အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

သင့် အသားအရေ ကို ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝပစ္စည်းများ

အချို့သောအစားအစာတွေ (ဥပမာလက်ဖက်စိမ်း၊ပန်းသီး၊ခရမ်းချဉ်သီးစသဖြင့်) ဟာကျန်းမာရေးအတွက်များစွာအကျိုးဖြစ်ထွန်းစေပါတယ်။ သူတို့ဟာအရသာရှိရုံသာမကကျန်းမာရေးအတွက်ရောအလှအပရေးရာအတွက်ပါကောင်းမွန်ပါတယ်။ ဒါကြောင့်သူတို့ကိုသဘာဝအတိုင်း အသားအရေ ကိုထိန်းပေးနိုင်တဲ့အလှကုန်တွေအဖြစ်အသုံးပြုလာနေကြပြီ ဖြစ်ပါတယ်။ သဘာဝပစ္စည်းများ အသားအရေကိုထိန်းသိမ်းပေးနိုင်တဲ့သဘာဝပစ္စည်းတွေကိုဝေးဝေးလံလံလိုက်ရှာနေစရာမလိုပါဘူး။ သင်စားနေကျအစားအစာတွေထဲမှာပဲပါဝင်လို့နေပါတယ်။ ဒါပေမယ့်သူတို့ကိုပုံမှန်အတိုင်းအာဟာရအဖြစ်စားတာနဲ့အသားအရေထိန်းသိမ်းပေးနိုင်တဲ့အလှအပရေးရာပစ္စည်းအဖြစ်သုံးစွဲတာဟာနည်းနည်းတော့ကွဲပြားတဲ့အတွက်သင့်အနေနဲ့သတိထားရပါမယ်။ သင့် အသားအရေ ကိုကျန်းမာလှပစေတဲ့သဘာဝပစ္စည်းအချို့ကိုအောက်မှာဖော်ပြပေးထားပါတယ်။ ပဲပုပ် ပဲပုပ်ဟာအသားအရေကို ဖြူစင်ဝင်းပစေပြီးနီရဲရောင်ရမ်းမှုတွေကိုလျော့နည်းစေကာအမဲစက်များကိုပျောက်ကွယ်မှေးမှိန်သွားစေတဲ့အပြင် collagen ဓါတ်ထုတ်လုပ်မှုကိုလည်းအားပေးပါတယ်။ ပဲပုပ်ဟာ anti-oxidant လို့ခေါ်တဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးလည်းဖြစ်ပါသေးတယ်။ ဒါ့အပြင်အသားအရေညိုမည်းမှုကို ဖြစ်စေတဲ့ melanin ဓါတ်တွေအရေပြားမှာ ဖြစ်ပေါ်လာမှုကိုလည်းပဲပုပ်ကကာကွယ်ပေးနိုင်ပါတယ်။ Maitake(မိုင်းတိက်ခ် မှို) MaitakeမှိုကိုMaitake, Shelf fungi ဒါမှမဟုတ် dancing mushroom လို့အမည်အမျိုးမျိုးနဲ့ခေါ်ဝေါ်လေ့ရှိကြပြီးအာရှတိုက်မှာတွေ့ရလေ့ရှိပါတယ်။Maitakeမှိုဟာအစာအာဟာရအဖြစ်သာမကဆေးဝါးအဖြစ်ပါသုံးစွဲနိုင်ပါတယ်။ အလှအပရေးရာအတွက်လည်းအကျိုးရှိတဲ့မှိုပဲ ဖြစ်ပါတယ်။Maitakeမှိုဟာထိခိုက်လွယ်တဲ့အသားအရေတွေမှာနီရဲရောင်ရမ်းမှုကိုသက်သာပျောက်ကင်းစေနိုင်တဲ့သတ္တိရှိပါတယ်။ အရေပြားအစိုဓါတ်ကိုထိန်းသိမ်းပေးနိုင်တဲ့အပြင်ဝက်ခြံကုသရာမှာလည်းအကျိုးရှိပါတယ်။Maitakeမှိုဟာအသားအရေကိုဝင်းပဖြူစင်စေပြီးအသားအရေကိုနုပျိုကျန်းမာစေပါတယ်။ ရိုဒီယိုလာပင် (Rhodiola) ရိုဒီယိုလာပင်ရဲ့အမြစ်ကိုဆေးဝါးအဖြစ်သုံးစွဲနိုင်ပါတယ်။ ရိုဒီယိုလာပင်ဟာအားအင်တွေပေးနိုင်တဲ့အပြင်စိတ်ကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်စေပါတယ်။ ကင်ဆာနဲ့ဆီးချိုလိုမျိုးရောဂါတွေကိုတောင်ကုသနိုင်တယ်လို့ဆိုပါတယ်။proanthocyanidinsလို့ခေါ်တဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးပါဝင်တဲ့အတွက်ရိုဒီယိုလာပင်ဟာအသားအရေကိုနုပျိုစေတယ်လို့သိပ္ပံပညာရှင်တွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ရိုဒီယိုလာပင်ဟာထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေကိုကူညီပေးနိုင်သလိုအရေပြားအစိုဓါတ်ကိုလည်းထိန်းပေးနိုင်ပါတယ်။ အာဂန်ဆီ ရွှေရည်လို့လည်းတင်စားခေါ်ဝေါ်လေ့ရှိတဲ့အာဂန်ဆီဟာအကျိုးထူးများစွာပေးနိုင်တဲ့သဘာဝပစ္စည်းတမျိုး ဖြစ်ပြီးအရေပြားအစိုဓါတ်ကိုထိန်းပေးနိုင်တဲ့ပစ္စည်း (moisturizer) အနေနဲ့လည်းသုံးနိုင်ပါတယ်။ အာဂန်ဆီမှာ omega-3 fatty acids ပါဝင်ပြီး collagen ဓါတ်ထုတ်လုပ်မှုကိုအားပေးတဲ့အတွက်သင့်အသားအရေအတွက်အထူးကောင်းမွန်ပါတယ် (အထူးသဖြင့်အသက်ကြီးလို့အသားအရေပျက်စီးလာသူတွေအတွက်ပေါ့)။ လက်ဖက်စိမ်း လက်ဖက်စိမ်းဟာဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေများစွာပါဝင်တာမို့သင့်အသားအရေကိုနုပျိုသန်စွမ်းစေတဲ့အပြင်ခရမ်းလွန်ရောင်ခြည်ကြောင့်ထိခိုက်ထားတဲ့အသားအရေကိုလည်း ပြန်လည်ကောင်းမွန်စေပါတယ်။ လက်ဖက်ဆီ (Tea tree oil) လက်ဖက်ဆီဟာဘက်တီးရီးယား၊fungusမှိုနဲ့ဗိုင်းရပ်စ်တို့ကိုဆန့်ကျင်တိုက်ထုတ်ပေးနိုင်ပါတယ်။ ဝက်ခြံဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုလည်းသတ်ပစ်နိုင်စွမ်းရှိပါတယ်။ သင်ဟာဝက်ခြံခဏခဏပေါက်တတ်သူ ဖြစ်မယ်ဆိုရင်ဒီလိုမျိုးဝက်ခြံပေါက်တာတွေကိုကာကွယ်နိုင်ဖို့အတွက်လက်ဖက်ဆီကိုမှန်မှန်လိမ်းပေးသင့်ပါတယ်။ ဘယ်အချက်တွေကိုထည့်သွင်းစဉ်းစားရမလဲ။ သဘာဝပစ္စည်းတွေမှာသင့် […]


ဝက်ခြံ

ဝက်ခြံပျောက်ကင်းဖို့အတွက် ဆေးတွေကို ဘယ်လိုပေါင်းစပ်သုံးစွဲမလဲ

ဝက်ခြံကုသရာမှာအရေးပါတဲ့အချက်ကဝက်ခြံတွေကိုအမြန်ပျောက်ကင်းအောင်နဲ့အမာရွတ်တွေမကျန်ခဲ့အောင်ကုသဖို့ပဲ ဖြစ်ပါတယ်။ ဝက်ခြံအမျိုးအစား၊အခြေအနေနဲ့သင့်အရေပြားအနေအထားပေါ်မူတည်ပြီးကုသမှုပုံစံတွေကွဲပြားနိုင်ပါတယ်။ ဆေးတွေကိုတမျိုးတည်းဖြစ်စေ၊ (အာနိသင်ပိုကောင်းစေဖို့အတွက်) ပေါင်းစပ်ပြီးဖြစ်စေသုံးစွဲနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ဝက်ခြံကုသရာမှာမှာဆေးတွေကိုဘယ်လိုပေါင်းစပ်သုံးစွဲမလဲဆိုတာကိုတင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ သင့်အရေပြားဆရာဝန်အနေနဲ့သင့်ဝက်ခြံတွေကိုထိန်းချုပ်နိုင်ဖို့၊အမာရွတ်တွေမကျန်ခဲ့စေဖို့နဲ့အမာရွတ်တွေ ဖြစ်လာရင်လည်းအမြန်ဆုံးသက်သာလျော့ပါးသွားစေဖို့အကူအညီပေးပါလိမ့်မယ်။ လိမ်းဆေးများ ဝက်ခြံတွေကိုကုသဖို့ရာလိမ်းဆေးတွေကိုလည်းအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာတော့သိသာထင်ရှားတဲ့အကျိုးရလာဒ်ကို မြင်ရဦးမှာမဟုတ်ပါဘူး။ ဒါ့အပြင်အရေပြားနီရဲခြင်း၊ခြောက်ကပ်ခြင်းစတဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်းခံစားရဦးမှာ ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေခံစားလာရပြီဆိုရင်သင့်အနေနဲ့အရေပြားဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ဆေးပမာဏကိုလျှော့ဖို့ဒါမှမဟုတ်ဆေးပြောင်းဖို့ဆရာဝန်ကအကြံပြုပါလိမ့်မယ်။ သန့်ရှင်းပြီးခြောက်သွေ့တဲ့အရေပြားကိုပဲလိမ်းဆေးလိမ်းသင့်ပါတယ်။ အများဆုံးအသုံးပြုလေ့ရှိတဲ့ဆေးတွေက Retinoids (ရက်တီနွိက်ဒ်စ်) : Retinoidsတွေကိုခရင်မ်၊ဂျဲလ်ဒါမှမဟုတ်လိုးရှင်းတွေအဖြစ်သုံးစွဲနိုင်ပြီးမွေးညင်းပေါက်တွေမပိတ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ တပတ်ကိုသုံးခါလောက်လိမ်းပေးရမှာဖြစ်ပြီးတညလုံးလိမ်းထားရမှာ ဖြစ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးများ : ဝက်ခြံဖြစ်စေတဲ့ဘက်တီးရီးယားပိုးမွှားတွေကိုပဋိဇီဝပိုးသတ်ဆေးတွေကဖယ်ရှားရှင်းလင်းပေးပါတယ်။ အဆိုပါပိုးသတ်ဆေးတွေကိုRetinoidsတွေနဲ့ပူးတွဲသုံးစွဲနိုင်ပါတယ်။benzoyl peroxide နဲ့လည်းအတူတကွသုံးစွဲနိုင်ပြီးဒီလိုသုံးစွဲပေးခြင်းအားဖြင့်ဆေးယဉ်ပါး၊ဆေးမတိုးတော့တာမျိုးတွေကိုလျော့နည်းစေမှာပါ။ Aczone : Aczone (အက်ဇုန်း)တွေကိုretinoidsတွေနဲ့အများဆုံးပေါင်းစပ်သုံးစွဲလေ့ရှိပါတယ်။ သောက်ဆေးများ ဝက်ခြံကုသဖို့ရာသုံးလေ့ရှိတဲ့သောက်ဆေးတွေကအောက်ပါအတိုင်း ဖြစ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေ : ဝက်ခြံအခြေအနေဆိုးရင်ပိုးသတ်ဆေးတွေသောက်ဖို့လိုပါလိမ့်မယ်။ ဒီဆေးတွေဟာဘက်တီးရီးယားပိုးမွှားတွေရဲ့ပမာဏကိုလျှော့ချပေးနိုင်ပါတယ်။ လိမ်းဆေးနဲ့သောက်ဆေးကိုတွဲသုံးဖို့သင့်ဆရာဝန်ကညွှန်ကြားပါလိမ့်မယ်။ ဆေးသောက်တဲ့အခါဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးပတ်လည်အောင်ရက်အတိအကျသောက်ရမှာ ဖြစ်ပါတယ်။ ဒါမှသာဆေးယဉ်ပါး၊ဆေးမတိုးတော့တာတွေကိုကာကွယ်နိုင်မှာပါ။ ပိုးသတ်ဆေးတွေကြောင့်မူးဝေထိုင်းမှိုင်းခြင်း၊ဗိုက်အောင့်ခြင်းစတဲ့ဘေးထွက်ဆိုးကျိုးလေးတွေကိုတော့ခံစားကောင်းခံစားရတတ်ပါတယ်။ ဒါ့အပြင်ပဋိဇီဝပိုးသတ်ဆေးတွေကိုကိုယ်ဝန်ဆောင်ချိန်မှာအထူးသတိထားပြီးသောက်သင့်ပါတယ်။ ပဋိသန္ဓေတားဆေးတွေ : မဟော်မုန်းပါဝင်တဲ့သန္ဓေတားဆေးတွေကိုသောက်ဖို့တချို့အရေပြားဆရာဝန်တွေကညွှန်ကြားလေ့ရှိပါတယ်။ ဒီနည်းလမ်းကိုအမျိုးသမီးတွေမှာအများဆုံးအသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့်သန္ဓေတားဆေးတွေဟာခေါင်းကိုက်တာ၊ပျို့အန်တာဒါမှမဟုတ်ကိုယ်အလေးချိန်တက်တာအစရှိတဲ့ဘေးထွက်ဆိုးကျိုးတွေကိုခံစားရစေနိုင်ပါတယ်။ ကျားဟော်မုန်းဆန့်ကျင်ဆေးတွေ : androgens ဆိုတဲ့ကျားဟော်မုန်းဟာအဆီဂလင်းကနေအဆီထွက်ရှိမှုကိုများပြားစေပြီးအဆိုပါမလိုလားအပ်တဲ့အဆီတွေဟာအရေပြားဆဲလ်သေတွေနဲ့ပူးပေါင်းပြီးမွေးညင်းပေါက်တွေကိုပိတ်ဆို့ကာဝက်ခြံဖြစ်စေပါတယ်။ ဝက်ခြံအမာရွတ်တွေကိုဘယ်လိုကုသမလဲ။ ဝက်ခြံပျောက်သွားပြီးတဲ့အခါအမာရွတ်တွေကျန်နေတတ်ပါတယ်။ အမာရွတ်အများစုဟာအချိန်ကြာလာတာနဲ့အမျှမှေးမှိန်ပျောက်ကွယ်သွားတတ်ပေမယ့် ပြင်းထန်တဲ့ဝက်ခြံရောဂါတွေကနေကျန်ရစ်ခဲ့တဲ့အမာရွတ်အချို့ကတော့ပျောက်ကွယ်သွားလေ့မရှိပါဘူး။ ဒီအမာရွတ်တွေကိုဂရုမစိုက်ဘဲထားလို့ရသလိုဆေးကုသပေးလို့လည်းရပါတယ်။ ဆေးတွေဟာအမာရွတ်ဖြစ်ပေါ်တာကိုကာကွယ်တားဆီးပေးနိုင်သလို […]


အသားအရေ ထိန်းသိမ်းခြင်း

အမျိုးသားတွေပါ ပြုလုပ်သင့်တဲ့ အသားအရေထိန်းသိမ်းခြင်း

အသားအရေထိန်းသိမ်းတယ်ဆိုတာ မိန်းကလေးတွေအတွက်ပဲ လိုအပ်တဲ့အရာလို့ သင်ယူဆထားပါသလား။ အသားအရေထိန်းသိမ်းတာဟာ အလှပြင်နည်းတစ်မျိုးပဲလား။ သင်ဟာ အမျိုးသားဖြစ်တဲ့အတွက် ရုပ်ရည်သွင်ပြင်ကို အရမ်းကြီးဂရုစိုက်စရာမလိုဘူးလို့ ထင်ပါသလား။ သင်ထင်တာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းရုပ်ရည်ချောမောကြည့်ကောင်းချင်တာအမှန်ပါ။ ဒီခေတ်ကြီးထဲမှာ သင့်အနေနဲ့ ရုပ်ရည်အလှအပ၊ ခန္ဓာကိုယ်အလှအပကို မထိန်းသိမ်းဘူးဆိုရင်ဆိုးကျိုးတွေအများကြီးကို ခံစားသွားရနိုင်ပြီးအရာရာမှာနောက်ကျကျန်နေမှာပဲ ဖြစ်ပါတယ် (အလုပ်မှာပဲ ဖြစ်ဖြစ်၊ကောင်မလေးနဲ့ပဲ ဖြစ်ဖြစ်ပေါ့)။ အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသမီးတွေသာလုပ်ဆောင်သင့်တဲ့အရာမဟုတ်ပါဘူး။ ဆရာဝန်တွေ၊ အလှအပရေးရာဆေးခန်းတွေဆီသွားပြီး နုပျိုအောင်ကြိုးစားနေတဲ့ ဒါမှမဟုတ် အရေပြားပေါ်ကအမာရွတ်တွေကိုဖယ်ရှားပစ်ဖို့အကြံဉာဏ်တောင်းခံနေတဲ့ အမျိုးသားတွေ တဖြည်းဖြည်းနဲ့များလာပြီဖြစ်ပါတယ်။ ရုပ်ရည်ကြည့်ကောင်းချောမောချင်တာဟာ လူ့သဘာဝဖြစ်ပါတယ်။ အသားအရေထိန်းသိမ်းတာဟာ ရုပ်ရည်ကြည့်ကောင်းဖို့အတွက်သာမကဘဲ သင့်ကျန်းမာရေးကို အနှောင့်အယှက်ပေးနိုင်တဲ့ အရေပြားရောဂါတွေကိုပါကာကွယ်ပေးနိုင်ပါတယ်။ သင့်မှာရှိတဲ့ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေဟာ အရေပြားအတွက် လိုအပ်တဲ့အရာတွေကို ထောက်ပံ့ပေးပါတယ်။ သင့်မှာအမျိုးသမီးတွေထက် collagen ဓာတ်ပိုများများရှိတဲ့အတွက် အရေပြားကိုပိုမိုကျန်းမာသန်စွမ်းစေပြီး အရေတွန့်မှုတွေကနေလည်း ကာကွယ်ပေးထားပါသေးတယ်။ ဒါပေမယ့်ဒီလိုအမွှေးအမျှင်တွေပိုများတဲ့အတွက် သင့်မျက်နှာမှာရှိတဲ့ မွေးညှင်းပေါက်တွေကနေ […]


အသားအရေ ထိန်းသိမ်းခြင်း

အသက်ရလာလျှင် ဖြစ်ပေါ်လာသည့် အစက်အပြောက်များကို မည်သို့ ထိန်းသိမ်းမည်နည်း

မှတ်တမ်းများအရ အသက် ၄၀ ကျော်လာလျှင် မျက်နှာပေါ်တွင် အစက်ပြောက်များ ဖြစ်ပေါ်တတ်ပါသည်။ ထိုသို့ ပြောသော်လည်း အသက်အရွယ်မရွေး ဖြစ်ပေါ်တတ်ပါသည်။ ထိုသို့ ဖြစ်ပေါ်ခြင်းသည် ပျောက်ကင်းရန် အချိန်ယူရသော်လည်း ပျောက်ကင်းအောင် ကုသရန် နည်းလမ်းပေါင်းများစွာ ရှိပါသည်။ အသားအရေကိုလည်း မထိခိုက်နိုင်ပါ။ အသက်ကြီးလာလျှင် ဖြစ်ပေါ်လာနိုင်သော အစက်အပြောက်များမှာ အဘယ်နည်း။ ဘယ်လို ထိန်းသိမ်းရမည် ဆိုတာကို မရှင်းခင် ဘယ်လို ဖြစ်ပေါ်လာသည်ကို ဦးစွာသိသင့်ပါသည်။ ထိုအစက်များမှာ အညိုစက်များ၊ နေလောင်စက်များ စသည်တို့သည် အသက်ကြီးလာသည် နှင့်အမျှ တဖြည်းဖြည်း ပေါ်လာတတ်သော အရာများ ဖြစ်ပါသည်။ အစပိုင်းတွင် သေးသေးလေး ဖြစ်သော်လည်း နောက်ပိုင်းတွင် ကြီးလာနိုင်ပါသည်။ အရောင်မှာလည်း အရောင်ဖျော့မှ အရောင်ရင့်သို့ ပြောင်းလဲသွားနိုင်ပါသည်။ ကရတင် ဟုခေါ်သော ရောင်ခြယ်တစ်မျိုးသည် အကာအကွယ်အဖြစ် ပြုလုပ်ပေးပါသည်။ မလနင်ဟုခေါ်သော […]


အသားအရေ ထိန်းသိမ်းခြင်း

လေဆာဖြင့် အသားအရေ ပြန်လည်ပြုပြင်ခြင်း

လေဆာဖြင့် အသားအရေ ပြန်လည်ပြုပြင်ခြင်း နဲ့ပတ်သက်ပြီး ဒီအချက်လေးတွေ သိပြီးပြီလား။ အသားအရေ ထိန်းသိမ်းခြင်းသည် မိန်းကလေးများ တွင်သာမက ယောက်ျားလေးများ အတွက်လည်း အရေးကြီးပါသည်။ အထူးသဖြင့် အသားအရေ တွန့်သူများ အမာရွတ်ရှိသူများသည် အသားအရေ ချောမွေ့စေရန် ပို၍ နုပျိုစေရန် ကုသမှု ရယူကြပါသည်။ လေဆာဖြင့် အသားအရေ ပြန်လည်ပြုပြင်ခြင်း တိုးတက်လာသော နည်းပညာကြောင့် လေဆာဖြင့် ကုသခြင်းသည် အမာရွတ် ဖျောက်ရန် အသုံးပြုရာတွင် အလွန်ပင် ကျော်ကြားလာပါသည်။ အဆီပြန်သူများ ချွေးပေါက် ကျယ်သူများလည်း ကုသမှု ခံယူနိုင်ပါသည်။ ကုသရန်ရွေးချယ်ရန် နည်းလမ်းအမျိုးမျိုး ရှိပါသည်။ ဆရာဝန်နှင့် တိုင်ပင်၍ အကောင်းဆုံး နည်းလမ်းကို ရွေးချယ်ပါ။ လေဆာဖြင့် ကုသခြင်းသည် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်သနည်း။ လေဆာဖြင့် ကုသခြင်းသည် အမာရွတ်များ အသားတွန့်ခြင်းများ အသားအရေ မညီညာခြင်းများအတွက် […]


အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ဒဏ်ကာကွယ်ခြင်း အရေးကြီးပုံ

မိဘများသည် မိမိ၏ကလေးများကို အပြင်ထွက်ရန်ပြောလေ့ရှိကြသည်။ ကျွန်တော်တို့လည်း နေရောင်ခြည်ထဲထွက်ရသည်ကို ကြိုက်ကြသည်။ နေရောင်ခြည်သည် ခန္ဒါကိုယ်အရိုးများကို သန်မာစေသော ဗီတာမင်D ကိုပေးစွမ်းပါသည်။ သို့သော် နေရောင်ခြည်ထဲအချိန်ကြာစွာနေလျှင် နေလောင်တတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် နေရောင်ခြည်ထဲတွင် ယူဗီရောင်ခြည်ပါဝင်သောကြောင့်ဖြစ်ပါသည်။ ယူဗီရောင်ခြည်သည် အသားအရည်ထိခိုက်ရုံသာမက မျက်စိ ကိုယ်ခံအားနှင့် အရေပြားကင်ဆာရောဂါများလည်းဖြစ်တတ်ပါသည်။ ထို့ကြောင့် ယူဗီရောင်ခြည်မှကာကွယ်ရန် အရေးကြီးပါသည်။ အောက်ဖော်ပြပါ အချက်များနှင့် ကာကွယ်နိုင်ပါသည်။   ယူဗီရောင်ခြည်ပါဝင်နှုန်းတိုင်း ကိရိယာ ရှေးဦးစွာ နေရောင်ခြည်သည်မည်သည့်အချိန်တွင် အမြင့်ဆုံးဖြစ်သည်ဆိုသည်ကို သိထားရပါမည်။ သိထားမှသာ အန ္တရာယ်ရှိနိုင်သည့် ရောင်ခြည်မျိုးကိုရှောင်ရှားနိုင်ပါသည်။ ယူဗီပါဝင်နှုန်းကိရိယာ နှင့် တိုင်လျှင် နေရောင်ခြည်ပါဝင်သောရောင်ခြည်များ၏ပြင်းအားကို တိုင်းနိုင်မည်ဖြစ်ပါသည်။ ယူဗီရောင်ခြည်တွင် ပြင်းအား ၄မျိုးရှိပါသည်။ အနိမ်းဆုံးအဆင့် (၁-၂) ၊ အလယ်အလတ်အဆင့်(၃-၅)၊ အမြင့်အဆင့် (၆-၇)၊ အမြင့်ဆုံးအဆင့် (၈-၁၀)၊ လွန်ကဲအဆင့် (၁၁ နှင့် အထက်) တို့ဖြစ်ပါသည်။ […]


အခြားအရေပြားပြဿနာများ

အရေပြားပြဿနာများ၏ အခေါ်အဝေါ်များ

ပြည်တည်နာ ပြည်တည်နေသောအနာဖုဖြစ်သည်။ အချို့ ပြည်တည်နာများသည် နာကျင်ပြီး ထိပ်ဝတွင်ပြည်များစုဝေးနေသည်ကိုမြင်ရသော်လည်း အချို့မှာမူ အနာနက်၍ ကြာလာသော် အကျိတ်ပုံစံဖြစ်သွားတတ်သည်။ ထိုအခါ ကင်ဆာကျိတ်နှင့်ခွဲခြားရန်အသားစယူစစ်ဆေးရန်လိုအပ်သည်။ ကျုံ့ခြင်း အရေပြားပေါ်တွင် တနေရာတည်းတွင်ကွက်၍ ကျုံ့သွားခြင်းမျိုးဖြစ်သည်။ ထိုနေရာသည် ချိုင့်ဝင်သွားခြင်းမျိုးအထိဖြစ်နိုင်သည်။ မူမမှန်ခြင်း ထိုအသုံးအနှုန်းကိုရောဂါရှာဖွေရာတွင်တွေ့ရှိချက်အချို့ကိုဖော်ပြရာ၌ ဆရာဝန်များနှင့် ရောဂါဗေဒပညာရှင်များက အသုံးပြုကြသည်။ ကင်ဆာဖြစ်နေသည်ဟု တထစ်ချဆိုလိုခြင်းမဟုတ်ပါ။ ရေကြည်ဖုကြီး ဝ.၅ စင်တီမီတာထက်ကြီးပြီးအရည်ကြည်ရှိသောအဖုဖြစ်သည်။ အနာဖေး သွေး / သွေးရည်ကြည်မှခြောက်သွားလျှင် ဖြစ်လာသောအဖတ်များဖြစ်သည်။ အရည်အိတ် အရေပြားတွင်ဖြစ်သောအရည် သို့မဟုတ် အခဲပါဝင်သောအိတ်မျိုးဖြစ်သည်။ မူမမှန်သောဆဲလ်ကြီးထွားမှု ၎င်းသည် အဆင့်အားဖြင့်ပြောရလျှင် အလယ်လတ်အဆင့်မူမမှန် ဆဲလ်ကြီးထွားခြင်းဖြစ်သည်။ ခန္ဓါကိုယ်ရှိအဂါၤများ၏ နံရံတွင်ကာထားသောအလွှာ(Epithelium) တို့ပွားများလာကာအချို့သည် ကင်ဆာတစ်သျှုးများဖြစ်သွားကြပြီး အချို့မှာပုံမှန်အတိုင်းမပြောင်းလဲဘဲ ရှိတတ်ကြသည်။ သို့သော် ဆရာဝန်အားလုံးက ထိုအယူဆကို တပြေးညီလက်ခံထားသည်တော့ မဟုတ်ချေ။ အရေပြားအပေါ်ယံလွှာ (Epithelium) ခန္ဓါကိုယ်ရှိနံရံများနှင့် အခေါင်းပေါက်များကို ကာထားသောအလွှာတစ်ရှူးတစ်မျိုးဖြစ်သည်။ ပွန်းရှခြင်း အရေပြား၏အပေါ်ယံလွှာပဲ့သွားခြင်းဖြစ်၍အမာရွတ်မကျန်ဘဲပြန်ကောင်းသည်။ အသားလောင်ခြင်း ကုတ်ဖဲ့ရာမှ အသားများနီရဲလောင်ခြင်း၊ ထိုမှတဆင့် အနာဖြစ်ခြင်းဖြစ်သည်။ အသားအက်ကွဲခြင်း အရေပြားဘေးဘက်သို့မဟုတ်ဘဲအောက်ဘက်သို့ကွဲကြောင်းဖြစ်ခြင်းဖြစ်သည်။ Granuloma ၎င်းသည် Macrophage ဟုခေါ်သောသွေးဖြူဥဆဲလ်တစ်မျိုးပေါင်းစည်းပြီး ကြီးမားသောဆဲလ် (giant cell) ဖြစ်ပေါ်သောရောင်ရမ်းခြင်းအမျိုးအစားတစ်ခု ဖြစ်သည်။ ထိုရောင်ရမ်းခြင်းမျိုးသည်အထူးသဖြင့် တီဘီရောဂါ၊ […]


အခြားအရေပြားပြဿနာများ

နှင်းကိုက်နာ ။ ဘယ်လိုရှာဖွေ၊ကုသ၊ကာကွယ်မလဲ

အေးလွန်းတဲ့အခါ ရေတွေ ရေခဲအဖြစ်ပြောင်းသွားသလို ‘နှင်းကိုက်တယ်’ ဆိုတာလည်း လက်ချောင်းလေးတွေ၊ လက်၊ ခြေချောင်း၊ ခြေထောက်တွေ ကာကွယ်မထားဘဲ အေးခဲနေတဲ့ရာသီဥတုထဲ ထွက်မိတဲ့အခါဖြစ်တတ်ပါတယ်။ အများစုကတော့ အရေပြားလောက်ပဲထိခိုက်တာဖြစ်ပြီး ပြင်းထန်ရင်တော့ တစ်သျှူးအသေတွေပိုနက်သွားကာ ချက်ခြင်းကုသမှုခံယူဖို့လိုပါတယ်။ နှင်းကိုက်နာလက္ခဏာများ နှင်းကိုက်နာရဲ့ရှေ့ပြေးတွေကတော့ အေးလွန်းတဲ့ရာသီဥတုမှာ အရေပြားနီရဲရောင်ရမ်းလာခြင်းပါ။ အကာအကွယ်မရှိထားတဲ့ အရေပြားဘယ်လောက်ထိခိုက်သွားလဲပေါ်မှာမူတည်ပြီး နှင်းကိုက်နာသုံးဆင့်ခွဲနိုင်ပါတယ်။ • အစောဆုံးအခြေအနေဟာ အရေပြားအပေါ်ယံသာထိခိုက်ပြီး အရေပြားအရောင်ပြောင်းကာ ယားယံခြင်း၊ အပ်များထိုးသကဲ့သို့ စူးခြင်းတွေသာရှိနိုင်ပါတယ်။ • ပိုဆိုးလာတဲ့အခြေအနေမှာ ကြွက်သားတွေ၊ အရိုးတွေကိုပါ ထိခိုက်နိုင်ပါတယ်။ ထိုအလယ်အလတ်အဆင့်မှာ အရေပြားဟာတင်းပြောင်လာပြီး အရည်ကြည်ဖုတွေပေါက်လာပါလိမ့်မယ်။ ပိုဆိုးလာတာနဲ့အမျှ ထိုနေရာကိုမခံစားနိုင်တော့တာကြောင့် တချို့လူတွေက နှင်းကိုက်နေကြောင်းမသိတော့တာလည်း ဖြစ်လာနိုင်ပါတယ်။ • နောက်ဆုံးအဆင့်မှာတော့ အရေပြားမည်းညစ်သွားပါတော့တယ်။ အရေပြားအရောင်ပြောင်းခြင်းဟာ နှင်းကိုက်ခြင်းရဲ့အဖြစ်များဆုံး လက္ခဏာတွေပါ။ နှင်းကိုက်ခြင်းကို ဘယ်လိုရှောင်ရမလဲ ဒါတွေကတော့ အရေပြားဆရာဝန်တွေညွှန်းထားတဲ့ အကြံပေးချက်တချို့ပါ။ ခေါင်းကိုကာထားပါ ။ ။တင်းကြပ်တဲ့အဝတ်အစားတွေက နှင်းကိုက်နာရနိုင်ချေများသလိုပဲ ပေါ့ပါးချောင်ချိတဲ့အဝတ်အစားတွေက လေပူတွေကိုထိန်းထားဖို့ကူညီပေးပြီး အဆင်ပြေစေမှာပါ။ အရေပြားဆရာဝန်တွေက […]


အခြားအရေပြားပြဿနာများ

မိတ်ထွက်ခြင်း ။ ကုသခြင်း နှင့် ကာကွယ်ခြင်း

မိတ်ဖုတွေဟာ အဝတ်နဲ့ဖုံးကွယ်ထားတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ပူနွေးစွတ်စိုတဲ့ရာသီဥတုမှာ နေထိုင်သူတွေမှာ ချွေးပေါက်တွေပိတ်ဆို့မှုကြောင့် ပိုဖြစ်တတ်ပါတယ်။ ဘယ်လိုကုသမလဲ မိတ်ဖု အစက်တွေပေါ်လာတဲ့နေရာကို ခြောက်သွေ့အေးမြအောင်ထားနိုင်ရင် အများစုဟာရက်အနည်းငယ်အကြာမှာ သူ့အလိုလိုပျောက်သွားလေ့ရှိပါတယ်။ ကလေးငယ်လေးတွေမှာ ထိုမိတ်ဖုတွေပေါ်ရင် အဝတ်အစားများဖယ်ပစ်ခြင်း၊ ဒါမှမဟုတ် အဝတ်ပွပွဝတ်ပေးပြီး အေးမြတဲ့နေရာမှာထားသင့်ပါတယ်။ ပုဝါမသုံးဘဲအရေပြားကို ပုံမှန်ခြောက်သွေ့စေပြီး ချွေးပေါက်ပိတ်နိုင်တဲ့ လိမ်းဆေးများလည်းရှောင်သင့်ပါတယ်။ လူကြီးတွေမှာလက္ခဏာမပြင်းရင်တော့ ကလေးငယ်လေးတွေလိုပဲ ကုသမှုတူပါတယ်။ အေးမြတဲ့ပတ်ဝန်းကျင်ရအောင် လေအေးပေးစက်ဖွင့်ထားတဲ့အခန်းထဲနေတာ၊ ပန်ကာဖွင့်တာ၊ ရေအေးအေးနဲ့ချိုးတာ၊ လေတိုက်ရာအရပ်မှာနေပြီး သာမန်လေဖြင့် အရေပြားခြောက်သွေ့စေတာတွေ လုပ်လို့ရတယ်။ အရေပြားအေးမြခြောက်သွေ့သွားတာနဲ့ အနီစက်တွေလျင်မြန်စွာပျောက်သွားတတ်ပါတယ်။ ဆိုးရင်တော့ ရောဂါပိုးဝင်မှုကိုကာကွယ်ဖို့နဲ့ သက်တောင့်သက်သာမရှိမှုကိုသက်သာစေဖို့ အရေပြားကိုလိမ်းလို့ရမယ့် လိမ်းဆေးတစ်မျိုးလိမ်းပေးဖို့ လိုပါလိမ့်မယ်။ ယားယံမှုအတွက် Calamine လိုးရှင်းနဲ့ ချွေးပြွန်တွေကိုကာကွယ်ဖို့ Anhydrous lanolin တွေကသင့်တော်ပါတယ်။ ရက်အနည်းငယ်အတွင်းမပျောက်ရင်၊ ဒါမှမဟုတ် ရောဂါပိုးဝင်သွားရင်တော့ သေချာဆေးကုသဖို့လိုပါလိမ့်မယ်။ ဖျားမယ်၊ နေထိုင်မကောင်းဖြစ်မယ်၊ ဒါမှမဟုတ် အနီစက်တွေဟာ ပဋိဇီဝဆေးသောက်ပြီးမှပေါ်လာတာဆိုရင်တော့ […]


အခြားအရေပြားပြဿနာများ

ပေါင်ခြံမှာ မှိုစွဲတဲ့ရောဂါ (ပေါင်ခြံပွေး)

Jock itch ဆိုတာဟာ တကယ်တော့ ပေါင်ခြံမှာ မှိုစွဲတဲ့ ရောဂါဖြစ်ပါတယ်။ သူက ပွေးပုံစံတစ်မျိုးပါ။ ဒီမှိုက အရေပြားကို နီရဲကာ အရေပြားစတွေလန်နေတတ်တဲ့ ဒါမှမဟုတ် အနားသတ်မှာ အဖုသေးသေးလေးတွေရှိနေတဲ့ ယားယံတဲ့အကွက်တွေ ဖြစ်လာစေပါတယ်။ သူ့ကို ပေါင်ခြံပွေး လို့လည်း ခေါ််ပါတယ်။ ပေါင်ခြံပွေးက အဖြစ်များသလား ကမ္ဘာအနှံ့မှာ ဖြစ်လေ့ဖြစ်ထ အရမ်းများတဲ့ အခြေအနေပါ။ တခါတလေ ပူနွေးစိုစွတ်ပြီး သန့်ရှင်းမှုညံ့ဖျင်းတတ်တဲ့ ပတ်ဝန်းကျင်နဲ့ လူပေါင်းစုံအသုံးပြုတတ်တဲ့ အများသုံးရေချိုးခန်း၊ အများသုံးအဝတ်လဲခန်းလို နေရာမျိုးတွေမှာ ကူးစက်ရောဂါတစ်မျိုးလိုတောင် ဖြစ်နေတတ်ပါတယ်။ ပေါင်ခြံမှာ မှိုစွဲတဲ့ရောဂါ ရဲ့ လက္ခဏာများ ပေါင်အတွင်းဘက်လိုမျိုး စိုစွတ်တတ်တဲ့နေရာတွေမှာ ယားယံတဲ့ အနီရောင်အကွက်တွေဖြစ်လာတတ်ပြီး တင်ပါးနဲ့ စအိုဝတဝိုက်ကို ပြန့်သွားနိုင်ပါတယ်။ ပေါင်ခြံ၊ ကပ္ပာယ်အိတ်တို့လိုမျိုး အရေပြားခေါက်နေတဲ့နေရာတွေမှာလည်း စဖြစ်တတ်ပါတယ်။ ချွေးတွေစိုပြီး သန့်ရှင်းမှုမရှိတဲ့ လေ့ကျင့်ခန်း ဝတ်စုံတွေ၊ မသန့်ရှင်းတဲ့ အတွင်းခံတွေကြောင့် ရနိုင်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း