backup og meta

သင့် အသားအရေ ကို ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝပစ္စည်းများ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့် အသားအရေ ကို ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝပစ္စည်းများ

    အချို့သောအစားအစာတွေ (ဥပမာလက်ဖက်စိမ်း၊ပန်းသီး၊ခရမ်းချဉ်သီးစသဖြင့်) ဟာကျန်းမာရေးအတွက်များစွာအကျိုးဖြစ်ထွန်းစေပါတယ်။ သူတို့ဟာအရသာရှိရုံသာမကကျန်းမာရေးအတွက်ရောအလှအပရေးရာအတွက်ပါကောင်းမွန်ပါတယ်။ ဒါကြောင့်သူတို့ကိုသဘာဝအတိုင်း အသားအရေ ကိုထိန်းပေးနိုင်တဲ့အလှကုန်တွေအဖြစ်အသုံးပြုလာနေကြပြီ ဖြစ်ပါတယ်။

    သဘာဝပစ္စည်းများ

    အသားအရေကိုထိန်းသိမ်းပေးနိုင်တဲ့သဘာဝပစ္စည်းတွေကိုဝေးဝေးလံလံလိုက်ရှာနေစရာမလိုပါဘူး။ သင်စားနေကျအစားအစာတွေထဲမှာပဲပါဝင်လို့နေပါတယ်။ ဒါပေမယ့်သူတို့ကိုပုံမှန်အတိုင်းအာဟာရအဖြစ်စားတာနဲ့အသားအရေထိန်းသိမ်းပေးနိုင်တဲ့အလှအပရေးရာပစ္စည်းအဖြစ်သုံးစွဲတာဟာနည်းနည်းတော့ကွဲပြားတဲ့အတွက်သင့်အနေနဲ့သတိထားရပါမယ်။

    သင့် အသားအရေ ကိုကျန်းမာလှပစေတဲ့သဘာဝပစ္စည်းအချို့ကိုအောက်မှာဖော်ပြပေးထားပါတယ်။

    ပဲပုပ်

    ပဲပုပ်ဟာအသားအရေကို ဖြူစင်ဝင်းပစေပြီးနီရဲရောင်ရမ်းမှုတွေကိုလျော့နည်းစေကာအမဲစက်များကိုပျောက်ကွယ်မှေးမှိန်သွားစေတဲ့အပြင် collagen ဓါတ်ထုတ်လုပ်မှုကိုလည်းအားပေးပါတယ်။ ပဲပုပ်ဟာ anti-oxidant လို့ခေါ်တဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးလည်းဖြစ်ပါသေးတယ်။ ဒါ့အပြင်အသားအရေညိုမည်းမှုကို ဖြစ်စေတဲ့ melanin ဓါတ်တွေအရေပြားမှာ ဖြစ်ပေါ်လာမှုကိုလည်းပဲပုပ်ကကာကွယ်ပေးနိုင်ပါတယ်။

    Maitake(မိုင်းတိက်ခ် မှို)

    MaitakeမှိုကိုMaitake, Shelf fungi ဒါမှမဟုတ် dancing mushroom လို့အမည်အမျိုးမျိုးနဲ့ခေါ်ဝေါ်လေ့ရှိကြပြီးအာရှတိုက်မှာတွေ့ရလေ့ရှိပါတယ်။Maitakeမှိုဟာအစာအာဟာရအဖြစ်သာမကဆေးဝါးအဖြစ်ပါသုံးစွဲနိုင်ပါတယ်။ အလှအပရေးရာအတွက်လည်းအကျိုးရှိတဲ့မှိုပဲ ဖြစ်ပါတယ်။Maitakeမှိုဟာထိခိုက်လွယ်တဲ့အသားအရေတွေမှာနီရဲရောင်ရမ်းမှုကိုသက်သာပျောက်ကင်းစေနိုင်တဲ့သတ္တိရှိပါတယ်။ အရေပြားအစိုဓါတ်ကိုထိန်းသိမ်းပေးနိုင်တဲ့အပြင်ဝက်ခြံကုသရာမှာလည်းအကျိုးရှိပါတယ်။Maitakeမှိုဟာအသားအရေကိုဝင်းပဖြူစင်စေပြီးအသားအရေကိုနုပျိုကျန်းမာစေပါတယ်။

    ရိုဒီယိုလာပင် (Rhodiola)

    ရိုဒီယိုလာပင်ရဲ့အမြစ်ကိုဆေးဝါးအဖြစ်သုံးစွဲနိုင်ပါတယ်။ ရိုဒီယိုလာပင်ဟာအားအင်တွေပေးနိုင်တဲ့အပြင်စိတ်ကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်စေပါတယ်။ ကင်ဆာနဲ့ဆီးချိုလိုမျိုးရောဂါတွေကိုတောင်ကုသနိုင်တယ်လို့ဆိုပါတယ်။proanthocyanidinsလို့ခေါ်တဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးပါဝင်တဲ့အတွက်ရိုဒီယိုလာပင်ဟာအသားအရေကိုနုပျိုစေတယ်လို့သိပ္ပံပညာရှင်တွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ရိုဒီယိုလာပင်ဟာထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေကိုကူညီပေးနိုင်သလိုအရေပြားအစိုဓါတ်ကိုလည်းထိန်းပေးနိုင်ပါတယ်။

    အာဂန်ဆီ

    ရွှေရည်လို့လည်းတင်စားခေါ်ဝေါ်လေ့ရှိတဲ့အာဂန်ဆီဟာအကျိုးထူးများစွာပေးနိုင်တဲ့သဘာဝပစ္စည်းတမျိုး ဖြစ်ပြီးအရေပြားအစိုဓါတ်ကိုထိန်းပေးနိုင်တဲ့ပစ္စည်း (moisturizer) အနေနဲ့လည်းသုံးနိုင်ပါတယ်။ အာဂန်ဆီမှာ omega-3 fatty acids ပါဝင်ပြီး collagen ဓါတ်ထုတ်လုပ်မှုကိုအားပေးတဲ့အတွက်သင့်အသားအရေအတွက်အထူးကောင်းမွန်ပါတယ် (အထူးသဖြင့်အသက်ကြီးလို့အသားအရေပျက်စီးလာသူတွေအတွက်ပေါ့)။

    လက်ဖက်စိမ်း

    လက်ဖက်စိမ်းဟာဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေများစွာပါဝင်တာမို့သင့်အသားအရေကိုနုပျိုသန်စွမ်းစေတဲ့အပြင်ခရမ်းလွန်ရောင်ခြည်ကြောင့်ထိခိုက်ထားတဲ့အသားအရေကိုလည်း ပြန်လည်ကောင်းမွန်စေပါတယ်။

    လက်ဖက်ဆီ (Tea tree oil)

    လက်ဖက်ဆီဟာဘက်တီးရီးယား၊fungusမှိုနဲ့ဗိုင်းရပ်စ်တို့ကိုဆန့်ကျင်တိုက်ထုတ်ပေးနိုင်ပါတယ်။ ဝက်ခြံဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုလည်းသတ်ပစ်နိုင်စွမ်းရှိပါတယ်။ သင်ဟာဝက်ခြံခဏခဏပေါက်တတ်သူ ဖြစ်မယ်ဆိုရင်ဒီလိုမျိုးဝက်ခြံပေါက်တာတွေကိုကာကွယ်နိုင်ဖို့အတွက်လက်ဖက်ဆီကိုမှန်မှန်လိမ်းပေးသင့်ပါတယ်။

    ဘယ်အချက်တွေကိုထည့်သွင်းစဉ်းစားရမလဲ။

    သဘာဝပစ္စည်းတွေမှာသင့် အသားအရေ ထိန်းသိမ်းဖို့လိုအပ်တဲ့အရာတွေအားလုံးတော့ပါချင်မှပါမှာဖြစ်ပြီးသဘာဝပစ္စည်းဆိုတိုင်းလည်းလူထုတ်လုပ်ထားတဲ့အလှကုန်တွေထက်ကောင်းတယ်လို့မပြောနိုင်ပါဘူး။ သင်နဲ့ဓါတ်မတည့်တာမျိုးရှိရင်ဒါမှမဟုတ်မှန်ကန်စွာအသုံးမပြုဖူးဆိုရင်သဘာဝပစ္စည်းတွေကလည်းသင့်အသားအရေကိုထိခိုက်စေပါလိမ့်မယ်။ တချို့သဘာဝပစ္စည်းတွေမှာ bergamot (ဘားဂမော့ဒ်)ဒါမှမဟုတ် peppermint (ပူဒီနာ)စတဲ့သင့်အရေပြားကိုထိခိုက်စေ၊နီရဲရောင်ရမ်းစေမယ့်အရာတွေပါဝင်နေတတ်ပါတယ်။

    သဘာဝပစ္စည်းတွေဟာသင့်အလှအပအတွက် (အထူးသဖြင့်အသားအရေအတွက်) အများကြီးအကျိုးဖြစ်ထွန်းစေပါတယ်။ သူတို့ဟာသင့်အသားအရေကိုလှစေရုံသာမကနှင်းခူ၊ဝက်ခြံအစရှိတဲ့အရေပြားရောဂါတွေကိုလည်းပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမယ့်တချို့သဘာဝပစ္စည်းတွေကိုသင့်အရေပြားကိုထိခိုက်စေနိုင်တဲ့အတွက်သတိထားပြီးရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement