဘာလို့ကျန်ခဲ့တာလဲ။ အမေရိကန်အရေပြားဗေဒအဖွဲ့ကြီးရဲ့အဆိုအရဝက်ခြံပေါက်နေသူတွေရဲ့ရှစ်ဆယ်ရာခိုင်နှုန်းဟာသူတို့ရဲ့အမာရွတ်တွေကြောင့်စိတ်ဆင်းရဲနေကြရတယ်လို့ဆိုပါတယ်။ တကယ်တော့အမာရွတ်ဆိုတာကျွန်တော်တို့ခန္ဓါကိုယ်ကဝက်ခြံပျောက်အောင်တိုက်ထုတ်ပေးလိုက်တဲ့အမှတ်အသားတခု ဖြစ်ပါတယ်။ ဝက်ခြံပေါက်တာဟာလည်းအရေပြားထိခိုက်မှုတမျိုးဖြစ်တာကြောင့်နီရဲရောင်ရမ်းတဲ့အဆင့်ကျော်လွန်လို့ပျောက်ကင်းသွားပြီဆိုရင်အမာရွတ်ဖြစ်ပြီးကျန်ရစ်ခဲ့မှာပါ။ နီရဲရောင်ရမ်းတဲ့ ဖြစ်စဉ်အတွင်းအရေပြားမှာရှိတဲ့ကော်လဂျင်ဓါတ်တွေဖျက်ဆီးခံလိုက်ရပြီးအမာရွတ်တွေ၊အရေပြားချိုင့်ခွက်တွေဖြစ်ပြီးကျန်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာအရေပြားတစ်ရှူးတွေရောအရေပြားကိုထောက်ပံ့ပေးထားတဲ့အရာတွေအားလုံးပါပျက်စီးဆုံးရှုံးသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်ဝက်ခြံအမာရွတ်အများစုဟာမျက်နှာမှာပဲဖြစ်လေ့ရှိတာမို့လူနာအနေနဲ့မိမိကိုယ်ကိုယုံကြည်မှုကျဆင်းစေပါတယ်။ အသက်ကြီးလာလေလေကော်လဂျင်ဓါတ်တွေနှစ်စဉ်ပိုမိုဆုံးရှုံးလေဖြစ်တာမို့အမာရွတ်ဟာပိုပိုပြီးထင်ရှားလာမှာပဲ ဖြစ်ပါတယ်။ ဝက်ခြံအမာရွတ်ဘယ်နှစ်မျိုးရှိသလဲ။ ပုံမှန်ခပ်သေးသေးအမာရွတ်၊အမာရွတ်အထူအကြီးစားနဲ့အရုပ်ဆိုးတဲ့ကီးလွိုက်အမာရွတ်ဆိုပြီးအတွေ့ရအများဆုံးအမာရွတ်အမျိုးအစားသုံးမျိုးရှိပါတယ်။ လူတယောက်နဲ့တယောက်အမာရွတ်ဖြစ်ပေါ်ပုံကမတူညီနိုင်ပါဘူး။ ၁။ ပုံမှန်ခပ်သေးသေးဝက်ခြံအမာရွတ် ။ ဒါဟာအဖြစ်အများဆုံးဝက်ခြံအမာရွတ်အမျိုးအစား ဖြစ်ပြီးအရေပြားမှာချိုင့်တွေဖြစ်စေတဲ့အမာရွတ်၊လေးထောင့်ပုံစံရှိတဲ့အမာရွတ်နဲ့ခပ်ထူထူလှိုင်းပုံစံရှိပြီးအသားအရေကိုမညီမညာတွန့်ခေါက်စေတဲ့အမာရွတ်ဆိုပြီးထပ်မံခွဲခြားနိုင်ပါတယ်။ အရေပြားချိုင့်ဖြစ်စေတဲ့အမာရွတ်လေးတွေဟာ၂ မီလီမီတာလောက်ပဲရှိတတ်တဲ့အတွက်သေးငယ်ပြီးခပ်နက်နက်ဖြစ်ကာအင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန်ရှိပါတယ်။ အသားအရေကိုမညီမညာတွန့်ခေါက်စေတဲ့အမာရွတ်ကတော့၄-၅ မီလီမီတာလောက်ရှိတတ်တဲ့အတွက်အနည်းငယ်ပိုကြီးပြီးအင်္ဂလိပ်အက္ခရာ M ပုံသဏ္ဍာန်ရှိပါတယ်။ လေးထောင့်ပုံစံရှိတဲ့အမာရွတ်ကတော့အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဍာန်ရှိပြီးအောက်ခြေကျယ်ပါတယ်။ ၂။ ကော်လဂျင်ဓါတ်မညီမျှမှု (နည်းလွန်းတာ၊များလွန်းတာတွေ)ကြောင့်အမာရွတ်အထူအကြီးစားနဲ့အရုပ်ဆိုးတဲ့ကီးလွိုက်အမာရွတ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အမာရွတ်အထူအကြီးစားဟာအရေပြားပေါ်မှာထူထဲတဲ့ကော်လဂျင်ဖုတွေ ဖြစ်ပေါ်လာတာကြောင့်ဖြစ်ပြီးအများအားဖြင့်ပန်းရောင်ရှိပါတယ်။ အရုပ်ဆိုးတဲ့ကီးလွိုက်အမာရွတ်ကတော့ခရမ်းရောင်ပုပ်ပုပ်ဖြစ်ပြီးအမာရွတ်အထူအကြီးစားထက်အနည်းငယ်ပိုသေးပါတယ်။ တကယ်လို့သင့်အနေနဲ့ဝက်ခြံတွေပေါက်နေပြီဆိုရင်စနစ်တကျစစ်ဆေးပြီးမှန်ကန်သင့်တော်တဲ့ကုသမှုတွေကိုခံယူနိုင်ဖို့အတွက်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ သဘာဝနည်းနဲ့ကုသတာ၊ဆေးဝါးအသုံးပြုပြီးကုသတာဒါမှမဟုတ်လေဆာသုံးပြီးကုသတာစသဖြင့်ကုသနည်းအမျိုးမျိုးရှိပါတယ်။ Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


အသားအရေ ထိန်းသိမ်းခြင်း

အသားအရေထိန်းသိမ်းခြင်းအကြောင်း အများဆုံးမေးတတ်ကြတဲ့ မေးခွန်းများ

အသားအရေထိန်းသိမ်းခြင်းဟာအမျိုးသားတွေအတွက်ရောအမျိုးသမီးတွေအတွက်ပါအမှန်တကယ်အရေးကြီးပါတယ်။ ရုပ်ရည်နဲ့အသားအရေလှပကောင်းမွန်မှုရှိမရှိဟာနေ့စဉ်လှုပ်ရှားသွားလာမှု၊တဦးနဲ့တဦးဆက်သွယ်ပြောဆိုမှုနဲ့မိမိကိုယ်ကိုယုံကြည်မှုရှိမှုစတဲ့အချက်တွေပေါ်များစွာအကျိုးသက်ရောက်မှုရှိပါတယ်။ ဒါပေမယ့်လူအများအပြားဟာအရေပြားထိခိုက်မှုဒါဏ်ကိုခံစားနေရပါတယ်။ ဒါကြောင့်မို့အသားအရေထိန်းသိမ်းခြင်းနဲ့ပတ်သက်ပြီးအများဆုံးမေးတတ်ကြတဲ့မေးခွန်းတွေကိုအောက်မှာဖော်ပြပေးထားပါတယ်။ ၁။ အဆီအရမ်းပြန်တာကိုဘယ်လိုထိန်းချုပ်ရမလဲ။ အဆီပြန်တာကိုထိန်းချုပ်ဖို့အတွက်မျက်နှာအလွန်အကျွံမသစ်သင့်ပါဘူး။ ဒီလိုလုပ်ခြင်းအားဖြင့်အရေပြားကိုအလွန်အကျွံခြောက်သွေ့သွားစေတဲ့အတွက်အစိုဓါတ်ပြန်ထိန်းနိုင်ဖို့ခန္ဓါကိုယ်ကနေအဆီတွေပိုပြီးထုတ်ပေးအောင်ဆွလိုက်သလိုသာ ဖြစ်သွားစေတာမို့ဝက်ခြံတွေကိုပိုဆိုးစေပါတယ်။ ဒါ့ကြောင့်မျက်နှာကိုမှန်ကန်စွာသစ်ရမှာဖြစ်တဲ့အပြင်အရေပြားအစိုဓါတ်ကိုထိန်းပေးထားဖို့လည်းလိုအပ်လှပါတယ်။ ခြောက်သွေ့တဲ့အသားအရေကိုသာမကအဆီပြန်တတ်တဲ့အသားအရေကိုလည်းအစိုဓါတ်ထိန်းပေးဖို့အရေးကြီးပါတယ်။ အစိုဓါတ်ကောင်းစွာရရှိတဲ့အရေပြားဟာကျန်းမာပြီးဘက်တီးရီးယားပိုးမွှားတွေရန်ကလည်းကာကွယ်နိုင်စွမ်းရှိပါတယ်။ အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ petroleum ဒါမှမဟုတ်အဆီဓါတ်ကိုအခြေခံပြီးထုတ်လုပ်ထားတဲ့အလှကုန်ပစ္စည်းတွေကိုတော့ရှောင်ရှားသင့်ပါတယ်။ သူတို့အတွက်ရေကိုအခြေခံပြီးထုတ်လုပ်ထားကာပျစ်စေးမှုမရှိတဲ့အလှကုန်တွေကသာအသင့်တော်ဆုံး ဖြစ်လို့ပါ။ ၂။ အသားအရေလှပကျန်းမာအောင်ဘယ်လိုအစားအစာမျိုးတွေကိုစားရမလဲ။ ဟော်မုန်းနဲ့မျိုးဗီဇတို့နည်းတူအစားအသောက်ဟာလည်းအသားအရေထိန်းသိမ်းမှုမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်။ ဒါကြောင့်အောက်ပါအစားအစာတွေကိုပိုမိုစားသုံးသင့်ပါတယ်။ ငါး ။ အိုမီဂါ - ၃နဲ့အိုမီဂါ- ၆ ဖက်တီးအက်ဆစ်တွေပါဝင်တဲ့အတွက်ငါးဟာနီရဲရောင်ရမ်းတာတွေကိုသက်သာစေပြီးဝက်ခြံတွေကိုပါးသွားစေပါတယ်။ ကမာ ။ ကမာကောင်တွေမှာပါဝင်တဲ့ဇင့်ဓါတ်ဟာဝက်ခြံရဲ့ဆိုးကျိုးတွေကိုလျော့ပါးစေပါတယ်။ ဇင့်သတ္တုဓါတ်ကိုနွားကလေးသား၊အသည်း၊အမဲသား၊ရွှေဖရုံသီး၊ကျောက်ဖရုံစေ့နဲ့ဖရဲစေ့တွေမှာတွေ့ရှိရတတ်ပါသေးတယ်။ သစ်သီး ။ လိမ္မော်သီး၊မုန်လာဥနီအစရှိတဲ့လိမ္မော်ရောင်အသီးတွေဟာဗီတာမင်စီဓါတ်ကြွယ်ဝစွာပါဝင်တာမို့အရေပြားရဲ့ကော်လဂျင်ဓါတ်ထုတ်လုပ်မှုကိုများစေပါတယ်။ အမည်းရောင်ဘယ်ရီသီးမှာပါဝင်တဲ့အာဟာရဓါတ်တွေဟာအသားအရေကိုပိုကောင်းစေသလိုအစိမ်းပုပ်ရောင်ရှိတဲ့အရွက်တွေဟာလည်းခန္ဓါကိုယ်တွင်းမှာရှိတဲ့အညစ်အကြေးတွေကိုကူညီဖယ်ရှားပေးနိုင်ပါတယ်။ အောက်ပါအစားအစာတွေကိုတော့ရှောင်ကြဉ်သင့်ပါတယ်။ နွားနို့ ။ ဝက်ခြံတွေအပေါ်နွားနို့ရဲ့အကျိုးသက်ရောက်မှုကို ငြင်းခုန်မှုအချို့ရှိနေပေမယ့်နွားနို့ဟာဟော်မုန်းတွေကိုများစေတဲ့အတွက်ဝက်ခြံကိုပိုဆိုးစေပါလိမ့်မယ်။ အင်ဆူလင်ပမာဏလည်း မြင့်တက်လာပြီးအရေပြားကနေအဆီတွေပိုထုတ်လုပ်လာတဲ့အတွက်ဝက်ခြံဖြစ်ဖို့အားပေးစေပါတယ်။ အာဟာရတန်ဖိုးနည်းပါးတဲ့အစားအစာတွေ။ ဒီအစားအစာတွေဟာဟော်မုန်းဓါတ်အပြောင်းအလဲကို ဖြစ်စေတဲ့အပြင်သွေးတွင်းသကြားဓါတ်ကိုလည်း မြင့်တက်စေပါတယ်။ အသင့်စားအစာတွေ။ အာဟာရတန်ဖိုးနည်းပါးတဲ့အစားအစာတွေနည်းတူအသင့်စားအစာတွေဟာလည်းကျန်းမာရေးအတွက်မသင့်တော်ပါဘူး။ သူတို့ဟာနီရဲရောင်ရမ်းမှုကို ဖြစ်စေတဲ့အတွက်ဝက်ခြံတွေနဲ့အနီဖုတွေထွက်လာစေပါတယ်။ ၃။ ထိခိုက်လွယ်တဲ့အသားအရေကိုဘယ်လိုဂရုတစိုက်ကိုင်တွယ်ထိန်းသိမ်းသင့်သလဲ။ ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေအဖို့မိမိနဲ့ကိုက်ညီမယ့်အလှကုန်ပစ္စည်းတွေကိုရွေးချယ်ရတာတကယ်ကိုခေါင်းခဲစရာပါ။ ထိခိုက်လွယ်တဲ့အသားအရေကိုထိန်းသိမ်းရာမှာအရေးကြီးဆုံးအချက်ကတော့ ပြင်းထန်မှုမရှိတဲ့ခပ်ပျော့ပျော့ကုန်ပစ္စည်းကိုရွေးချယ်မိဖို့ ဖြစ်ပါတယ်။ သူတို့အနေနဲ့သဘာဝပစ္စည်းတွေကိုအခြေခံထုတ်လုပ်ထားတဲ့ပစ္စည်းတွေကိုဦးစားပေးရွေးချယ်သင့်ပါတယ်။ ဒါပေမယ့်တခုသတိထားရမှာကသဘာဝပစ္စည်းအချို့ဟာလူတိုင်းနဲ့တည့်မှာမဟုတ်ဘဲတချို့လူတွေမှာဓါတ်မတည့်တဲ့ ပြဿနာတွေနဲ့ရင်ဆိုင်ရစေနိုင်ပါတယ်။ ၄။ ပုံမှန်အသားအရေထိန်းသိမ်းမှုမှာဘယ်အရာတွေကအရေးပါသလဲ။ ကြိုတင်ကာကွယ်ခြင်းနဲ့ဆေးကြောသန့်စင်ခြင်းဟာပုံမှန်အသားအရေထိန်းသိမ်းမှုမှာအရေးကြီးဆုံးသောအချက်တွေ ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေပေါက်ပွားတာနဲ့မလိုလားအပ်တဲ့အဆီတွေထွက်ရှိတာကိုကာကွယ်နိုင်ဖို့အတွက်ညအိပ်ယာမဝင်ခင်တိုင်းမှာမျက်နှာကိုသေချာစွာဆေးကြောသန့်စင်ရပါမယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

လှပသောအသားအရေအတွက် ဗီတာမင်နဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ

အသားအရေလှပနုပျိုသန့်စင်နေအောင်ထိန်းသိမ်းထားနိုင်ဖို့အရေးကြီးဆုံးအချက်သုံးချက်ရှိပါတယ်။ ဒါတွေကတော့ ဆေးလိပ်မသောက်ဖို့၊ခရမ်းလွန်ရောင်ခြည်ရန်ကနေကာကွယ်ဖို့၊ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုသင့်တင့်လျောက်ပတ်စွာစားဖို့ပဲ ဖြစ်ပါတယ်။ အသားအရေလှပကျန်းမာဖို့အတွက် နေ့စဉ်စားသုံးသင့်တဲ့အာဟာရတွေကို အောက်မှာမျှဝေပေးထားပါတယ်။ ဗီတာမင်စီနဲ့အီး ဗီတာမင် စီနဲ့ဗီတာမင် အီး တွေဟာအသားအရေကို နေရောင်ခြည်ဒါဏ်ကနေကာကွယ်ပေးနိုင်တဲ့အတွက်အရေပြားကင်ဆာဖြစ်ပွားမှုကိုလည်းကာကွယ်ပေးပါသေးတယ်။ ဒါ့အပြင်အိုမင်းရင့်ရော်မှုနဲ့အရေတွန့်တာတွေကိုလည်း နှေးကွေးစေပါတယ်။ အဆိုပါဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေဟာသဘာဝရဲ့အသားအရေထိန်းသိမ်းမှုစနစ်ကိုအားကောင်းမြန်ဆန်စေပြီးအရေပြားထိခိုက်မှုတွေကိုလည်းတိုက်ရိုက်တားဆီးဆန့်ကျင်ပေးပါတယ်။ အရေပြားဆိုင်ရာကျွမ်းကျင်သူ Karen E. Burke ကတော့အကောင်းဆုံးအာနိသင်သက်ရောက်မှုကိုရရှိဖို့အတွက်ဗီတာမင်စီ 1000-3000 မီလီဂရမ်နဲ့ဗီတာမင်အီး 4000 IU လောက်လိုအပ်တယ်လို့ဆိုပါတယ်။ ဂေါ်ဖီထုတ်၊ပန်းဂေါ်ဖီစိမ်း၊အာလူး၊ဥနီအစရှိတဲ့အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်မှာဗီတာမင်စီ နဲ့ ဗီတာမင်အီးတို့ကြွယ်ဝစွာပါဝင်တယ်လို့ဆိုပါတယ Coenzyme Q10 Coenzyme Q10 ဟာအရေပြားကင်ဆာကိုကာကွယ်ပေးနိုင်ပြီးဆဲလ်တွေကြီးထွားမှုကိုကူညီအားပေးတဲ့အာနိသင်ရှိကာသဘာဝအလျောက်ခန္ဓါကိုယ်ထဲမှာရှိနေတဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေထဲကတခုပဲ ဖြစ်ပါတယ်။ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ Coenzyme Q10 ပမာဏဟာတဖြည်းဖြည်းကျဆင်းလို့လာပြီးအိုမင်းရင့်ရော်လာရပါတော့တယ်။ လေ့လာမှုတွေအရ Coenzyme Q10 ဟာအရေတွန့်မှုကိုသိသာထင်ရှားစွာ လျှော့ချပေးတယ်လို့သိရပါတယ်။ လေ့လာမှုအများစုမှာအသုံးပြုတဲ့ Coenzyme Q10 ရဲ့ ပြင်းအားကတော့ 0.3% ပဲ ဖြစ်ပါတယ်။ လူတယောက်ရဲ့ နေ့စဉ်လိုအပ်တဲ့ Coenzyme Q10 ပမာဏက […]


ဝက်ခြံ

ဝက်ခြံအမာရွတ်တွေနဲ့ပတ်သက်လို့ သင်သတိထားသင့်တဲ့အချက်တွေ

ဝက်ခြံအမာရွတ်ကို ကြားဖူးပါသလား။ ၎င်းကို မကြားဖူးလျှင် အောက်ပါ ဆောင်းပါးတွင် ရှာဖွေ ဖတ်ရှုနိုင်ပါသည်။ အမာရွတ်ဆိုသည်မှာ အဘယ်နည်း အရေပြားသည် ခန္ဓါကိုယ်၏ နေရာအားလုံးကို ဖုံးအုပ်ထားသော အရာဖြစ်သည်။ ပိုးသားကဲ့သို့ဖြစ်ပြီး အနည်းငယ် စုတ်ပြဲသွားလျှင် ပြောင်းလဲသွားနိုင်ပါသည်။ မီးလောင်ခြင်း၊ ဒဏ်ရာရခြင်းတို့သည် အရေပြားတွင် အမာရွတ် ဖြစ်စေပါသည်။ အမာရွတ်ဖြစ်ခြင်းသည် သဘာဝအတိုင်း အနာကျက်စေသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဆဲလ်များကောင်းစွာ မကြီးထွားလာသောအခါ ဖြစ်သည်။ ၎င်းသည် ဒဏ်ရာရခြင်း၏ သက်သေတစ်ခုအဖြစ် ကျန်ရစ်သည်။ ဝက်ခြံ အမာရွတ်သည် အဘယ်နည်း ဝက်ခြံအမာရွတ်သည် ဝက်ခြံ ပျောက်သွားသောအခါ ကျန်ရစ်တတ်သည့် အမာရွတ်ဖြစ်သည်။ ဂရုစိုက်၍ ထိရောက်စွာ ကုသလျှင်ပင် အမာရွတ် ကျန်နိုင်သည်။ ပထမဆုံး အနေဖြင့် သင်သည် ဝက်ခြံကို ကောင်းစွာ ဂရုစိုက်ပြီး ဆိုးရွားမလာစေရန် ကာကွယ်ရမည်။ ဒုတိယအနေဖြင့် နောက်ဆက်တွဲ ရလဒ်ကို သတိပြုရမည်။ […]


ဝက်ခြံ

ဝက်ခြံပေါက်လွယ်တဲ့ သင့်အရေပြားကို မဆွမိအောင် ဘယ်လိုကာကွယ်ရမလဲ။

သင့်တွင် ဝက်ခြံထွက်တတ်သော အသားအရေရှိပါက ဝက်ခြံကို ကုသပြီး သင့်အရေပြားကို မထိခိုက်မည့် အသားအရေ ထိန်းသိမ်းသော အလှကုန်များကို အသုံးပြုသင့်ပါသည်။ အောက်ပါတို့သည် ဝက်ခြံထွက်သော အသားအရေကို ပိုဆိုးမလာစေရန် ကူညီပေးမည့် အကြံပေးချက်များ ဖြစ်ပါသည်။ လူအများစုသည် သူတို့၏ ဝက်ခြံထွက်တတ်သော အသားအရေကို ကုသရန်အတွက် ပိုက်ဆံ အမြောက်အများ ကုန်ကျခံကြသည်။   အသားအရေ ထိန်းသိမ်းသည့် အလှကုန်များတွင် အကောင်းဆုံး အမျိုးအစားသည် ဘာဖြစ်ပါသလဲ။ သင့်အသားအရေသည် ဝက်ခြံပေါက်တတ်သော အသားအရေဖြစ်ပါက အသားအရေ ထိန်းသိမ်းသော အလှကုန်များကို သေချာစွာ ရွေးချယ်သင့်ပါသည်။ ထိုအလှကုန်များကို ဆေးဆိုင်များနှင့် ဈေးထဲရှိ အလှကုန်ဆိုင်များတွင် ဝယ်နိုင်ပါသည်။ သင့် အသားအရေနှင့် သင့်လျော်သော အလှကုန်ကို သုံးစွဲနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။ အောက်ပါတို့သည် အကြံပြုချက် တချို့ဖြစ်ပါသည်။   မျက်နှာသစ်ဆေး ပုံမှန်ဆပ်ပြာများသည် pH levels များသောကြောင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း